မြန်မာများအတွက် အခမဲ့ဝန်ဆောင်ပေးတဲ့ AHS – Stop the Hate Newsletter – Vol X

kaiJanuary 11, 20247min14920

“San Francisco Bay Area မှာရှိတဲ့ မြန်မာအပါအဝင် အာရှသားအများစုအတွက် ဆေးကုသမှုငွေကြေးပူပန်စရာမလိုဘဲဖွင့်လှစ်ထားတဲ့ Asian Health Services” – By SweSwe Aye

San Francisco Bay Area မှာရှိတဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ သွားကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ ကျောင်းကျန်းမာရေးကိစ္စတွေကို လူမျိုး၊ ဘာသာမခွဲခြားဘဲ ဝန်ဆောင်မှုပေးနေတဲ့ လူထုအခြေစိုက်အဖွဲ့အစည်းတခုဖြစ်တဲ့ Asian Health Services (AHS)နဲ့ မြန်မာလူမှုအသိုင်းအဝိုင်းကို မိတ်ဆက်ပေးချင်ပါတယ်။ အမေရိကားမှာ နှစ်ပေါင်းများစွာအခြေချနေထိုင်သူတွေရော၊ ရွှေ့ပြောင်းရောက်ရှိလာတာမကြာသေးတဲ့သူတွေရောအတွက် San Francisco Bay Area မှာ Asian Health Services ဟာ လူမှုအဖွဲ့အစည်းရဲ့လိုအပ်ချက်တွေကို တထောင့်တနေရာကနေ ဖြည့်ပေးနေပါတယ်။ မြန်မာဂဇက်ဟာ ဇန်နဝါရီ၂ရက်နေ့မှာ Asian Health Services ရဲ့ ရုံးချုပ်ကိုသွားရောက်ပြီး တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ကြပါတယ်။ AHS ရဲ့ Chief Executive Officer ဖြစ်တဲ့Julia Liou, Chief of Development & Communications Officer ဖြစ်တဲ့ Lina Park, Asian Health Services ရဲ့ Administrative Offices မှာတာဝန်ထမ်းဆောင်နေပြီး Stop The Hate Program manager ဖြစ်တဲ့ Alana Sachez-Park, Community Advocate ဖြစ်တဲ့ Vincent Nguyen နဲ့ ဝန်ထမ်းတွေက AHS ရဲ့ သမိုင်းကြောင်းနဲ့ လုပ်ငန်းစဉ်တွေကို သေချာရှင်းပြခဲ့ပါတယ်။

Asian Health Services ရဲ့ပင်မရုံးချုပ်ဟာ Oakland မြို့မှာ တည်ရှိပါတယ်။ Oaklnad နဲ့ Alameda County နဲ့အနီးဝန်းကျင်မှာ နေထိုင်သူတွေအတွက် စိတ်ကျန်းမာရေးအပါအဝင် ခန္ဓာကိုယ်ကျန်းမာရေးနဲ့သွားကျန်းမာရေးဝန်ဆောင်မှုတွေကိုပေးပါတယ်။ San Leandro နဲ့ San Lorenzo မြို့တွေထိလဲချဲ့ပြီး ဒီနှစ်ပိုင်းတွေမှာ ဝန်ဆောင်မှုတွေကိုပေးပါတယ်။ ၁၉၇၄ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် လူထုနဲ့ထိတွေ့ဆက်ဆံမှုအတွေ့အကြုံများစွာရှိပါတယ်။ Okalnad မြို့ရဲ့ Harrison Street မှာ စေတနာ့ဝန်ထမ်းတွေနဲ့ စတင်တည်ထောင်ခဲ့တဲ့ AHS ဟာ ပထမဆုံးနှစ်မှာတင် လာရောက်ပြသူပေါင်း ၁၅၀၀ ရှိတယ်လို့ Alana Sachez-Park က Power point နဲ့ရှင်းပြခဲ့ပါတယ်။ Covid-19 အတွက် AHS က Alameda County မှာ ကာကွယ်ဆေး ၇၅, ၀၀၀ + နဲ့ ဆေးစစ်ခြင်း ၁၀၀, ၀၀၀+ ကို ပြုလုပ်ပေးခဲ့ပါတယ်။ ၂၀၂၃ခုနှစ်မှာတော့ လူနာပေါင်း ငါးသောင်းခန့်ကို ဝန်ဆောင်မှုပေးခဲ့ပါတယ်။ လာရောက်ပြသသူတွေရဲ့၉၀% ကျော်ဟာ Federal poverty level မှာ၊ သို့မဟုတ် ၂၀၀%အောက်မှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။ ဆေးခန်း၊ အရေးပေါ်ဆေးခန်း၊သွားဆေးခန်း၊ စိတ်ကျန်းမာရေးဆေးခန်းနေရာနဲ့ အချိန်တွေကို ဒီ webpage မှာ ကြည့်လို့ရပါတယ်။ https://asianhealthservices.org/locations/

Asian Health Services ကိုလာရောက်ပြီး ကျန်းမာရေးဝန်ဆောင်မှုတွေကိုခံယူတဲ့သူတွေဟာ ကျန်းမာရေးအာမခံရှိစရာမလိုပါဘူ။ ID မတောင်းပါဘူး။ Immigration status နေထိုင်မှုအခြေအနေကို လုံးဝမမေးမြန်းပါဘူး။ ကျန်းမာရေးဝန်ဆောင်မှုလက်လမ်းမမီ သူတွေအတွက် ဝန်ဆောင်မှုပေးပါတယ်။ လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိပါဘူး။ ဘာသာစကား၁၄မျိုး ပြောလို့ရပါတယ်။ မြန်မာတွေထဲက Burmese, Karen, Karenni ဘာသာစကား၃မျိုး ပြောလို့ရပါတယ်။ US ကိုရောက်ပြီး အင်္ဂလိပ်စာအခက်အခဲရှိသူတွေ၊ ဆေးပညာဝေါဟာရ တွေကို အင်္ဂလိပ်လိုပြောဖို့၊ နားလည်ဖို့ ခက်ခဲသူတွေအတွက် အင်မတန်သင့်လျော်ပါတယ်။ AHS ရဲ့အဓိကရည်ရွယ်ချက်တွေကတော့ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေဆီ လက်လမ်းမီဖို့ခဲယဉ်ပြီး လိုအပ်နေသူ၊ ပြောင်းရွှေ့အခြေချနဲ့ ဒုက္ခသည် Asian မျိုးတွေအတွက် ဝင်ငွေ၊ ကျန်းမာရေးအာမခံ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေ မခွဲခြားဘဲ တန်းတူညီမျှ ကျန်းမာရေးဝန်ဆောင်မှုတွေရရှိဖို့ပဲ ဖြစ်ပါတယ်။ https://asianhealthservices.org/

စိတ်ကျန်းမာရေးပြဿနာဟာ ကျမတို့မြန်မာလူမှုအသိုင်းအဝိုင်းအပါအဝင် လူမျိုးစုံမှာ အသက်အရွယ်မရွေး ကြုံတွေ့ရင်ဆိုင်နေရပြီး Covid-19 ကပ်ရောဂါကာလတွေနဲ့နောက်ပိုင်းမှာ ပိုမိုများပြားလာပါတယ်။ AHS’s Youth Program in 2021 က ကျောင်းသား၃၀၀က AHS လူနာပေါင်း၁၃၀၀ ကိုပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ စိတ်ကျန်းမာရေးလေ့လာမှုပေါင်းအခု၃၀၀မှာ ၄၀% ဟာ လူငယ်တွေဖြစ်ပြီး စိတ်ကျန်းမာရေးပြဿနာ ပိုဆိုး၊ အများကြီးပိုဆိုးကြပါတယ်။ ၇၅% သော AHS ရဲ့စိတ်ကျန်းမာရေးလူနာတွေဟာ နေအိမ်မှာပဲ နေကြပါတယ်။ တခြားကိုပြောင်းမသွားကြပါဘူး။ AHS ရဲ့ Mental health services ကိုလာပြကြသူလူနာပေါင်းက Pre-Covid ကာလထက် ၂.၅% ပိုများလာပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေဟာ Pre-Covid ကာလထဲက ရှိနေကြတာလို့ AHS က သုံးသပ်ပါတယ်။

စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ဆေးဝါးတမျိုးထဲ၊ Counselling နည်းတမျိုူးထဲ မဟုတ်ဘဲ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနည်းတွေ၊ ကွန်မြူတီလိုက်ပါဝင်ခြင်းတွေ၊ တဦးထဲအထီးကျန်ခြင်းကနေ ကင်းလွတ်စေခြင်းတွေလည်း ပါဝင်ပါတယ်။ ” ကျမတို့ Community ဟာ Pandemic ကာလမှာ တိုက်ခိုက်ခံရမှုတွေ၊ လူမျိုးရေးခွဲခြားဆက်ဆံခံရတာတွေ ၊ Immigration နောက်ခံအဖြစ်အပျက်တွေ၊ US ကိုမရွှေ့ပြောင်းခင်က ရခဲ့တဲ့စိတ်ဒဏ်ရာတွေကို US ကိုယူလာတာတွေပေါင်းစုံနဲ့ စိတ်ဒဏ်ရာအမည်းစက်တွေအများ ကြီးရနေပါတယ်။ ဘာသာစကားပြဿနာကစိန်ခေါ်မှုဖြစ်ပြီး AHS က အာရှဘာသာစကား၁၀မျိုး သုံးပါတယ်။ ကျမတို့ဟာ စိတ်ကျန်းမာရေးအတွက် အာရုံအပြည့်အဝထားကုသပေးပြီး Cultural ယဉ်ကျေးမှုဓလေ့နည်းလမ်းတွေကိုလဲ ကုသတဲ့နေရာမှာ အသုံးပြုပါတယ်။ စိတ်ကျန်းမာ ရေးထိခိုက်တဲ့အခါ Isolation အထီးကျန်ဆန်မယ်။ Depress စိတ်ကျမယ်။ Anxious ပူုပင်ကြောင့်ကြများမယ်။ ဒီအချက်တွေဟာ သင့်ခန္ဓာကိုယ်ကျန်းမာရေးတခုလုံးကို ထိခိုက်စေပါတယ်။ AHS က Counseling service တခုထဲမကဘဲ Navigation to resources လိုအပ်တဲ့ကဏ္ဍ တွေအတိုင်း ကုသဖို့လဲ လမ်းညွှန်ပေးပါတယ်” လို့့Julia Liou က ဆက်ပြောပါတယ်။

Community Healing ဟာ စိတ်ကျန်းမာရေးအတွက် အဓိကအရေးကြီးတဲ့အချက်တခုဖြစ်ပါတယ်။ Pandemic ကာလ အာရှလူမျိုးတွေကိုရန်လိုရွံမုန်းခြင်းတွေနဲ့အကြမ်းဖက်မှုတွေကို လျှော့ချဖို့ Community Healing အစပြုခြင်းတွေ၊ စိတ်ဒဏ်ရာရခြင်းကို စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေဆီကို အကြောင်းကြားခြင်းတွေအပါအဝင် ယဉ်ကျေးမှုထုံးတမ်းတွေနဲ့ကုသဖြေဖျောက်ခြင်းတွေ၊ Yoga, Tai Chi, စုပေါင်းလမ်းလျှောက်ခြင်းနဲ့ ရိုးရာဓလေ့အခမ်းအနားတွေကျင်းပခြင်းတွေ၊ Cross Racial Solidarity အတွက် West Oakland Health နဲ့ပူးပေါင်းပြီး Black-Asian Racial Trauma Project, မျိုးဆက်လိုက် စိတ်ကျန်းမာရေးထိခိုက်မှုအတွက် Youth mental health and healing အစီအစဉ်တွေကို AHS က ဝန်ဆောင်မှုပေးနေပါတယ်။ စိတ်ကျန်းမာရေးနဲ့ Covid နဲ့လူမျိုးရေးနဲ့ဆက်စပ်နေတဲ့စိတ်ဒဏ်ရာတွေအတွက် Alamenda County မှာ Community Health Center Partnership Programကိုလဲ ဖွင့်ထားပါတယ်။ ” ကျမတို့ AHS ဟာ စိတ်ကျန်းမာရေးအခြေအနေမျိုးစုံကို လက်ခံပြီး ဝန်ဆောင်မှုပေးနေပါတယ်။ သင်ဟာ အထီးကျန်နေပြီး တယောက်ယောက်နဲ့စကားပြောချင်ရင် AHS က ကြိုဆိုပါတယ်။ စိတ်ကျန်းမာရေးကုသမှုတွေအတွက် ဆွေးနွေးနှစ်သိမ့်တိုင်ပင် Counseling တခုထဲသာ မကဘူး။ ကွန်မြူနတီနဲ့ ယဉ်ကျေးမှုအစီအစဉ်တွေကိုပါ ဝန်ဆောင်မှုပေးနေပါတယ်။ Healing ဝေဒနာသက်သာဖြေဖျောက်ဖို့ဆိုတာက နည်းတနည်းထဲရှိတာ မဟုတ်ပါဘူး။ သက်သာဖို့ သင်ဘာတွေလိုနေသလဲ၊ သင်ကိုယ်တိုင်အတွက်၊ သင့်မိသားစုအတွက်နဲ့ကွန်မြူနတီကို အကျိုးရှိစေဖို့ သင်နေထိုင် ကောင်းဖို့ဘာတွေလိုနေသလဲဆိုတာတွေကို ကျမတို့က ဆောင်ရွက်ကုသပေးပါမယ်” လို့ Alana Sachez-Park က ပြောပါတယ်။

AHS ကသွားကျန်းမာရေးဆေးခန်းတွေနဲ့အတူတွဲပြီး Behavioral Health Services (အပြုအမူအကျင့်ပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှု) တွေကို Oakland နဲ့ Alamanda County တွေမှာ ဖွင့်ထားတာဟာလဲ လာရောက်ပြသသူတွေအတွက် အချိန်ကုန်သက်သာပြီး တနေရာမှာပဲ ဝန်ဆောင်မှုနှစ်ခုရစေပါတယ်။ $2M Dental Capital Campaign လို့ နာမည်ရပါတယ်။ ” လူနာတွေက သွားကျန်းမာရေးကုသမှုမှာ သွားဆရာဝန်တွေနဲ့ အချိန်ယူကြတာများတယ်။ အဲ့ဒီ့အချိန်တွေမှာ Social workers တွေက လာပြီး လူနာတွေကိုဝန်ဆောင်မှုပေးတယ်။ Dental Mental Care ပေါ့။ ” ဟု AHS ရဲ့ AHS ရဲ့ Chief Executive Officer ဖြစ်တဲ့Julia Liou က Intergrated Dental & Behavioral Health Services အကြောင်းကို ရှင်းပြခဲ့ပါတယ်။ ” အဲ့ဒီ့ဝန်ဆောင်မှုမှာ Mental health screening တွေကိုလဲ လုပ်ပေးတယ်။ တခြားသူတွေရဲ့ Stigma စိတ်အမည်းစက် တွေကို ကူညီပေးဖို့ပါပဲ” လို့ Julia Liou က ဆက်ပြောပါတယ်။ AAPI အာရှနဲ့ပစိဖိတ်ကျွန်းလူမျိုးတွေဟာ သွားနဲ့ခံတွင်းပြဿနာမှာ အမြင့်ဆုံးလူမျိုးတွေထဲက တခုဖြစ်တာမို့ လူနာပေါင်းနောက်ထပ် ၈, ၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးနေပါတယ်။

မြန်မာ့ဂဇက်က မေးမြန်းတဲ့ Asian Health Services ရဲ့ Community healing ဘာ့ကြောင့်အရေးကြီးသလဲဆိုတာကို Alana Sachez-Park က ” Oakland မှာက ကားကို မှန်ခွဲပြီးအထဲကပစ္စည်းတွေခိုးတဲ့ကိစ္စတွေ၊ သေနတ်ပစ်မှုတွေ၊ ဓားပြတိုက်မှုတွေ များတယ်။ စိတ်အမည်းစက်ဖြစ်ရမှုဟာ ဆုလာဘ်မဖြစ်သင့်ပါဘူး။ လူတွေရဲ့ကြောက်ရွံ့ထိတ်လန့်မှုနဲ့စိုးရိမ်မှုတွေကို သက်သာအောင် ကျမတို့က ဝိုင်းကူညီရမယ်။ ဥပမာအားဖြင့် Walking group တွေ၊ Cross Racial Solidarity တွေလုပ်ပေးတာမျိုးတွေပေါ့။ ” ဟု ‌‌ပြောကြားခဲ့သည်။ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေရဲ့အခြေခံအကြောင်းရင်းတွေအကြောင်းကို ” အခြေခံပြဿနာတွေက နေဖို့အိမ်ပြဿနာတွေ၊ အိမ်ငှားခမပေးနိုင်တာတွေရှိတယ်။ Pandemic ကာလမှာ လှုပ်ရှားမှုနည်းပါးတာ၊ အလုပ်လက်မဲ့ပြဿနာတွေ ရှိတယ်။ Community ဟာ အပြည့်အ၀ပြန်နလံမထူလာသေးဘူး။ Pandemic ဟာ ပြီးခဲ့ပြီဆိုပြီး ကျမတို့တွေဟာ ဟန်ဆောင်နေကြတယ်။ လူတိုင်းဟာ ရုန်းနေကြရတုန်းပါပဲ” လို့ Alana Sachez-Park က ဆက်ပြောပါတယ်။

Asian Health Services ဟာ ” ADVOCACY AS A KEY PILLAR ” ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ဒေသတွင်းကမ်ပိန်းတွေဖြစ်တဲ့ ယာဉ်ကြောအဆုံတွေမှာ လမ်းဖြတ်ကူးသူတွေ ဘေးကင်းစေဖို့လေ့ကျင့်ပညာပေးခြင်း၊ ကျန်းမာရေးကိစ္စဖြစ်တဲ့ Vietnamese လက်သည်းခြေသည်းပြင်ဆိုင်တွေမှာ မျိုးပွားခြင်းကျန်းမာရေးကိုထိခိုက်စေတဲ့ဓာတုပစ္စည်းတွေပါဝင်မှုကို ပြုပြင်ပြောင်းလဲပေးတဲ့ California Healthy Nail Salon Collaborative ကို ‌‌‌ဒေသတွင်း၊ ပြည်နယ်နဲ့ တနိုင်ငံလုံးအတိုင်းအတာထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ Immigrants တွေအတွက် ထိခိုက်အန္တရာယ်ဖြစ်စေတဲ့ Public Charge rule ကိုလဲ ဆန့်ကျင်ခုခံခဲ့တယ်။ ဒေသတွင်း၊ ပြည်နယ်အဆင့်နဲ့ တနိုင်ငံလုံးက အာရှပစိဖိတ်လူမျိုးအဖွဲ့အစည်းတွေရဲ့အသံကို တနိုင်ငံလုံးမှာ ကြားနိုင်ဖို့ One Nation AAPI Coalition, www.onenationaapi.com ကိုလဲ ပါဝင်တည်ထောင် နိုင်ခဲ့ပါတယ်။

ှSan Francisco Bay Area မှာနေထိုင်ကြတဲ့ မြန်မာတွေအတွက် Asian Health Services အပြင် စိတ်ကျန်းမာရေးတိုင်ပင်ကုသဖို့နဲ့ Community Resources တွေကိုအောက်မှာ ဖော်ပြထားပါတယ်။ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးပေးတဲ့ ဝန်ဆောင်မှုတွေကတော့ လူငယ်၊ သက်ကြီးပိုင်း အရွယ်မျိုးစုံအလိုက် Victim Counseling အားပေးနှစ်သိမ့်ဆွေးနွေးခြင်းServices တွေ၊ တရားဥပဒေကြောင်းအကူအညီတွေ၊ အရေးပေါ်အခြေအနေတွေမှာဘယ်လိုတုန့်ပြန်ရသလဲ အလုပ်ရုံဆွေးနွေးပွဲတွေ၊ Selfdefense & de-escalation training ကိုယ်တိုင်ခုခံကာကွယ်ဖို့လေ့ကျင့်ပေးခြင်းနဲ့ ဆိုးရွားမှုအခြေအနေကိုလျှော့ချဖို့သင်တန်းတွေ၊ Family therapy, Healing နဲ့ တဆင့်လွှဲပြောင်းပေးခြင်း Referral တွေ ဖြစ်ပါတယ်။

Mental health and community of San Francisco Bay Area

Oakland – Center for Empowering Refugees and Immigrants https://www.cerieastbay.org, (မြန်မာစကားပြောသည်။) (510) -444 -1671 ,
-Integrated Behavioral Health, (510)-735-3900,

San Francisco- Community Youth Center of San Francisco, https://www.cycsf.org/program/ccsj/, (415)-550-1151
– Southeast Asian Development Center, https://seadcenter.org/, (415)–771- 2600

                    - Community United Against Violence, www.cuav.org, (415) 333 – HELP, 

                   - Filipino Advocates for Justice, https://filipinos4justice.org/, (510)–465-9876, 
                   - ASIAN Inc., https://www.asianinc.org/ , (415) 928- 5910
                   - Asian Pacific Islander Wellness Center / San Francisco Community Health Center, https://sfcommunityhealth.org/, (415) 292 - 3400,
                   -Huckleberry Youth, https://www.huckleberryyouth.org/, (415) 668 – 2622

Richmond -Richmond Area Multi-Services Inc. https://ramsinc.org/contact/, (415) – 668 – 5955

Castro Valley – Mental Health for Association for Chinese Communities, https://www.mhacc-usa.org/, (800)-881- 8502, San Francisco မှာရှိတဲ့
Alameda – Community Health for Asian Americans ((မြန်မာ၊ ရခိုင် စကားပြောသည်။)) http:// www.chaaweb.org, (510 )–835-2777,

Organization: One Myanmar Community
(510) 936 – 0939; onemyanmarcommunity@gmail.com;
https://www.onemyanmarcommunity.org/
( မြန်မာတွေအတွက် ယဉ်ကျေးမှုပွဲတွေနဲ့ အသိပညာပေးဟောပြောပွဲတွေကျင်းပပေးပါတယ်။×)

Organization: Valley Health Center Milpitas
Contact Info: (408) 885 – 5000; https://scvmc.scvh.org/hospitals-clinics/valley-health-center-milpitas

မြန်မာတွေအတွက် ယဉ်ကျေးမှုနဲ့ ဟောပြောပွဲတွေကျင်းပပေးနေတဲ့ One Myanmar Community ဟာ 33535 Western Ave, Union City, CA 94587
မှာ ရှိပြီး ဖုန်း: (510) 936 – 0939, https://www.onemyanmarcommunity.org/ , Valley Health Center Milpitas, https://scvmc.scvh.org/hospitals-clinics/valley-health-center-milpitas, (408) 885 – 5000 မှာလဲ
Behavioral and dental health ဝန်ဆောင်မှုပေးနေပါတယ်။

“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/