” Lunar New Year Festival 2024″ Video message from Monterey Park Mayor Jose Sanchez

kaiJanuary 26, 20242min3690


One Year Later: Covering Monterey Park and Community Healing event
January 19, 2024, Repetto Elementary School, Monterey Park

၂၀၂၄ခုနှစ်မှာ Monterey Park မှာကျင်းပမယ့် Lunar New Year ကို စိတ်ချလုံခြုံစွာနဲ့ လာရောက်ဆင်နွှဲကြဖို Monterey Park Mayor Jose Sanchez က Myanmar Gazette ကနေပြောကြားလိုက်ပါတယ်။
” ကျနော် Monterey Park မြို့တော်ဝန်ပါ။ Lunar New Year နီးလာပြီမို့ ခင်ဗျားတို့တွေပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်ပါတယ်။ ဒီအပတ်စနေ၊ တနင်္ဂနွေဇန်နဝါရီ၂၇နဲ့၂၈မှာ ကျနော်တို့တွေ နဂါးနှစ်ကိုကြိုကြမယ်။ ကျနော်တို့မြို့မှာ အစားအသောက်မျိုးစုံ၊ ဈေးတန်းတွေအများကြီးရှိမယ်။
လုံခြုံရေးဝန်ထမ်းတွေအများကြီးလည်းရှိတာမို့ အလွန်လုံခြုံအန္တရာယ်ကင်းတဲ့ပွဲတော်ကြီးဖြစ်ပါတယ်။
ကျနော်လည်း ကျနော့်မိသားစုကိုခေါ်လာပါမယ်။ ကျနော့်ဇနီးနဲ့သမီးသုံးယောက်ကို ခေါ်လာမယ်။ တကယ့်ကိုပျော်စရာကောင်းတဲ့ပွဲတော်ပါ။ ကျေးဇူးပြုပြီး ပွဲတော်ကိုလာရောက်ဆင်နွှဲပါ။ ကျနော်တို့ Community ကို အားပေးပံ့ပိုးပါ။ ခင်ဗျားတို့ကို တွေ့ကြဖို့ မျှော်လင့်ပါတယ်” လို့ Mayor Jose Sanchez က ပြောပါတယ်။

နှစ်စဉ် Garvey Avenue လမ်းကိုပိတ်ပြီးကျင်းပလေ့ရှိတဲ့ Lunar New Year အတွက် မြို့တော်ဝန်က ဖိတ်ကြားစကားဖြစ်ပါတယ်။ Monterey Park မြို့မှာ လာမယ့် ဖေဖော်ဝါရီ ၂၀ရက်နေ့ကစပြီး မြန်မာဇာတိနွယ် Thomas Wong က မြို့တော်ဝန်အဖြစ်ကျမ်းကျိန်ပြီး တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

January 27-28, 2024, Downtown Monterey Park
The City of Monterey Park, event producer World Journal and all our food vendors, entertainers and merchants invite you to celebrate the arrival of the Year of the Dragon in Monterey Park.

Saturday, January 27, 2024, 10 a.m.-9 p.m.
Sunday, January 28, 2024, 10 a.m.-7 p.m.
Free admission
Entertainment, food, family activities, and vendors
Downtown Monterey Park on Garvey Avenue between Garfield and Alhambra Avenues.