ဇီဇီFebruary 1, 20194min249112
အာမီ ဆိုတဲ့ အသံကြားရင် ကြောက်ဒူးတုန်နေ ရ တဲ့ အခြေအနေတွေ ဖြတ်သန်းခဲ့ပြီး သကာလ ကျော် ချစ်တဲ့ အာမီကို စတင်တွေ့ရှိခဲ့လေပြီ။ (အဟိ) ဒီ တစ်ပတ်တော့ ကိုယ့်ကိုယ်ကို အလိုလိုက်တဲ့ အနေနဲ့ (ဟင်၊ အလိုလိုက်တာ မြန်လိုက်တာ) ကျန်းမာရေးနဲ့ မညီဘူး ပြောပြော၊ အလုပ်ရှုပ်တယ် ပြောပြော၊ လူစုံလေ လူများလေး စားကောင်းလေ၊ ပါဝင်ပစ္စည်းစုံလင်လေ ပိုက်ဆံကုန်လေ (အဲ) အရသာရှိလေ ဖြစ်တဲ့ Army Stew လုပ်စားရအောင်။ တောထဲမှာ ရနိုင်တဲ့ အသားနဲ့ အရွက်မျိုးစုံကို ဟင်းရည်ထဲ အကုန်ပစ်ထည့် ဆယ် စားရတာမျိုးမို့ Army Stew ခေါ်သလားမသိ ရမ်းသမ်းမှန်းဆမိတယ်။ Army Stew ခေတ်စားတာက ကိုရီးယားနဲ့ ယိုးဒယားမှာဖြစ်ပြီး […]


ဇီဇီOctober 2, 20181min21803
  DIY Home Spa အပိုင်း (၂) လို့ပဲ ဆိုကြပါစို့။ အပိုင်း (၁) က အိမ်မှာတင် ပင်လယ်ဆား အသုံးပြုပုံ ရေးပြီးပြီနော်။ ခုက အိမ်သုံး Scrub တွေအကြောင်းရေး မလို့။ (ကိုးကား – Bright Side) . . ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ DIY Scrub အမျိုးအစားတွေ အများကြီးရှိပေမဲ့လည်း အရမ်းလွယ်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာတင် ရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ လုပ်ရတဲ့ Scrub တွေကို ရှာရေးထားပါတယ်။ ရေးရင်း ဗိုက်တွေ ဆာလာတာပါဆို။ ခွိခွိခွိ 😛 😛 😛 Scrub ဆိုတော့ သာမာန်သန့်စင် ဆပ်ပြာ Foamတို့ Creamတို့လို နေ့စဉ်သုံးလို့ရတဲ့ အမျိုးအစားမဟုတ်တာမို့ […]


ဇီဇီMay 7, 20181min24169
    သဘာဝ ပစ္စည်းတွေသုံးတဲ့ SPA ပို့(စ) ရေးမယ် ဆိုပြီး ကင်းကောင်လေးနဲ့ တာတူး လေးကို ကတိတွေ စွတ်စက်ပေးထားတာ ၃ နှစ်ရှိပြီ။ အဟီးးဟီးး ခု အဲ့ဒီ ပို့(စ) မဖြစ်ခင် အပိုင်းခွဲလို့ ပြောလို့ရမဲ့ ပင်လယ်ဆား ရဲ့ အသုံးပြုပုံ အသုံးဝင်ပုံ အကြောင်း ပြောပါမယ်။ ဆားအမျိုးအစားများ ထဲကမှ SPA ပို့(စ) အတွက် အဓိက ရှာထားတာမို့ ပင်လယ် ဆား (Sea Salt) ကို အသုံးပြုနိုင်ပုံကိုသာ ပြောသွားပါ့မယ်။ များသောအားဖြင့် ပင်လယ်ဆားက အခဲလေးတွေပဲ ဝယ်လို့ရတာကြောင့် ကျနော်က အမှုန့်ပြန်လုပ်ပြီးမှ သိမ်းထားလေ့ရှိပါတယ်။ ခက်ခက်ခဲခဲမကြိုးပမ်းရတဲ့ အလွယ်ထိရောက်တဲ့ နည်းတွေကိုသာ ထုတ်နှုတ်ထားပါတယ်။ ကျနော်ကတော့ ရေချိုးခန်းထဲမယ် […]


kaiJuly 6, 20161min2574
ပုံနှိပ်သတင်းစာမှာ လစဉ်ပုံမှန်ပါနေတဲ့ အတိုင်း.. Photo Essay ဘယ်သူလုပ်ပေးနိုင်လည်း သိချင်လို့ပါ…။ ရွာသူားဓာတ်ဆြာများထဲက ဦးစားပေးပေါ့..။ တလတခါမို့.. အချင်းချင်းညှိပြီး တလှည့်စီရေးပေးမယ်ဆိုလည်းဖြစ်ပါတယ်။ စာကတော့ သိပ်မလို.. ဓာတ်ပုံရိုက်တဲ့.. ပညာပိုင်းဆိုင်ရာ”အချက်အလက်”တချို့သာလိုပါတယ်။ လုပ်ပေးနိုင်တဲ့.. တခြား ဓာတ်ပုံဆရာအသိတွေထဲကရှိရင်လည်း  မိတ်ဆက်ပေးစေလိုပါတယ်။ ကိုယ်ပိုင်ဘစ်ဇနက်ရှိရင် ကြော်ငြာအနေနဲ့ အက်ဆေးနောက်ဆုံးမှာ မိတ်ဆက် အီးမေးလ်ထည့်ပေးပါမယ်။ အမေရိကားက မြန်မာပြည်ကို Photo Tourism သွားချင်သူတွေကို မိတ်ဆက်ပေးပါမယ်။ ကားငှား.. လူတွေကိုရင်တွေကို.. Setup လုပ်ပြီးရင်.. မြန်မာပြည်အနှံ ့ဓာတ်ပုံရိုက်ခရီးထွက်ကြရင်း.. ဘစ်ဇနက်လုပ်နိုင်သပေါ့…။ အဲ.. အပိုဆုအနေနဲ့.. အမေရိကားကို Photo Tours လာချင်သူများရှိရင်လည်းပြောပါ။ လိုက်ပို့ပေးပါ့မယ်..။ စီစဉ်ပါမယ်..။ လောလောဆယ်တော့.. ရရက်နေ့ကစလို့.. မိုင်.. ၃ထောင်ခရီး.. ပြည်နယ်၉ခုကိုပါတ်ထွက်ပါမယ်..။


padonmarJanuary 10, 20164min18529
(Facebook မိတ်ဆွေ ဒေါက်တာ မောင်မောင်မြင့် ဆီက ခွင့်တောင်းပြီး မျှဝေပါတယ်။ ဆရာက မင်္ဂလာဈေး ဒုတိယအကြိမ် မီးလောင်မှု အပြီးမှာ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ နည်းစနစ်ကောင်းတွေ၊မလွှဲမရှောင်သာ ကြုံလာရင်လည်း ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေမယ့် အစီအမံတွေကို ကိုယ်တွေ့အဖြစ် ရေးပေးထားတာပါ။FB မှာ တရက်အတွင်း 1500 ကျော် Share ယူသွားကြလို့ ဖတ်ပြီးသားလည်း ဖြစ်ချင်ဖြစ်နေနိုင်ပေမယ့် မဖတ်ရသေးတဲ့ ဂဇက်မိတ်ဆွေများအတွက် လာတင်ပေးပါတယ်။) ၂၀၀၂ခုနှစ်လောက်က မိတ်ဆွေတစ်ယောက်ရဲ့ လှိုင်သာယာမှာလည်ပတ်နေတဲ့ ပလတ်စတစ်ပုံနှိပ်လုပ်ငန်းမှာ မနက်လင်းအားကြီးအချိန် မတော်တဆမှုတစ်ခုဖြစ်ပါတယ်။ ပလတ်စတစ် ပုံနှိပ်လုပ်ငန်းဆိုတာ ပလတ်စတစ် အလိပ်လိုက်ကို ဆေးရောင် Dot လေးများ နှစ်ထားတဲ့ Rollerပေါ်ဖိ .. တင်ဒါနဲ့ ဖျော်ထားတဲ့ ဆေးရောင်ကန်ထဲ ဖြတ်ပြေးစေပြီး ပုံနှိပ်ရတာပါ။ အရောင် […]


ဇီဇီSeptember 21, 20151min23225
အခြေခံကျတဲ့ “လမ်းသွားလမ်းလာ လုံခြုံမှု” တွေက… လမ်းမှာ ဖြစ်စေ၊ ရုံးမှာဖြစ်စေ၊ ကားမောင်းနေရင်းဖြစ်စေ၊ ဘတ်(စ)ကားစောင့်နေရင်းဖြစ်စေ သတိလက်လွတ်မနေပါနဲ့တဲ့။ (ဖုန်းချည်းပဲ ငုံ့ပွတ်မနေနဲ့ပေါ့။ ဟိဟိ)   ကိုယ့်ရဲ့ပုံက ကယောင်ချောက်ချားမဖြစ်စေပဲ၊ ယုံကြည်မှုရှိရှိနဲ့ ဦးတည်ရာသိတဲ့ ပုံစံမျိုးဖြစ်ပါစေတဲ့။ (ယောင်နနပုံ မပေါက်စေနဲ့ပြောတယ်ထင်)   အိမ်ဝန်းကျင်၊ အလုပ်ဝန်းကျင် ပြန်တဲ့ တောက်လျှောက်က အိမ်နားနီးချင်း၊ ဆိုင်၊ ဈေးသည် စတာတွေနဲ့ အကျွမ်းတဝင်ဖြစ်နေပါစေ။ (လိုအပ်ရင်အကူအညီပေးချင်အောင်လို့ပါ)   သွားရာ အနီးအနား ရဲစခန်း၊ မီးသတ်၊ ဆေးရုံ၊ တယ်လီဖုန်းရုံ စတာတွေကို လည်း ဘယ် အချိန်ထိ ဖွင့်တတ်ရှိတတ်တယ်ဆိုတာ သိထားသင့်ပါတယ်တဲ့။ (ရဲစခန်းရှေ့လူသတ်လူယက်ခိုးဝင်မှုဖြစ်တဲ့နိုင်ငံမှာတော့ အသုံးဝင်မလားမသိ) ကားတို့ ပစ္စည်းတို့ လုယက်ခံရရင်…. လူမထိခိုက်အောင်ပစ္စည်းကိုလက်လွှတ်ဖို့ ပြီးမှ ရဲစခန်းကို သွားဖို့ပြောထားတာပါ။ အဲဒီ အချက်က […]


ဇီဇီSeptember 18, 20151min27243
ခုချိန်မှာ ….. အိမ်မှာလည်း အိမ်မှာမို့… လမ်းမှာလည်း လမ်းမှာမို့ ခိုးမှု လူယက်မှု အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေတယ်။ ကိုယ့်ကို ကာကွယ်နိုင်တဲ့ အစိုးရနဲ့ ဥပဒေ မရှိတာမို့ (ရှိပြီး သုံးစားမရ) ကာကွယ်နည်းတွေ လိုက်ရှာနေတယ်။ :a:   ပထမဆုံး အိမ် တစ်အိမ် အတွက် ကာကွယ်နည်းတွေ ပြောပါမယ်… သိပြီးသားတွေပါ၊ သတိမမူမိတာ၊ မအားလို့ အချိန်ပေးမလုပ်နိုင်တာတွေ ရှိတာမို့ပါ။ ကိုယ့်ကိုယ့်ကို ကာကွယ်မှ ရတော့မှာမို့ အားစိုက်ပြီး လုပ်စေချင်ပါတယ်။ . . ကိုယ့်အိမ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲ??? . ၁) ခြံ တံခါး၊ အိမ်မကြီးတံခါးအပြင် ကိုယ့် အခန်းကို ကိုယ် သစ်သား တံခါးနဲ့ ကောင်းမွန်တဲ့ သော့စံနစ်၊ […]


ムラカミSeptember 10, 20152min30947
တောတွင်းပျော် အိုင်ဒီယာပေးပြီး အလင်းဆက် စလိုက်တဲ့ Myanma Gazette ပြက္ခဒိန် ကိစ္စ အတော်လေး ခရီးရောက်နေပြီမို့ လက်ရှိ အနေအထား ကို အစီရင်ခံရင်း (လိုရင်း) ဓာတ်ပုံ တောင်းခံတဲ့ ကိစ္စ ကို ပိုစ့်အဖြစ်တင်လိုက်ပါတယ်။ ဓာတ်ပုံမတောင်းခံခင် ယနေ့(၂၀၁၅/၀၉/၁၀) ကြာသပတေး နေ့လည် အထိ နောက်ဆုံးအတည်ပြုချက်ကတော့… ၂၀၁၅-၂၀၁၆ မြန်မာ့ဂဇက် ပြက္ခဒိန် အမျိုးအစား – စားပွဲတင် ပြက္ခဒိန် ရွက်ရေ – ရရွက် ကျောကပ် (၁၂လ  ၆ရွက်+ မျက်နှာဖုံး) အရေအတွက် – ၃၀ဝ ခု တခု ကျသင့်ငွေ – ၂၅၀ဝ ကျပ်    မေးထားတဲ့ အော့ဖ်ဆက်တွေ ဈေးမကွာသမို့ အနီးစပ်ဆုံး တခုကို […]


ムラカミJuly 19, 20156min19410
နောက်ထပ် တနှစ် ဇူလိုင် ၁၉ ကို ပြန်ရောက်လာပြန်သပေါ့။ နောက်ထပ် အာဇာနည် နေ့ တနေ့..။ မနှစ်က သည်လို နေ့မျိုး မှာ အတော်လေး အသံတွေ ဆူခဲ့တာ မှတ်မိသေးရဲ့…။   ချီတက် အလေးပြုမယ် ၊ ခွင့်ပြုမယ် မပြုဘူး။ ဥဩ ဆွဲ မဆွဲ ကစလို့ နောက်ဆုံး ဟွန်းတီးရင် ဘာဖြစ်တယ် ညာဖြစ်တယ် အဆုံးပေါ့..။   သည်နှစ်ကျတော့ အသံတွေ ပြန် တိတ်နေလိုက်ကြတာ…။ တခါက ယဉ်ကျေးမှု ဌာနက ကိုယ်ဖိရင်ဖိ စောင့်ရှောက်ထားတဲ့ မီးနည်းနည်း လောင်သွားသော ဗိုလ်ချုပ်အိမ်ကလေး ဖွင့်တုန်း လူစုပြီး သွားလည်ကြမယ်လို့ ဘယ်သူငယ်ချင်းမှ ပြောတာ ရှဲတာမတွေ့ရ..။ ရွာထဲမှာလည်း သဂျီး ကစပြီး ဘယ်သူမှ အစဖော်ရေးတာ ပြောတာ မမြင်မိသေး။     […]


ムラカミJuly 16, 20155min29615
  ခုရက်ပိုင်း အရေးများနေတဲ့ Photoshop တွေအကြောင်းပဲ မသွားဘဲ … ဘယ်ကင်မရာနဲ့ မဆို ဘာ Software မှလည်း တတ်ကျွမ်းဖို့မလိုဘဲ.. ဓာတ်ပုံရိုက်ဖို့အတွက် အသုံးတည့်မည့် အကြောင်းအရာတချို့ ပြန်လည်တူးဆွမိပါတယ်။ အိမ်စာလုပ်ရင်း မှတ်မှတ်ထင်ထင်ရှိတာတချို့ ဖောက်သည်ချပါရစေ။     ဂုရု ကြီး တပါးဖြစ်တဲ့ Steve McCurry ရဲ့ Composition Tips ၉ခု ကို နားလည်သလို ပြန်ဆိုရေးသားလိုက်ပါတယ်။ သူ့အကြောင်းကို သိချင်ရင်တော့ သည်မှာ သွားဖတ်နိုင်ပါတယ်။ နားလည်သလို ပြန်ရေးတာနဲ့ ပတ်သတ်ပြီး လင်းရရင်တော့ … ကျနော် လေ့လာခဲ့ဖူးတာက ဗီဒီယိုဖိုင် ဖြစ်ပြီး .. သူကိုယ်တိုင်တင်တာမဟုတ်ဘဲ ..သူ့ခွင့်ပြုချက်ယူပြီး ချန်နယ်တခုက တင်ထားတာပါ။ (သူ sample ပြတဲ့ ပုံတွေက Copyright […]


ムラカミJuly 15, 20155min1308
    Post Production အကြောင်း အစပျိုး ရေးထားပြီးတော့ အဲ့ဒါရဲ့ အဆက် အနေနဲ့ သည်စာစု ကို ဆက်ရေးလိုက်ပါတယ်။ ပိုစ့် ရဲ့ size ကို ငဲ့ကွက်လို့ ဘယ်နေရာမှာ သွားပြင်တယ် ဆိုတာ ထက် ဘယ်လိုပုံ ဖြစ်သွားတယ် ဆိုတာကိုပဲ ပြထားတာမို့ပထမပိုစ့် နဲ့ တွဲဖတ်မှ အဆင်ပြေပါလိမ့်မယ်။     0. Original RAW file ဘာမှ မပြုမပြင်ရသေးတဲ့ Original RAW ပုံဖြစ်ပါတယ်။ လမ်းဘေးက ပန်းပေါက်စလေး တပွင့်ကို နေရောင်အောက်မှာ ဆင်ခြေလျော တခုက ကွန်ကရစ် မြောင်းဘောင် အမြင့် ကို နောက်ခံထားပြီး ရိုက်ထားတာပါ။ စူးရှတဲ့ နေရောင်ကြောင့် အရောင်အသွေးအချို့ ဆုံးရှုံးနေပါတယ်… ဒါကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ သည်တော့ အောက်မှာ အဆင့်ဆင့် ပြင်သွားပါမယ်။ 1. White […]


ムラカミJuly 10, 20154min34621
    တနေ့က နှင်းဆီပန်း အနီရဲရဲ ရိုက်ပြီး သကာလ.. ဈေးကိုရောက်တော့ နှင်းဆီပန်း ပုစွန်ဆီရောင်ခေါ်မလားဗျာ… အဖူးလေး ဖော့ပိုက်ကွန်စွပ်ထားတာ တွေ့လို့ ဝယ်ခဲ့ပါတယ်။ သူတို့ကတော့ မိတ်ကပ်ရောင် ခေါ်သားဗျ…။ ကြိုက်သလိုခေါ်ပါဗျာ… အရောင်ကတော့ သည်အရောင် ဆိုတာ ပြချင်တာပါ။ ဂလိုနဲ့ အိမ်ရောက်တော့ ရေဆွတ်ပြီး ပန်ကာနဲ့ မှုတ်လိုက်တာ မကြာဘူး ပွင့်ပါရောလား။ ပွင့်လာတော့လည်း အပွင့်အရောင်က ပုံမှာမြင်ရတဲ့အတိုင်း မူလအရောင်ပဲဗျ။ (ဒါ ပထမနေ့ ညနေနဲ့ ညဘက်ရိုက်ထားတဲ့ပုံတွေဗျ)     ပထမဆုံးပုံက reflector ပြား နောက်ခံထားပြီး ရိုက်ထားတဲ့ပုံပါ။ Grey BG လိုချင်လို့ ဆိုပါတော့။     ဒုတိယပုံကတော့ Reflector နောက်ကနေ Christmas Light ကို ထားပြီး အပြာခံ ရိုက်တယ် ဆိုပါတော့ဗျာ။   တတိယပုံကလည်း ထိုနည်းလည်းကောင်းပေါ့…။  ဒေါင်လိုက်နဲ့ […]


ムラカミJuly 9, 20153min2908
ဟို တနေ့က သစ်ခွပန်းပင် တပင် လက်ဆောင်ရပါတယ်။ သူပြတဲ့ ပုံအရ ကတ္တလီယာ ဖြစ်မယ် ထင်ခဲ့ပေမယ့် တကယ်တမ်း အိမ်ရောက်လာတဲ့အခါ ကတ္တလီယာ မဟုတ်ခဲ့ပါ။ လိပ်ပြာ လို့ အလွယ်ခေါ်တဲ့ တရုတ်ပြည်မ ဘက်က လာတဲ့ သစ်ခွ တမျိုးလို့တော့ ပြောရောင်းကြတယ် ဆိုပါတယ်။   လိုက်ရှာကြည့်တော့ သည်သစ်ခွ ၂မျိုး သွားတွေ့သဗျ… http://www.orchidspecies.com/phalamablis.htm http://www.orchidspecies.com/phalaphrodite.htm   ပွင့်ချပ်တွေက တော့ ၂မျိုးစလုံးထက် ပိုပြီး ကြီးမား ထွားကျိုင်းတာကို တွေ့ရသဗျ။ ဖြစ်နိုင်ချေရှိတာကတော့ .. ကျနော်ရှာတွေ့ခဲ့တဲ့ sites တွေက ညွှန်းတာသည် မျိုးရင်းတွေဖြစ်ပြီး အိမ်ရောက်လာတာက နောက်ပိုင်း hybrid မျိုးတွေစပ် ဆေးတွေ ကျွေးပြီး ပြုပြင်ပြောင်းလဲ ယူထားတဲ့ ပန်းတွေဖြစ်ဖို့များတာပါပဲ။ လခြမ်းပုံ (ပဲကြီးစေ့ပုံ) ဘယ် နဲ့ ညာ ပွင့်ချပ် ၂ခု ရဲ့ နောက်မှာ တြိဂံပုံ […]