MYANMAR GAZETTE NEWSLETTER XVI

kaiApril 10, 20244min12050

California Department of Public Health (CDPH) ၏ သတင်းထုတ်ပြန်ချက်- Pyramid Wholesale ရောင်းချသောလိင်စွမ်းဆောင်မှုအတွက် ဆေးများကို မသောက်ရန် ဒုတိယအကြိမ်သတိပေးခြင်း။
ဧပြီ၉၊ ၂၀၂၄။

CDPH သည် Pyramid Wholesale ရောင်းချသောလိင်စွမ်းဆောင်မှုအတွက်ဆေးများကို မသောက်ရန် ဒုတိယအကြိမ်သတိပေးလိုက်သည်။ နောက်ဆက်တွဲဆေးများသည် ဆေးစာပါမှဝယ်ယူနိုင်သောဆေးများဖြစ်သည့် Sildenafil (Viagra) နှင့်/သို့မဟုတ် Tadalafil (Cialis)တို့ပါဝင်သော်လည်း ပါဝင်ကြောင်း မကြေငြာထားဘဲ သောက်မိပါက နေမကောင်းခြင်း၊ ဒဏ်ရာရခြင်းများနှင့် အသက်ကိုပါထိခိုက်နိုင်သည်။ အဆိုပါဆေးများသည် လိင်စွမ်းဆောင်မှုအတွက်ဖြည့်စွတ်စာဆေးများ dietary supplements အသွင်ဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါဆေးများထဲတွင် ဆေးစာဖြင့်သာဝယ်ယူနိုင်သောဆေးများပါဝင်နေသော်လည်း ပါဝင်ပစ္စည်းများတွင် ဖော်ပြထားခြင်းမရှိချေ။ ထိုဆေးများသည် အင်တာနက်တွင်လဲ ရောင်းချလျက်ရှိသည်။ California Department of Public Health သည် ထိုဆေးများကို စားသုံးသူများဝယ်ယူသောက်ခြင်းကို တားမြစ်လိုက်သည်။ ယနေ့အထိတော့ အသိပေးတိုင်ကြားထားသော ကျန်းမာရေးထိခိုက်မှုများကို မတွေ့ရသေးပါ။

ထိုဆေးများကို တံဆိပ်အမည်၇မျိုးဖြင့် ပုံသဏ္ဍန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးဖြင့် Pyramid Wholesale သည် တဆင့်ပြန်လည်လက်လီဖြန့်ဖြူးမည့်သူများကို California အပြင်အခြားပြည်နယ်များကိုပါရောင်းချလျက်ရှိသည်။ မည်သည့် Lot နံပါတ်ဖြစ်ပါစေ၊ ဆေးဗူးမှာ ရေးထားသောမည်သည့်နေ့စွဲဖြစ်ပါစေ အဆိုပါဆေး၇မျိုးကို မသောက်သင့်ပါ။ CDPH သည် Pyramid Wholesale ဖြင့်ရောင်းချသော အလားတူ ဆေးစာဖြင့်သာဝယ်ယူနိုင်သောဆေးများပါဝင်နေသော်လည်း ပါဝင်ပစ္စည်းများတွင် ဖော်ပြထားခြင်းမရှိသော ဖြည့်စွက်စာ၁၁မျိူးကို မသုံးစွဲသင့်ကြောင်း ယခင်လက သတိပေးကြေငြာခဲ့သေးသည်။ CDPH’s website. တွင် အဆိုပါဆေးအမည်များကိုဖတ်နိုင်ပါသည်။ အဆိုပါဆေးများသောက်ပြီး နေမကောင်းဖြစ်သူများသည် သက်ဆိုင်ရာဆရာဝန်၊ ရောဂါကုသသူများနှင့်တိုင်ပင်ပြသသင့်ပါသည်။ ဈေးကွက်တွင် အဆိုပါဆေးများရောင်းချကြောင်းတွေ့ရှိပါက CDPH Hotline at (800) 495-3232 ကို ဖုန်းခေါ်ပြီးဖြစ်စေ၊ electronic report ဖြင့်ဖြစ်စေ တိုင်ကြားနိုင်သည်။

အဆိုပါဆေးများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်စဉ်အတွင်းမှာ နမူနာပစ္စည်းများစုပြီး ဓာတ်ခွဲခန်းတွင် စစ်ဆေးရာမှ သိရှိခဲ့ခြင်းဖြစ်သည်။ Los Angeles တွင်အခြေစိုက်သော Pyramid Wholesale သည် CDPH, U.S. Food and Drug Administration နှင့် လက်ရှိအတူပေါင်းပြီး အဆိုပါဆေးများကို ဈေးကွက်မှပြန်သိမ်းရန်လုပ်နေပါသည်။ CDPH သည် Pyramid Wholesale ကို နို့တစ်ကြေငြာထုတ်ထားပြီး ဆက်လက်ပြုလုပ်နေသောစုံစမ်းစစ်ဆေးမှုများအရ civil (သို့) criminal penalties များပါဝင်သည့် နောက်ထပ်အရေးယူခံနိုင်ဖွယ်ရလာဒ်များ ဖြစ်လာနိုင်ပါသည်။

ဆေးအမည်များမှာ- (RHINO 69, ဆေးတောင့် Capsule, UPC: 6 38632 42987 8), ( BLACK MAMBA 900K, ဆေးတောင့် Capsule, UPC: 7 28175 42280 8), (BONER BEARS, ဆေးရည်, UPC: 7 87188 89166 7), (B.A.D., ဆေးတောင့် Capsule,
UPC: 3 52873 65123), (SEX ON THE BEACH, ဆေးရည်, UPC: 0 786468 817793), (WICKED HARD HONEY, ဆေးရည်, UPC: 2 89746 51036 7), (LOVE HONEY BLUEBERRY, ဆေးရည်, UPC- မရှိ).

California Department of Public Health (CDPH) ၏ သတင်းထုတ်ပြန်ချက် – လူငယ်များကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံမှုကိုကာကွယ်မည့် “Never a Bother” ကမ်ပိန်း။
မတ်၂၇၊ ၂၀၂၄။

California ပြည်နယ်တွင် လူငယ်များကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းကို တားဆီးကာကွယ်နိုင်မည့်လှုပ်ရှားမှုတခုဖြစ်သော “Never a Bother” Campaign ကို စတင်လိုက်ကြောင်း California Department of Public Health (CDPH) က ၂၀၂၄နှစ်၊ မတ်၂၇တွင် သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ “Never a Bother” သည် California ရှိ လူငယ်များကြားတွင် အာရုံစိုက်သတိပြုမှု၊ အကူအညီပေးမှုနှင့် အရင်းအမြစ်များပိုမိုရရှိစေရန်ုဖြစ်ပြီး youth advisory board အပါအဝင် Californians လူငယ်၄၀၀ကျော်က သူတို့၏အတွေးအမြင်များ၊ ခံစားချက်များနှင့်ကန်ပိန်းလှုပ်ရှားမှု၏ဦးတည်ချက်ကို လမ်းညွှန်ရန်ကူညီခဲ့သည်။ CDPH က စတင်လိုက်သော “Never a Bother” သည် လူငယ်များသေကြောင်းကြံခြင်းမှ တားဆီးကာကွယ်ခြင်းကိုသတိပြုအာရုံစိုက်မိစေရန်နှင့် ကမ်ပိန်းလှုပ်ရှားမှုကို လူငယ်များ၊ အရွယ်ရောက်ပြီးသူလူငယ်များနှင့် မိဘများ၊ caregivers များနှင့် မိတ်ဖက်များထံကို ကမ်ပိန်းလှုပ်ရှားမှု ကမ်းလှမ်းဆက်ဆံနိုင်ရန်ဖြစ်သည်။ ကမ်းပိန်းလှုပ်ရှားမှုကို CDPH’s Office of Suicide Prevention က ကြီးကြပ်သော California လူငယ်များ၏အတွေးအမြင်များနှင့် အတူဖန်တီးထားသည်။

” Californians လူငယ်တွေဟာ စိတ်ကျန်းမာရေးအန္တရာယ်ကို အရင်ဘယ်တုန်းကနဲ့မှ မတူအောင် ရင်ဆိုင်နေရတယ်” ဟု CDPH Director and State Public Health Officer ဖြစ်သူ Dr. Tomás J. Aragón က ပြောခဲ့သည်။ ” စိတ်ကျန်းမာရေးအန္တရာယ်ဟာ နှစ်တွေကြာလာ တာနဲ့အမျှကြီးထားလာနေတဲ့အချိန်မှာ ကမ္ဘာ့ကပ်ရောဂါက ဒီပြဿနာပေါ်ကို မီးမောင်းထိုးပြတယ်။ အထူးသဖြင့် လိုအပ်ချို့တဲ့နေတဲ့ကွန်မြူနတီတွေမှာဖြစ်ပျက်နေတယ်။ ဒီကမ်ပိန်းလှုပ်ရှားမှုဟာ ဒီအန္တရာယ်ကျရောက်မှုကို ပညာရေးတွေ၊ အထောက်အကူပြုပစ္စည်းတွေ၊ အရင်းအမြစ်တွေနဲ့ တိုက်ရိုက်ဖြေရှင်းမှာဖြစ်ပြီး ပြည်နယ်အနှံ့က လူမျိုးစုံလူငယ်တွေက ပူးပေါင်းပါဝင်ပြီးဖန်တီးကြပါတယ်” ဟု ပြောခဲ့သည်။

” Never a Bother ကမ်ပိန်းလှုပ်ရှားမှုဟာ အရေးအကြီးဆုံးအရာတွေကိုသုံးပြီး လူငယ်တွေရဲ့စိတ်ကျန်းမာရေးအန္တရာယ်ကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါဟယ လူငယ်တွေရဲ့အသံတွေပါပဲ ” ဟု First Partner ဖြစ်သူ Jennifer Siebel Newsom က ‌ပြောကြားခဲ့သည်။ ” ကျမတို့နဲ့အတူ ဒီကမ်ပိန်းမှာပူးပေါင်းပါဝင်ကြတဲ့လူငယ်တွေက တန်ဖိုးမဖြစ်နိုင်တဲ့ထိုးထွင်းသိမြင်မှုတွေကို အရင်းအမြစ်တွေ၊ ဗဟုသုတတွေ၊ သူတို့အတွက်လိုအပ်ချက်တွေကိုအကောင်းဆုံးဖြေရှင်းပေးနိုင်မယ့် အထောက်အပံ့တွေအဖြစ်နဲ့ ကမ်ပိန်းမှာပါဝင်ကူကြပါတယ်။ အမေတယောက်အနေနဲ့ ဒီကမ်ပိန်းဟာ လူငယ်တွေရဲ့အတွေးအမြင်တွေနဲ့ထပ်တူကျတာနဲ့ လူငယ်တွေကို သူတို့ဟာ ဘယ်တော့မှ အထီးကျန်မဆန်ဘူး၊ သူတို့ဟာ ဘယ်တော့မှ ဒုက္ခမဟုတ်ဘူးဆိုတာကို သတိပေးဖို့လုပ်ဆောင်ရတာကို ကျမဂုဏ်ယူပါတယ်” လို့ သူမက ဆက်ပြောသည်။

Never a Bother ကို ပြည်နယ်တခုလုံးက လူမျိုးစုံလူငယ်ပေါင်း၄၀၀ကျော်နှင့် လူငယ်များအတွက်ဝန်ဆောင်မှုပေးနေသော လူထုအခြေပြုအဖွဲ့အစည်း၃၄ခုဖြင့်ဖွဲ့စည်းထားသည်။ Center at Sierra Health Foundation ၏ ပံ့ပိုးမှုဖြင့် ထိုအဖွဲ့အစည်းအားလုံးသည် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းကို ကာကွယ်ရေးစတင်ခြင်းများကို အတူလက်တွဲပြီးလုပ်ဆောင်ကြသည်။ အသေးစိတ်သုတေသနပြုမှုများမှရရှိလာသော ထိုးထွင်းသိမြင်မှုများ၊ ဦးတည်အာရုံထားသောအုပ်စုများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကိုနားထောင်ခြင်းတို့ကို Never a Bother ကမ်ပိန်း၏ မူဝါဒနှင့် အတွေးအခေါ်တွင် ပါဝင်စေခဲ့သည်။

၂၀၁၈နှင့် ၂၀၂၂ခုနှစ်အတွင်း California ရှိ အသက်၁၀နှစ်နှင့် ၂၅နှစ်ကြားလူငယ်များတွင် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းသည် သေဆုံးရခြင်းအကြောင်းရင်းများတွင် ဒုတိယနေရာ၌ရှိနေခဲ့သည်။ အသက်၁၀နှစ်မှ၁၈နှစ်အတွင်းလူငယ်များသေကြောင်းကြံခြင်းသည် ၂၀၁၉မှ၂၀၂၀ထိ ၂၀% မြင့်တက်ခဲ့သည်။ “Never a Bother” ၏ အတွေးအမြင်သီအိုရီကို လူငယ်များက ရွေးချယ်ခြင်းဖြစ်ပြီး အကြောင်းရင်းမှာ လက်လှမ်းမီရန်သင်္ကေတများနှင့်ဘာသာစကားပါဝင်သော ကမ်ပိန်း၏အသွင်အပြင်နှင့်ခံစားမှုကို ဖိတ်ခေါ်ရန်နှင့်ကြိုဆိုရန်ဖြစ်သည်။ ကမ်ပိန်းသည် မိမိတို့၏ခံစားချက်များသည်တခြားသူများအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေလိုသောလူငယ်များ၏ခံစားချက်များနှင့် ထပ်တူပင်ဖြစ်သည်။ သူတို့သည် ဘယ်သောခါကမျှ ဒုက္ခမဟုတ်ခြင်း။ ဘယ်ပြဿနာကမှ မသေးငယ်ခြင်းနှင့် မိမိကိုယ်ကိုယ်သတ်သေခြင်းအန္တရာယ် မကျရောက်မီ၊ ကျရောက်နေစဉ်ကာလများနှင့် ကျရောက်ပြီးကာလများမှာ တယောက်နှင့်တယောက် တိုင်ပင်နိုင်ရန်စသော ၎င်းတို့၏လိုအပ်ချက်များကို ပြောပြသည်။

” ကျနော်တို့ဟာ ကျနော်တို့ရဲ့လူငယ်တွေရဲ့အနာဂတ်နဲ့သူတို့ရဲ့စိတ်ကျန်းမာရေးကို ဆက်ပြီး ဦးစားပေးသွားမယ်။ ကျနော်တို့ရဲ့ စိတ်ကျန်းမာရေးစနစ်ကို ပီပီပြင်ပြင်နဲ့အလွှာအထပ်ထပ်နဲ့ ပြန်လည်မွမ်းမံမယ့်နေရာမှာ California ဟာ ဆက်ပြီး ရင်းနှီးမြှုပ်နှံနေဦးမယ်” ဟု Dr. Aragón က ဆိုသည်။ ဒီကမ်ပိန်းဟာ ကျနော်တို့ရဲ့လူငယ်တွေကို တကယ့်ကိုနားထောင်ပြီး အလိုအပ်ဆုံးသူတွေရဲ့လက်ထဲကို အရောက် အရင်းအမြစ်တွေကို ထည့်ပေးမှာဖြစ်ပါတယ်” ဟုဆက်ပြောသည်။

“Never a Bother” ကမ်ပိန်းသည် California ရှိ အသက်၂၅နှစ်ထိ လူငယ်များထံရောက်နိုင်ဖို့ ပုံမှန်ကြေငြာများ၊ လူမှုကွန်ယက်များနှင့် လူထုထံကမ်းလှမ်းဆက်သွယ်နိုင်မည့်မူဝါဒများချမှတ်ထားသည်။ မိမိကိုယ်ကိုယ်သေကြောင်းကြံသည့်ကိစ္စများ အချိုးမမျှစွာဖြစ်ပေါ်နေသည့် လူငယ်ထု၊ အရင်းအမြစ်နှင့်အကူအညီရရန် အတားအဆီးများရှိနေသည့် လူငယ်ထုများကို အဓိကထားသည်။ နောက်ဆက်တွဲအနေဖြင့် စိတ်ကျန်းမာရေးနှင့်/ သို့မဟုတ် မူးယစ်ဆေးစွဲခြင်းစိန်ခေါ်မှုများကြုံတွေ့နေရသော နှင့်/ သို့မဟုတ် foster care system. ၏ သက်ရောက်မှုရှိပြီး 2SLGBTQIA+ ဟုသတ်မှတ်ထားသောလူငယ်များအတွက်လည်း အဓိကထားပါသည်။ ကမ်ပိန်းသည် မိမိကိုယ်မိမိသေကြောင်းကြံစည်မည့် ရှေ့ပြေးလက္ခဏာများ၊ Crisis lines နှင့် အခြားလိုအပ်သောအရင်း အမြစ်များကို လူငယ်များ၊ အရွယ်မရောက်သေးသူများနှင့် caregivers များက သတိထားမိစေရန်နှင့် ဗဟုသုတများစေရန်ဆောင်ရွက်ပေးမည်။ မိဘများနှင့် caregivers များသည် မိမိကိုယ်မိမိသေကြောင်းကြံစည်မည့် ရှေ့ပြေးလက္ခဏာများကိုသတိထားနိုင်စွမ်းနှင့်လိုအပ်သော ကြားဝင်တားဆီးနိုင်စွမ်းများ ပိုမိုရှိနိုင်စေရန် ဆောင်ရွက်မည်။ မိမိကိုယ်မိမိသေကြောင်းကြံစည်ခြင်းသည် တဦးချင်း၊ မိသားစုများ၊ ကျောင်းများနှင့်ကွန်မြူနတီများပါ အဆင့်ဆင့်ပူးပေါင်းပါဝင်အဖြေရှာရန်လိုအပ်သည့် ရှုပ်ထွေးသောပြဿနာဖြစ်သည်။ တခုချင်းစီသည် အဖြေ၏တစိတ်တဒေသများဖြစ်ကြသည်။ မိမိကိုယ်ကိုယ်သတ်သေခြင်းအန္တရာယ် မကျရောက်မီ၊ ကျရောက်နေစဉ်ကာလများနှင့် ကျရောက်ပြီးကာလများမှာ သင်သည် ကိုယ့်ကိုယ်ကိုယ်၊ သူငယ်ချင်းကို၊ သို့မဟုတ် သင်တာဝန်ယူထိန်းနေသောလူငယ်ကို ဘယ်လိုကူညီနိုင်မလဲဆိုတာကို သင်ယူပါ။ သင်၏သူငယ်ချင်းကို၊ သို့မဟုတ် သင်တာဝန်ယူထိန်းနေသောလူငယ်ကို သူတို့ဟာ ဘယ်တုန်းကမှ ဒုက္ခမဟုတ်ကြောင်းပြောပြီး သူတို့လိုတဲ့အခါမှာ အကူအညီရနိုင်ဖို့ အားပေးပါ။ သင့်မှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံမယ့်အတွေးများဝင်လာတဲ့အခါမှာ သင်ဟာ တယောက်ထဲမဟုတ်ပါ။ Suicide & Crisis Lifeline (24/7) နံပါတ် 988 ကိုဖုန်းခေါ်ပါ။ စာတိုပို့ပါ။

“Never a Bother” Campaign သည် Kids’ Mental Health and the California Health and Human Services Agency’s Children and Youth Behavioral Health Initiative (CYBHI) အတွက် Governor Gavin Newsom ၏ Master Plan ဖြစ်သည်။

“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/