“Burman or Burmese” WHY Burman-American ?

kaiApril 11, 20243min3940

“Burman” is the original name used to refer to the ethnic groups and languages of what is now commonly known as “Burmese.” Prior to British colonization and the First Anglo-Burmese War in 1824, the term “Burman” was commonly used in literature and historical accounts to denote the people and language of the region.

If one were to explore texts predating the First Anglo-Burmese War, they would frequently encounter the term “Burman” rather than “Burmese” in reference to the ethnic groups and their languages. This shift in terminology reflects the colonial influence and subsequent changes in language and identity over time.

Burman အကြောင်း… ဆယ်စုနှစ်ချီ… အကြိမ်ကြိမ်ရေးပြီးသမို့.. ရေးပါဦးမယ်..။

တိုတိုနဲ့.. ရှင်းရှင်းပြောရရင်..

Burman ဆိုတာ.. အခု.. Burmese လို့ခေါ်ခံနေသူများအားလုံးအတွက်.. မူရင်းအမည်ရင်းပါ..။

ရှေးက.. အထူးသဖြင့်.. အင်္ဂလိပ်က…မြန်မာပြည်ကို.. ကိုလိုနီမလုပ်ခင်.. ပထမအင်္ဂလိပ်မြန်မာစစ်မဖြစ်ခင် (၁၈၂၄) အထိ.. Burman ပဲသုံးပြီး.. နောက်ပိုင်းမသိမသာနဲ့… Burmese ကိုသုံးလာတာဖြစ်ပါတယ်..။

အဲဒီခေတ်.. အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့.. စာအုပ်များကို.. Timeline ဆွဲကြည့်ရင်.. Burman ကနေ.. Burmese ပြောင်းသုံးလာတာကို… သိသိသာသာ.. သတိထားမိပါလိ့မ်မယ်..။ ဆရာယုဒသန်ရဲ့.. ၁၉၂၄ ထုတ်.. အင်္ဂလိပ်-မြန်မာအဘိဓာန်အပါအဝင်ပါ..။

၁၉၀၀ ဝန်းကျင်မှာ… Burman/Burmese ကို.. အင်္ဂလိပ်အစိုးရက… မဲကောက်ခံပြီး.. Burman ကိုလုံးဝဖြုတ်ပစ်လို့.. Burmese အစိုးရရုံးသုံး.. လုပ်လိုက်တာဖြစ်ပါတယ်..။

အင်္ဂလိပ်ကဘာကြောင့်ဒီလိုလုပ်သလဲ.. ။ သူတို့အင်္ဂလိပ်စာရဲ..မုလ..လက်တင်ဘာသာစကားမှာအဖြေရှိပါတယ်..။

အမေရိကပြည်နယ်သားတွေ… ဥရောပနိုင်ငံတွေ.. သူတို့လူမျိုးကိုအမည်ပေးရင်… အဆုံးသပ်.. (-ese suffix ) နဲ့မပေးကြပါ.. -ian” “-an” suffix စသဖြင့် သာရှိပါတယ်..။ ( American, Canadian, Brazilian, Russian, Indian, Mexican)

( အီတလီ/စပိန်နဲ့ ရန်သူဖြစ်တဲ့.. ပေါ်တူဂီ တနိုင်ငံတည်းသာ..ချွင်းချက်ရှိ)

ဆိုတော့.. တိုတိုလိုရင်းပြောရရင်… သူတို့ကိုလိုနီပြုချင်တဲ့.. လူမျိုး/နိုင်ငံသားကို.. နှိမ်ချင်ရင်.. နိမ့်ချချင်ရင်.. ချုံ့ချင်ရင်.. (-ese suffix အဆုံးသပ်ပေးလိုက်တာပါပဲ..။

ဒီခေတ်မှာ.. အဲဒါကို.. မေ့ထားကြပါပြီ…။ သူတို့ကမေ့ထားပေမယ့်.. Burmese, Vietnamese, Chinese, Japanese စသဖြင့် … အမည်တွေက.. ကျန်ရစ်ခဲ့..။

အဲလိုနဲ့… Burman က.. Burmese ဖြစ်..။

Burman ဆိုတာ.. ဗမာ လို့မထင်ပါနဲ့.. ။ ဗမာက..Bama, Bamah, Burmah စသဖြင့်ရှိပြီးဖြစ်ပါကြောင်း..။

Burman ဆိုတာ.. မြန်မာတိုင်းရင်းသားအားလုံးကို.. ခြုံခေါ်တဲ့ .. မူလအမည်ဖြစ်ပါကြောင်း..။

အဲဒါကြောင့်.. အမေရိကပြည်ရောက်.. မြန်မာတွေအားလုံး(ဗမာလူမျိုးစုအပါအဝင်.. လူမျိုးစုအားလုံး) ကို.. Burman-American လို့.. ဂုဏ်ယူစွာသုံးပါကြောင်း..။

(( ဗမာ ဆိုတာ.. တို့ဗမာအစည်းအရုံးတည်ထောင်သူ.. သခင်ဗသောင်းတို့အုပ်စုက.. ၁၉၃၀ ဝန်းကျင်မှာ.. တီထွင်ထားတဲ့.. အမည်သာဖြစ်ပါတယ်.. ။ (ပူးတွဲပုံ) ====

“တို့ဗမာ အစည်းအရုံး”ဟူရာ၌ တို့ဗမာပြည်ထဲ၌ရှိသော လူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဓိပ္ပါယ်ဖော်ဆောင်ခြင်း အထိမ်းအ မှတ်အဖြစ် “တို့ဗမာ”ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။ မြန်မာဟူသောစကားမှာ မြန်မာ၊ မာသည် ဟူသော အဓိပါယ်ကို ဆောင် သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်။ အားနည်းသည်။ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြုံ၍ ငုံမိစေရန် “ဗမာ”ဟူသော စကားလုံးကို ရွေးသည်။ အသံထွက် မာကျော ၍ သုံးစွဲသည်။ တဖန် “ဘ”ကုန်းနှင့် “ဘမာ”ဟု မရေးဘဲ “ဗ”လချိုက်နှင့် ရေးခြင်းမှာလည်း “ဘ”သည် ရံဖန်ရံခါ “ဖ”သံထွက်သ ဖြင့် စိတ်မချရသောကြောင့် “ဗ”လချိုက်နှင့် “ဗမာ”ဟု ရေးသည်။ (တို့ဗမာအစည်းအရုံးသမိုင်း၊ ခေတ်သစ်လူငယ်တစုနှင့် တို့ဗမာ ဝါဒအစ၊ စာ ၁၃၃)