kaiJune 22, 202411min3390
Ukraine may fire US-provided missiles deeper into Russia when under attack, Pentagon saysJun 22 | https://tinyurl.com/dees28c6The US is also allowing Ukraine to hit planes in Russian airspace with US-supplied air defence systems if they strike across the borderUkraine’s military is allowed to use longer-range missiles provided by the US to strike targets inside Russia across […]


kaiMarch 18, 20242min4520
အစ္စရေးတပ်က.. ဂါဇာမြို့ရဲ့.. al-Shifa ဆေးရုံကို .. ဗုံးနဲ့ထု.. ဝင်စီးပြီး ဟာမားစ် ၂၀ ကိုသတ်တယ်ဆိုပါတယ်..။ al-Shifa ဆေးရုံက.. ဆရာဝန်၂၀.. နပ်စ်၆၀နဲ့.. ဆေးကုနေတဲ့ဆေးရုံအပြင်.. လူထောင်ချီ.. စစ်ပြေးခိုလှုံနေတဲ့နေရာပါ..။ ပြီးခဲ့တဲ့နှစ်.. အောက်တိုဘာ ၇က.. ဟာမားစ်တွေ.. အစ္စရေးဆီဝင်.. လူ၁၂၀၀လောက်သတ်.. ၂၅၃ယောက်ပြန်ပေးဆွဲသွားတာက.. စတဲ့.. အစ္စရေး-ဟာမားစစ်က.. . အခုထိ.. ပါလက်စတေးနီးယန်း ၃၁၇၀၀ အသတ်ခံရပြီးပါပြီ…။ ပြီးမယ့်အရိပ်အယောင်မမြင်ရသေး..။ လူ၂သန်းကျော်ကို.. ဆေးကုပေးနေတဲ့.. ဆေးရုံ၃၆ခုရှိပြီး.. ၁၂ခုကပဲ.. တပိုင်းတစ.. ဆေးကုလုပ်ကိုင်နေနိုင်တာပါ..။ ဂါဇာမြောက်ပိုင်းမှာ.. အစ္စရေးစစ်တပ်ဝင်.. ရှင်းထုတ်လို့.. လူထုတွေကို.. တောင်ဖက်ရှောင်ခိုင်း.. အခု.. ‌‌ ဂါဇာတောင်ပိုင်း… စစ်ရှောင်နေရာတွေဝင်စီး.. ရှင်းထုတ်ဦးမယ်လည်း.. ဆိုနေပါတယ်..။ ဆိုတော့… ဆေးရုံရော.. ကျောင်းရော.. ကလေးရော.. သက်ကြီးရော.. မိန်းမရော.. […]


kaiFebruary 22, 20243min5970
နှုကလီးယား.. စွမ်းအင်ထုတ်လို့ရတဲ့.. ယူရေနီယံက.. မြန်မာပြည်မယ်ထွက်တယ်.. သိနေကြတာကြာပါပြီ..။ ဦးနေဝင်းရဲ့မဆလလက်ထက်ကထဲက.. ရန်ကုန်-မန္တလေးလမ်းဖေါက်ရင်းတွေ့တယ်လည်း.. ဆိုကြတာမျိုး..။ ယူရေနီယံက.. မြန်မာပြည်မှမဟုတ်.. ကမ္ဘာ့နိုင်ငံတော်တော်များများမှာ.. သဘာဝအလျှောက်ထွက်ကြပါတယ်..။ သန့်စင်ထုတ်လုပ်မှုမှာသာ… သိပ်မလုပ်ရဲကြ/မလုပ်ကြတာပါ..။ တကယ်တော့..မြန်မာက… ယူရေနီယံ.. ရဲလိုးကိတ်အဆင့်လည်း.. သန့်စင်ထုတ်နိုင်ကြတာ.. ကြာပါပြီ..။ ကြာဆို.. (အမှတ်မမှားရင်) နဝတခေတ်မှာကထဲက… IAEA အဖွဲ့ဆီ.. အနုမြူစွမ်းအင်လျှပ်စစ်စက်ရုံဆောက်ဖို့.. လျှောက်ဖူးလို့ပါ..။ အာအိုင်တီမှာ.. အနုမြူစွမ်းအင်ဌာနလည်း.. ဖွဲ့ဖူး.. ကျောင်းသား/ ဘွဲ့ရတွေလည်း.. မွေးထုတ်ဖူးပါတယ်..။ ဗကပနဲ့… ကွန်မြူနစ်မုန်းတဲ့.. မြန်မာစစ်တပ်က.. ချိုင်းနားမကပ်ချင်တာနဲ့… ရုရှားဖက်သွားကပ်ပြီး.. ကြိတ်လုပ်နေတာ…။ ဆိုတော့.. လိုရင်းပြောရရင်.. အဲဒီယူရေနီယံတင်မက.. သန့်စင်ပြီး.. (လက်နက်အဆင့်)ပလူတိုနီယံ.. တွေကိုပါ.. မှောင်ခိုထုတ်ရောင်းပြီး..‌ မြေပြင်/ဝေဟင်ပစ်မစ်ဆိုင်းနဲ့.. အေကေ-၄၇ တွေဝယ်မယ်ဆိုတဲ့.. ယာကူဆာဂျပန်ကြီးအဲဘိဆာဝါကို.. ၂၀၂၂ ဧပြီ ကဖမ်းမိတဲ့အမှုပါ..။ အဲဒီအမှုဆက်က… အခုဒီရက်ပိုင်း.. အဲဘိဆာဝါကို.. […]


kaiJanuary 22, 20242min4190
အိန္ဒိယဝန်ကြီးချုပ်မိုဒီမတည်ပြီး.. ရာမဘုရားရဲ့.. ဇာတိမြေ… Ayodhya အယုဒ္ဓယမှာ.. ဧရာမဘုရားကျောင်းကြီးတည်လိုက်ပါတယ်..။ နှစ်ပေါင်းများစွာ… မွတ်စလင်တွေနဲ့.. ဟိန္ဒူတွေ.. ငြိနေတဲ့ဒေသပါ..။ အခုတော့.. ဝန်ကြီးချုပ်ကိုယ်တိုင်.. တက်ပွဲကြမ်းပြီး.. ဘုရားကျောင်းဖွင့်လိုက်သပေါ့..။ ဖွင့်ဆို.. ဒီနှစ် မေမှာ.. အိန္ဒိယအထွေထွေရွေးကောက်ပွဲလည်းရှိတာကိုး..။ အမျိုးသားရေးဝါဒီ.. ဝန်ကြီးချုပ်မိုဒီဟာ.. ဟိန္ဒူပထမ Hindu-First လို့လည်း.. ကြွေးကျော်ထားသူပါ..။ ထရမ့်နဲ့တူသလိုလိုရှိပေမယ့်.. ထရမ့်က.. လူမျိုး/နိုင်ငံသား… “အမေရိကန် ပထမ” မဟုတ်..။ နိုင်ငံဖြစ်တဲ့.. “အမေရိက ပထမ” America First ပါ..။ လုံးဝကို… တခြားစီ..။ ဟိန္ဒူဆိုတာက.. ဟိန္ဒူသာသနာကို.. ကိုးကွယ်သူတွေကိုခေါ်တာမို့.. မိုဒီကတော့.. သူ့… လူထုအများစုကိုရည်ရွယ်ထားတာဖြစ်ပါတယ်..။ ဆိုတော့… စာလုံးပေါင်းက.. Ayodhya မို့.. မြန်မာလို.. အယုဒ္ဓယရေးပါတယ်..။ အဲဒီစာလုံးက.. မြန်မာတွေနဲ့.. ရင်းနှီးပြီးသား..။ ထိုင်းကို.. မြန်မာတွေက.. […]


kaiJanuary 10, 20242min4591
ဆိတ် ကိုဂျိုဖြုတ်လိုက်ရင်.. ခွေး‌နဲ့တူတာမို့… ဆိတ်ဂတုံးဆိုတာ.. ခွေးကို.. အမည်ဝှက်ပေးခေါ်တာလို့… သိကြမှာပါ..။ “ခွေး”ကို.. ခွေးလို့ခေါ်ပြီး.. စားရင်… ခွေးက.. သိတာမို့… အမည်ဝှက်ပေးခေါ်ပြီး..မြန်မာတွေ… ဝါးတီးဆွဲကြတာမို့ပါ..။ ခွေးသားရဲ့… နောက်အမည်ဝှက်ကတော့… “ဆတ်သားခြောက်”.. တဲ့..။ အဝတ်မှာဆိုးတဲ့.. ဆေးနီဖြန်း/စိမ်ဆိုးထားတဲ့.. ဆတ်သားခြောက်ဆို… မြန်မာတွေ.. ကြိုက်မှကြိုက်..။ ‌ မြန်မာတိုင်းရင်းသားတချို့… ခွေးသားစားကြပြီး.. ချိုင်းနား.. ဗီယက်နာမ်… ထိုင်ဝမ်… တောင်ကိုရီးယားတို့မှာလည်း..ခွေးသားဟင်းလျှာတွေ… ခေတ်စားပါတယ်..။ ခွေးသားမှာ… အပူဓာတ်ရှိတာမို့.. သက်လုံကောင်းအောင်… စားကြသတဲ့..။ အခုတော့.. တောင်ကိုရီးယားလွှတ်တော်က.. ‌”ဆိတ်ဂတုံးသားကို.. မွေးမြူ..သတ်ဖြတ်ပြီး.. စားသောက်ဆိုင်တွေသွင်းနေတဲ့.. လုပ်ငန်းစဉ်ကို.. ရပ်တန့်ဖို့.. ကြိုးစားတဲ့အနေနဲ့… ဥပဒေပြုလိုက်ပါသတဲ့..။ မွေးမြူ..သတ်ဖြတ်ရင်.. ထောင်၃နှစ်နဲ့.. ဒဏ်ကြေး ဝမ်ငွေ.. သန်း၃၀ ဆောင်ရမတဲ့..။ ဝမ်ငွေ.. သန်း၃၀ ဆိုလို့.. လန့်ဖြန့်တက်မသွားပါနဲ့.. ၁ဒေါ်လာ […]


kaiOctober 15, 20231min10650
အစ္စရေး/ဟာမားစ်စစ်မှာ.. ပိတ်မိနေတဲ့.. အိမ်ပြန်ချင်တဲ့.. အစ္စရေးလိ-အမေရိကန်တွေ.. အသုတ်လိုက်အိမ်ပြန်လာနေကြပါတယ်..။ အဲဒီထဲက.. အယောက်၂၇၀က.. ဖ‌လော်ရီဒါ /တမ်ပါလေဆိပ် အရောက်မှာ.. ပြည်နယ်.. ဂါဗနာ.. ရီပါ့ဗလစ်ကန်သမ္မတလောင်းဒီဆန်းတစ်စ်က.. သွားတွေ့ အားပေးခဲ့ပါသတဲ့..။ အစ္စရေးပြည်အတွင်းက.. အမေရိကန်တွေပဲ.. အိမ်ပြန်လို့ရနေပြီး.. ဂါဇာမှာရှိတဲ့.. ပါလက်စတေးနီးယန်း-အမေရိကန်တွေကတော့.. ပိတ်မိနေပါသတဲ့..။ နိုင်ငံခြား‌ရေးဝန်ကြီး.. ဘလင်န်ကန်. အီဂျစ်.. အစ္စရေး.. ပတ်သွား …လိုက်ပြောနေတာရဲ့ရလဒ်အဖြစ်.. ဂါဇာတောင်ဖက်က.. အီဂျစ်နယ်စပ်ဂိတ်ပေါက်ကို.. ခဏဖွင့်ပေးမယ်ဆိုထားပြီး.. အဲဒီကနေ.. ပါလက်စတေးနီးယန်း-အမေရိကန်တွေ.. အီဂျစ်ထဲဝင်.. လေကြောင်းနဲ့.. အမေရိကားပြန်လာလို့ရမယ်ဆို..။ တချို့ကိုတော့.. ဂါဇာပင်လယ်ကမ်းကနေ.. ရေကြောင်းနဲ့.. ကယ်ထုတ်နေ..။ မကြာမတင်မှာ.. အစ္စရေးစစ်တပ်က.. ဂါဇာကိုကုန်းကြောင်းက..ဝင်သိမ်းတော့မှာမို့.. အရပ်သားတွေအင်မတန်အန္တရာယ်ရှိလို့ပါ..။ ဒေသခံပါလက်စတေးနီးယန်းတွေကတော့.. ပြေးစရာမြေမရှိ..။ ဂါဇာမြောက်ပိုင်းကနေ.. တောင်ပိုင်းရွေ့ခိုင်းသမို့.. လူ၆သိန်းလောက်.. ရွေ့ပေးနေရပြီး.. တောင်ပိုင်းရောက်တော့လည်း.. ဗုံးကြဲတာနဲ့တန်းတိုးသူတွေရှိနေသတဲ့..။ အမေရိကားကတော့.. အစ္စရေးပြည်နားက.. အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့အမေရိကန်တွေကို.. အိမ်ပြန်ခိုင်းနေပြီး.. […]


Mon LayMarch 13, 20201min76870
ကိုယ်အရမ်းသွားချင်တဲ့နိုင်ငံတစ်နိုင်ငံထဲကတစ်ခု..စိတ်မကောင်းလိုက်တာ အီတလီရယ်… သိပ်လှတဲ့ရေပေါ်အိမ်ကလေးတွေရယ်..လှေလေးတွေနဲ့သွားလို့..အထင်ကရနေရာများစွာတွေနဲ့ ကမ႓ာ့လှည့်ခရီးသွားတွေနှစ်စဉ်သွားနေကြတဲ့နေရာက အခုလိုခြောက် ကပ်သွားတော့..😢😢..တကယ်စိတ်မကောင်းပါ…..ဝူဟန်ရယ်..အမြန်ပျောက်ပါတော့။


Mon LayJanuary 31, 20201min138350
Mask တပ် ပါ။ ရန်ကုန်မြို့ရဲ့လေထုက အနီရောင်အဆင့် အနေထားမကောင်းတာ ဖြစ်နေလို့..တပ်သင့်ပါတယ်။ လူအများကြီးရှိတဲ့နေရာတွေသွားတဲ့အခါပဲတပ်ပေါ့နော်။ တော်ကြာ ဝူဟန်ရောဂါကြောင့်မသေဘဲ…အသက်ရူကြပ်လို့ သေသွားမှ ဟုတ်ပေ့ဖြစ်မယ်😆😆..အရမ်းမကြောက်ပါနဲ့..ကျန်းမာရေးကောင်းအောင် အာဟာရရှိတဲ့အစားအစာစားပြီး ကောင်းမွန်စွာအိပ်စကိရင်မဖြစ်နိုင်ပါဘူး။


Mon LayMay 9, 20181min60433
အရှေ့တောင်အာရှတွင် အွန်လိုင်း စီးပွားရေး အင်ပါယာ ချဲ့ထွင်သည့် ခြေလှမ်းသစ်အဖြစ် Alibabaက Darazကို ဝယ်ယူလိုက်တယ်လို့ ဆောင်းပါး ကိုဖတ်လိုက်ရတော့  ဒီ Alibaba တော့ ချမ်းသာပြီးရင်း ချမ်းသာနေတော့တာပဲလို့ တော်တော်လေးအားကျစိတ်ဖြစ်မိပါတယ်။ ဘယ်လောက်တောင်ချမ်းသာနေပြီလဲမပြောပြခင် Alibaba ဆိုတာဘာလဲ ပြန်ရှယ်ပေးချင်ပါတယ်။ Alibaba Alibaba Group Holding Limited ဆိုတာ တရုတ်ကုမ္ပဏီပါ။ Mr. Jack Ma ဆိုတဲ့သူက 1999 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ သူကအွန်လိုင်း ကိုအဓိကထားပြီးစီးပွားရေးလုပ်တဲ့ကုမ္ပဏီပါ။ အဓိကကတော့ E-commerce, အွန်လိုင်းမှာလေလံတင်တာတို့၊ အွန်လိုင်းကနေငွေလွှဲတာတို့နဲ့ အွန်လိုင်းရှော့ပင်တို့လုပ်တာပါ။ ခုနောက်ပိုင်း ၂၁ရာစုရောက်လာတဲ့အချိန်မှာတော့ အနောက်နိုင်ငံတွေသာမက မွန်လေးတို့နိုင်ငံမှာပါ (မွန်လေးလည်းအွန်လိုင်းရှော့ပင်လုပ်ပါတယ်။) အွန်လိုင်းရှော့တွေခေတ်စားလာတော့ သူ့လို Alibaba ကတော့ချမ်းသာပြီးရင်းချမ်းသာလာတော့တာပေါ့။ ဟိုးအစကဆို Microsoft ကိုတည်ထောင် သူ […]


Foreign ResidentApril 20, 20181min39350
Putin will NOT accept defeat and nuclear war is INEVITABLE – စစခြင်းတုန်းကတော့ ၊ US ရဲ့ ကိုယ်ပျောက်ဒုံး Stealth Cruise Missile ( JASSM ) ၂ စီး ၊ မပေါက်ကွဲလို့ ဆီးရီးယားက ရုရှားကို ပို့ပေးလိုက်ကြောင်း ဖတ်နေတာ ။ – နောက်တော့ ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း နှင့် ၊ အင်တာဗျူးထားတဲ့ VDO ကို ကြည့်ပြီး ရေလည် စိတ်လေသွားတယ် ။ အဲ့ဒီ အင်တာဗျူးမှာ ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးဖြေထားတာ ၊ – “Of course Russia […]


၁၉၅ဝ နိုဝင်ဘာ ၂၅-၂၆ တွင် အမေရိကန် နှင့် ကုလသမဂ တပ်များကို အင်နှင့်အားနှင့် အပြုတ်နှံရန် တရုတ်စစ်တပ် ကိုရီးယားစစ်ပွဲသို့ ဝင်ရောက်ခဲ့သည်။ လူသုံးသိန်းပါဝင်သော တရုတ်ထိုးစစ်ကြောင့် ယူအန်တပ်များ အငိုက်မိ ဖရိုဖရဲ ဖြစ်ရခြင်းမှာ အဓိကအားဖြင့် တရုတ်တို့ စစ်ပွဲထဲ အတိအလင်း ဝင်လာမည် နှင့် ပြသနာ မီးလောင်ရာလေပင့် လွန်စွာ ကြီးကျယ်အောင် ပြုမည်ဟု ယူအက်စ် ဗိုလ်ချုပ်ကြီး ဒေါက်ကလပ် မက်အာသာ မထင်သောကြောင့် ဖြစ်သည်။ ။။။။ ၁၉၅ဝ ဇွန် ၂၅တွင် ကူမြူနစ် မြောက်ကိုရီးယားတပ်များ ဒီမိုကရက်တစ် တောင်ကိုရီးယားထဲ ကျူးကျော်ဝင်ရောက်ခြင်းဖြင့် ကိုရီးယားစစ်ပွဲ စတင်သည်။ မျှော်လင့်မထားသော တိုက်ခိုက်မှုက တောင်ကိုရီးယားတပ်များ နှင့် နိုင်ငံတွင်း အနည်းငယ်သာရှိသော အမေရိကန်တပ်များအား ကိုရီးယားကျွန်းဆွယ် […]


၁၉၅ဝ ဇွန် ၂၅ မှာ မြောက်ပိုင်းရှိ ဆိုဗီယက် ကျောထောက်နောက်ခံပြု ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမတ နိုင်ငံ နှင့် တောင်ပိုင်းရှိ အနောက်လိုလားသော ကိုရီးယားသမတနိုင်ငံ တို့အကြားရှိ နယ်စပ်၃၈မျဉ်းပြိုင်ကို အင်အား ၇၅၀၀ဝ ရှိ မြောက်ကိုရီးယား ပြည်သူ့စစ်တပ် ဖြတ်ကျော်ကာ ကိုရီးယားစစ်ပွဲ စတင်သည်။ ကျူးကျော်မှုမှာ စစ်အေးတိုက်ပွဲ၏ ပထမဆုံး စစ်မက်ဖြစ်ပွားမှု ဖြစ်သည်။ ဇူလိုင်လတွင် အမေရိကန်တပ်များ စစ်ပွဲအတွင်း ဝင်ရောက်ကာ တောင်ကိုရီးယားဖက်မှ ကူညီသည်။ အမေရိကန်အစိုးရ အရာရှိများ စိုးရိမ်ပူပန်သလို နိုင်ငံတကာ ကူမြူနစ် ဝါဒအား တွန်းလှန်သည့် စစ်ပွဲဖြစ်သည်။ ၃၈ လက်တီကျု မျဉ်းပြိုင်ကို အစောပိုုင်းကာလ ရှေ့တိုးနောက်ငင် သူတပြန်ကိုယ်တပြန် တိုက်ခိုက်ကြရင်း တိုးတက်မှု မရှိဘဲ တိုက်ပွဲ ရပ်တန့်ကာ ထိခိုက်ဒဏ်ရာရမှု […]


၂ဝရာစုနှစ် ပထမဆုံး လူမျိုးတုံး သတ်ဖြတ်ပွဲမှာ တူရကီတွင် ရှေးပဝေဏသီထဲက နေထိုင်သော အာမေးနီးယန်း နှစ်သန်း ပြည်နှင်ဒဏ်ပို့ခံရကာ အစုလိုက် အပြုံလိုက် အသတ်ခံရချိန်ဝယ် ဖြစ်ပွားသည်။ ။။။။ ပင်လယ်နက်၊ မက်ဒစ်တေးနီးယန်း နှင့် ကက်စပီယံ ပင်လယ်များ ဝိုင်းပတ်ထားသော ကြီးမားကျယ်ပြန့်သည် အရှေ့အလယ်ပိုင်းဒေသတွင် အာမေးနီးယန်း လူ့အဖွဲ့အစည်း နှစ်ပေါင်းသုံးထောင်ခန့် ရှင်သန်ကြီးထွားခဲ့သည်။ အဆိုပါဒေသကို အာရှကြေးမုံပြင် ဟုခေါ်ကြပြီး ဥရောပ၊ အာရှ၊ အာဖရိက တိုက်ကြီးသုံးတိုက် ဆုံရာ လမ်းဆုံလမ်းခွတွင် တည်ရှိသည်။ သမိုင်း အတက်အကျ နှစ်ရာစု များစွာအတွင်း အာမေးနီးယန်းတို့ ပိုက်နက်မြေအား ပါရှန်း၊ ဂရိ၊ ရိုမန်၊ ဘိုင်ဇန်တိုင်း၊ အာရပ် နှင့် မွန်ဂိုတို့ အုပ်စိုးခဲ့သည်။ ။။။။ ကြိမ်ဖန်များစွာ ကျူးကျော်သိမ်းပိုက် ခံရသော်ငြား […]