California Senator Alex Padilla ရေးဆွဲသော ” VISIBLE ACT ” နှင့် လက်ရှိနိုင်ငံ့အခြေအနေများအတွက် ဆွေးနွေးခြင်းများ – by SweSwe Aye
ဇူလိုင် ၁၄၊ ၂၀၂၅- California Senator Alex Padilla သည် American Community Media အပါအဝင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ပြီး လက်ရှိဖြစ်ပျက်နေသော နိုင်ငံအခြေအနေများနှင့်မေးခွန်းများကို ဖြေကြားခဲ့သည်။ Senator Padilla သည် ၂၀၀၆ခုနှစ်တွင် State Senator ၂၀၁၅ နှင့် ၂၀၁၈တို့တွင် California’s first Latino Secretary of State တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂၀၂၀တွင် US Senate တွင်နေရာရကာ ၂၀၂၁၊ ဇန်နဝါရီ၂၀မှစပြီး California Senator အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသည်။ Homeland Security Secretary Kristi Noem ၏ ဇွန်၁၂၊ ၂၀၂၅ က Los Angeles Federal Building တွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် မေးခွန်းမေးသော Senator Alex Padilla ကို Federal agents များက အခန်းပြင်ကိုတွန်းထုတ်ကာ၊ လက်ထိပ်ခပ်ပြီး၊ ကြမ်းပြင်ပေါ်တွန်းချခဲ့သည်။ ” ကျနော့်ကို ရှင်းပြတာမရှိဘဲ လက်ထိပ်ခတ်တယ်။ ထိန်းသိမ်းတယ်။ ဘာလို့လဲလို့ ထပ်ခါထပ်ခါ မေးခွန်းမေးတယ်။ အဖြေမရှိဘူး။ ဗွီဒီယိုမှတ်တမ်းတွေရှိနေတာကို ကျေးဇူးတင်ရတယ်” ဟုဆိုသည်။
” VISIBLE ACT “
လက်ရှိအုပ်ချုပ်ရေးအသစ်၏ မူဝါဒသစ်များတွင် တရားမဝင်နေထိုင်သူများကို ဖမ်းဆီးကာ မိခင်နိုင်ငံပြန်ပို့ရေးအတွက် ICE အပါအဝင် federal agents များသည် လူများကို ဖမ်းဆီးသောအခါတွင် နံပါတ်ပြားမပါသောအိမ်စီးကားများဖြင့်ဖမ်းဆီးခြင်း၊ မျက်နှာကို အဝတ်များစည်းကာ မည်သူမည်ဝါမှန်းမသိအောင် ရုပ်ကိုဖုံးခြင်း၊ တရားဝင်ဝန်ထမ်းဟုတ်၊ မဟုတ် Identification မရှိခြင်းများကြောင့် လူအများမှာစိုး၇ိမ်ထိတ်လန့်နေရပြီး ICE နှင့် federal agents အယောင်ဆောင်ပြီး ရာဇဝတ်မှုကျူးလွန်သူများလဲ ရှိနေကြသည်။ ” ICE တွေက သူတို့ကိုယ်သူတို့ဘယ်သူမှန်းသိအောင်လုပ်ဖို့ မလိုအပ်ဘူးဆိုတော့ ဒီလို ICE ယောင်ဆောင်ပြီး ပြန်ပေးဆွဲတာ၊ လိင်အကြမ်းဖက်တာ၊ ခိုးဆိုးလုယက်၊ ဓားပြတိုက်တာတွေလုပ်ဖို့ အလွန်လွယ်နေပြီး ပြည်သူလူထုလုံခြုံရေးအတွက် ဧရာမစိတ်ပူစရာပါပဲ” ဟု Senator Alex Padilla က ဆိုသည်။ ထို့ကြောင့် ICE နှင့် federal agents များသည် လူကြားထဲတွင် စစ်ဆင်ရေးများ၊ တာဝန်ထမ်းဆောင်ခြင်းများပြုလုပ်သည့်အခါ သက်ဆိုင်ရာဝန်ထမ်းများဖြစ်ကြောင်းသိသာထင်ရှားအောင်ဖော်ပြရမည့် Senator Alex Padilla က ဦးဆောင်ပြီး ” VISIBLE ACT ” ဥပဒေမူကြမ်းကို အထက်လွှတ်တော်တွင် တင်သွင်းခဲ့သည်။ ” ဒီဥပဒေမူကြမ်းက အထူးအဆန်းတော့မဟုတ်ပါဘူး။ federal law enforcement agencies တွေဟာလိုအပ်တဲ့ Identification ရှိရပါမယ်။ ဒီဥပဒေမူကြမ်းမှာထည့်ရေးထားတာက သူတို့နာမည်ကို ကတ်ပြားမှာတပ်စရာမလိုပါဘူး။ badge number တော့ပါ၇မယ်”
ပြည်နယ်ဥပဒေနှင့် ဖယ်ဒရယ်အစိုးရ၏အမိန့်ပဋိပက္ခများ ကြား သဟဇာတဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ခြင်း။။
California ဒေသတွင်းရဲများနှင့် sheriff များ သည် California ဥပဒေများနင့် မူဝါဒများကို လိုက်နာရန်လိုအပ်ကြောင်းကို Senator Padilla က ပြောကြားခဲ့သည်။ ” sanctuary policy, sanctuary cities, sanctuary states တွေအကြောင်းကိုပြောကြတယ်။ နှစ်ဘက်စလုံးက ကျနော်နဲ့လုပ်ဖော်ကိုင်ဖက်တွေကို သတိပေးချင်တာကက “sanctuary” ဆိုတာ ဘာကိုဆိုလိုတာလဲနဲ့၊ ဘာကို မဆိုလိုတာလဲဆိုတာကိုပြောချင်တယ်။ “sanctuary” ဆိုတာဟာ California ကို federal immigration law နဲ့အရေးယူဖို့ federal government ကလာလို့မရဘူးလို့ဆိုလိုချင်တာလား။ ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ “sanctuary” ဆိုတာက California က သူ့ရဲ့အရင်းအမြစ်တွေကို ဖယ်ဒရယ်အစိုးရအတွက်လို့ ကတိကဝတ်ပြုမထားခြင်းဖြစ်တယ်။ ကျနော်တို့က ဖယ်ဒရယ်အစိုးရအလုပ်ကို မလုပ်ပါဘူး။ ဒါ့ကြောင့် ပူးပေါင်း၊ ညှှှိုုနှိုင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ပြည်နယ်ဥပဒေကို မလိုက်နာတဲ့အဖြစ်အပျက်မျိူးက ဒေသတွင်းမှာ မဖြစ်ပျက်သင့်ဘူးမဟုတ်လား” ဟု ပြည်နယ်ဥပဒေနှင့် ဖယ်ဒရယ်အစိုးရ၏အမိန့်ပဋိပက္ခများကို ပြောကြားခဲ့သည်။
ကွန်ဂရက်တခုလုံးတွင် Democratic majority ဖြစ်ရန်အတွက် ကြိုးစားနေကြခြင်း။
အထက်လွှတ်တော်(သို့မဟုတ်) အောက်လွှတ်တော်(သို့မဟုတ်) ကွန်ဂရက်တခုလုံးတွင် Republican majority က ပုံမှန်လုပ်ရိုးလုပ်စဉ်ကြားနာပွဲဖြစ်သော(formal committee hearing) “Oversight hearing” ကိုသာလုပ်ချင်ပြီး Democratic senators များက သတင်းအချက်အလက်များနင့် data များကို ဌာနမျိုုးစုံနှင့် အေဂျင်စီမျိုးစုံတို့မှ စုဆောင်းကာ မေးခွန်းများမေးမည်ဖြစ်သည်။ ခေါင်းစဉ်များကိုရွေးချယ်ကာ ကျွမ်းကျင်သူများကို ထွက်ဆိုခိုင်းကာ မေးခွန်းများကိုဖြေခိုင်းပြီး Republicans များက သဘောမတူသော သမားရိုးကျမဟုတ်သောကြားနာမှုပြုလုပ်ပြီး ထိုကြားနာပွဲသည် စိန်ခေါ်မှုများ၏အစိတ်အပိုင်းမျာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ” ကျနော်တို့က ကျနော်တို့လုပ်နိုင်တာတွေကို အခုလောလောဆယ်လုပ်နေသမျှအားလုံးကိုလုပ်နေကြတာဟာ midterm elections မှာ အပြောင်းအလဲဖြစ်လာဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်”
နေထိုင်ခွင့်နှင့်ပတ်သက်ပြီး အဖမ်းအဆီးခံရပါက လုပ်ဆောင်ရန်။
လုပ်ငန်းခွင်များမှာ နေထိုင်ခွင့်နှင့်ပတ်သက်ပြီး အဖမ်းအဆီးခံရပါက၊ အဖမ်းအဆီးခံရသူများ မည်သည့်နေရာတွင်ရှိနေသလဲနှင့် စာရင်းထဲရှိ၊ မရှိသိရန်အတွက် ” အဓိကအနေနဲ့ ကျနော်တို့ ရုံးတွေ၊ congressional ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ပါ။ ဘယ်သူဘယ်ဝါတွေကို ကျနော်တို့ရှာနေတယ်ဆိုတာကိုပိုသိလေ၊ ဘယ်သူက အချုပ်ထဲရှိနေတယ်၊ ဘယ်နေရာအချုပ်မှာလဲဆိုတာကို ဆက်ပြီးစုံစမ်းနိုင်ပြီး ပိုအာရုံစိုက်မှုရမည်။ နာမည်စာရင်းကို ထုတ်ပေးဖို့နဲ့ လူသားဆန်ဆန် ဆက်ဆံမှုတွေရဖို့ ကူညီပေးနိုင်မယ်။” ဟု Senator Padilla က ပြောကြားခဲ့သည်။ Senator Padilla သည် ၂၀၂၅ခုနှစ် တွင် Guantanamo Bay ရှိ ထိန်းသိမ်းရေးစခန်း(detention center) သို့ အဦးဆုံးသွားရောက်ခဲ့သူများထဲတွင်ပါဝင်ပြီး US တွင်သာမက တိုင်းပြည်ပြင်ပရှိ detention centers များသို့ သွားရောက်ရန်စီစဉ်ထားသည်။ ” ကျနော်တို့က အခြေအနေအမှန်တွေကိုပဲသိချင်တာပါ။ ကျနော်တို့လာမယ်ဆိုတာသိတဲ့အတွက် သန့်၇ျင်းထားတာတွေမလိုပါဘူး။ အစစအရာရာက ဖယ်ဒရယ်ဥပဒေနုဲ့ဖယ်ဒရယ်စံနဲ့ ညီအောင်လုပ်ရမှာပါ” ဟု Senator Padilla က ဆိုသည်။
အမေရိကန်နိုင်ငံသားကို နိုင်ငံသားအဖြစ်က ၇ပ်စဲခြင်း။
သမ္မတ Trump သည် ဟာသအနုပညာရှင် Rosie O’Donnell ၏နိုင်ငံသားကို ရပ်စဲမည်ဟုခြိမ်းခြောက်ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံသားများကိုပင် သမ္မတက နိုင်ငံသားအဖြစ်မှရပ်စဲခြင်းသည် ဒီမိုကရေစီနင့်ဆန့်ကျင်နေသဖြင့် လူအများကြားမေးခွန်းထုတ်စရာဖြစ်နေသည်။ ” သမ္မတက သူပြောချင်တာတွေပြောမယ်။ လုပ်ချင်တာတွေကိုလုပ်ဖို့ကြိုးစားနေမယ်။ သူက နိုင်ငံသားတွေကို နိုင်ငံသားဖြစ်မှုကနေရပ်စဲပစ်လို့ရမယ်လို့ ကျနော်ထင်လား။ ကျနော်အထင်ပါဘူး။ ဒီကိစ္စက အစွန်းရောက်၊ အစွန်းရောက်၊ အစွန်းရောက် နည်းဗျုဟာဖြစ်တယ်။ ဥပဒေဖောက်ဖျက်ခြင်းသာမကဘဲ Constitution ကိုပါဖောက်ဖျက်နေတယ်ဆိုတာ အသိသာကြီးပါပဲ”
Republicans များ၏ ဥပဒေအတည်ပြုခံရခြင်းနှင့် အကျိုးဆက်များ။
Senator Padilla က သမ္မတ Trump ဒုတိယသက်တမ်းအုပ်ချုပ်ရေးကာလသည် ခြိမ်းခြောက်မှုများ၊ ဥပဒေရေးရာတိုက်ခိုက်မှုများနှင့် ဘတ်ဂျက်ဖြတ်တောက်ခြင်းများ၊ လူအစုလိုက်အပြုံလိုက် မိခင်နိုင်ငံကို ပြန်ပို့ခြင်းများအကြောင်းကို ဆွေးနွေးခဲ့သည်။ ‘Trump နဲ့ Republicans တွေက လွှတ်တော်မှာ အတည်ပြုလိုက်တော့ လူချမ်းသာတွေကို အခွန်လျော့ပေးတယ်။ Medicaid နဲ nutritional assistance programs တွေကိုဖြတ်တော့ အမေရိကန်၁၇မီလျံ Medicaid ကျန်းမာရေးအာမခံဆုံးရှုံးမယ်။ clean energy transition အတွက်ဘတ်ဂျက်ကိုဖြတ်ပြီး $170 billions ကို လူတွေကိုပြန်ပို့တဲ့နေရာတွေမှာသုံးဖို့ ဘတ်ဂျက်လျာထားတယ။ ဒါတွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး အဖမ်းအဆီးတွေနဲ့ ပြန်ပို့တာတွေကို ပိုအရှိန်တက်အောင်လုပ်နေခြင်းသာဖြစ်တယ်။” ဟု Senator Alex Padilla က ဆွေးနွေးခဲ့သည်။
မဲဆန္ဒရှင်များအတွက်စကား။
California သည် အာရှ၊ ဥ၇ောပ၊ အာဖရိကန်၊ လက်တီနို စသောလူမျိုးပေါင်းစုံနေထိုင်ရာဖြစ်ပြီး know your rights ရန်အရေးကြီးပုံကို Senator Padilla က အလေးပေးပြောကြားခဲ့သည်။ ” ဘယ်လို နေထိုင်ခွင့်နဲ့ပဲ ခင်ဗျားတို့ နေနေ၊ US မှာ ရှိနေတဲ့လူတိုင်းမှာ due process rights ကို ခင်ဗျားတို့ ရပိုင်ခွင့်ရှိတယ်။ အသိအမှတ်ပြုခံပါ။ ဥပမာ ICE agent ကို ခင်ဗျားတို့စကားပြန်ပြောစရာမလိုဘူး။ သူတို့မှာ ဝရမ်းပါမလာရင် ခင်ဗျားဟာ ဘာစာရွက်မှာမှ လက်မှတ်မထိုးခင် ခင်ဗျားရှေ့နေနဲ့အရင် စကားပြောဆွေးနွေးပိုင်ခွင့်ရှိတယ်။ ဒါတွေက အခြေခံအချက်တွေပဲ” ဥပဒေရေးရာအကြံပေးနင့်အကူအညီပေးသော advocacy အဖွဲ့များရှိကြောင်းကို သတိပေးခဲ့သည်။ ” ဒါတွေက ရေတိုလုပ်ရမှာပေါ့။ mid-term election မှာ မဲပေးပိုင်ခွင့် ရှိသူတွေကို register မဲဆန္ဒရှင်မှတ်ပုံတင်ကြဖို့၊ မဲပေးကြဖို့ တိုက်တွန်းပါ” ဟု Senator Padilla က အဓိကထယားပြောကြားခဲ့သည်။ ” ကျနော်တို့ ယုံကြည်မှု မပျက်နိုင်ဘူး မဟုတ်လား။ ဒီတိုင်းပြည်နဲ့ ကျနော်တို့ဒီမိုကရေစီက တိုက်ပွဲဝင်ရကျိုးနပ်ပြီမို့လို့ ပြောတာပါ။ ဒါ့ကြောင့် ကျနော်လုပ်ရမယ့်အရာတွေကို ကျနော်လုပ်နေတာပါ။”
