“အမေရိကန်တို့.. အိမ်အပြန်”

kaiOctober 15, 20231min10340

အစ္စရေး/ဟာမားစ်စစ်မှာ.. ပိတ်မိနေတဲ့.. အိမ်ပြန်ချင်တဲ့.. အစ္စရေးလိ-အမေရိကန်တွေ.. အသုတ်လိုက်အိမ်ပြန်လာနေကြပါတယ်..။

အဲဒီထဲက.. အယောက်၂၇၀က.. ဖ‌လော်ရီဒါ /တမ်ပါလေဆိပ် အရောက်မှာ.. ပြည်နယ်.. ဂါဗနာ.. ရီပါ့ဗလစ်ကန်သမ္မတလောင်းဒီဆန်းတစ်စ်က.. သွားတွေ့ အားပေးခဲ့ပါသတဲ့..။

အစ္စရေးပြည်အတွင်းက.. အမေရိကန်တွေပဲ.. အိမ်ပြန်လို့ရနေပြီး.. ဂါဇာမှာရှိတဲ့..

ပါလက်စတေးနီးယန်း-အမေရိကန်တွေကတော့.. ပိတ်မိနေပါသတဲ့..။

နိုင်ငံခြား‌ရေးဝန်ကြီး.. ဘလင်န်ကန်. အီဂျစ်.. အစ္စရေး.. ပတ်သွား …လိုက်ပြောနေတာရဲ့ရလဒ်အဖြစ်.. ဂါဇာတောင်ဖက်က.. အီဂျစ်နယ်စပ်ဂိတ်ပေါက်ကို.. ခဏဖွင့်ပေးမယ်ဆိုထားပြီး.. အဲဒီကနေ.. ပါလက်စတေးနီးယန်း-အမေရိကန်တွေ.. အီဂျစ်ထဲဝင်.. လေကြောင်းနဲ့.. အမေရိကားပြန်လာလို့ရမယ်ဆို..။

တချို့ကိုတော့.. ဂါဇာပင်လယ်ကမ်းကနေ.. ရေကြောင်းနဲ့.. ကယ်ထုတ်နေ..။

မကြာမတင်မှာ.. အစ္စရေးစစ်တပ်က.. ဂါဇာကိုကုန်းကြောင်းက..ဝင်သိမ်းတော့မှာမို့.. အရပ်သားတွေအင်မတန်အန္တရာယ်ရှိလို့ပါ..။

ဒေသခံပါလက်စတေးနီးယန်းတွေကတော့.. ပြေးစရာမြေမရှိ..။ ဂါဇာမြောက်ပိုင်းကနေ.. တောင်ပိုင်းရွေ့ခိုင်းသမို့.. လူ၆သိန်းလောက်.. ရွေ့ပေးနေရပြီး.. တောင်ပိုင်းရောက်တော့လည်း.. ဗုံးကြဲတာနဲ့တန်းတိုးသူတွေရှိနေသတဲ့..။

အမေရိကားကတော့.. အစ္စရေးပြည်နားက.. အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့အမေရိကန်တွေကို.. အိမ်ပြန်ခိုင်းနေပြီး.. ဂျော်ဒန်ရောက်အမေရိကန်တွေလည်း.. ပြန်နေကြပါပြီ..။

အဲ.. ပူးတွဲနိုင်ငံသားယူထားတဲ့.. အစ္စရေအရံတပ်သား.. အစ္စရေးလိ-အမေရိကန်တွေကတော့.. အစ္စရေးနိုင်ငံဆင့်ခေါ်ချက်အရ.. အစ္စရေးသွားနေကြ..။

အီရန်နောက်ခံ.. ဟဇ်ဘိုလာက.. စစ်ထဲဝင်ပါသလိုလိုဖြစ်နေပေမယ့်… ကျန်တဲ့အာရပ်နိုင်ငံတွေ.. တုတ်တုတ်မှမလှုပ်(သေး)တာမို့.. စစ်ကကျယ်ပြန့်သွားမယ်တော့.. သိပ်မထင်ရ….။ စစ်ကြီးမဖြစ်တာကြာနေတဲ့.. အစ္စရေးမှာ.. ဘာလက်နက်ဆန်းတွေရှိမှန်းမသိတာလည်း.. ပါမပေါ့..။

သေချာတာကတော့.. နှုကရီးယားဒုံးကျည်ရာနဲ့ချီရှိနေတာမျိုး..။

https://www.wfla.com/news/hillsborough-county/live-desantis-greets-270-american-evacuees-from-israel-after-they-land-in-tampa/