” ‌တနေ့တမျိုး.. မရိုးရ..၊ ဒီတခါလာပြန်.. ယူရေနီယံ… “

kaiFebruary 22, 20243min4950

နှုကလီးယား.. စွမ်းအင်ထုတ်လို့ရတဲ့.. ယူရေနီယံက.. မြန်မာပြည်မယ်ထွက်တယ်.. သိနေကြတာကြာပါပြီ..။ ဦးနေဝင်းရဲ့မဆလလက်ထက်ကထဲက.. ရန်ကုန်-မန္တလေးလမ်းဖေါက်ရင်းတွေ့တယ်လည်း.. ဆိုကြတာမျိုး..။

ယူရေနီယံက.. မြန်မာပြည်မှမဟုတ်.. ကမ္ဘာ့နိုင်ငံတော်တော်များများမှာ.. သဘာဝအလျှောက်ထွက်ကြပါတယ်..။ သန့်စင်ထုတ်လုပ်မှုမှာသာ… သိပ်မလုပ်ရဲကြ/မလုပ်ကြတာပါ..။

တကယ်တော့..မြန်မာက… ယူရေနီယံ.. ရဲလိုးကိတ်အဆင့်လည်း.. သန့်စင်ထုတ်နိုင်ကြတာ.. ကြာပါပြီ..။ ကြာဆို.. (အမှတ်မမှားရင်) နဝတခေတ်မှာကထဲက… IAEA အဖွဲ့ဆီ.. အနုမြူစွမ်းအင်လျှပ်စစ်စက်ရုံဆောက်ဖို့.. လျှောက်ဖူးလို့ပါ..။

အာအိုင်တီမှာ.. အနုမြူစွမ်းအင်ဌာနလည်း.. ဖွဲ့ဖူး.. ကျောင်းသား/ ဘွဲ့ရတွေလည်း.. မွေးထုတ်ဖူးပါတယ်..။

ဗကပနဲ့… ကွန်မြူနစ်မုန်းတဲ့.. မြန်မာစစ်တပ်က.. ချိုင်းနားမကပ်ချင်တာနဲ့… ရုရှားဖက်သွားကပ်ပြီး.. ကြိတ်လုပ်နေတာ…။

ဆိုတော့..

လိုရင်းပြောရရင်.. အဲဒီယူရေနီယံတင်မက.. သန့်စင်ပြီး.. (လက်နက်အဆင့်)ပလူတိုနီယံ.. တွေကိုပါ.. မှောင်ခိုထုတ်ရောင်းပြီး..‌ မြေပြင်/ဝေဟင်ပစ်မစ်ဆိုင်းနဲ့.. အေကေ-၄၇ တွေဝယ်မယ်ဆိုတဲ့.. ယာကူဆာဂျပန်ကြီးအဲဘိဆာဝါကို.. ၂၀၂၂ ဧပြီ ကဖမ်းမိတဲ့အမှုပါ..။

အဲဒီအမှုဆက်က… အခုဒီရက်ပိုင်း.. အဲဘိဆာဝါကို.. ဆက်စစ်မှာနဲ့အတူတူ.. ရုတ်တရက်ကြီး.. ဝါရှင်တန်ပို့စ်.. နယူးယောက်တိုင်မ်း… ဘီဘီစီ.. စတဲ့မိန်းစရင်းမီဒီယာတွေပေါ်ရောက်လာတာကြီး..။

အမှုသွားလာအရ… သန့်စင်ပြီယူရေနီယံ တန်၅၀လောက်ကို.. ဒေါ်လာ၆.၈၅သန်းနဲ့.. ရောင်းမယ်..။ လက်နက်ပြန်ဝယ်မယ်ဆိုတာက.. မြန်မာနိုင်ငံထဲက “ethnic insurgent group” ပါတဲ့..။ ဘယ်အဖွဲ့လည်း.. တိတိကျကျမရေးထား..။

ကြည့်ရတာ.. စစ်ကောင်စီတပ်ကတော့ ..မဟုတ်..။ ဖြစ်နိုင်ချေ ၃ဖွဲ့သာရှိပါတယ်..။

ကေအိုင်အေ.. ဝ နဲ့.. ကေအန်ယူပါ..။

ရုပ်ရှင်တွေထဲကလို… အီရန်စစ်ဗိုလ်ချုပ်ဟန်ဆောင်.. ဝယ်မယ်ဆိုပြီး.. အမှုလိုက်သူက.. အမေရိကစီအိုင်အေ/ဒီအီးအေ ဖြစ်ပုံရပါတယ်..။ ဓျပန်ကြီးနဲ့… ထိုင်းမှာတွေ့ကြပြီး..ရောင်းမယ့်… ယူရေနီယံနမူနာတွေကို.. ရသွားပြီး.. စမ်းသပ်ခန်းမှာစစ်ပြီးပါပြီတဲ့..။

ယာကူဇာ တကေးရှိ အဲဘိဇာဝါကို..ဖမ်းမိတဲ့နေရာက… နယူးယောက်မှာ..။

ဆိုတော့…

အိုင်ဆေး.. အမှုသွားအမှုလာက.. အင်မတန်နက်နဲလာပါပြီ..။ မီးခိုးကြွက်လျှောက်လိုက်နေပုံရပြီး.. အကုန်ရှုပ်ကုန်တော့မယ့်.. သဘောရှိ..။

ဘယ်လောက်/ဘယ်လို .. ဘာ .. ဒီတလ.. အယ်ဒီတာ့သင်ပုန်းမှာ.. ရေးမယ်.. စဉ်းစားပါကြောင်း..။ အင်တာနက်တခွင်. .ပြဲပြဲစင်.. လိုက်ဖတ်ပါဦးမယ်..။

ကော်မန့်မှာ.. သိတာလေးတွေ.. ရေးကြ.. ပေးကြပါဦး..။

https://www.nytimes.com/2024/02/21/nyregion/japan-nuclear-trafficking-yakuza.html