kaiApril 23, 202416min7380
Swe Swe Myint, in her mid-50s, immigrated to the US with her family in 2000 through the Diversity Visa program. Originally an elementary school teacher in Burma, when her husband underwent two heart surgeries, she made the decision to become a caregiver after completing an online caregiver certification Program in 2018.  Swe is a Fremont […]


အောင်တိုးသည် အပြင်ပန်းတွင် အေးစက် ငြိမ်သက်သောသူ ဖြစ်သော်လည်း အစင်းသိ သူငယ်ချင်း အရင်းတယောက် အနေဖြင့်မူ သူသည် စိတ်ကူးယဉ် အဆန်ဆုံး လူတယောက် ဖြစ်ကြောင်း ကျနော် ကောင်းကောင်း နားလည်ပါသည်။ “ကဲ…ငါ့အထင် သနားစရာ ကောင်မလေး အလောင်းနဲ့ ဟို ငွေသေတ္တာကို နောက်ပိုင်းကြ တွေ့ရော ဆိုပါတော့။ ” “အေးပါ..မင်းစိတ်ဝင်စားတယ်ဆိုတော့ ကျန်တဲ့ အပိုင်းကို ငါ ဆက်ပြောပါ့မယ်။” ဇာတ်ရှိန်တက်ကာ စိတ်ခံစားမှုမြင့်လာသည်နှင့်အမျှ ကမူကလေးပေါ်မှ သဏ္ဌာန်သည်လည်း ကျနော်တို့၏ မျက်လုံးတွင် ရှေးကထက်ပင် ပို၍ ပြတ်သားလာတော့သည်။ “အေး…ဒီလိုနဲ့ မကြာပါဘူးကွာ..ရွာကလည်း သူတို့ရဲ့ ငြီးငွေ့စရာ နိစ္စဓူဝ အလုပ်တွေနဲ့ ပြန်ပြီး လည်ပတ်နေ တာပေါ့။ ဦးဩကြီးကိုလည်း ဘယ်သူမှ သတိမရတော့ပါဘူး။ ဒီလူကြီးကလည်း အရင်ကတည်းက […]


အတန်ကြာသောအခါ အောင်တိုးသည် မနေနိုင်တော့သဖြင့် – “အင်း…အဲဒါနဲ့ ပက်သက်လို့ ဇာတ်လမ်းလေး တပုဒ်လောက် လုပ်စမ်းပါဦး။” “အေး…ဇာတ်လမ်း တပုဒ်တော့ ရှိတယ်။ မင်း မအိပ်ချင်သေးဘူး ဆိုရင် ငါ ပြောပြမယ်လေ။” “ရတယ် ပြောကွာ..။” “ဟိုး တောင်ကုန်းနောက်က ရွာကလေးကို တွေ့လား။ အေး အဲဒီရွာကလေးမှာ တခါတုန်းက သေအံ့မူးမူးနဲ့ လူကြီး တယောက်ရှိခဲ့ဘူးသကွ။ ဦးဩကြီး လို့ပဲ ဆိုကြပါစို့။ ဒီလူကြီးက အထက်အညာဘက်မှာ ရွှေထည် အတုတွေ ဘာတွေ သွားရောင်းရင်း အတော်ဟန်ကျနေ ဆိုပဲ။ နောက်တော့ အဲဒီနယ်က လူတွေက ရိပ်မိသွားတော့ သူလည်း အထုပ်ပိုက်ပြီး ဒီကို ပြန်ပြေးလာတာပေါ့။ ဒီပြန်ရောက်တာနဲ့ သူ့အိမ်ကို ချဲ့ဖို့ ပြင်တာပဲ။ တို့ ဒီဘက် ရွာနီး […]


(For the blood is the life[1] (1905) အမည်ရ ဤဝထ္ထုတိုသည် အီတာလျံနွယ်ဖွား စာရေးဆရာ Francis Marion Crawford ၏ အကောင်းဆုံး ဝတ္ထုတိုများအနက် ကျနော် အမှီးရေးသော ဒုတိယမြောက် တပုဒ်ဖြစ်ပါသည်။ ပထမ တပုဒ်အား အော်သံပေးသော အရိုးခေါင်း အမည်ဖြင့် ပြန်ဆိုထားပါသည်။ ) ကျနော်သည် တက္ကသိုလ် ကျောင်းသားဘဝ၌ ဦးအံ့မောင် ဆိုသော လူကြီးတဦးနှင့် ကံအားလျော်စွာ ခင်မင်ခွင့် ရခဲ့ပြီးနောက် မြို့နှင့် အတော်လှမ်းသော တောင်ကုန်း တောင်တန်းများကြားရှိ ၎င်း၏ ဥယျာဉ်ခြံသို့ မကြာခဏ ဆိုသလို သွားရောက် လည်ပတ်ခဲ့ရာမှ နောက်ဆုံးနှစ် ဒုတိယနှစ်ဝက်တွင် စာမေးပွဲ မရှုံးစေရန် အသဲအသန် ကြိုးစား နေရသဖြင့် မရောက်ဖြစ်သည်မှာ […]



scales-of-justice-law-order-1220_x_720-600x354.jpg



“ထပ်ပြီး အသေးစိတ်လေး ပြောပါဦး။” ခရက်စ်က တောင်းဆိုလိုက်သည်။ ဝူး က ပြုံးပြီး – “မော က ရဲတိုက်ထဲမှာ နေတယ်။ မော ဆိုတာ ကျမ ပေးထားတဲ့ နာမည်ပါ။ ရှင့်ဟာရှင်လည်း ကြိုက်တဲ့ နာမည် ပေးချင်ပေးလို့ ရပါတယ်။ အဲဒါက မိခင်ကြီးလည်း ဟုတ်တယ်။ အစာအိမ်ဆိုလည်း ဟုတ်တယ်။ အမသတ္တဝါ ဆို ရမှာပေါ့။ ရှင့် လက်သီးဆုပ် လောက်တော့ ရှိလိမ့်မယ်။ သူက မလှုပ်ရှားနိုင်ဘူး။ တကယ်တော့ သဲဘုရင် ဆိုတဲ့ နာမည်က သူတို့နဲ့ သိပ်တော့လည်း မဆီလျော်လှပါဘူး။ လှုပ်ရှားနိုင်တဲ့ အကောင်လေးတွေကတော့ စစ်သားတွေဆိုလည်း ဟုတ်တယ်။ တောင်သူလယ်သမား၊ အလုပ်သမားတွေလို့ ပြောလည်း ဟုတ်တယ်။ တကယ် အုပ်ချုပ်တဲ့သူက ဘုရင်မ […]


မောင်ဘလိုင်September 24, 20181min4543
အမေရိကန် စာရေးဆရာ George R. R. Martin (၁၉၄၈- ) သည် မြန်မာပြည် စာဖတ်ပရိသတ်နှင့် မစိမ်းပါ။ Game of Thrones ကို ကြည့်ဖူးသူတိုင်း သိကြပါလိမ့်မည်။ ထိုဇာတ်လမ်းတွဲမှာ သူ၏ Song of Ice and Fire ဝတ္ထုရှည်ကြီး ကို မှီငြမ်း၍ ရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း သိကြပါလိမ့်မည်။ သူ၏ စာရေးခြင်း အသက်မွေးမှုကို အိမ်နီးချင်း ကလေးများအား မကောင်းဆိုးဝါး ဇာတ်လမ်းများ ရေးသား ရောင်းချခြင်းဖြင့် စတင်ခဲ့သည်ဟု ဆိုကြပါသည်။ နောက်ပိုင်းတွင်  Hugo နှင့် World Fantasy ဆုများ ရရှိ အောင်မြင်ခဲ့ပါသည်။ စာဖတ်သူများက သူ့အား အထူးတလည် ဆန်းကြယ်သော ဇာတ်လမ်းများနှင့်သာ […]


  “မဟုတ်ဘူး…ဒါက Red Riders တွေနဲ့ ကျင်းပတဲ့ မော်ဒန်ဈာပန ကွ။” ကျုပ်လည်း ထပြီး ကျုပ် အခေါင်းသေတ္တာပေါ် ထိုင်ချလိုက်တယ်။ ပြီးတော့ ကျုပ် မျက်မှန်ဝိုင်းလေး မျက်လုံးမှာ ညှပ်ပြီး လူအုပ်ကို စိန်းစိန်းဝါးဝါး တစ်ချက်ကြည့်ထည့်လိုက်တယ်။ ကျုပ်က ညအိပ်ဝတ်စုံနဲ့။ ဒါပေမဲ့ အုတ်ဂူထဲမှာ အေးမှာစိုးလို့ သားမွေးကုတ်ကြီး တစ်ထည်တော့ ထည့်လာသေးသဗျ။ နွေခေါင်ခေါင်မှာ သားမွေးကုတ်ကြီးနဲ့ ဆိုတော့ ဟိုလူစု နည်းနည်းတော့ ရှိန်သွားမလားပဲ။ သေချာတာ တစ်ခုကတော့ ဟို အစိုးရအကြံပေး အဖွဲ့ဝင် ပုဂ္ဂိုလ်ကြီး အသုဘကို ဘယ်သူမှ စိတ်မဝင်စားတော့တာပဲ။   “သွားကြ..သွားကြစမ်းကွာ…ဒီ အုတ်ဂူနေရာကို ကျုပ်ပိုက်ဆံပေးဝယ်ထားတာ။ ကျုပ်က တရားဝင် သေပြီးသား။ ကိုယ့်ဟာကိုယ် ပျော်စရာလေး လုပ်နေတာ..ဘာဖြစ်လဲ။ ကျုပ်ပိုင်တဲ့ […]


ကျုပ် မသေခင် သုံးရက်လောက်မှာ Red Riders အဖွဲ့ကို ပို့စကဒ်လေး တစ်ခု ပို့လိုက်တယ်။ သို့ပေသော်လည်း ဒီဇာတ်လမ်းက ဘာလင်မှာ ဖြစ်ခဲ့သင့်သဗျ။ ဘာလင်သားများ ပေါ့လေ။ ဘာလင်သား သုံးစားမရတဲ့ လူကြီးလူကောင်းများ။ သူတို့က တစ်ခုခု ဖြစ်မြောက်အောင်လုပ်ချင်ရင် ခြေမြန်တော်ကလေးများ အဖွဲ့ကို လွှတ် လိုက်တာပဲ။   ဒီဇာတ်လမ်း ဘာလို့ ဘာလင်မှာ မဖြစ်ခဲ့သလဲ ခင်ဗျားတို့ သိပါလိမ့်မယ်။ ကျုပ်က Red Riders အဖွဲ့ကို ဘာကြောင့် စာရေးလဲ ဆိုတော့ နာမည်ကိုက မိုက်တာ။ ဘိုက်ကာ ကြီးတွေ။ ခြေမြန်တော်လေးများ လို မဟုတ်ဘူး။ သူတို့သာ စာရေး ပို့လိုက်ရင် လွှင့်ပစ်မှာ။စာထဲ ဘာရေးထားလည်း ဆိုတော့ –   “ဤစာရပြီး […]


  ကိုယ်က အတင်းတုပ်တဲ့ လူမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူစုံတုန်း ဇာတ်လမ်းလေး တစ်ပုဒ် လောက်  ပြောပြချင်သေးတယ်။ နည်းနည်းတော့ ကြမ်းမယ်။ အညစ်အပတ်ကလေးလည်း ပါမယ်ပေါ့။ ဒါပေမဲ့ အဲဒါတွေကို အားပေးအားမြှောက်နဲ့ ဆွဲဆောင်တဲ့ ဇာတ်လမ်းမျိုးရယ်တော့ မဟုတ်ဘူး။ လူ့သဘာဝ အောင့်အီးမရတဲ့ ဆန္ဒပုန်းတွေကို မထော်မနန်း ဖော်ထုတ်မိလို့ ကို့ရို့ကားယားနဲ့ ထောင်နန်းစံရလုနီးသွားတဲ့ တရုတ်ဆယ့်တစ်ယောက် အကြောင်းလေး ပြောပြချင်တာ။   ကိုင်း..အဲဒီတော့ ပြောမယ်၊ တစ်ခါတုန်းက ချီကာဂိုမှာ တရုတ်ဆယ့်တစ်ယောက် ရှိသတဲ့..။   အဲ…အဲဒီလို မစ ချင်ဘူး။ ဒီလို ပြောင်းပြီး အစချီမယ်။ ကိုယ့်သူငယ်ချင်း ဖရဇ် လန်းဂ် ဆိုတာ ချီကာဂိုမှာ နေတယ်။ သူက အဝတ်လျှော်တဲ့ လုပ်ငန်းတစ်ခု ပိုင်တာ။ […]


ko sixJuly 27, 20181min4763
အသည်းကွဲဖို့ မေ့ခဲ့တဲ့ ကျွန်တော် ======================(Short story) လောကကြီးသည် ဆန့်ကျင်ဘက်အရာများဖြင့် အလွန်တရာ ဆန်းကြယ်လှသည်။ ထို့ထက် ဆန့်ကျင်ဘက် အရာနှစ်ခုကြား ဖြစ်တည်လာတတ်သော အချစ်သည်က ပို၍ပင် ဆန်းကြယ်နက်ရှိုင်းလွန်းလှသည်။ ……………………… အလွန်အမင်း မုန်းတီးနေခဲ့ဖူးသော မိန်းမတစ်ယောက်တွင် တန်းဖိုးထားလေးစားစရာ အလွန်ကောင်းသည့် ချစ်ခြင်းမေတ္တာတရားကို တွေ့လိုက်ရချိန်တွင် အထင်နှင့်အမြင်တို့သည် အလင်းနှင့်အမှောင် တို့လို သေသပ်စွာ ကွဲလွဲခဲ့ကြပြီ။ သူသည်……… ထိုကောင်မလေးသည်……… ကျွန်တော် အတိတ်က ထင်ခဲ့သလိုမျိုး ရွံရှာစက်ဆုပ်ဖွယ် ကောင်းသော မိန်းမတစ်ယောက် မဟုတ်ပါဘဲ ရိုးတံမြင့်မြင့်နှင့် ပွင့်လန်းနေချင်သည့် နှင်းဆီဖြူ တစ်ပွင့်သာဖြစ်ကြောင်း ကျွန်တော် နားလည်ခဲ့ပါပြီ။ ကျွန်တော် နားလည်လိုက်သည့် အချိန်တွင် ပန်းဝင်ကြိုးသည် တစ်စုံတစ်ရာကြောင့် လှုပ်ခါနေသည်ကိုပါ သိလိုက်ရပါသည်။ အစနှစ်ဖက်ကို တင်းနေအောင် ချည်နှောင်ထားသော ကြိုးတစ်ချောင်းတွင် […]


ko sixAugust 4, 20171min38911
ကိုယ့်ဆီရောက်လာသော စာအေရေတွက်သည် ခုနှစ်စောင်တိတိ ရှိပြီ။ ခုထိ ကိုယ်မျှော်လင့်မိသော သူမ၏ နေရပ်လိပ်စာက ဘယ်စာမှာမှ မပါရှိပါ။ ကိုယ်ဝမ်းနည်းသည်ထက် ဝမ်းနည်းလာသည်။ ကြေကွဲသည်ထက် ကြေကွဲလာသည်။ မျှော်လင့်ချက်တွေသည် တစ်ကြိမ်ထက် တစ်ကြိမ် အငွေ့ပျံနှုန်း များပြားလာပါပြီ။ ကြာရင်ကော သိခွင့်ရှိပါဦးမလား။ မသေချာတော့ပါ။ သေချာသည်က ကိုယ်ရူးတော့မည်သာ ဖြစ်သည်။ ±±±±±±±±±±±±±±± အခန်း(၇) ကိုကြီး…… ဒီစာဟာ ညီမလေးရဲ့ နောက်ဆုံးစာပါ။ ခင်မင်မှုဆိုတာကို အမြစ်ကနေတူးလှန်ပစ်ဖို့ ရေးလိုက်တဲ့စာပါ။ ဘာလို့ ဒီလို ပြောလိုက်ရတာလဲလို့မေးလာခဲ့ရင် ပြန်ဖြေစရာ ခိုင်လုံတဲ့ အကြောင်းတွေရှိလာခဲ့ပြီ ဖြစ်လို့ပါ။ ညီမလေးက မိန်းကလေးတစ်ယောက်ပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်ဆီ ဣန္ဒြေ ၊ သိက္ခာ ၊ ကိုယ်ကျင့်တရားတွေကိုမှ မစဉ်းစားဘဲ စာတွေ ဘာလို့ ရေးပို့နေခဲ့ရသလဲဆိုတာ ပြောပြနေဖို့ […]