ဆုတောင်းနှင့် နောင်တ ———- ထိုရုပ်တုကို ကိုင်ပြီး ဆုတောင်းလျှင် ဆုတောင်း ပြည့်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကျွန်တော် ထိုရုပ်တုကို သေသေချာချာ ကိုင်၍ ဆုတောင်းမိသည်။ ”စင်ကြယ်သောလူတစ်ယောက် ဖြစ်ရပါလို၏” ဆုတောင်းပြီး၍ လှည့်မထွက်ခင်မှာ ရုပ်တုအား ကြည်ညိုစွာ ကြည့်လိုက်မိချိန်တွင်. . . ကျွန်တော် ရုပ်တုကို ကိုင်ပြီး ဆုတောင်းမိတာ မှားပြီဟု သိလိုက်သည်။ ရုပ်တု ကိုယ်ထည်ပေါ်တွင် . . . . . . . . . . . . . . . ကျွန်တော့်လက်မှ အညစ်အကြေးတို့ကြောင့် ညစ်ထေးသွားတာကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။ ————————– သင့်အေးရိပ်