MYANMAR GAZETTE Newsletter XIII

kaiFebruary 17, 20245min14120

” Black History Month” – SweSwe Aye

၁၉၆၇ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီ၁ က မတ်၁ထိ တလတာကာလကို Black History Month အဖြစ် United States မှာသတ်မှတ်ထားပါတယ်။ US သမိုင်းကြောင်းမှာ အာဖရိကကလူမည်းတွေကို ကျွန်ပြုဖို့အတွက် ၁၇ရာစုကနေ ခေါ်သွင်းလာခဲ့တဲ့အချိန်ကနေစပြီး ယနေ့ထက်တိုင် အခြေချနေထိုင်လျက်ရှိတဲ့ အာဖရိကန်အမေရိကန်တွေကို ဂုဏ်ပြုတာပဲဖြစ်ပါတယ်။ အာဖရိကန်အမေရိကန်တွေရဲ့ US နိုင်ငံမှာ ပါဝင်မှုတွေကို လူတွေအာရုံစိုက်နိုင်ဖို့လည်း ဒီတလတာကို ဖန်တီးသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

US သမိုင်းမှာ ဖေဖော်ဝါရီ၁ ကို National Freedom Day လို့သတ်မှတ်ခဲ့တယ်။ ၁၈၆၅ခုနှစ်၊ ဖေဖော်ဝါရီ၁မှာ သမ္မတ Abraham Lincoln က အထက်လွှတ်တော်နဲ့အောက်လွှတ်တော်က ပူးပေါင်းအတည်ပြုခဲ့တဲ့ အခြေခံဥပဒေက 13th amendment ကိုလက်မှတ်ထိုးပြီး US မှာ ကျွန်စနစ်ကိုဖျက်သိမ်းပေးခဲ့တဲ့နေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ Black History Month ကတော့ တလတာကာလကို US နဲ့ Canada နိုင်ငံတွေ တရားဝင်ထုတ်ပြန်သတ်မှတ်ခြင်းဖြစ်ပါတယ်။ သမ္မတ President Gerald Ford က ၁၉၇၆ခုနှစ်မှာ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ African-American History Month လို့လဲ ခေါ်ပါတယ်။

အဲ့ဒီတလတာကာလမှာ မြို့အသီးသီးမှာဘာတွေလုပ်ကြသလဲဆိုရင် US မှာ လက်ရှိနေထိုင်ကြတဲ့လူမည်းတွေ၊ သမိုင်းထဲက လူမည်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ထုတ်တဲ့အခမ်းအနားတွေလုပ်ကြတယ်။ အထူးသဖြင့် စာပေ၊ သမိုင်း၊ ရုပ်ရှင်၊ ဂီတ၊ ပိသုကာ၊ ရိုးရာအစားအစာနဲ့ visual and performing arts တွေကို အသားပေးပြသကြတယ်။ စာကြည့်တိုက်တွေမှာလဲ Black History Month အထိမ်းအမှတ်အစီအစဉ်တွေရှိပါတယ်။ LA County Public Library ကတော့ အာဖရိကန်အမေရိကန်နဲ့ဆိုင်တဲ့ (ကလေးတွေဖတ်ဖို့အပါအဝင်) လူကြီးတွေ ဖတ်ဖို့ ကာတွန်း၊ သမိုင်း၊ လူပုဂ္ဂိုလ်အတ္ထုပတ္တိ၊ ဝတ္ထု စာအုပ်အညွှန်းတွေကို သူတို့ရဲ့ Website မှာ ဖော်ပြထားပါတယ်။ https://lacountylibrary.org/aabhm-booklist/ LA County ထဲက ပန်းခြံတွေမှာလည်း နေထိုင်တဲ့မြို့အသီးသီးက Community အသီးသီးအတွက် Black History Month အတွက် အစီအစဉ်တွေကို ဖေဖော်ဝါရီလတလလုံးမှာ အပတ်စဉ်စနေ၊ တနင်္ဂနွေတွေမှာ ကျင်းပကြပါတယ်။ https://parks.lacounty.gov/bhm/

US သမိုင်းမှာ အသိအမှတ်ပြုခဲ့တဲ့ လူမည်းခေါင်းဆောင်တွေထဲက မသိသူမရှိသလောက်ကတော့ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေမှာ လူမည်းတွေအတွက် တန်းတူညီမျှမှုကို ရရှိဖို့ တိုက်ပွဲဝင်ခဲ့တဲ့ Atlanta, Georgia မှာမွေးဖွားခဲ့တဲ့ Dr. Martin Luther King, Jr., ပဲဖြစ်ပါတယ်။ အများစီးတဲ့ရထား၊ ဘတ်စ်ကားတွေပေါ်မှာတောင် လူဖြူတွေက ခွဲခြားဆက်ဆံခံခဲ့ရတဲ့ လူမည်းတွေအတွက် အဲ့ဒီ့ကာလတွေမှာ Dr. Martin Luther King, Jr, ဟာ Civil rights အတွက် အခက်အခဲမျိုးစုံကြားက တိုက်ပွဲဝင်ခဲ့တာ သူလုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဧပြီ၄၊ ၁၉၆၈ခုနှစ်အထိပါပဲ။ သူဟာ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေအတွက် အကြမ်းဖက်တဲ့နည်းကိုမသုံးဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး ၁၉၆၄ခုနှစ်၊ အောက်တိုဘာ၁၄မှာ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုကိုရရှိခဲ့ပြီး US တနိုင်ငံထဲမှာသာကမ ကမ္ဘာကပါ လေးစားစံပြုစရာပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။ သူလုပ်ကြံသတ်ဖြတ်ခြင်းမခံရခင်နှစ်ကာလတွေမှာ သူဟာ ဆင်းရဲမှုတိုက်ဖျက်ရေးနဲ့ ဗီယက်နမ်စစ်ပွဲဆန့်ကျင်ရေးတွေဦးဆောင်ခဲ့ပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ US မှာ နှစ်စဉ် ဇန်နဝါရီတတိယပတ် တနင်္လာနေ့တိုင်းကို ဖယ်ဒရယ်အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ U.S. Supreme Court Justice မှာ ပထမဆုံး African- American Judge အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူကတော့ Thurgood Marshal ဖြစ်ပြီး Senate က သူ့ကို ၁၉၆၇၊ သြဂုတ်၃၀မှာ Supreme Court Justice အဖြစ်တာဝန်ထမ်းဆောင်ဖို့ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ Montgomery bus boycott မှာ ပါဝင်ခဲ့ပြီး အသားအရောင်ခွဲခြားမှုနဲ့ Civil rights လှုပ်ရှားမှုတွေထဲမှာ လူမည်းအမျိုးသမီး Rosa Parks ဟာလည်း ထင်ရှားသူဖြစ်ပါတယ်။ ၁၉၅၅ခုနှစ်၊ ဒီဇင်ဘာ၁ရက်နေ့က Montgomery, Alabama မှာ သူမအလုပ်ကနေအိမ်ပြန်ဖို့ ဘတ်စ်ကားစီးတဲ့အခါမှာ လူဖြူအမျိုးသားက သူ့ရဲ့ဘေးမှာ Rosa Parks ကိုထိုင်ဖို့ ငြင်းဆန်ခဲ့ရာကနေအစပြုပြီး Montgomery bus boycott ဖြစ်လာခဲ့ပါတယ်။ သူမဟာ အခြား တန်းတူညီမျှရေးအတွက်ဦးဆောင်လှုပ်ရှားနေကြတဲ့ Martin Luther King Jr., Edgar Nixon တို့နဲ့အတူပူးပေါင်းပြီးလဲ တိုက်ပွဲဝင်ခဲ့ပါတယ်။ US Congress က သူမကို Civil rights ဦးဆောင်လှုပ်ရှားသူ ပထမဆုံးအမျိုးသမီး “the first lady of civil rights” နဲ့ လွတ်လပ်ခွင့်လှုပ်ရှားမှုရဲ့မိခင် “the mother of the freedom movement” အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ အာဖရိကန်အမေရိကန်တွေဟာ US သမိုင်းတလျှောက်မှာ ကျွန်စနစ်ကနေအစပြုပြီးဖိနှိပ်ခံခံရပေမယ့် အနုပညာမှာ ကမ္ဘာကျော်အောင်မြင်ခဲ့တဲ့ စာရေးဆရာမ၊ ကဗျာဆရာမ၊ နိုင်ငံသားတိုင်းအတွက်တန်းတူညီမျှရေးတက်ကြွလှုပ်ရှားသူ Maya Angelou, စာရေးဆရာ၊ ကဗျာဆရာ၊ ပြဇာတ်ဆရာ James Baldwin တို့ဟာ အမေရိကားစာပေသမိုင်းမှာ ကျော်ကြားခဲ့သလို ခေတ်သစ်မှာလဲ ထင်ရှားတဲ့ လူမည်းအမျိုးသမီးဂီတအနုပညာသမားတွေဖြစ်တဲ့ Whitney houston, Dina Ross, Beyoncé, Alicia Keys တို့ဟာလည်း ကမ္ဘာကျော်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ Oprah winfrey ဟာလဲ ခေတ်သစ်မှာ အမျိုးသမီးပရိသတ်တွေထဲ အောင်မြင်ကျော်ကြားတဲ့ လူမည်းစာရေးသူ၊ Oprah Winfrey Show ကိုတည်ထောင်သူ၊ ရုပ်မြင်သံကြားထုတ်လုပ်သူတဦးဖြစ်ပါတယ်။ လူမည်းသမိုင်းမှာ ပထမဆုံး အာကာသထဲ ထွက်ခဲ့တဲ့ အမျိုးသမီးကတော့ Mae Jemison ဖြစ်ပြီး သူမဟာ ၁၉၉၂မှာ Space Shuttle Endeavour နဲ့အာကသခရီးနှင်ခဲ့သူလည်း ဖြစ်ပါတယ်။

US မှာနေထိုင်နေကြတဲ့ အာဖရိကန်အမေရိကန်တွေဟာ ၂၁ရာစုမှာလည်း လူမျိုးရေးခွဲခြားမှုနဲ့ တန်းတူညီမျှရေးတို့အတွက် တိုက်ပွဲဝင်နေရတာကို ၂၀၂၀ခုနှစ်၊ မေ၂၅မှာ Minneapolis မှာ လက်ထိပ်ခတ်အဖမ်းခံထားရတဲ့ အသက်၄၆နှစ်အရွယ်လူမည်းအမျိုးသား George Floyd ဟာ သူ့လည်ပင်းကို လူဖြူရဲအရာရှိ Derek Chauvin က ဒူးနဲ့တိုက်ပြီး တိုက်ခိုက်ခဲ့ပြီး ” ငါအသက်မရှုနိုင်တော့ဘူး” လို့ အော်နေတဲ့ကြားက အသက်ဆုံးပါးတဲ့ထိ နှိပ်စက်ခံခဲ့ရပါတယ်။ George Floyd သေဆုံးခြင်းကအစပြုလို့ လူမည်းတွေဖိနှိပ်ခံရမှုကိုဆန့်ကျင်တဲ့ Black Lives Matter လှုပ်ရှားမှုဟာ US ပြည်နယ်အသီးသီးမှာသာမက UK, New Zealand, France, Columbi နိုင်ငံတွေထိပါ ပျံ့နှံ့ခဲ့ပါတယ်။ ရဲအရာရှိ Mr. Chauvin ကို ၂၀၂၁ခုနှစ်၊ ဧပြီမှာ လူသတ်မှုနဲ့စွဲချက်တင်ခဲ့ပြီး သူဟာ ထောင်ဒဏ်၂၂နှစ်နဲ့၆လ အပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ သူ နဲ့အတူ အခြားရဲအရာရှိ၃ဦးလဲ အမှုမှာပါဝင်ခဲ့လို့ အလုပ်ဖြုတ်အရေးယူခံခဲ့ရပါတယ်။ .Pew research center ရဲ့ 2023 Center Survey စစ်တမ်းအရ US မှာနေထိုင်ကြတဲ့အရွယ်ရောက်ပြီးသူ ၅၁% က Black Lives Matter လှုပ်ရှားမှုကို ထောက်ခံကြတယ်လို့ ဖော်ပြထားပါတယ်။
https://www.pewresearch.org/social-trends/2023/06/14/views-on-the-black-lives-matter-movement/ Black Lives Matter လှုပ်ရှားမှုကိုထောက်ခံတဲ့လူမျိုးစုတွေထဲမှာ လူမည်းတွေ(၈၁%) Hispanic (၆၁%), အာရှလူမျိုး (၆၃%) လူဖြူ (၄၂%) လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ Covid ကာလဖြစ်ပေမယ့် ပြည်နယ်အသီးသီးမြို့အသီးသီးက Black Lives Matters လှုပ်ရှားမှုတွေထဲမှာ ပူးပေါင်းပါဝင်တဲ့ မြန်မာလူမျိုးတွေလဲ ရှိခဲ့ပါတယ်။

” အမေရိကားကို ရောက်လာတဲ့ လူမည်းအများစုမှာ ရွေးချယ်စရာတွေအများကြီး မရှိခဲ့ကြဘူး။ သူတို့ရဲ့ဇာတိအာဖရိကကနေ ဒီနိုင်ငံကို အတင်းအကျပ်ပြောင်းရွှေ့ခံရတဲ့ကာလတလျှောက်နဲ့ ပြောင်းရွှေ့လာအပြီးမှာ လူမည်းအမေရိကန်တွေဟာ ဒီနိုင်ငံကို ရုပ်လုံးဖော်တဲ့အခါမှာ ပါဝင်ကူညီခ့ကြတယ်။ သူတို့ဟာ အားလုံးအတွက် ဘဝတိုးတက်ရေးမှာပညာရေး၊ ဆေးဝါး၊ စီးပွားရေး၊ နည်းပညာ၊ အနုပညာ တိုးတက်ဖွံ့ဖြိုးရေးမှာ ပါဝင်ပေးခဲ့ကြတယ်။ ကျမတို့ရဲ့ဥပမာတွေကို လိုက်နာအတုယူဖို့နဲ့ ကိုယ်ပိုင်ရပိုင်ခွင့်၊ လွတ်လပ်မှုနဲ့ လေးစားအသိအမှတ်ပြုခြင်းတွေကို တိုက်ယူဖို့အတွက် လူမည်းတွေကို တခြားယဉ်ကျေးမှုတွေကလဲ စိတ်ဝင်တစားယုံကြည်ကြတယ်။ Black Studies programs တွေဟာ ကောလိပ်နဲ့တက္ကသိုလ်တွေမှာ ပြဌာန်းပြီးတဲ့နောက်မှာ Latino ကျောင်းသားတွေနဲ့ဆရာတွေဟာလည်း သူတို့အတွက် တိုက်ပွဲဝင်ကြတယ်။ Black Panthers တွေရဲ့နောက်ပိုင်းမှာ အာရှသားတွေကလဲ တရားမျှတမှုအတွက် Red Guard ကို ဖွဲ့ကြတယ်။ အသက်ပိုကြီးတဲ့သူတွေက Gray Panthers အုပ်စုကို တည်ထောက်ပြီး သက်ကြီးပိုင်းရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်ခဲ့တယ်။ လူမည်းတွေဟာ ကျမတို့ရဲ့ရှေ့ဆက်မယ့် ပါဝင်မှုတွေအတွက် အသိအမှတ်ပြုဖို့ထိုက်တန်တယ်။ Black History Month ဟာ ဒီဟာတွေလုပ်ဖို့ အခွင့်အရေးတခုပါပဲ။ လူမည်းစာနယ်ဇင်းသမားတယောက်အနေနဲ့ ကျမဟာ လူမည်းပိုင်တဲ့ထုတ်ဝေတဲ့ဂျာနယ်မှာ အလုပ်လုပ်နေတယ်။ ကျမ တနှစ်ပတ်လုံး အဲ့ဒီ့အလုပ်ကိုလုပ်ပါတယ်” ဟု Sacramento အခြေစိုက် The Observer သတင်းဌာနမှ ဆုရ စာနယ်ဇင်းနှင့်စာရေးဆရာမ Genoa Barrow က ပြောကြားခဲ့သည်။

California Assembly Bill 3121 ဟာ US မှာ ကျွန်ပြုခံရတဲ့ အာဖရိကန်အမေရိကန်တွေရဲ့သားမြေးစဉ်ဆက်တွေအတွက် အထူးထည့်သွင်းစဉ်းစားခြင်းတွေနဲ့ နစ်နာခဲ့မှုတွေအတွက် အလျော်အစားပေးဖို့ proposals တွေတင်သွင်းဖို့ California Task Force (သို့) Reparations Task Force ကို တည်ထောင်ခဲ့ပါတယ်။ Task Force ရဲ့ရည်ရွယ်ချက်တွေကတော့ အာဖရိကန်အမေရိကန်တွေရဲ့နစ်နာခဲ့မှုတွေကို လေ့လာဖို့နဲ့ အလျော်အစားပေးဖို့proposals တွေရေးနိုင်ဖို့၊ Take Force ရဲ့ ရှာဖွေတွေ့ရှိချက်တွေကို California public ကို သင့်လျော်တဲ့နည်းလမ်းတွေနဲ့အသိပညာပေးပြီး အတည်ပြူဖို့နဲ့ တွေ့ရှိချက်တွေကို သင့်လျော်တဲ့ဖြေရှင်းမှုတွေနဲ့ထည့်သွင်းစဉ်းစားပြီး အတည်ပြူရှေ့ဆက်ဖို့ပဲဖြစ်ပါတယ်။ California ဟာ slave state ထဲမပါခဲ့ပေမယ့် ၁၈၅၀နဲ့ ၁၈၆၀ခုနှစ်ကာလအတွင်း လူမည်း၄၀၀၀ကျော်ကို စိုက်ပျိုးရေးနဲ့ ရွှေတွင်းတွေမှာ အလုပ်လုပ်ဖို့ ကျွန်ပြုခဲ့ကြပါတယ်။ ကျွန်စနစ်ဖျက်သိမ်းပြီးတဲ့နောက်ပိုင်းမှာ သူတို့တွေထဲက အများကြီးဟာ California မှာပဲ ဆက်ပြီးအခြေချနေထိုင်ခဲ့ကြပါတယ်။ ၂၀၂၁ခုနှစ်မှာ Assemblywoman Shirley Weber က Task Force ကိုဖွဲ့ဖို့ ဥပဒေမူကြမ်းကိုရေးသားခဲ့တာပါ။ ဥပဒေမူကြမ်းကိုအတည်ပြုနိုင်ဖို့အတွက် Lawmakers ဥပဒေပြုသူများက စိစစ်ပြီး အဆင့်ဆင့်ဖြတ်သန်းရဦးမှာဖြစ်ပါတယ်။ Gov. Gavin Newsom က လက်မှတ်မထိုးခင်မှာ အထက်နဲ့အောက်လွှတ်တော်နှစ်ရပ်လုံးက လက်ခံအတည်ပြုပေးဖို့လဲလိုပါသေးတယ်။

Black History Month ကို ဂုဏ်ပြုတဲ့ထဲက ထူးခြားတဲ့မြို့တခုက Los Angeles က Santa Monica မြို့ပဲဖြစ်ပါတယ်။ လူဖြူ ၆၉.၀၅% အာရှသား ၈.၈၅% နဲ့ အာဖရိကန်အမေရိကန် ၅.၂၇% သာနေထိုင်တဲ့ Santa Monica မြိုရဲ့ နာမည်ကြီး Downtown Santa Monica Third Street Promenade မှာ ဘလောက်တိုင်းရဲ့လမ်းတလျှောက်လုံးမှာ အခုလို Black History Month မှာဆိုရင် လမ်းဘေးနှစ်ဘက်မှာ သမိုင်းမှာအထင်ကရနာမည်ကြီးအာဖရိကန်အမေရိကန်တွေရဲ့အမည်နဲ့ဓာတ်ပုံကို ချိတ်ထားပြီး ဂုဏ်ပြုခဲ့ပါတယ်။ Third Street Promenade ဟာ ကမ္ဘာလှည့်ခရီးသည်တွေ အလည်များတဲ့နေရာလည်း ဖြစ်ပါတယ်။ အခုလို ဖေဖော်ဝါရီလမှာ Third Street Promenade အဆုံးကနေ Broad Way လမ်းမကြီးကိုဖြတ်တဲ့အခါ Santa Monica Mall ရဲ့ ဝန်းကြီးထဲရောက်တဲ့အခါမှာ ၂၀၂၄ခုနှစ် Lunar New Year ကိုကြိုဆိုတဲ့ နဂါးရုပ်ကြီးတွေနဲ့ အနီရောင်မီးပုံးတွေ၊ Lunar New Year အထိမ်းအမှတ်အနီရောင်စာအိတ်လေးတွေကို သစ်ပင်တွေမှာ ချိတ်ဆွဲထားတာကို မြင်ရမှာဖြစ်ပါတယ်။ စက်တင်ဘာ၊ ၂၀၂၂တွင် California Governor Gavin Newsom က ဥပဒေမူကြမ်း Assembly Bill 2596 ကိုဥပဒေအဖြစ်အတည်ပြုခဲ့ပြီး AAPI ကွန်မြူနတီအတွက် Lunar New Year နေ့ကို ပြည်နယ်၏တရားဝင်ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ၂၂ သည် California တွင် ပထမဆုံး တရားဝင်ရုံးပိတ်ရက် Lunar New Year နေ့အဖြစ်သတ်မှတ်ခဲ့သည်။ ” ကျမတို့က Spanish immigrants တွေပေမယ့် Downtown Santa Monica ကိုလာတဲ့အခါမှာ Broadway လမ်းရဲ့ ဟိုဘက်က Third Street တလျှောက်မှာ လူမည်းတွေရဲ့သမိုင်းကြောင်းအငွေ့အသက်ကို ခံစားရပြီး ဒီဘက်ခြမ်း Mall ထဲမှာတော့ အာရှတိုက်သားတွေရဲ့အရိပ်အယောင်တွေကို ခံစားရပါတယ်။ လူမျိုးစုံယဉ်ကျေးမှုတွေ သီးပွင့်နေတာ California ရဲ့ ဂုဏ်သိက္ခာပါပဲ” ဟု Encino မှ အလည်လာသော အသက်၅၀ခန့်အရွယ်ရှိ Liliana က ပြောကြားခဲ့သည်။


================================================================


================================================================

“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/