Using Technology to Lean English (3)

kaiOctober 20, 20233min8380
ယခုလတွင် အထူးအစီအစဉ်ဖြင့် စာဖတ်သူတို့၏ သားငယ်သမီးငယ်လေးများ၊ ညီငယ် ညီမငယ်လေးများ၏ Reading skill တိုးတက်လာစေရန် အကူအညီပေးနိုင်မည့် website လေးများကို အသားပေး ဖေါ်ပြလိုပါသည်။ Reading skill ဆိုသည်မှာ ခလေးငယ်များအတွက်၊ လူငယ်များအတွက် မရှိမဖြစ် လိုအပ်သည့် skill တခု ဖြစ်ပါသည်။ Reading skill ရှိမှ Text အဖုံဖုံကို ကောင်းမွန်စွာ ဖတ်ရှုနားလည်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ သားငယ်သမီးငယ်လေး၊ ညီငယ် ညီမငယ်လေးများကို ငယ်ရွယ်စဉ်ကပင် Reading skill တိုးတက်လာအောင် ပြုစုပျိုးထောင်ပေးရန် အထူးလိုအပ်ပါသည်။ 
ဦးစွာပထမ ဖေါ်ပြလိုတဲ့ website လေးကတော့ go.aft.org/ybf ဆိုတဲ့ website လေး ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ Molly of Denali ဆိုတဲ့ series လေးဟာ Alaska Native culture and history ကို နောက်ခံထားပြီး ခလေးငယ်များ အင်္ဂလိပ်စာ သင်ကြားလိုစိတ် ပေါ်လာစေရန် စိတ်ဝင်စားစရာ Animation များ၊ ဇာတ်လမ်းလေးများဖြင့် ဆွဲဆောင်ထားပါသည်။
KQED က ဖန်တီးထားတဲ့ ဒီ series လေးဟာ စိတ်ဝင်စားစရာဇတ်လမ်းလေးများအပြင် ခလေးငယ်များ လက်တွေ့အသုံးပြုနိုင်တဲ့ fun activities လေးတွေပါ ဖေါ်ပြထားပါတယ်။ ဉပမာအားဖြင့် cereal box လေးကို သုံးပြီး journal လေး လုပ်မလား၊ Ice cubes တွေကို သုံးပြီး rising sea levels တွေအကြောင်း သင်ယူမလား စသဖြင့် fun activities လေးတွေ အပြည့်ပါ။ ခလေးငယ်လေးများကို Video မပြလိုပါက၊ podcasts လေးများ နားဆင်နိုင်လို့ ရပါသေးတယ်။ ဒီ Website လေးရဲ့ အကောင်းဆုံးအချက်ကတော့ သင်ခန်းစာတွေရော fun activities တွေပါ အားလုံး free ဖြစ်ပါတယ်။ တပြားတချပ်တောင် ပေးစရာ မလိုပါ။
ဒုတိယ ဖေါ်ပြလိုတဲ့ website လေးကတော့ Reading Universe.org ပါ။ ဒီ Website လေးဟာ ဆရာ၊ ဆရာမများအတွက် ရည်ရွယ် ပြုလုပ်ထားတဲ့ website လေးပါ။ သို့သော် မိဖများလည်း အစဉ်ပြေသလို အသုံးချနိုင်ပါတယ်။ ခလေးငယ်လေးများရဲ့ reading skill တိုးတက်လာစေရန်၊ ပြောင်မြောက်လာစေရန် ကျင့်သုံးသင့်သည့် strategies လေးတွေကို ရှင်းရှင်းလင်းလင်း နမူနာလေးများဖြင့် ဖေါ်ပြထားပါတယ်။ စာဖတ်တတ်စ ခလေးများ သိသင့်သိထိုက်တဲ့၊ မိဖများ သိသင့်သိထိုက်တဲ့ word recognition တို့၊ Phonological awareness တို့၊ phonics တို့အပြင် language comprehension လို့ ခေါ်တဲ့ စာရေးသူရဲ့ ဆိုလိုခြင်းကို ကောင်းမွန်စွာ နားလည်စေနိုင်ဖို့ အထောက်အကူပြုတဲ့ backfround knowledge တို့၊ Vocabulary တို့အကြောင်းတွေကို ကွက်ကွက်ကွင်းကွင်း နမူနာလေးများဖြင့် ရှင်းလင်းဖေါ်ပြပေးထားပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ website လေးတခုပါ။ အားလုံးအတွက် free ပါဘဲ။
ကဲ - ခလေးငယ်လေးတွေက ဖေါ်ပြထားတဲ့ website လေးတွေကြောင့် စာဖတ်တတ်လာပြီ ဆိုပါစို့။ စာအုပ်ကောင်းလေးတွေ ဘယ်မှာ ရှာကြမလဲ။ အသင့်တော်ဆုံး website ခုနှစ်ခုကို အောက်တွင် ဖေါ်ပြလိုပါသည်။ 

Reading Rockets: go.aft.org/zpa
This is a great website for families to learn about literacy with link to more then 50 book awards and lists of notable books.

National Science Teaching Association- go.aft.org/iu8
This site offers fascinating books for Kindergarteners through 12th graders about everything from sloths to outer space to dirt to x-rays.

Social Justice Books- go.aft.org/hyp
This site offers critical reviews of multicultural books and books that advance social justice by covering topics like organizing, civil rights, and climate change. It offers more than 90 lists of recommended books.

We Need Diverse Books- go.aft.org/bil
This nonprofit is working to make sure that books represent the diversity of peoples and cultures that we see all around us. It also highlights outstanding books with meaningful diversity through the Walter Awards.

Mathematical Book Prize- go.aft.org/odx
Math is everywhere, and the books awarded the mathematical prize help children from prekindergarten to high school see and enjoy it.

National Council of Teachers of English- go.aft.org/mil
This website will help your children fall in love with books. Here are books that have won awards for the best in fiction, non-fiction, ad poetry.

အချို့မြန်မာမိဖများက မေးလာပါသည်။ မိမိကိုယ်တိုင်က အင်္ဂလိပ်စာ သိပ်မကျွမ်းဘူးဆိုရင် မိမိရဲ့ ခလေးငယ်များကို အင်္ဂလိပ်စာ ဖတ်တတ်လာအောင် ဘယ်လိုလုပ်ပြီး ကူညီရမှာလည်း တဲ့။ ဒီနေရာမှာ စာရေးသူအနေနှင့် ၃ချက် အကြံပေးလိုပါသည်။ ပထမဆုံးအချက်ကတော့ wordless book လို့ ခေါ်တဲ့ ပုံများသာ ပါတဲ့ စာအုပ်မျိုးကို စဖတ်ပါ။ ပုံလေးတွေကို ခလေးတွေနဲ့အတူကြည့်ရင်း ဇာတ်လမ်းလေးကို အတူတူ ဖေါ်ကြည့်ကြတာပေါ့။  ဒီလို Wordless books လေးတွေ ဖတ်ရင် ကိုယ်မသိတဲ့ စကားလုံးလေးတွေနဲ့ ကြုံရမှာ စိုးရိမ်စရာ မလို၊ အသံမှားပြီး ထွက်မိမှာလည်း စိုးရိမ်စရာ မလိုတော့ဘူးပေါ့နော်။ ဒုတိယအချက်ကတော့ audiobooks လေးတွေ ဝယ်ယူပြီး ခလေးနဲ့အတူ ဖတ်ကြပေါ့။ တကယ်တော့ ဝယ်စရာတောင် မလိုပါ။ စာကြည့်တိုက်များမှာ ငှားလို့ရပါတယ်။ online မှာလည်း အများကြီးပါ။ နောက်ဆုံးအချက်ကတော့ ဖြစ်နိုင်ရင် ခလေးနဲ့အတူ စာဖတ်ရင်း မိမိကိုယ်တိုင်လည်း လေ့ကျင့်နိုင်တာပေါ့။
     တယောက်တလှည့် ဖတ်တဲ့အကျင့်လေး လုပ်ပေးထားရင် ခလေးငယ်ရဲ့ Reading skill တွေ တိုးတက်လာရုံမက၊ မိဘနဲ့ ခလေးရဲ့ ဆက်ဆံရေးပါ အထူးကောင်းမွန်လာပါလိမ့်မည်။ ဒီဆောင်းပါးလေးကြောင့် အနာဂတ်ရဲ့ ရတနာလေးများဖြစ်တဲ့ မြန်မာခလေးငယ်များ အရည်အသွေးများ တိုးတက်လာပါစေလို့ ဆုတောင်းရင်း နားပါဦးမည်။

-Prof Myo Kyaw Myint