အောင်တိုးသည် အပြင်ပန်းတွင် အေးစက် ငြိမ်သက်သောသူ ဖြစ်သော်လည်း အစင်းသိ သူငယ်ချင်း အရင်းတယောက် အနေဖြင့်မူ သူသည် စိတ်ကူးယဉ် အဆန်ဆုံး လူတယောက် ဖြစ်ကြောင်း ကျနော် ကောင်းကောင်း နားလည်ပါသည်။ “ကဲ…ငါ့အထင် သနားစရာ ကောင်မလေး အလောင်းနဲ့ ဟို ငွေသေတ္တာကို နောက်ပိုင်းကြ တွေ့ရော ဆိုပါတော့။ ” “အေးပါ..မင်းစိတ်ဝင်စားတယ်ဆိုတော့ ကျန်တဲ့ အပိုင်းကို ငါ ဆက်ပြောပါ့မယ်။” ဇာတ်ရှိန်တက်ကာ စိတ်ခံစားမှုမြင့်လာသည်နှင့်အမျှ ကမူကလေးပေါ်မှ သဏ္ဌာန်သည်လည်း ကျနော်တို့၏ မျက်လုံးတွင် ရှေးကထက်ပင် ပို၍ ပြတ်သားလာတော့သည်။ “အေး…ဒီလိုနဲ့ မကြာပါဘူးကွာ..ရွာကလည်း သူတို့ရဲ့ ငြီးငွေ့စရာ နိစ္စဓူဝ အလုပ်တွေနဲ့ ပြန်ပြီး လည်ပတ်နေ တာပေါ့။ ဦးဩကြီးကိုလည်း ဘယ်သူမှ သတိမရတော့ပါဘူး။ ဒီလူကြီးကလည်း အရင်ကတည်းက […]


အတန်ကြာသောအခါ အောင်တိုးသည် မနေနိုင်တော့သဖြင့် – “အင်း…အဲဒါနဲ့ ပက်သက်လို့ ဇာတ်လမ်းလေး တပုဒ်လောက် လုပ်စမ်းပါဦး။” “အေး…ဇာတ်လမ်း တပုဒ်တော့ ရှိတယ်။ မင်း မအိပ်ချင်သေးဘူး ဆိုရင် ငါ ပြောပြမယ်လေ။” “ရတယ် ပြောကွာ..။” “ဟိုး တောင်ကုန်းနောက်က ရွာကလေးကို တွေ့လား။ အေး အဲဒီရွာကလေးမှာ တခါတုန်းက သေအံ့မူးမူးနဲ့ လူကြီး တယောက်ရှိခဲ့ဘူးသကွ။ ဦးဩကြီး လို့ပဲ ဆိုကြပါစို့။ ဒီလူကြီးက အထက်အညာဘက်မှာ ရွှေထည် အတုတွေ ဘာတွေ သွားရောင်းရင်း အတော်ဟန်ကျနေ ဆိုပဲ။ နောက်တော့ အဲဒီနယ်က လူတွေက ရိပ်မိသွားတော့ သူလည်း အထုပ်ပိုက်ပြီး ဒီကို ပြန်ပြေးလာတာပေါ့။ ဒီပြန်ရောက်တာနဲ့ သူ့အိမ်ကို ချဲ့ဖို့ ပြင်တာပဲ။ တို့ ဒီဘက် ရွာနီး […]


(For the blood is the life[1] (1905) အမည်ရ ဤဝထ္ထုတိုသည် အီတာလျံနွယ်ဖွား စာရေးဆရာ Francis Marion Crawford ၏ အကောင်းဆုံး ဝတ္ထုတိုများအနက် ကျနော် အမှီးရေးသော ဒုတိယမြောက် တပုဒ်ဖြစ်ပါသည်။ ပထမ တပုဒ်အား အော်သံပေးသော အရိုးခေါင်း အမည်ဖြင့် ပြန်ဆိုထားပါသည်။ ) ကျနော်သည် တက္ကသိုလ် ကျောင်းသားဘဝ၌ ဦးအံ့မောင် ဆိုသော လူကြီးတဦးနှင့် ကံအားလျော်စွာ ခင်မင်ခွင့် ရခဲ့ပြီးနောက် မြို့နှင့် အတော်လှမ်းသော တောင်ကုန်း တောင်တန်းများကြားရှိ ၎င်း၏ ဥယျာဉ်ခြံသို့ မကြာခဏ ဆိုသလို သွားရောက် လည်ပတ်ခဲ့ရာမှ နောက်ဆုံးနှစ် ဒုတိယနှစ်ဝက်တွင် စာမေးပွဲ မရှုံးစေရန် အသဲအသန် ကြိုးစား နေရသဖြင့် မရောက်ဖြစ်သည်မှာ […]




ကျန်သော ဧည့်သည်များတွင် မေးခွန်းများ တသီကြီး ရှိနေသည်။ သဲဘုရင်တွေ ဘယ်ကလာသလဲ ဆိုတာ အားလုံးသိချင်နေကြသည်။ ခရက်စ်က ဂျာလာဝူးကို ယဉ်ယဉ် ကျေးကျေး လက်ညှိုးညွှန်၍ – “ဝူး နှင့် ရှိတ် ကုမ္ပဏီက သွင်းတာပဲဗျ။” ဂျာလာဝူးသည် တစ်ညနေလုံး တိတ်တိတ်ဆိတ်ဆိတ်နှင့် ခပ်လျှိုလျှိုနေ နေခဲ့သည်။ “ခင်ဗျား မျက်နှာကို သူတို့ဘာလို့ ထွင်းထားတာလဲဗျ။” “ဒါတော့ဗျာ…ကျနော်က သူတို့ ကောင်းကျိုးအဖြာဖြာအတွက် ရင်းမြစ်ကြီးကိုးဗျ..။” ခရက်စ် က ထိုကဲ့သို့ဖြေသောအခါ အားလုံး ရယ်လိုက်ကြသည်။ “သူတို့ တိုက်ကြခိုက်ကြ ဦးမှာလား..။” “ဒါပေါ့ဗျာ..ဒါပေမဲ့ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ စိတ်မပူပါနဲ့…တခြားအစီအစဉ်လေးတွေ ကျန်ပါသေးတယ်။” ခရက်စ်၏ မိတ်ဆွေများထဲမှ ဂျဒ်ရာကစ် ဆိုသူသည် အခြားကမ္ဘာမှ ဂြိုဟ်သားများနှင့် သက်ရှိများအကြောင်းကို လေ့လာ လိုက်စားနေသော […]


“ထပ်ပြီး အသေးစိတ်လေး ပြောပါဦး။” ခရက်စ်က တောင်းဆိုလိုက်သည်။ ဝူး က ပြုံးပြီး – “မော က ရဲတိုက်ထဲမှာ နေတယ်။ မော ဆိုတာ ကျမ ပေးထားတဲ့ နာမည်ပါ။ ရှင့်ဟာရှင်လည်း ကြိုက်တဲ့ နာမည် ပေးချင်ပေးလို့ ရပါတယ်။ အဲဒါက မိခင်ကြီးလည်း ဟုတ်တယ်။ အစာအိမ်ဆိုလည်း ဟုတ်တယ်။ အမသတ္တဝါ ဆို ရမှာပေါ့။ ရှင့် လက်သီးဆုပ် လောက်တော့ ရှိလိမ့်မယ်။ သူက မလှုပ်ရှားနိုင်ဘူး။ တကယ်တော့ သဲဘုရင် ဆိုတဲ့ နာမည်က သူတို့နဲ့ သိပ်တော့လည်း မဆီလျော်လှပါဘူး။ လှုပ်ရှားနိုင်တဲ့ အကောင်လေးတွေကတော့ စစ်သားတွေဆိုလည်း ဟုတ်တယ်။ တောင်သူလယ်သမား၊ အလုပ်သမားတွေလို့ ပြောလည်း ဟုတ်တယ်။ တကယ် အုပ်ချုပ်တဲ့သူက ဘုရင်မ […]


မောင်ဘလိုင်September 24, 20181min4353
အမေရိကန် စာရေးဆရာ George R. R. Martin (၁၉၄၈- ) သည် မြန်မာပြည် စာဖတ်ပရိသတ်နှင့် မစိမ်းပါ။ Game of Thrones ကို ကြည့်ဖူးသူတိုင်း သိကြပါလိမ့်မည်။ ထိုဇာတ်လမ်းတွဲမှာ သူ၏ Song of Ice and Fire ဝတ္ထုရှည်ကြီး ကို မှီငြမ်း၍ ရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း သိကြပါလိမ့်မည်။ သူ၏ စာရေးခြင်း အသက်မွေးမှုကို အိမ်နီးချင်း ကလေးများအား မကောင်းဆိုးဝါး ဇာတ်လမ်းများ ရေးသား ရောင်းချခြင်းဖြင့် စတင်ခဲ့သည်ဟု ဆိုကြပါသည်။ နောက်ပိုင်းတွင်  Hugo နှင့် World Fantasy ဆုများ ရရှိ အောင်မြင်ခဲ့ပါသည်။ စာဖတ်သူများက သူ့အား အထူးတလည် ဆန်းကြယ်သော ဇာတ်လမ်းများနှင့်သာ […]


  “မဟုတ်ဘူး…ဒါက Red Riders တွေနဲ့ ကျင်းပတဲ့ မော်ဒန်ဈာပန ကွ။” ကျုပ်လည်း ထပြီး ကျုပ် အခေါင်းသေတ္တာပေါ် ထိုင်ချလိုက်တယ်။ ပြီးတော့ ကျုပ် မျက်မှန်ဝိုင်းလေး မျက်လုံးမှာ ညှပ်ပြီး လူအုပ်ကို စိန်းစိန်းဝါးဝါး တစ်ချက်ကြည့်ထည့်လိုက်တယ်။ ကျုပ်က ညအိပ်ဝတ်စုံနဲ့။ ဒါပေမဲ့ အုတ်ဂူထဲမှာ အေးမှာစိုးလို့ သားမွေးကုတ်ကြီး တစ်ထည်တော့ ထည့်လာသေးသဗျ။ နွေခေါင်ခေါင်မှာ သားမွေးကုတ်ကြီးနဲ့ ဆိုတော့ ဟိုလူစု နည်းနည်းတော့ ရှိန်သွားမလားပဲ။ သေချာတာ တစ်ခုကတော့ ဟို အစိုးရအကြံပေး အဖွဲ့ဝင် ပုဂ္ဂိုလ်ကြီး အသုဘကို ဘယ်သူမှ စိတ်မဝင်စားတော့တာပဲ။   “သွားကြ..သွားကြစမ်းကွာ…ဒီ အုတ်ဂူနေရာကို ကျုပ်ပိုက်ဆံပေးဝယ်ထားတာ။ ကျုပ်က တရားဝင် သေပြီးသား။ ကိုယ့်ဟာကိုယ် ပျော်စရာလေး လုပ်နေတာ..ဘာဖြစ်လဲ။ ကျုပ်ပိုင်တဲ့ […]


ကျုပ် မသေခင် သုံးရက်လောက်မှာ Red Riders အဖွဲ့ကို ပို့စကဒ်လေး တစ်ခု ပို့လိုက်တယ်။ သို့ပေသော်လည်း ဒီဇာတ်လမ်းက ဘာလင်မှာ ဖြစ်ခဲ့သင့်သဗျ။ ဘာလင်သားများ ပေါ့လေ။ ဘာလင်သား သုံးစားမရတဲ့ လူကြီးလူကောင်းများ။ သူတို့က တစ်ခုခု ဖြစ်မြောက်အောင်လုပ်ချင်ရင် ခြေမြန်တော်ကလေးများ အဖွဲ့ကို လွှတ် လိုက်တာပဲ။   ဒီဇာတ်လမ်း ဘာလို့ ဘာလင်မှာ မဖြစ်ခဲ့သလဲ ခင်ဗျားတို့ သိပါလိမ့်မယ်။ ကျုပ်က Red Riders အဖွဲ့ကို ဘာကြောင့် စာရေးလဲ ဆိုတော့ နာမည်ကိုက မိုက်တာ။ ဘိုက်ကာ ကြီးတွေ။ ခြေမြန်တော်လေးများ လို မဟုတ်ဘူး။ သူတို့သာ စာရေး ပို့လိုက်ရင် လွှင့်ပစ်မှာ။စာထဲ ဘာရေးထားလည်း ဆိုတော့ –   “ဤစာရပြီး […]


  ကိုယ်က အတင်းတုပ်တဲ့ လူမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူစုံတုန်း ဇာတ်လမ်းလေး တစ်ပုဒ် လောက်  ပြောပြချင်သေးတယ်။ နည်းနည်းတော့ ကြမ်းမယ်။ အညစ်အပတ်ကလေးလည်း ပါမယ်ပေါ့။ ဒါပေမဲ့ အဲဒါတွေကို အားပေးအားမြှောက်နဲ့ ဆွဲဆောင်တဲ့ ဇာတ်လမ်းမျိုးရယ်တော့ မဟုတ်ဘူး။ လူ့သဘာဝ အောင့်အီးမရတဲ့ ဆန္ဒပုန်းတွေကို မထော်မနန်း ဖော်ထုတ်မိလို့ ကို့ရို့ကားယားနဲ့ ထောင်နန်းစံရလုနီးသွားတဲ့ တရုတ်ဆယ့်တစ်ယောက် အကြောင်းလေး ပြောပြချင်တာ။   ကိုင်း..အဲဒီတော့ ပြောမယ်၊ တစ်ခါတုန်းက ချီကာဂိုမှာ တရုတ်ဆယ့်တစ်ယောက် ရှိသတဲ့..။   အဲ…အဲဒီလို မစ ချင်ဘူး။ ဒီလို ပြောင်းပြီး အစချီမယ်။ ကိုယ့်သူငယ်ချင်း ဖရဇ် လန်းဂ် ဆိုတာ ချီကာဂိုမှာ နေတယ်။ သူက အဝတ်လျှော်တဲ့ လုပ်ငန်းတစ်ခု ပိုင်တာ။ […]


သာယာလှပတဲ့ တနင်္ဂနွေနေ့လေး တစ်နေ့မှာ တိမ်စင်တဲ့ ကောင်းကင်ကြီးကလည်း နေရောင်လက်နေတဲ့ အ မိုးခုံး ကြီးတစ်ခုလို အုပ်မိုးလို့ပဲ။ ဟောဟို ရင်ပြင်ထဲမှာတော့ ရွက်ကြွေတွေ လေပြေထဲမှာ လွင့်ခနဲ ဝဲခနဲ။ ကြည့်ရတာ အကုန်လုံး အရောင်ဖျော့ဖျော့ လင်းလက်နေကြသလိုပဲ။ ရေခဲမုန့်ဆိုင်လေးရဲ့ ခေါင်မိုး၊ ရေသောက်စင်လေးရဲ့ မှန်ကူကွက်တွေ၊ လေလွင့် ကြောင်တစ်ကောင်ရဲ့ မျက်လုံးအစုံ..၊ နောက်ဆုံး ခိုတွေ တရုန်းရုန်းနဲ့ နာရီစင်ရဲ့ အောက်ခြေတောင် ခပ်ဖျော့ဖျော့ လင်းလက်နေကြတာ။ ပိတ်ရက်ဆိုတော့ လည်ကြပတ်ကြတဲ့ မိသားစုတွေ၊ ကမာ္ဘလှည့် ခရီးသွားတွေ ရင်ပြင်ထဲမှာ ဟိုသွား ဒီသွား။ ပျော်နေကြသပေါ့။ လမ်းထောင့် တစ်နေရာက လူတစ်ယောက်ကဖြင့် ပူပေါင်းတွေနဲ့ တိရိစာ္ဆန်ရုပ်ကလေးတွေ လုပ်ရောင်းလို့။ တကျွိကျွိမြည်သံတောင် ကြားနေရသေး။ ကလေးတစ်သိုက်ကတော့ သူ့ဘေးနား ဝိုင်းလို့ပေါ့လေ။ အဲ့ဒီဘေး […]


မတ် ၂၅၊ သောကြာ တယ်လီဖုန်းကြိုးကို ကျွန်တော် ဖြတ်ပစ်ပြီးပြီ။ ဟို ရဲအုပ်အရူးကြီး တစ်ချိန်လုံး အာရုံစားနေတာ သည်းမခံနိုင် တော့ဘူး။ နောက်ဆုံးဗျာ.. ကြမ္မာငင်တဲ့ အချိန်မှာတောင် လာနှောင့်နေတာ။ မြတ်စွာဘုရား…ဘာလို့ ဒါတွေ ရေးနေတာပါလိမ့်။ တစ်လုံးမှ မမှန်ဘူး။ တစ်ယောက်ယောက်က ကျွန်တော့် ဖောင်တိန်ကို ထိန်းချုပ်ပေးနေသလိုပါလား။ အာ..ဒါပေမဲ့..ကျွန်တော် ရေးမယ်။ ဘာတွေ တကယ်ဖြစ်သလဲဆိုတာ ချကိုရေးမယ်။ ဒါက တော်တော်တော့ အားထုတ်ရတယ်။ ဒါပေမဲ့ ကျွန်တော် လုပ်မှာ။ နောက်ဆုံးအနေနဲ့ဆိုရင်တောင် တကယ်လုပ်ချင်တာ အဲဒါပဲ။ တယ်လီဖုန်းကြိုးကို ကျွန်တော် ဖြတ်..အလို.. ဘာလို့လဲဆိုတော့ ကျွန်တော် လုပ်ကို လုပ်ရမှာ ဖြစ်လို့…အဲဒီမှာ..တွေ့တာပဲ..။ ဟာ..ဘာလို့လဲဆိုတော့… ကျွန်တော် လုပ်ရမှာ..မဖြစ်မနေ လုပ်ရမှာမို့လို့။ မနက်တုန်းက ကျွန်တော်တို့ ပြတင်းပေါက်နားရပ်ပြီး ကစားနေကြတာ။ […]


မတ် ၁၃၊ တနင်္ဂနွေ ဒီမနက်တော့ စိတ်မချမ်းသာ စရာလေး တစ်ခုကြုံရတယ်။ ကျွန်တော့် အခန်းကို တည်းရိပ်သာက ကောင်လေး ရှင်းပေးနေတုန်း ကော်ရစ်ဒါမှာ ဟိုဘက်ဒီဘက် ကျွန်တော်လျှောက်နေတာ။ ဧည့်ဆောင်ခန်း ပြတင်းပေါက် အပြင်ဘက်မှာ ပင့်ကူကြီးတစ်ကောင် အိမ်ဖွဲ့နေတာ တွေ့သဗျ။ ဒေါ်အုန်းနွယ်ကတော့ နေပါစေတဲ့။ သူတစ်ပါး အသိုက်အမြုံ မဖျက်ကောင်းပါဘူး ဆိုပြီး ထားတာ။ အဲ..အဲဒီပင့်ကူအိမ်နား ရစ်သီရစ်သီ လုပ်နေတဲ့ နောက် ပင့်ကူလေး တစ်ကောင် တွေ့သဗျ။ ဟိုပင့်ကူကြီး လှုပ်ရင် သူပြေးရော။ ကျွန်တော့်စိတ်ထဲ ပင့်ကူကြီးက အမ။ ပင့်ကူလေးကို အထီးလို့ သတ်မှတ်မိတယ်။ အဲဒီကောင်လေးက ပင့်ကူအိမ်ကို ပတ်ပြီးပြေး။ ပြီးရင် ပင့်ကူမနား ကပ်ဖို့ ကြိုးစားပြန်ရော။ နောက်တော့ ပင့်ကူမက မလှုပ်တော့ဘူး။ ပင့်ကူအိမ်အလယ်မှာ […]