MYANMAR GAZETTE Newsletter XII

kaiFebruary 7, 20244min15310

“Monterey Park, သေနတ်ပစ်ခတ်မှုအပြီး တနှစ်အကြာ…”

Los Angeles Times ကစီစဉ်သည့် One Year Later: Covering Monterey Park and Community Healing အခမ်းအနားကို ဇန်နဝါရီ၁၉၊ ၂၀၂၄ခုနှစ်က Repetto Elementary School မှာကျင်းပခဲ့သည်။ ဇန်နဝါရီ၂၁၊ ၂၀၂၃ခုနှစ် Lunar New Year ပွဲတော်ကျင်းပနေစဉ် ည၁၀နာရီမိနစ်၂၀တွင် မလှမ်းမကမ်းရှိ Star Ballroom ထဲသို့ အသက်၇၂နှစ်အရွယ် သေနတ်သမား Huu Can Tran ကဝင်ပြီး ပစ်ရာ ၁၁ဦးသေဆုံးခဲ့ပြီး ၏ သေနတ်သမားသည် Alhambra ရှိ Lai Lai Ballroom and Studio သို့ ဆက်ပြီးပစ်ခတ်ရန်ဝင်လာရာ Brandon Tsay က အချိန်မီခုခံတားဆီးနိုင်ခဲ့သည်။
Monterey Park ၏ ကြေကွဲဖွယ်အဖြစ်ဆိုးကို တနှစ်ကြာပြီးသောအခါမှာ Community တွင်ကျန်ခဲ့သော စိတ်ဒဏ်ရာများကို ကုစားနိုင်ရန်အတွက် သတင်းထောက်များ၊ ဘာသာရေးဆရာများ၊ Monterey Park မြို့တော်ဝန်နှင့် ရွေးကောက်ခံအရာရှိများ၊ တက်ကြွလှုပ်ရှားသူများ၊ မြို့ခံနေထိုင်သူများအတူစုဝေးပြီး အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
Alhambra High School ၏သမိုင်းနှင့် Civic ဆရာလဲဖြစ်သူ Monterey Park mayor Jose Sanchez က ” ကျနော်တို့ကွန်မြူနတီသာမက တခြားကွန်မြူနတီတွေပါ Gun contral law တွေလိုအပ်ပါတယ်။ မနှစ်က ကျနော်တို့မြို့က သေနတ်ပစ်မှုအပြီးမှာ ဒီနှစ် California မှာ Gun contral law တွေ အတည်ပြုခံရတာတွေဖြစ်လာပါတယ်။ Congresswoman Judy Chu ကလည်း လွှတ်တော်မှာ ကြိုးစားပေးပါတယ်။ ကျနော်တို့ Monterey Park မှာနေထိုင်သူတွေအတွက် ပိုပြီးလုံခြုံဘေးကင်းအောင်လုပ်ဆောင်နေပါတယ်။ မနှစ်က သေနတ်ပစ်ခံရလို့ကွယ်လွန်သွားသူတွေကိုဆက်ပြီး ဂုဏ်ပြုသွားမယ်။ Gun control legislation အတွက်လည်း ဆက်ပြီး တိုက်သွားမယ်” ဟု ပြောကြားခဲ့သည်။
Alhambra ရှိ Lai Lai Ballroom and Studio ကိုရောက်လာသောသေနတ်သမားကို ခုခံကာကွယ်နိုင်ခဲ့ပြီး လူအများအသက်ကိုကယ်နိုင်ခဲ့သော သူရဲကောင်း Brandon Tsay က သူ၏ကျော်ကြားမှုနှင့်စိတ်ဒဏ်ရာများကို အများကောင်းကျိုးအတွက်အသုံးချကာ Asian Pacific Community Fund နှင့်မိတ်ဖက်ပြုပြီး Brandon Tsay Hero Fund ကို တည်ထောင်ပြီး Community အတွက် စိတ်ကျန်းမာရေး၊ အားပေးနှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ဒဏ်ရာကုစားခြင်းနှင့် Resources များကို မျှဝေခြင်းများပြုလုပ်ခဲ့သည်။ ” ကျနော် က Alhambra Counselling Treatment Center နဲ့လက်တွဲပြီး Senior for Change ဆိုတဲ့ Nonprofit အဖွဲ့တခုကို Seniors တွေရဲ့ ဘေးကင်းရေးနဲ့ကျန်းမာရေးအတွက် တည်ထောင်ပါတယ်။” ဟုဆိုသည်။ Brandon Tsay စိတ်ကျန်းမာရေးအတွက် ကုသရာ၌ သမားရိုးကျနည်းများမှ ခွဲထွက်သည့် အကကခြင်းဖြင့် ကုစားခြင်းအကြောင်းလဲ ဆွေးနွေးခဲ့သည်။ အခင်းဖြစ်သည့်ညနောက်ပိုင်း သူကိုယ်တိုင်တွင်လည်း စိတ်ဒဏ်ရာရရှိခဲ့ပြီး အိပ်မပျော်ခြင်းများ ရှိခဲ့ကြောင်းလည်းပြောပြသည်။ ” အဲ့ဒီ့အချိန်တွေမှာ မိသားစု၊ မိတ်ဆွေတွေနဲ့စကားပြောတယ်။ ချစ်ခင်သူတွေနဲ့စကားပြောတာဟာ စိတ်ဖိဆီးမှုတွေကို လျော့စေတယ်” လို့ Brandon Tsay က ဆိုသည်။
Herald Christian Health Center တွင် အကူအညီရှာနေသော Monterey Park ပစ်ခတ်မှုတွင် သေဆုံး၊ ဒဏ်ရာရသူများနှင့် တိုက်ရိုက်ဆက်ဆံဆောင်ရွက်ခဲ့ရသောအဖွဲ့ထဲမှ Annie Zhou က Public တွင် အခင်းဖြစ်ပွားသဖြင့် နစ်နာထိခိုက်သောသူသူများအတွက် ဆောင်ရွက်ပေးပုံများအကြောင်းကို ရှင်းပြခဲ့သည်။ ” CalVCB က တိုက်ခိုက်ခံရလို့ ဒဏ်ရာရသူတွေအတွက် ဆေးစားရိတ်၊ စိတ်ကျန်းမာရေးကုသမှုနဲ့ Counselling စားရိတ်ကနေ ဈာပန၊ သဂြိုဟ်စားရိတ်အထိ ထုတ်ပေးပါတယ်။” ဟု ပြောကြားခဲ့သည်။
Monterey Park ပစ်ခတ်မှုတွင် သတင်းယူခဲ့သော လူငယ်သတင်းထောက် Jeong Park, Summer Lin and Brittny Mejia တို့ကလည်း သူတို့၏အတွေ့အကြုံများကို Moderator ဖြစ်သူ Cindy Chang, deputy Metro editor နှင့်ဆွေးနွေးခဲ့သည်။ Brightwood Elementary School မူလတန်းကျောင်းသားနှင့်ကျောင်းသူ DREXEL NGO and ALINA RAMOS တို့ကလည်း သူတို့တီထွင်ထားသော သေနတ်ပစ်မှုဖြစ်ပွားချိန်တွင် လူတဦးရောက်နေသည့်နေရာကို သိနိုင်သော RED-11 app အကြောင်းတင်ပြခဲ့သည်။
Cindy Chang, deputy Metro editor က Monterey Park ပစ်ခတ်မှု တနှစ်ပြည့် Community healing ကို တက်ရောက်လာသူများကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ” Monterey Park ပစ်ခတ်မှု သတင်းကို ကျမတို့သတင်းယူနိုင်ခဲ့ပြီး လူမျိုးစုံရဲ့အလေ့အထယဉ်ကျေးမှုမျိုးစုံတွေအကြောင်း ကို စာဖတ်ပရိသတ်တွေအတွက် သတင်းဖော်ပြခွင့်ရခဲ့တာကို ကျေးဇူးတင်တယ်” ဟု ပြောကြားခဲ့သည်။ ” Monterey Park ပစ်ခတ်မှု တနှစ်ပြည့်ခဲ့ပြီး Community healing ကို စာဖတ်သူတွေကို ကျမတို့ LA Times ကမီးမောင်းထိုးပြချင်တဲ့အတွက် အထူးအစီအစဉ်လုပ်ဖို့ဒီအခမ်းအနားကိုစီစဉ်ခဲ့တယ်။ Residents တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အသိပညာပေးသူတွေ၊ ဘာသာရေးခေါင်းဆောင်၊ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ စိတ်ကျန်းမာရေး counselor တွေရဲ့အသံကိုနားထောင်ပြီး ပိုပြီးတယောက်နဲ့တယောက်ပိုနားလည်မှုရရှိပြီး LA County မှာ အဆိုးဝါးဆုံးသေနတ်ပစ်မှုဖြစ်တဲ့ Monterey Park သေနတ်ပစ်မှုနောက်ပိုင်းမှာ ကွန်မြူနတီက ဆက်လက်ကိုင်တွယ်ဖို့ ဆိုတာအတွက် ရည်ရွယ်ပါတယ်။” ဟု အခမ်းအနားစီစဉ်သူတဦးဖြစ်သော Anh Do, community engagement editor, Los Angeles Times က မြန်မာ့ဂဇက်ကို ပြောကြားခဲ့သည်။


Monterey Park City, လော့စ်အိန်ဂျလိစ် မှာ နှစ်စဉ်ကျင်းပတဲ့ Lunar New
Year Festival ကို ဒီနှစ်မှာလဲ ဇန်နဝါရီ၂၆၊ ၂၇၊ ၂၈ တို့မှာ မနက်၁၀နာရီမှည၇နာရီထိ ကျင်းပခဲ့ပါတယ်။ East Garvey Blvd တလျှောက်၊ ထောင့်ဖြတ်လမ်း Alhambra ave ကနေ Garfield ave ထိ ဆိုင်ခန်းတွေ၊ ကလေးတွေအတွက် စီးစရာနဂါးရုပ် ရိုလာကိုစတာအသေးစား၊ ချားရဟတ်တွေပါဝင်တဲ့ကစားကွင်း၊ Live music band ဖျော်ဖြေမှုအစီအစဉ်တွေဖွင့်လှစ်ပေးထားပါတယ်။


2024 Lunar New Year Festival Monterey Park

မနှစ်က Lunar New Year အချိန် ဇန်နဝါရီ၂၁၊ ၂၀၂၃ခုနှစ် ည၁၀နာရီကျော်မှာ အသက်၇၀ကျော်အရွယ် သေနတ်သမားဟာ ပွဲတော်ကျင်းပနေချိန် မလှမ်းမကမ်းမှာရှိတဲ့ Star Ballroom Dance Studio ကို ဝင်ပြီးသေနတ်နဲ့ပစ်ခဲ့ပြီး ကနေသူပေါင်း၁၁ဦး သေဆုံးသွားခဲ့ပါတယ်။ Monterey Park ဟာ Downtown Los Angeles ရဲ့ အရှေ့ဘက်၇မိုင်အကွာအဝေးမှာရှိခဲ့ပြီး နေထိုင်သူတွေ ၅၀ရာနှုံးအထက်ဟာ အာရှသားတွေဖြစ်ပါတယ်။ နှစ်စဉ် လူထောင်ချီလာကြပြီး Southern California မှာ အစည်ကားဆုံး Lunar New Year ပွဲတော်တွေထဲက တခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပွဲတော်ရက်က ဖြစ်ပွားခဲ့တဲ့သေနတ်ပစ်မှုဖြစ်ပွားခဲ့ပြီးနောက် ယခုနှစ်မှာ လူစည်ပါ့မလားလို့ စိုးရိမ်ကြသူတွေလဲ အများကြီးပါပဲ။
ဇန်နဝါရီ၁၉၊ ၂၀၂၄ခုနှစ်က Repetto Elementary School, Monterey Park မှာ Los Angeles Times ကကျင်းပခဲ့တဲ့At One Year Later : Covering Monterey Park and Community Healing event မှာ Myanmar Gazettte က Monterey Park Mayor Jose Sanchez ကို ဒီနှစ် Lunar New Year ပွဲတော်အကြောင်း မေးမြန်းခဲ့တဲ့အခါ ” Moneterey Park က Lunar New Year ကို စိတ်ချလုံခြုံစွာနဲ့ လာရောက်ဆင်နွှဲကြဖို့ ခင်ဗျားတို့တွေပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်ပါတယ်။ ဒီအပတ်စနေ၊ တနင်္ဂနွေဇန်နဝါရီ၂၇နဲ့၂၈မှာ ကျနော်တို့တွေ နဂါးနှစ်ကိုကြိုကြမယ်။ ကျနော်တို့မြို့မှာ အစားအသောက်မျိုးစုံ၊ ဈေးတန်းတွေအများကြီးရှိမယ်။လုံခြုံရေးဝန်ထမ်းတွေအများကြီးလည်းရှိတာမို့ အလွန်လုံခြုံအန္တရာယ်ကင်းတဲ့ပွဲတော်ကြီးဖြစ်ပါတယ်။ကျနော်လည်း ကျနော့်မိသားစုကိုခေါ်လာပါမယ်။ ကျနော့်ဇနီးနဲ့သမီးသုံးယောက်ကို ခေါ်လာမယ်။ တကယ့်ကိုပျော်စရာကောင်းတဲ့ပွဲတော်ပါ။ ကျေးဇူးပြုပြီး ပွဲတော်ကိုလာရောက်ဆင်နွှဲပါ။ ကျနော်တို့Community ကို အားပေးပံ့ပိုးပါ။ ခင်ဗျားတို့ကို တွေ့ကြဖို့ မျှော်လင့်ပါတယ်” လို့ Mayor Jose Sanchez က ပြောပါတယ်။

ပွဲတော်နေ့တွေမှာလည်း ယခင်နှစ်တွေလောက်လူမများပေမယ့် လူစည်းကားပါတယ်။ အာရှစားစရာမျိုးစုံရောင်းချပြီး အာရှသားများသာမက အခြားလူမျိုးစုတွေလည်း လာရောက်ကြပါတယ်။ ” ကျမတို့က Spanish လူမျိုးတွေပေမယ့် အာရှလူမျိုးတွေရဲ့ Lunar New Year ပွဲကို လာရတာပျော်ပါတယ်။ အားလုံးပျော်စရာနဂါးနှစ်သစ်ဖြစ်ပါစေ” လို့ El Monte ကနေ ပွဲတော်ကိုလာဆင်နွှဲတဲ့ Cathy နဲ့ Albert စုံတွဲက မြန်မာ့ဂဇက်ကိုပြောကြားခဲ့ပါတယ်။

Monterey Park Mayor Jose Sanchez ပြောခဲ့တဲ့အတိုင်းပဲ ဒီနှစ်ပွဲတော်မှာ ရဲဝန်ထမ်းတွေအမြောက်အမြားနဲ့ လုံခြုံရေးတာဝန်ယူပြီး မီးသတ်တွေဟာလဲ လူတွေကြားထဲလှည့်လည်နေခဲ့ပါတယ်။ ယခုနှစ် State Senate မှာ ဝင်ရောက်အရွေးခံမယ့် Yvonne Yiu, Coucilmember, Monterey Park ကလည်း Lunar New Year ကိုလာရောက်ခဲ့ပြီး ” မနှစ်က နှစ်သစ်ကူးပွဲမှာ သေနတ်ပစ်မှုဖြစ်ခဲ့ပေမယ့် အခုမြင်ရတဲ့အတိုင်း လုံခြုံရေးတွေ၊ ရဲတွေ ချထားပြီး လူတွေကို စိတ်လုံခြုံစေပါတယ်။ ဒီနှစ်ပွဲတော်လာရောက်သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ Public safety ကို ကျမတို့အရမ်းဂရုစိုက်ပါတယ်။ လူတွေတယောက်နဲ့တယောက် ရန်လိုရွံမုန်းကြတာဟာ စည်းလုံးမှုကိုပျက်စီးစေတာမို့ ကျမတို့တွေ ရန်လိုရွံမုန်းခြင်းတွေရပ်တန့်ဖို့ ကြိုးစားကြပါမယ်” လို့ မြန်မာ့ဂဇက်ကနေ ပြောကြားခဲ့ပါတယ်။

Monterey Park community ဟာ နှစ်သစ်ကူးပွဲမှာ နာကျင်ကြေကွဲစရာသေနတ်ပစ်မှုကိုကြုံခဲ့တာတနှစ်ရှိခဲ့ပြီး ပြန်လည်နလံထူလာပေမယ့် ပုံမှန်အနေအထားကို ပြန်ရောက်ဖို့ အားလုံးက အတတ်နိုင်ဆုံးဝိုင်းဝန်းကြိုးစားနေကြပါတယ်။ ဒီနှစ် Lunar New Year မှာ Monterey Park က ရွေးကောက်ခံအစိုးရတာဝန်ရှိသူတွေဟာ ပြည်သူတွေနဲ့အတူ ပွဲတော်ကို အတူဆင်နွှဲပြီး လူတွေစိတ်ဒဏ်ရာရမှုကို အတတ်နိုင်ဆုံးပြေပျောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

================================================================


“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/