ဒီတပါတ်… အရောင်ရင့်မှတ်တမ်းများ – Bold News

kaiJanuary 16, 20242min4010

ဒီတပါတ်… အရောင်ရင့်မှတ်တမ်းများ – Bold News မှာ…

၁) ထိုင်ဝမ်ရွေးကောက်ပွဲပြီးသွားပါပြီ..။ သက်တမ်း၂ခုဆက်တိုက် သမ္မတနေရာရထားတဲ့.. DPP ပါတီက.. တတိယသက်တမ်းဆက်ရလိုက်ပါတယ်..။ ထိုင်ဝမ်ခွဲရေးနဲ့တွဲရေးမှာ.. ခွဲရေးဖက်က… နိုင်တယ်.. ဆိုပါစို့…။

အမေရိကားကတော့.. ပြောရှာပါတယ်..။ ထိုင်ဝမ်လွတ်လပ်ရေးကို.. ထောက်ခံအားပေးမှာ.. မဟုတ်ပါဘူး… တဲ့…။ ချိုင်းနားတနိုင်ငံထဲပါ.. ဆိုတဲ့.. ပေါ်လစီကို.. ကိုင်စွဲထားပေးမယ့်သဘော..။

ကွန်မြူနစ်ချိုင်းနားဖက်ကနေ.. စစ်ရေးပြ.. ဖိအားပေးသော်လည်း… ထိုင်ဝမ်နီစ်းတွေက.. ခွဲရေးရွေးတာမို့.. ပြောထားတဲ့.. ချိုင်းနားလည်း.. အခုထိတော့.. အူလည်လည်လုပ်နေ..။ အမေရိကားက… သမ္မတသစ်ကို.. ဂုဏ်ပြုစကားပြောတာကိုပါ… ဒေါသတွေထွက်ပြနေ.. ၊ နောနေမှ.. ဘာထကြမ်းမလဲမသိ..။

သူ့တပည့်.. မြောက်ကကြီးကတော့… တာလတ်ပစ်ဒုံးတွေ.. ၂၀၂၄ စျေးဦးဖေါက်ပစ်ပြပြီး.. ဘယ်သူ့ကိုမှန်းမသိ.. ခြိမ်းခြောက်လိုက်ကြောင်း..။

၂) မနက်ဖြန်.. အိုင်အိုဝါပြည်နယ်ရဲ့… သမ္မတလောင်းရွေးပေးပွဲပါ..။ ဂျီအိုပီပါတီ(ရီပါ့ဗလစ်ကန်) သမ္မတလောင်းလျှာများအဖြစ်.. ထရမ့်..။ နစ်ကီဟေလီနဲ့.. ဒီဆန်းတစ်တို့.. ထင်ရှားရှိတာမှာ.. ထရမ့်က.. တော်တော်လေးပြတ်ပြီး.. ထိပ်ရောက်နေဆဲ..။ မနက်ဖြန်.. သူ့ပဲ.. အိုင်အိုဝမ်တွေ.. ရွေးမှာထင်ရကြောင်း…။

ထရမ့်က… ၂၀၂၄ အမေရိကရွေးကောက်ပွဲမှာ.. ဘိုင်ဒင်နဲ့.. တွေ့… မဲပြိုင်ရွေးခံရရင်.. နိုင်ချေများတယ်လို့.. ရီပါ့ဗလစ်ကန်.. ၇၀ ရာခိုင်နှုန်းလောက်က… ယုံကြည်နေကြကြောင်း..။

၃) ရာသီဥတုက.. အမေရိကန်တွေဖက်မှာ.. မရှိ..။ ဒီရက်ပိုင်း.. တောင်ပိုင်းအမေရိကပြည်တလွှား.. မုန်တိုင်းနဲ့တိုး.. ပွဲကြမ်းပြီးသကာလ… မြောက်ပိုင်းအလှည့်ပါ..။ အအေးလွန်အအေးချိန်ကျလညတဲ့အထဲ.. လေကလည်းကြမ်းသမို့.. ဆီးနှင်းပေါက်တွေကြား.. သစ်ပင်တွေလဲ.. လူတချို့သေ.. လျှပ်စစ်/ဂက်စ်မီးပြတ်ပြီး.. ဒုက္ခနဲ့လှလှတွေ့နေကြပါသတဲ့..။

ကဲ.. ဘယ်မှာလည်း.. ဂလိုဘယ်ဝမ်းမင်း… ကမ္ဘာပူနွေးတာ… မလုပ်ကြနဲ့နော..။

ဥတုရာသီနဲ့.. မိုးလေဝသဆိုတာ.. မတူရေးချ.. မတူ..။

ပြီးခဲ့တဲ့.. ၂၀၂၃က.. ကမ္ဘာ့သမိုင်းနှစ်တသိန်းမှာ.. အပူဆုံးနှစ်ဖြစ်ခဲ့ပြီး.. ၂၀၂၄ က.. အအေးဆုံးများဖြစ်မလာ… ဘာလား…။

ရာသီဥတုဆိုးကြောင့်… ဒေသစွန့်ခွာထွက်ပြေးရသူတွေ.. သန်းချီရှိဦးမပေါ့..။

၄) အစ္စရေး-ဟာမာစ်း ..စစ်.. ရက်၁၀၀ ပြည့်ရက်မှာ.. အစ္စရေးဖက်က.. ‌အမေရိက.. ဥရောပ.. အစ္စရေးပြည်.. စသဖြင့်.. အနှံ့ဆန္ဒထုတ်ဖေါ်နေကြပါတယ်..။ ဆောင်ပုဒ်က.. bring them home တဲ့..။

ဟာမားစ်တွေ.. ပြန်ပေးဆွဲထားတာ.. လူ ၁၃၀ကျန်သေးနေတယ်ဆိုပါတယ်..။

အမေရိကတီဗီချာနယ်တချို့မှာ.. အစ္စရေးထောက်ခံ.. ကြော်ငြာတချို့.. လာနေတာလည်း.. တွေ့ရ..။

မီဒီယာ.. နိုင်ငံရေးဖက်ပေါင်းစုံက.. လုပ်နေကြတာပါ..။

ပါလက်စတေးနီးယန်းနဲ့… ဟာမားစ်ကို.. မတူပါကြောင်းဆိုပြီး.. ခွဲထုတ်နေတဲ့.. ဂျုးတွေရဲ့… မီဒီယာ… မဟာဗျူဟာကို..သတိပြုမိ..။

စစ်က.. မသိမသာနဲ့.. အရှေ့အလယ်ပိုင်း.. ယီမင်န်ကို.. ကူးစက်လာ..။

အမေရိကားလည်း.. အီရန်နဲ့.. ပရော့စီစစ်.. ဆင်နွှဲနေတဲ့.. သဘော.. ဖြစ်လာ…။

၅) ဘစ်ကွိုင်ကို.. အမေရိက.. အိပ်ချိန်းမှာ…exchange-traded funds, or ETFs ရောင်းဝယ်ခွင့်တရားဝင်ခွင့်ပြုလိုက်ပြီးသကာလ… စျေးတွေ.. အတက်အကျ.. ကြမ်းနေပါတယ်..။ ဘာပဲဖြစ်ဖြစ်.. ကော်မရှင်က… တရားဝင်.. အသိအမှတ်ပြုလိုက်ပြီမို့… ရှေ့သို့.. ဆက်တက်ဖို့သာရှိတော့တယ်.. ထင်ပါကြောင်း..။ ဝယ်ချင်သူတွေဝယ်.. ရောင်းချင်သူတွေရောင်းနိုင်ပြီဖြစ်ကြောင်းပါ..။

အမှတ်မမှားရင်.. မြန်မာ့နွေဦးဘဏ်ဆိုတာက… ခရစ်တိုကာရန်စီ.. တိုကင်န်တွေပေါ်မှာ.. ထိုင်ထားသမို့… အဟမ်း.. အဟမ်း…။

==

အခုတင်ပေးတဲ့.. သတင်းအားလုံး.. ၂၀၂၄ မှာကြုံရတော့မယ်.. မြန်မာ့အနာဂတ်နဲ့.. တနည်းတဖုံပါတ်သက်ပါတယ်..။ ဒီလိုခေတ်အခြေအနေမျိုးမှာ.. မြန်မာ့အနာဂတ်က.. မြန်မာတွေလက်ထဲမှာ.. မရှိပါ..။ ကြည့်ကျက်သာ… သုံးသပ်.. နိုင်ငံရေးကစားကြရမှာဖြစ်ပါကြောင်း..။

https://www.bbc.com/news/world-asia-67974541