“အယုဒ္ဓယမှာ.. ဘုရားကျောင်းတည်”

kaiJanuary 22, 20242min3520

အိန္ဒိယဝန်ကြီးချုပ်မိုဒီမတည်ပြီး.. ရာမဘုရားရဲ့.. ဇာတိမြေ… Ayodhya အယုဒ္ဓယမှာ.. ဧရာမဘုရားကျောင်းကြီးတည်လိုက်ပါတယ်..။

နှစ်ပေါင်းများစွာ… မွတ်စလင်တွေနဲ့.. ဟိန္ဒူတွေ.. ငြိနေတဲ့ဒေသပါ..။

အခုတော့.. ဝန်ကြီးချုပ်ကိုယ်တိုင်.. တက်ပွဲကြမ်းပြီး.. ဘုရားကျောင်းဖွင့်လိုက်သပေါ့..။

ဖွင့်ဆို.. ဒီနှစ် မေမှာ.. အိန္ဒိယအထွေထွေရွေးကောက်ပွဲလည်းရှိတာကိုး..။

အမျိုးသားရေးဝါဒီ.. ဝန်ကြီးချုပ်မိုဒီဟာ.. ဟိန္ဒူပထမ Hindu-First လို့လည်း.. ကြွေးကျော်ထားသူပါ..။ ထရမ့်နဲ့တူသလိုလိုရှိပေမယ့်.. ထရမ့်က.. လူမျိုး/နိုင်ငံသား… “အမေရိကန် ပထမ” မဟုတ်..။ နိုင်ငံဖြစ်တဲ့.. “အမေရိက ပထမ” America First ပါ..။ လုံးဝကို… တခြားစီ..။

ဟိန္ဒူဆိုတာက.. ဟိန္ဒူသာသနာကို.. ကိုးကွယ်သူတွေကိုခေါ်တာမို့.. မိုဒီကတော့.. သူ့… လူထုအများစုကိုရည်ရွယ်ထားတာဖြစ်ပါတယ်..။

ဆိုတော့…

စာလုံးပေါင်းက.. Ayodhya မို့.. မြန်မာလို.. အယုဒ္ဓယရေးပါတယ်..။ အဲဒီစာလုံးက.. မြန်မာတွေနဲ့.. ရင်းနှီးပြီးသား..။

ထိုင်းကို.. မြန်မာတွေက.. ယုဒ္ဓယ.. ယိုးဒယားလို့ခေါ်တာကိုး..။

မှတ်ဖူးတာကတော့.. “အယုဒ္ဓယ”ဆိုတာ.. သိမ်းပိုက်လုပ်ကြံတိုက်ခိုက်လို့မရတာ.. တဲ့..။ “အ” စာလုံးဖြုတ်လိုက်ရင်.. “ယုဒ္ဓယ”သိမ်းပိုက်လုပ်ကြံလို့ရတဲ့.. အဓိပ္ပါယ်လို့… သတ်မှတ်ပြီး.. နာမ်နှိမ်.. ယုဒ္ဓယလို့ခေါ်… ဘုရင့်နောင်လက်ထက်မှာ.. သိမ်းပိုက်ပြီး.. ထိုင်းလူမျိုးတွေမြန်မာပြည် ဟံသာဝတီကို.. သုံ့ပန်း/ကျွန်တွေအဖြစ်.. ခေါ်လာခဲ့ဖူးပါတယ်..။ နောက်တော့.. ဆင်ဖြူရှင်မင်းက.. သိမ်းခဲ့/ဖျက်ဆီးခဲ့တာလို့.. ဆိုပါတယ်..။

အံ့ဖွယ်သုတပါ..။

ထိုင်းလူမျိုးတွေဟာ … အိန္ဒိယက.. ဟိန္ဒူတွေနဲ့.. အဆက်အစပ်ရှိနေပြီး.. သူတို့မြို့ကို.. ရာမဘုရားဇာတိအမည်ပေး..။ အပြည့်အစုံက… သီရိအယုဒ္ဓယ တဲ့..။ သီရိဆိုတာ.. ကျက်သရေ..။

မြန်မာတွေက… “အ”ဖြုတ်ပြီး.. သိမ်း..။

သမိုင်းနှစ်ရာချီဖြတ်ခဲ့ပြီးသကာလ.. ‌ခေတ်သစ်.. ဗမာ .. မအလစစ်မင်းတရားကြီးတွေအဆက်ဆက်.. လက်ထက်မှာ.. … မြန်မာတွေ… အယုဒ္ဓယကော.. ချင်းမိုင်ကော.. ဘန်ကောက်ရော.. ဘာလာလာအကုန်ဒေါင်း.. ထိုင်းနိုင်ငံသွားပြီး.. ကျွန်ခံပါရစေ.. ဖြစ်ကုန်..။

အနိစ္စ..။

အိန္ဒိယမှာ.. မိုဒီပြန်ရဖို့များပါတယ်..။ အဲဒါဆို.. သူ့ရဲ့ acts East ပေါ်လစီ.. စွမ်းလာမှာပါ..။ မြန်မာပြည်ရဲ့… ပလက်ဝအပါအဝင်.. ကုလားတန်မြစ်စီမံကိန်းအသက်ဝင်လာမယ်ဆိုပါစို့…။ အဲဒါဆို.. ချိုင်းနားသမ္မတရှီရဲ့.. ပင်လယ်ထွက်ပေါက်… စစ်ဂနစ်ချာ.. ကူမင်း-ကျောက်ဖြူ.. လမ်ကြောကြီးကို.. ကန့်လန့်ဖြတ်နေသလိုကြီးပေါ့..။

ဆက်တွေးကြပေတော့..။

ဒန်တန်တန်..

https://www.nytimes.com/2024/01/22/world/asia/modi-india-ram-temple.html