“မြန်မာကလေးတွေ.. မွေးစားပြီး IR-3/IH-3 Visas နဲ့ခေါ်လို့ရ/မရ”

kaiFebruary 17, 20245min5890

ခုရက်ပိုင်းလာမေးနေကြလို့ပါ..။ မေးဆို.. တိုင်းပြည်အခြေအနေက.. သိတော်မူကြတဲ့အတိုင်း…။ ဧပြီကစတလ၅ထောင်နှုန်းနဲ့.. တနှစ် ၆သောင်း… နှစ်ရှည်ခေါ်မှာတဲ့..။ အာဏာသိမ်းပြီး.. သေတဲ့စစ်သားအရေအတွက်ကို.. ကျော်ချင်တိုင်းကျော် .. ဆင့်ခေါ်မှာမို့… ဘာ/ဘယ်အတွက် .. ထ,ခေါ်တာလည်း.. အရင်ပိုစ့်မှာ.. ဤသူသုံးသပ်ထားပါတယ်..။ စစ်ကြီးနီးပြီလေ..။

IR-3/IH-3 Visas ဆိုတဲ့ .. မွေးစားဗီဇာအကြောင်းကို.. အောက်ကဝက်ဆိုက်တွေမှာ.. ဖတ်လို့ရပါတယ်..။ အောက်မှာရှယ်ထားတဲ့.. ‌ဖေ့စ်ဘုတ်က.. တယောက်ကလည်း.. မြန်မာလို.. တော်တော်လေးရေးပေးထားပါတယ်..။

https://www.uscis.gov/adoption/bringing-your-internationally-adopted-child-to-the-united-states/your-new-childs-immigrant-visa/your-new-childs-immigrant-visa
https://www.uscis.gov/adoption/bringing-your-internationally-adopted-child-to-the-united-states/before-your-child-immigrates-to-the-united-states

အထူးသဖြင့်… (အထူးသဖြင့်) မြန်မာနိုင်ငံဆိုင်ရာအမေရိကသံရုံးဝက်ဆိုက်မှာလည်း… အောက်ကအတိုင်းရေးတင်ထားပါတယ်..။
https://mm.usembassy.gov/u-s-citizen-services/child-family-matters/adoption/

=====================
Currently, Burmese law does not allow non-Burmese nationals to adopt or have legal custody of Burmese children. The Kittima Adoption Act of 1941, which is still in force, restricts the right to adopt to Burmese citizens who are Buddhist. The Government of Burma does not recognize dual citizenship.

=====================

တိုတိုလွယ်လွယ်ဆိုရရင်… ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ (၁၉၄၁) အရ… မြန်မာနိုင်ငံသား.. ဗုဒ္ဓဘာသာဝင်.. အသက်၂၁နှစ်အောက်ကလေးကို… မွေးစားပြီး.. အမေရိကားခေါ်လို့မရပါ..။
အမေရိကားက.. ပိတ်တာမဟုတ်.. မြန်မာနိုင်ငံရဲ့.. ဥပဒေကပိတ်တာပါတဲ့..။
၁၉၄၁ ဆိုတော့.. မြန်မာနိုင်ငံက.. လွတ်လပ်ရေးတောင်မရသေး…။ အင်္ဂလိပ်ဆီက.. ခိုးထားတဲ့.. ဥပဒေကြီးက.. အခုထိ.. ဒုက္ခပေးနေပုံ… 😛

https://www.mlis.gov.mm/lsScPop.do?lawordListId=6863

ဆိုတော့…
မွေးစားပြီး.. ခေါ်ချင်ရင်.. တိုင်းရင်းသားခရစ်ရှန်ကလေးတွေ.. ဟိန္ဒူကလေးတွေ… မွတ်စလင်ကလေးတွေ.. ရပါကြောင်း…။ ဗုဒစ်ရှ်ဆို..မရပါကြောင်း..။

==============================

AuthorUkLing Thang

မွေးစားသူက အသက် ၁၈ ထက် အမေရိကန် နိုင်ငံသားဖြစ်ရမည် ၊ မွေးစားခံသူက အသက် ၂၁ အောက် ဖြစ်ရမည် ၊ အသက် ၁၈ အောက်ဆိုပိုအဆင်ပြေတယ်။ ၂၀၁၄ မှာ ကူညီတာ ၆ လ ဘဲ ကြာတယ်။

ဘယ်သူက ကလေးမွေးစားနိုင်မလဲ။

========================

အခြားနိုင်ငံမှ ကလေးတစ်ဦးကို မွေးစားပြီး ထိုကလေးကို အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ရန် ခေါ်ဆောင်ရန်၊ သင်သည် အမေရိကန် ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေနှင့် သင်မွေးစားလိုသော နိုင်ငံ၏ ဥပဒေအောက်တွင် မွေးစားရန် အရည်အချင်းပြည့်မီကြောင်း ဦးစွာ တွေ့ရှိရပါမည်။

U.S. Federal Law အရ လိုအပ်ချက်များ

===========================

လူတစ်ဦး၏ အရည်အချင်းပြည့်မီမှုကို အဆုံးအဖြတ်ပေးသည့် ဖက်ဒရယ်အေဂျင်စီသည် အမိမြေလုံခြုံရေးဌာန၏ တစ်စိတ်တစ်ပိုင်းဖြစ်သော US Citizenship and Immigration Services (USCIS) ဖြစ်သည်။ USCIS မှ သင့်အား အခြားနိုင်ငံမှ မွေးစားရန် အရည်အချင်းပြည့်မီသည်ဟု USCIS မှ မဆုံးဖြတ်မချင်း သင်သည် ဥပဒေအရ ထိန်းသိမ်းခံထားရသော ကလေး (သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးနှင့် မွေးစားခြင်းအတွက်) ကို အမေရိကန်သို့ ယူဆောင်လာမည်မဟုတ်ပါ။ သင်မွေးစားထားသောနိုင်ငံခြားသားကလေးကို ယူဆောင်လာရန် သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် ပြည့်မီရပါမည်။ အခြေခံလိုအပ်ချက်အချို့မှာ အောက်ပါတို့ပါဝင်သည်-

သင်သည် U.S. Citizen ဖြစ်ရမည်။

အိမ်ထောင်မရှိသူဖြစ်လျှင် အနည်းဆုံး အသက် 25 နှစ်ရှိရမည်။

အကယ်၍ သင်သည် လက်ထပ်ပြီးပါက ကလေးအား ပူးတွဲမွေးစားရမည် (သင်ကွဲကွာသော်လည်း ကွာရှင်းခြင်းမရှိပါက) နှင့် သင့်အိမ်ထောင်ဖက်သည် အမေရိကန် နိုင်ငံသားဖြစ်ရမည် သို့မဟုတ် အမေရိကန်ပြည်ထောင်စုတွင် တရားဝင်အခြေအနေရှိရပါမည်။

ရာဇဝတ်မှုဆိုင်ရာ နောက်ခံစစ်ဆေးမှုများ၊ လက်ဗွေနှိပ်ခြင်းနှင့် အိမ်တွင်းလေ့လာမှုများအပါအဝင် ရာဇဝတ်မှုဆိုင်ရာ နောက်ခံစစ်ဆေးမှုများ၊ လက်ဗွေနှိပ်ခြင်းနှင့် အိမ်တွင်းလေ့လာမှုများ အပါအဝင် အလားအလာရှိသော မွေးစားမိဘတစ်ဦးအနေဖြင့် သင်၏သင့်လျော်မှုကို ဆုံးဖြတ်ပေးမည့် အချို့သောလိုအပ်ချက်များနှင့် ကိုက်ညီရပါမည်။

U.S. State Laws အောက်တွင် လိုအပ်ချက်များ

US ဥပဒေအရ မွေးစားရန် အရည်အချင်းပြည့်မီသည့်အပြင်၊ မွေးစားမွေးစားမိဘများအတွက် သင့်မိခင်ပြည်နယ်၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ Child Welfare Information Gateway ဝဘ်ဆိုက်တွင် တစ်ဦးချင်းပြည်နယ်လိုအပ်ချက်များအကြောင်း ပိုမိုလေ့လာပါ။

နိုင်ငံခြားတိုင်းပြည်များတွင် လိုအပ်ချက်များ

==============================

နိုင်ငံတိုင်းတွင် မိဘများမွေးစားရန်အတွက် ကိုယ်ပိုင်လိုအပ်ချက်များရှိသည်။ ၎င်းတို့ကို ဤဝဘ်ဆိုဒ်၏ Country Information ကဏ္ဍတွင် ရှင်းပြထားပါသည်။

1. Birth Certificate / ID

2. Household List

3. Passport

Adoption Lawyer လိုအပ်ရင်လည်းရတယ်နော်

ဒီကိစ္စအတွက်တစ်နေ့ကို သုံးနာရီလောက် အချိန်ပေးတယ်နော်

IR3 Visa ၊ F1 Student Visa နှင့်ပတ်သက်ပြီး မကြာမီ အမေးအဖြေ အစီအစဉ်ကို Zoom ဖြင့် ပြုလုပ်ပါမည်။ I will answer all of your questions. သင်တို့၏ မေးခွန်းတွေအားလုံးကိုဖြေမယ်နော်။

Note

1. မွေးစားသူနှင့်မွေးစားခံသူတို့ကဘာသာတူဆိုရင်ပိုအဆင်ပြေသည်။

2. Indian ( Mizoram ) နိုင်ငံသားဖြစ်တဲ့ Myanmar ( Chin ) ကလေးတွေကိုလည်း IR3 Visa ဖြင့်ခေါ်လို့ရတယ်။
=============================