၂၇၆၃ ကရင်နှစ်သစ်ကူးပွဲ – Stop the Hate Newsletter – Vol XI

kaiJanuary 20, 20244min12970

Karen Organization of San Diego က ကျင်းပတဲ့ ၂၇၆၃ ကရင်နှစ်သစ်ကူးပွဲ။

California ပြည်နယ်၊ San Diego မြို့မှာရှိတဲ့ Karen Organization of San Diego (KOSD) ကကြီးမှူးကျင်းပတဲ့ ၂၇၆၃နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ၁၃က City Heights Performace Annex မှာ မနက်၁၁နာရီကစပြီး ကျင်းပခဲ့ပါတယ်။ အခမ်းအနားအတွက် KOSD နဲ့အတူ City of San Diego Commission for Arts and Culture က ကူညီပံ့ပိုးပေးပြီး ကွန်မြူနတီက ပံ့ပိုးမှုများလည်း ပါဝင်ခဲ့ပါတယ်။ အဖွင့်အမှာစကားကို KOSD Board of directors အဖွဲ့ဝင် မားတီ လော်မယ်က ပြောကြားခဲ့ပြး အလံတင်အခမ်းအနားကို KOSD Board of directors အဖွဲ့ဝင် ဖားတီနူးနူးက ဦးဆောင် ခဲ့ပါတယ်။ အမေရိကနိုင်ငံတော်သီချင်းနှင့် ကရင်အမျိုးသားသီချင်း ” My People ” ကို KOSD ဝန်ထမ်း များက စုပေါင်းသီဆိုခဲ့ကြပြီး ကရင်နှစ်သစ်ကူးသမိုင်းကြောင်းကို ဆရာမ မူအေးက ရှင်းပြခဲ့ပါတယ်။ အထူးဧည့်သည်တော်များအဖြစ် Congresswoman Sara Jacobs, San Diego City Council President Sean Elo-Rivera, San Diego City Councilmember Kent Lee တို့ တက်ရောက်ခဲ့ကြပါတယ်။

KOSD ကကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာ ဖျော်ဖြေရေးကဏ္ဍမှာရော၊ ပွဲတော်ရဲ့အများဆုံးကဏ္ဍ တွေမှာ လူငယ်တွေအင်အားကို အဓိကဦးစားပေးထားခဲ့ပြီး စင်နောက်ဖက်မှာ ဖျော်ဖြေရေးပွဲကို ကြီးကြပ် ဦးဆောင်သူတွေဟာလဲ လူငယ်တွေဖြစ်ကြပါတယ်။ အသက်၃၀အထက်တွေ စင်ပေါ်တက်တာ နည်းပြီး ပွဲအစပိုင်း လောက်မှာသာ သီချင်းနဲ့အကများဖျော်ဖြေကြပါတယ်။ Prime time အချိန်ကနေစပြီး ကလေးတွေနဲ့လူငယ်တွေအများစုကို စင်ပေါ်မှာမြင်ရပါတယ်။ သက်၅နှစ်၊ ၆နှစ်ကလေးတွေကနေ တက္ကသိုလ်ကျောင်းသားလူငယ်တွေထိ ပွဲရဲ့ဖျော်ဖြေရေးနဲ့ ဦးဆောင်သူ တွေ ကဏ္ဍမှာတွေ့မြင်ရပြီး ဒေသခံအမေရိကန်တွေရဲ့ လေးစားချီးမွမ်းခြင်းကို ရခဲ့တဲ့ပွဲတော်ဖြစ်ပါတယ်။

ဝါးညှပ်အကအပါအဝင် ကရင်ရိုးရာအကမျိုးစုံ၊ ကရင်သီချင်းတွေကို လူငယ်အင်အားအများစုက ဖျော်ဖြေတင်ဆက် ခဲ့ကြပြီး Mandy Say ဦးဆောင်တက်ဆကိတဲ့ ကရင်ကလေးငယ်များရဲ့ ယဉ်ကျေးမှုဖက်ရှင်ရှိုးဟာလည်း ပရိသတ်များရဲ့လက်ခုပ်သံကို အများဆုံးရရှိခဲ့ပါတယ်။ ဖက်ရှင်တခုထဲသာမကဘဲ ကရင့်.ယဉ်ကျေးမှုနဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူတွေကြားက ချစ်ခြင်းမေတ္တာကို မူလတန်းကလေးအရွယ်တွေကစပြီး ကောလိပ်ကျောင်းသား အရွယ်တွေထိ ပါဝင်တက်ဆက်စေပြီး အပေါင်းလက္ခဏာဆောင်တဲ့ သတင်းစကားကို လူတွေကိုပေးနိုင်တဲ့အတွက် ဘာသာစကားကြားခံမလိုဘဲ ကရင်တိုင်းရင်းသားတွေသာမဟုတ်၊ အခြားလူမျိူးတွေပါ စိတ်ကြည်လင်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ လူငယ်အင်အားတက်ကြွမှုကို တပြိုင်နက်ခံစားရတာမို့ အခမ်းအနားတခုလုံးမှာ ပရိသတ်လက်ခုပ်သံ အများဆုံးရရှိခဲ့ပါတယ်။

အခမ်းအနားမှာ ကရင်တိုင်းရင်းသားတွေသာမက ကရင်နီတိုင်းရင်းသားတွေကလည်း ပူးပေါင်းပါဝင်ဖျော်ဖြေခဲ့ပါတယ်။ San Diego ကရင်နီ အဖွဲ့က ” ကျနော်တို့သည် ကယားတိုင်းရင်းသားများဖြစ်သည်” သီချင်းနဲ့ အက ကို ဆရာမရိုစီလွန်းက ဦးဆောင်တင်ဆက်ခဲ့ပါတယ်။ ကရင်ရိုးရာအက ကကွက်တွေအပြင် လူငယ်တွေရဲ့ခေတ်ကိုလိုက်ပြီး လူငယ်ပုံသဏ္ဍာန်မြူးမြူးကြွကြွကကွက်တွေကိုလည်း ကရင်ရိုးရာအက ကကွက်တွေနဲ့ တွဲစပ်ပြီး ဖျော်ဖြေခဲ့တာမို့ လူငယ်တွေလည်း မငြီးငွေ့ကြဘဲ ပျော်ရွှင်အားရစွာနဲ့ ပါဝင်ကပြကြ၊ အားပေးကြည့်ရှုကြပါတယ်။

ကရင်နှစ်သစ်ကူးပွဲအထိမ်းအမှတ်အခမ်းအနားမှာ အဆို၊ အက၊ ဖက်ရှင်ရှိုးတွေတင်မကဘဲ ပန်းချီအနုပညာစိတ်ဝင်စားတဲ့ကလေးတွေအတွက်လည်း ပန်းချီပြိုင်ပွဲကို စီစဉ်ပေးပါတယ်။ ဒီနှစ် ပန်းချီပြပွဲအနှစ်သာရခေါင်းစဉ်ကတော့ ” Karen Agriculture ” ကရင့်စိုက်ပျိုးရေး ပဲဖြစ်ပါတယ်။ ကျောင်းသား၉ယောက်ပါဝင်ယှဉ်ပြိုင်ကြပြီး သူတို့ရဲ့ပန်းချီလက်ရာတွေကို ကရင်နှစ်သစ်ကူးနေ့ အစီအစဉ်လက်ကမ်းစာစောင်မှာ ရောင်စုံပုံနှိပ်ဖော်ပြထားပါတယ်။ ပထမဆုရရှိတဲ့ Paw Pa Khee La Thaw ရဲ့ပန်းချီလက်ရာကို လက်ကမ်းစာစောင်မျက်နှာဖုံးမှာပုံနှိပ်ဖော်ပြပါတယ်။ ဒုတိယဆုရတဲ့ Ywa Hay Hser Tha Moo နဲ့ တတိယဆုရတဲ့ Ywa Hay Suna May Eh Moo တို့ရဲ့ပန်းချီ လက်ရာတွေကို နောက်ကျောဖုံးမျက်နှာဖုံးမှာ ပုံနှိပ်ဖော်ပြပါတယ်။

” ကရင်နှစ်သစ်ကူးပွဲက အဓိပ္ပာယ်အများကြီးရှိတယ်။ ညီညွတ်မှုကို ပြသပြီး မျိုးဆက်သစ်တွေကို ကရင်ရိုးရာယဉ်ကျေးမှုကို သိရှိစေဖို့ အခွင့်အလမ်းတခုပါပဲ။ တချို့ကရင်မျိုးဆက်သစ်တွေက ဒီနိုင်ငံမှာမွေးကြပြီး ကရင်စကား မပြောတတ်ကြဘူး။ ဒီပွဲကိုလာတဲ့အခါမှာ သူတို့မျိုးဆက်တွေက ဘယ်ကနေလာသလဲ။ ရိုးရာယဉ်ကျေးမှုတွေကို သူတို့နဲ့မစိမ်းအောင်ထိတွေ့ပေးနိုင်တယ်” လို့ အခမ်းအနားမှာ တက်ကြွစွာပါဝင်သူတဦးဖြစ်တဲ့ ကရင်လူငယ် Pluto Black က မြန်မာ့ဂဇက်ကိုပြောခဲ့ပါတယ်။ ” ကရင်လူမျိုးတွေဟာ San Diego ကိုရွှေ့ပြောင်းလာတဲ့ Immigrants အသစ်ဆုံး တွေထဲမှာပါတယ်။ ဒီမြို့က လူတိုင်းလို ကရင်တွေကို သိကြပါတယ်။ ကရင်လူမျိုးတွေ US ကို ရွှေ့ပြောင်းလာတာနဲ့အတူ သူတို့ရဲ့ လှပတဲ့ယဉ်ကျေးမှုတွေနဲ့ Community ကို သူတို့ဘယ်လောက်ဂရုတစိုက် ရှိတယ်ဆိုတာကို ဒီနှစ်သစ်ကူးပွဲမှာ ထုတ်ဖော်ပြသခွင့်ရခဲ့တယ်။ ပွဲတော်ကိုလာရောက်သူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု Nao Kabashima Executive Director, Karen Organization of San Diego က ပြောကြားခဲ့ပါတယ်။

ကရင်နှစ်သစ်ကူးအကြောင်းကို လက်ကမ်းစာစောင်မှာရေးသားဖော်ပြထားတာကတော့ မြန်မာနိုင်ငံဟာ အိန္ဒိယကနေ ခွဲထွက်တဲ့ ၁၉၃၇ ခုနှစ်ကနေစပြီး Karen National Association (KNA) က တတိုင်းပြည်လုံးကို ကရင်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ဖို့တောင်းဆိုခဲ့ပါတယ်။ တောင်းဆိုချက်ဟာ အထမြောက်ခဲ့ပေမယ့် ကရင်နှစ်သစ်ကူးနေ့ကို ဘယ်နေ့သတ်မှတ်မယ်ဆိုတာက The Le 1st ကရင်ပြက္ခဒိန် ကိုယူမှာလား။ မြန်မာပြက္ခဒိန်ကိုယူမှာလား အငြင်းပွားစရာဖြစ်ခဲ့ပြီး အဆုံးမှာတော့ ဖာပွန်မြို့က သက်ကြီးဝါကြီးတွေက The Le 1st ကို ( Pu Ya Nay ကရင်ပြက္ခဒိန်ကိုယူပြီး ဗမာပြက္ခဒိန်အရ ပြာသိုလကို သတ်မှတ်ခဲ့တယ် ။ ကရင်ပြက္ခဒိန်အစ ခုနှစ်သတ်မှတ်ရာမှာ ကရင်လးမျိူးတွေဟာ မြန်မာနိုင်ငံထဲနောက်ဆုံးရောက်ခဲ့တဲ့ခုနှစ်ဟာ 730 BC ကို ကရင်ပြက္ခဒိန်ရဲ့ ပထမခုနှစ် လို့သတ်မှတ်ပြီး ၁၉၃၉ခုနှစိမှာ မြန်မာတနိုင်ငံလုံးမှာ ကရင်နှစ်သစ်ကူးနေ့ကို တရားဝင် ပထမဆုံးသတ်မှတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

၂၀၁၀ခုနှစ် Data အရ US မှာ လက်ခံထားတဲ့ Refugees ပေါင်း ၇၃၀၀၀ ထဲက ၂၂% ဟာ မြန်မာနိုင်ငံကလာတဲ့သူတွေဖြစ်ပြီး ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနိုင်ငံတွေကနေတဆင့် US ကို ရောက်ရှိလာကြတာဖြစ်ပါတယ်။ ကရင်အပါအဝင်တိုင်းရင်းသားတွေ၊ ဗမာတွေဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်ကစပြီး US ကိုရွှေ့ပြောင်းလာတဲ့ မြန်မာနိုင်ငံကပြောင်းခိုသူ Refugeesတွေဟာ တဟုန်ထိုးများပြားလာပါတယ်။ တချို့ပြောင်းခိုသူ Refugeesတွေဟာ ပြောင်းခိုသူ Refugeesစခန်းမှာနှစ်၃၀နေခဲ့သူတွေလဲရှိ ပါတယ်။ တချို့ကလေးတွေဟာ မြန်မာနယ်စပ်ပြောင်းခိုသူစခန်းမှာ မွေးဖွားခဲ့ကြသူတွေဖြစ်ပါတယ်။ San Diego ကိုပြောင်းရွှေ့အခြေချလာတဲ့ ကရင်ပြောင်းခိုသူတွေများပြားလာတဲ့အတွက် ကရင်အပါအဝင်အခြားပြောင်းခိုသူတွေအတွက် သူတို့ရဲ့ ပညာရေး၊ လူမှုရေးဆိုင်ရာ၊ US မှာ ဘဝအသစ်ပြန်စပြီးနေထိုင်တဲ့အခါလိုအပ်တဲ့အသိပညာပေးမှုတွေနဲ့ အကူအညီတွေပေးနိုင်ဖို့ Karen Organization of San Diego ကို၂၀၀၈ခုနှစ်က လူထုထဲလက်တွေ့အလုပ်လုပ်နေတဲ့ကရင်ကွန်မြူနတီခေါင်းဆောင်တွေ ရဲ့စုစည်းအားနဲ့ Nao Kabashima တို့က ၂၀၀၈ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၁၀ခုနှစ်မှာ 501c3 non-profit organization ဖြစ်လာခဲ့ပြီး ၂၀၁၁ခုနှစ်မှာ ပထမဆုံးရုံးခန်းဖွင့်နိုင်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာ National Association of Social Worker’s Award for Hero Organization of the Year ကိုရရှိခဲ့ပြီး ၂၀၁၉ခုနှစ်မှာ University of San Diego က ချီးမြှင့်တဲ့ Kaleidoscope Award for Good Governance ဆုကို ရရှိခဲ့ပါတယ်။

ရွှေ့ပြောင်းအခြေချကရင်လူမျိုးပေါင်း ၂၁၅, ၀၀၀ ရှိတယ်လို့ https://www.mprnews.org/story/2019/08/13/lured-by-jobs-and-housing-karen-refugees-spread-across-minnesota က ၂၀၁၉ခုနှစ်မှာဖော်ပြခဲ့ပါတယ်။ ၂၀၂၀နောက်ပိုင်းမှာလဲ ကရင်ပြောင်းခိုသူတွေ US ကိုထပ်ရွှေ့ပြောင်းအခြေချလာကြပါတယ်။ Minnesoto, Arizona, Indiana, North Carolina, Iowa, Nebrask, New York ပြည်နယ်တွေမှာနေထိုင်ပါတယ်။ ကရင်လူမျိုးအရေအတွက် ၂၁၀၀ နဲ့အထက် ဟာ California ပြည်နယ်၊ San Diego မှာနေထိုင်လျက်ရှိတယ်လို့ Karen Organization of San Diego ရဲ့ website မှာ ဖော်ပြထားပါတယ်။

VIDEO LINK

“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/