“မျဉ်းသုံးကြောင်းနှင့် စည်း၃စည်း” အနော်ရထာမင်း(၁၀၄၄ – ၁၀၇၇)လက်ထက်က ရွှေဖျင်းညီနောင်တို့နှစ်ဦးသည် ချိုင်းနားဘုရင်၏ နန်းတော်သို့ လျှို့ဝှက်ဝင်ရောက်၍ စက်တော်ခေါ်နေသော ဥတည်ဘွား၏ ခန္ဓာကိုယ်ပေါ်တွင် ထုံးဖြူဖြင့် မျဉ်းသုံးကြောင်းဆွဲခဲ့သည်ဟု မြန်မာ့ရာဇဝင်တွင်ဆိုသည်။ထိုသမိုင်းကာရံလာထပ်သည်လောမသိ။ ယခုသြဂုတ်လအလယ်ပိုင်းက ချိုင်းနားနိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် မြန်မာပြည်သို့သွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် နဝတ/နအဖခေါင်းဆောင်ဖြစ်သော ဦးသန်းရွှေကိုတွေ့ဆုံခဲ့သည်။ ထို့နောက် ထိုင်း/ချင်းမိုင်မြို့ လန်ချန်း-မဲခေါင်အစည်းအဝေးတက်၍ ချိုင်းနား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေဆုံပွဲတွင် မြန်မာပြည်နှင့်ပတ်သက်ပြီး” မြန်မာ ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း၊ အာဆီယံမိသားစု လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ စိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်း”စည်း၃စည်းချခဲ့ပါသည်။ ယခုသြဂုတ်လအတွင်း “၀” နှင့် ကိုးကန့် နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ပစ်ခြင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့်တွေ့ဆုံစကားပြောခြင်းတို့အပြင် […]