“ဆေးရုံဝင်စီးတဲ့.. အစ္စရေးတပ်”

kaiMarch 18, 20242min3710

အစ္စရေးတပ်က.. ဂါဇာမြို့ရဲ့.. al-Shifa ဆေးရုံကို .. ဗုံးနဲ့ထု.. ဝင်စီးပြီး ဟာမားစ် ၂၀ ကိုသတ်တယ်ဆိုပါတယ်..။

al-Shifa ဆေးရုံက.. ဆရာဝန်၂၀.. နပ်စ်၆၀နဲ့.. ဆေးကုနေတဲ့ဆေးရုံအပြင်.. လူထောင်ချီ.. စစ်ပြေးခိုလှုံနေတဲ့နေရာပါ..။

ပြီးခဲ့တဲ့နှစ်.. အောက်တိုဘာ ၇က.. ဟာမားစ်တွေ.. အစ္စရေးဆီဝင်.. လူ၁၂၀၀လောက်သတ်.. ၂၅၃ယောက်ပြန်ပေးဆွဲသွားတာက.. စတဲ့.. အစ္စရေး-ဟာမားစစ်က.. . အခုထိ.. ပါလက်စတေးနီးယန်း ၃၁၇၀၀ အသတ်ခံရပြီးပါပြီ…။ ပြီးမယ့်အရိပ်အယောင်မမြင်ရသေး..။

လူ၂သန်းကျော်ကို.. ဆေးကုပေးနေတဲ့.. ဆေးရုံ၃၆ခုရှိပြီး.. ၁၂ခုကပဲ.. တပိုင်းတစ.. ဆေးကုလုပ်ကိုင်နေနိုင်တာပါ..။

ဂါဇာမြောက်ပိုင်းမှာ.. အစ္စရေးစစ်တပ်ဝင်.. ရှင်းထုတ်လို့.. လူထုတွေကို.. တောင်ဖက်ရှောင်ခိုင်း.. အခု.. ‌‌ ဂါဇာတောင်ပိုင်း… စစ်ရှောင်နေရာတွေဝင်စီး.. ရှင်းထုတ်ဦးမယ်လည်း.. ဆိုနေပါတယ်..။

ဆိုတော့…

ဆေးရုံရော.. ကျောင်းရော.. ကလေးရော.. သက်ကြီးရော.. မိန်းမရော.. ခွေးရော.. အကုန်ရှင်းထုတ်နေတဲ့.. အစ္စရေးတပ်ဟာ.. ကမ္ဘာ့ဇတ်ခုံမှာ.. အကြီးအကျယ်.. ပြဿနာတက်နေပါတယ်..။ တက်ဆို.. ထောက်ပံ့ဖို့ဝင်ရောက်ပါမယ်ဆိုတဲ့.. ရိက္ခာတင်ကား/ယာဥ်တွေကိုလည်း.. အပြည့် ပေးမဝင်တာမို့ပါ..။

သူ့မိတ်ဖက်ရင်းကြီးအမေရိကားကပါ.. အပစ်တင်နေ..။

တင်ချက်က… အမေရိကားရဲ့.. ထိပ်တန်းရွေးချယ်ခံစိနိတ်ခေါင်းဆောင်.. ချပ်ရှုးမားက.. အစ္စရေးဝန်ကြီးချုပ်နတ်သန်ရာဟုကို.. တိုက်ရိုက်ဝေဖန်.. ရွေးကောက်ပွဲကနေ.. ထုတ်ပစ်ဖို့အထိ.. ပြောခဲ့..။

ပြောဆို.. ရှူးမားက.. အမေရိကားမှာရှိတဲ့.. ဂျူးတွေထဲ.. အစိုးရရာထူးအကြီးဆုံးသူမို့ပါ..။

အမေရိကားမှာရှိတဲ့.. အမေရိကန်ဂျူးဦးရေက . အစ္စရေးဂျူးနဲ့.. သိပ်မကွာ…။ ၇.၂သန်းနဲ့.. ၆.၃သန်းတဲ့..။ သူ့စကားက.. တာအင်မတန်သွားပါတယ်..။

အင်း..

မြန်မာမှာလည်း.. ဆေးရုံ.. ကျောင်း.. ကလေး.. သက်ကြီးအကုန်သတ်ဖြတ်.. ဗုံးကြဲ.. လုပ်ချင်တာလုပ်နေပြီး.. ကမ္ဘာလည်း… သိပ်မထူး..။

ဘယ်လိုဖြစ်နေကြတယ်မသိ..။

မြန်မာတွေပြောပြောနေတဲ့.. လောကပါလနတ်မင်းကြီး.. သိကြားမင်း.. နို့ဆီမင်း.. ဘိုးဘိုးအောင်.. ဘိုးမင်းခေါင်.. ဘာညာကွိကွကြီးတွေဘယ်ချောင်ခို.. သောက်လုပ်ရှုပ်နေကြတယ်မသိ…။

လူသားမျိုးနွယ်ကျင့်ဝတ်ကို.. ထိခိုက်ရင်… အရေးယူအပစ်ပေးတဲ့.. ကုလသမဂ္ဂမဟုတ်တဲ့.. တကယ့်ကမ္ဘာပုလိပ်ကြီးတခု.. လိုနေပြီထင်..။

https://www.nytimes.com/live/2024/03/18/world/israel-hamas-war-gaza-news