kaiDecember 11, 20254min590
by SweSwe Aye Immigrants များ လက်ရှိ ရင်ဆိုင်နေရသော နေထိုင်ခွင့်ဆိုင်ရာအကျဥ်းအကျပ်များနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်း၏ တရား၀င်နေထိုင်ခွင့်ကို တရားမ၀င်ခြင်းအဖြစ်သို့ ပြောင်းလဲပစ်ပုံများနှင့်ပတ်သက်ပြီး နေထိုင်ခွင့်ကိစ္စများကို တရားရုံးမှာအဆုံးအဖြတ်ပေးသောတရားသူကြီးများ၊ ရှေ့နေများ၊ ဥပဒေပညာရှင်များ၏ အမြင်ဆွေးနွေးပွဲကို American Community Media က ဦးစီးပြီး ဒီဇင်ဘာ ၅၊ ၂၀၂၅ က ကျင်းပခဲ့ရာ Pilar Marrero ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁။ Legally ရောက်လာတယ်ဆိုတာဘာလဲ။ Green card, နိုင်ငံသားမဟုတ်ပါဘဲ နိုင်ငံသားဖြစ်ရန်လမ်းကြောင်းမှာ ရှိနေသူတွေ ဥပမာ- work permits နဲ့နေသူများ၊ TPS, Parole နဲ့ နိုင်ငံတွင်းဝင်လာသူတွေ၊ DACA (Deferred Action for Childhood Arrivals) များသည် ဥပဒေနဲ့အညီ […]


kaiDecember 3, 20256min5630
By SweSwe Aye ၂၀၂၆ ခုနှစ်သည် အမေရိကား၏ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှုနှင့် တတ်နိုင်မှုအတွက် ဆိုးရွားသော အပြောင်းအလဲများ ယူဆောင်လာရန် အသင့်ဖြစ်နေသည်။ ယင်းအပြောင်းအလဲများသည် Medicare နှင့် Medicaid အစီအစဉ်များ၏ ဘတ်ဂျက်ကို ကြီးမားစွာ ဖြတ်တောက်ခြင်း၊ အကျိုးခံစားခွင့်ရှိသူများအတွက် စည်းမျဉ်းအသစ်များ ချမှတ်ခြင်း နှင့် Affordable Care Act (ACA) ၏ အဓိက ထောက်ပံ့ကြေးများ (key subsidies) သက်တမ်းကုန်ဆုံးခြင်းတို့ကြောင့် ဖြစ်သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး American Community Media က နိုဝင်ဘာ ၂၁၊ ၂၀၂၅ တွင် ဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့ရာ- တို့က ဦးဆောင်ဟောပြောခဲ့ကြပြီး Sunita Sohrabji က ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးသူ […]


kaiDecember 2, 20255min3350
🌊 အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဆူနာမီ (နိုဝင်ဘာ ၂၀၂၅) ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် တဖြည်းဖြည်း ရေချိန်တက်လာခဲ့သည့် သမ္မတထရမ့်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပေါ်လစီများသည် နိုဝင်ဘာ ၂၁ ရက် (သောကြာနေ့) မှစ၍ ရုတ်တရက် ဆူနမိလို ဖြစ်ပွားလာခဲ့သည်။ သမ္မတထရမ့်၏ ဒုတိယအုပ်ချုပ်ရေးလက်ထက်တွင် အမေရိကားရောက် နိုင်ငံခြားသားများ၊ Refugee/ပြောင်းခိုသူများ၊ Asylee/ခိုလှုံခွင့်ရှာသူများနှင့် မြန်မာနိုင်ငံသားများအပေါ် လျင်မြန်စွာ သက်ရောက်လာသည့် ဖိအားပေးမှုများကို လက်ဝှေ့စကားဖြင့် ဆိုရလျှင် “ဘယ်ညာ ဝိုက်လက်သီး၊ ပင့်လက်သီး၊ ဖြောင့်လက်သီး၊ ကန်ကြောက်၊ ဖိထောင်း” ဟုပင် တပ်နိုင်ပေသည်။ ကြို၍ရေးထားသည်လော? နှင့် သူ၏ပေါက်ကြားမီမို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် (သောကြာနေ့) တွင် USCIS […]


kaiNovember 30, 20254min16100
by SweSwe Aye/Myanmar Gazette Los Angeles, California — လူမျိုးစုများ အတူယှဉ်တွဲနေထိုင်လျက်ရှိသော Los Angeles (လော့စ်အိန်ဂျယ်လိစ်) သည် သဘာဝ ပတ်ဝန်းကျင် လက်လှမ်းမီမှုနှင့် ပတ်သက်၍ ကွဲပြားနေသော မြို့တစ်မြို့ ဖြစ်သည်။ စစ်တမ်းအရ Angelenos တစ်သန်းနီးပါး (အများအားဖြင့် လူမျိုးစုံ၊ လူမည်း၊ လက်တီနိုနှင့် ဝင်ငွေနည်းသူများ) သည် လမ်းလျှောက်ချိန် ၁၀မိနစ် အကွာအဝေးအတွင်း ပန်းခြံမရှိကြောင်း တွေ့ရှိခဲ့သည်။ ဤထင်ရှားသော ကွဲလွဲချက်ကို ဆွေးနွေးတိုင်ပင်ရန် လူမျိုးစုများ၏ လူထုအခြေပြုအဖွဲ့အစည်းများ၊ သတင်းဌာနများနှင့် community ခေါင်းဆောင်များကို စုစည်းတက်ရောက်သော Urban green space ဆိုင်ရာ စကားဝိုင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀၊ ၂၀၂၅ က LA […]


kaiNovember 30, 20257min3750
ယခုလတွင် မြန်မာလူငယ်လေးများကို ဒုက္ခတွင်းကြီးထဲသို့ တွန်းပို့နေသည့် အရက်၊ မူးယစ်ဆေးနှင့် လောင်းကစားကိစ္စများကြောင့် အရေးပေါ်ကိစ္စများနှင့် ကြုံတွေ့လာခဲ့လျှင် လိုအပ်သည့် အကူအညီ ရယူနိုင်ရန် သိထားသင့်သည့် အကြောင်းအရာလေးများကို ဖေါ်ပြပေးမည် ဖြစ်ပါသည်။ အရက်သေစာကို မြန်မာပြည်၌ရော US ၌ပါ Social drinking ဟု ဆိုအပ်သော အပေါင်းအပါများနှင့် တခါတရံ သောက်ခြင်းကို အများစုက လက်ခံအားပေးကြပါသည်။ တချိန်က မြန်မာအမျိုးသားများသာ သောက်ခဲ့ကြသော်လည်း ယနေ့ မြန်မာအမျိုးသမီးအချို့ပင် သောက်သုံးလာတာ တွေ့ရပါသည်။ အရက်ကြောင့် အပေါင်းအသင်းများနှင့် တွေ့ဆုံပျော်ကြရသဖြင့် အကျိုးအမြတ်ပင်ရှိကြောင်း အချို့သိပ္ပံပညာရှင်များက ဆိုကြပါသည်။ Social dinking can offer benefits like enhanced social bonding, reduced stress, and increased […]


kaiNovember 6, 20255min23230
By SweSwe Aye အမေရိကန် မိသားစု သန်း ၄၂ သန်း အပေါ် ချက်ချင်းနှင့် ရေရှည် သက်ရောက်မှုများ နိုဝင်ဘာလ ၁ ရက်နေ့ မှ စတင်ကာ အမေရိကန်ပြည်ထောင်စု၏ ဖြည့်စွက် အာဟာရ ထောက်ပံ့ရေး အစီအစဉ် (Supplemental Nutrition Assistance Program – SNAP) သည် ဖက်ဒရယ် အစိုးရ ရပ်ဆိုင်းမှု (shutdown) ကြောင့် ရန်ပုံငွေ အထောက်အပံ့ ရပ်တန့်သွားခဲ့ရာ၊ တစ်နိုင်ငံလုံးရှိ မိသားစု သန်း ၄၂ သန်း တို့သည် အသက်ရှင်ရေးအတွက် အရေးကြီးသော အစားအစာ အထောက်အပံ့များ ဆုံးရှုံးသွားမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ SNAP ရပ်တန့်ခြင်းနှင့်ပတ်သက်ပြီး American Community Media […]


kaiOctober 31, 20251min25410
မြေရှားသတ္တုတွဲများသည် ကမ္ဘာ့အဓိကအာဏာ/ပါဝါ ဗဟိုချက်ဖြစ်လာခဲ့ပေပြီ။ ဤခေတ်သစ်တွင် ရုပ်ကျွင်းလောင်စာ ရေနံသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍတွင် အရေးကြီးဆဲဖြစ်သော်လည်း AI သုံး GPU, ချစ်ပ်များ၊ လက်နက်စနစ် (ဥပမာ- Neodymium နှင့် Dysprosium သုံးသော ဒုံးပျံလမ်းညွှန်စနစ်)၊ ဘက်ထရီများနှင့် ကွန်ပျူတာချစ်ပ်များတွင် မရှိမဖြစ်လိုအပ်သော မြေရှားသတ္တုတွဲများ (Rare Earth Minerals – REMs) သည် ကမ္ဘာ့အာဏာ/ပါဝါ၏ ခေါင်းကိုင်အဖြစ်သို့တက်ရောက်လာသည်။ချိုင်းနားနိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှု၏ ၇၀% နီးပါး နှင့် သန့်စင်ထုတ်လုပ်မှု၏ ၉၀% ကျော် ကို ချုပ်ကိုင်ထားရာ၊ ၎င်းတို့ဖြင့် အမေရိကား၏ ကုန်သွယ်စီးပွားစစ်၌ တန်ပြန်ကစားနေခြင်းသည် လွန်စွာ ထိရောက်နေလေသည်။ အထူးသဖြင့် အောက်တိုဘာလကုန် သမ္မတဒေါ်နယ်လ် ထရမ့်၏ လက်ရှိ အရှေ့တောင်နှင့် အရှေ့အာရှခရီးစဉ်က ဤအခြေအနေကို […]


kaiOctober 30, 20254min19730
by SweSwe Aye ရွှေ့ပြောင်းနေထိုင်ခြင်း၊ နိုင်ငံဟောင်းကို ခွဲခွာရခြင်း၊ မရေရာမသေချာမှုနှင့် တိုင်းပြည်အသစ်မှာ ပြန်လည်စတင်ခြင်းတို့၏ အခက်အခဲများစွာကြားတွင် ရွှေ့ပြောင်းမိသားစုများသည် ၎င်းတို့၏ကလေးများ၏ ပညာရေးတွင် မျှော်လင့်ချက်ကို မကြာခဏ ရှာဖွေတွေ့ရှိလေ့ရှိသည်။ Now We Are Here: Family Migration, Children’s Education, and Dreams for a Better Life စာအုပ်တွင် Gabrielle Oliveira၊ Harvard Graduate School of Education မှ Jorge Paulo Lemann Associate Professor of Education and Brazil Studies က မိဘများသည် ကျောင်းပညာရေးကို “ချစ်ခြင်းမေတ္တာအမျိုးအစားငွေကြေး” အဖြစ်၊ ၎င်းတို့၏ကလေးများအတွက် […]


kaiOctober 29, 20255min10230
အရေးပေါ်သုံး အင်္ဂလိပ်စာ (၁၀) ယခုလတွင် November 25 ၌ အမှန်တကယ်ပင် အရေးပေါ်အဖြစ်နှင့် ကြုံတွေ့ရမည့် အမေရိကနိုင်ငံရောက် မြန်မာလူမျိုးအချို့အတွက် အထောက်အကူဖြစ်စေမည့် information လေးများ၊ expression လေးများကို ဖော်ပြပေးမည် ဖြစ်ပါသည်။ လက်ရှိ အမေရိကန်နိုင်ငံတွင် TPS ခေါ် Temporary Protected Status ဖြင့် နေထိုင်နေသော မြန်မာလူမျိုး ၈ထောင်ကျော် ရှိသည်ဟု သိရပါသည်။ Temporary Protected Status မှာ တစ်နှစ်လျှင် တစ်ကြိမ် ပြန်လည်သက်တမ်းတိုးနေရသော Visa မျိုးဖြစ်ပါသည်။ မြန်မာစစ်အစိုးရ၏ မင်းမဲ့စရိုက် ဆောင်ရွက်ချက်များကြောင့်၎င်း၊ မဆုံးနိုင်သော ပြည်တွင်းစစ်ကြောင့်၎င်း၊ Biden Administration က မေတ္တာဖြင့် ဂရုဏာဖြင့် အမေရိကားရောက် မြန်မာများအတွက် Temporary Protected […]


kaiOctober 24, 20254min9160
ယခုလာမည့် နိုဝင်ဘာ ၄၊ ၂၀၂၅ တွင် California ပြည်နယ်တခုလုံးမှာ California’s November 4 special election ရှိပါသည်။ ထို ရွေးကောက်ပွဲမှာ ပြည်နယ်တွင်း မဲဆန္ဒနယ် နယ်နမိတ်များပြန်လည်ရေးဆွဲမည့် Proposition 50 ကို ထောက်ခံ/ကန့်ကွက်မဲပေးရန် အဓိကထားပြီး ကျင်းပခြင်းဖြစ်သည်။ California Secretary of State နှင့် American Community Media က ပူးပေါင်းပြီး Dr. Shirley Weber, California’s Secretary of State က 2025 Statewide Special Election အကြောင်းကို ဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ က ပြုလုပ်ခဲ့ပြီး မဲပေးခြင်းလမ်းညွှန်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးတို့ကို ဆွေးနွေးခဲ့ရာ […]


kaiOctober 23, 20255min9240
by SweSwe Aye California ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး၏ ၂၀၂၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော Governor’s Office of Service and Community Engagement (GO-Serve) က ဖွဲ့စည်းထားသည့် The Office of Community Partnerships and Strategic Communications (OCPSC) သည် California Connects ကို ပြည်နယ်တစ်ခုလုံးရှိ မြို့ ၈ မြို့သို့ လှည့်လည်ကာ ကွန်မြူနတီအဖွဲ့အစည်းများ၊ အစိုးရအေဂျင်စီများ၊ ဖောင်ဒေးရှင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ပြည်နယ်က ပေးသော အရင်းအမြစ်များကို ရယူနိုင်ရန် ရှင်းပြခဲ့သည်။ OCPSC သည် Los Angeles တွင် ကွန်မြူနတီအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အောက်တိုဘာ ၁၅ […]