Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပေါက်ပန်းလေးဆယ် စကားဝိုင်း

CourageAugust 13, 20181min46889

ပေါက်ပန်းလေးဆယ် စကားဝိုင်း

          ‘ဒီလိုရှိတယ် မောင်ကာကြီးရ’

တူးဝေးကိုယ်တော်တစ်ယောက် ဒီလိုစကားစလိုက်ပြီးဆို ဆက်လာမယ်စကားက အကောင်းအကန်းတော့မဟုတ်။ ပေါက်ပန်းလေးဆယ်တွေဖြစ်မယ်ဆိုတာ မောင်ကာကြီးက ခန့်မှန်းပြီးသားပါ။

‘ဒီခေတ်ကြီးမှာ မိန်းမတွေက ပိုက်ဆံမရှိတာ မအောင်မြင်တာပဲကောင်းတယ်ကွ’

အလို ဒီဘဲကြီးထူးထူးဆန်းဆန်းစကားတွေဆိုလို့ပါလား။

‘ကိုယ်တော့စကားကြီးကလဲမဟုတ်သေးပါဘူးဗျာ။ ဘယ်နှယ့် လူပဲဗျာ… ပိုက်ဆံရှိချင် အောင်မြင်ချင်တာပဲလေ။ ဒီလို ဆန္ဒတွေပြည့်သွားမကောင်းဘူးလား’

‘နိုးနိုး… မကောင်းဘူး။ ပုဂ္ဂိလိက ဆန္ဒအရတော့ ကောင်းချင်ကောင်းပေမယ့် တို့တိုင်းပြည်တို့ဘာသာတို့ယဉ်ကျေးမှုအတွက်တော့ လုံးလုံးကိုမကောင်းဘူး။ ဘာကြောင့်ဆို မိန်းမတွေက ပိုက်ဆံရှိလာ အောင်မြင်လာရင် ပေါ်ပေါ်လှော်လှော်တွေအပြိုင်ဝတ် အရှက်တွေအပြိုင်ကင်း ဟိုဟိုဒီဒီလမ်းသလားနံ့ကျောစွဲပြီး ယဉ်ကျေးမှု၊ဘာသာရေး စံနှုန်းတွေနဲ့ဝေးဝေးလာကျရော’

သူ့စကားတွေက တော်တော်တော့ တော်တော်ဖြစ်နေပြီး။

‘ဒီလိုကွာ။ မင်းပဲသေချာစဉ်းစားကြည့်။ မင်းပတ်ဝန်းကျင်မှာ ပိုက်ဆံရှိတဲ့လူနဲ့ပိုက်ဆံမရှိတဲ့သူ ဘယ်သူကပိုပြီး ရင်ပေါ်တွေတင်မလုံတွေအဝတ်များလဲ’

‘အင်း… ပိုက်ဆံရှိတဲ့လူတွေပိုများမယ်ထင်တယ်’

‘အေး… ပြီးတော့ အောင်မြင်တဲ့သူနဲ့ မအောင်မြင်တဲ့သူ ဘယ်သူကရော စပ်စလူးထကျလဲ’

‘အောင်မြင်တဲ့သူတွေပိုများတာပဲ’

‘အေးပေါ့။ ငါပြောချင်တာ အဲ့ဒါပဲမောင်ကာကြီးရဲ့။ ငါတွေ့ရသလောက်တော့ ပိုုက်ဆံမရှိ မအောင်မြင်တဲ့မိန်းမတွေက မြန်မာဝတ်စုံလေးနဲ့ကလက်တတ်တတ် သိပ်မရှိကျသလိုပဲကွ’

‘ပိုက်ဆံရှိအောင်မြင်တဲ့သူတွေထဲမှာလဲ အဲ့လိုလူတွေရှိပါတယ် ကိုယ်တော်ရာ’

‘မင်းကလဲကွာ…ဒါကအနည်းစုပါ။ ဆယ်ယောက်မှာသုံးေယောက်တောင်မဟုတ်ဘူး နှစ်ယောက်နဲ့ တစ်ဝက်လောက်ပဲရှိတာပါ’

‘ထားပါတော့ ထားပါတော့။ ဒါမဲ့ ခင်များပြောသလို မရှိတဲ့သူတွေထဲမှာလဲ အဲ့လိုဝတ်တဲ့နံ့တဲ့သူတွေလဲ ရှိနေပြန်ရောလေ’

တရားလွတ်စကားတွေပြောနေတဲ့ ဒီဘဲကို နည်းနည်းတော့ နှိမ်လိုက်ဦးမှပါ။

‘သိပ်မှန်တာပေါ့။ ဒါပေမယ့်အမောင်။ အဲ့လိုလူတွေထဲက တစ်ဝက်လောက်က မိန်းမကောင်းလို့ အရပ်ကသတ်မှတ်မခံရတဲ့သူနဲ့ ကျန်တဲ့တစ်ဝက်က ကိုယ်တိုင်ကမရှိတောင် ရှိတဲ့သူတွေနဲ့ပေါင်းပြီး လအော့လအယ်လုပ်နေတဲ့သူတွေရယ်။ အဲ့လိုလူတွေကလဲ မကြာခင်မှာချဉ်ဖတ်ဖြစ်မယ့်သူချည်ပါပဲကွာ။’

ရော…ခက်ကပြီ။ သူ့ကိုနှိတ်မလို့ပါဆိုမှ စကားတွေက ပိုတောင်ဆိုးလာနေရော။

‘ခင်များစကားတွေကလဲ တရားလွန်ကြီးတွေပါ ကိုယ်တော်ရာ’

‘မလွန်ဘူးအမောင် မလွန်ဘူး။ ရိုုးရိုးလေးတွက်ကြည့်။ ဒီခေတ်ကြီးမှာ အောင်မြင်ချင်လူသိချင်ရင် ငွေမဟုတ်ရင်တစ်ခုခုကိုရင်းမှရတာချည်ပဲ။ ဒီခေတ်ကြီးမှာ အောင်မြင်ဖို့အတွက်ငွေမရင်းနိုင်ရင် ယောက်ျားလေးဆို အောက်ခြေသိမ်းတွေကပ်ဖားလျက်ဖားလုပ် မိန်းကလေးဆိုစပ်စလူးထ စပွန်ဆာရှာလူပေးပေါင်း… ဒါမှပဲအောင်မြင်ကျတာမဟုတ်ဘူးလား’

‘ဒါလဲဟုတ်သားဗျ’

‘မဟုတ်နဲ့ဦး ပြောဦးမယ်။ ဒီခေတ်ကြီးမှာနော် ခေတ်ရဲ့တိုးတက်မှုအပေါ်လိုက်ပြီး သုံးချင်ဖြုန်းချင်လို့ အရှက်နဲ့သိက္ခါကို လဲစားတဲ့သူတွေက များသထက်များလာပြီးကွ’

‘ဒါတော့ဟုတ်တယ်ကိုယ်တော်။ ခုခေတ်မှာ ပိုင်းလုံးဆိုတာ မိန်းမတင်မဟုတ်ဘူး ယောက်ျားတွေပါရှိလာရော။ အခြူဇယားတွေလေ။ ရုပ်ကလေးဗန်းပြ တော်ကီလေးထပ်ပေါင်းပြီး ရေညှစ်နေတဲ့သူတွေ ဒုနဲ့ဒေပဲ’

‘မှန်တာပေါ့။ မင်းပြောမှသတိရသွားတယ်။ အခုနော်…သွားအထင်မသေးနဲ့… တဏှာရူးဆိုတာကလဲ ယောက်ျားတင်မဟုတ်ဘူး မိန်းမတွေပါရှိလာနေရော’

‘ဟုတ်ပါ့ ကိုယ်တော်ရာ။ ဟုတ်ပါ့။ မွေ့ယာပေါ်သာယာမှုအတွက် အချစ်တွေ မေတ္တာတွေ သိက္ခါတွေ ဘေးချပြီး ဘိုဆန်နေလိုက်တာများ မြင်တောင်မကောင်းဘူး။ ပြီးတော့ရှိသေး BFF(သူငယ်ချင်းကောင်း)ဆိုဆိုပြီး မွေ့ယာပေါ်ရောက်ရောက်နေကျတဲ့ ကာမမိတ်ဆွေတွေကလဲ မနည်းဘူးဗျ’

‘ဟား ဟား ဟား။ မင်းကတော့ပြောတော့မယ်။ ဒါကလဲခေတ်ကိုပဲ အပြစ်တင်ရမလား ခေတ်ကိုပုံဖေါ်နေတဲ့လူတွေကိုပဲ အပြစ်တင်ရမလားမသိတော့ပါဘူးကွာ’

အရယ်အရမ်းသန်တဲ့ တူးဝေကိုယ်တော်ခမျာ တော်တော်နှင့်ပင်အရယ်တောမသတ်နိုင်ခဲ့။

‘မင်းပဲစဉ်းစားကြည့်လေ။ အခုခေတ်ကြီးကိုက အရှက်မဲ့နိုင် ရိုင်းစိုင်းနိုင်မှ ထင်ပေါ်ထဲ့ခေတ်ကြီးကိုကွ’

‘ဟုတ်လိုက်တာကိုယ်တော်ရယ်။ ကျွန်တော်တို့အရင်တုန်းကများ ဆဲဖို့မပြောနဲ့ ‘သောက်’ဆိုတဲ့ စကားပါရင်တောင် ဒီကောင်းစကားပြောရိုင်းတယ်အပြောခံရတာ၊ အခုများတော့ ပြည့်တန်ဆာမရဲ့ ရောင်းကုန်လောက်တန်ဖိုးမရှိတဲ့ပါးစပ်ကထွက်တဲ့ မိုးမွှန်အောင်ဆဲတဲ့စကားတွေကို ကြိုက်လိုက် ဝန်းရံနေလိုက်တာကတစ်မျိုး၊ သူဆဲတာချစ်ဖို့ကောင်းတယ် ကိုယ်ဆဲတာချစ်ဖို့ကောင်းတယ်နဲ့ အဆဲပြိုင်လိုက် အရှက်မရှိပြူးပြပြဲပြ ကော့ပြကားပြလိုက်နဲ့တစ်မျိုး အမျိုးစုံကြိုးခုံတွေပဲ။ လူ့ပတ်ဝန်းကျင်ကိုလဲ ဒီလိုတွေလုပ်မှ လူတော်လူကောင်းလူချစ်လူခင်များရတဲ့ သဘောမျိုးကိုဖြစ်နေပြီ။’

‘အဲ့ဒါပေါ့ လူတွေတရားပျက်လာကြောင်း အဲ့ဒါတွေကသက်သေလိုဖြစ်နေရောလေ။ လူတွေက ခေတ်မှီလာပေမယ့် ခေတ်နဲ့ညီတဲ့အသိတရား မရှိတော့ လူ့ပတ်ဝန်းကျင်ကြီးက စည်းဝါးတွေလွတ်လာရောကွ။ တရားမဲ့လာကျတဲ့သဘောပေါ့ကွာ။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားတွေခေါင်းပါးပြီး ဝေဖန်ပုတ်ခတ် ရှုံ့ချရတာကို အရသာတွေ့နေကုန်ပြီလေ။’

‘ဟုတ်ပါ့ကိုယ်တော်ရာ… တစ်နေ့တစ်နေ့ အွန်လိုင်းမှာလဲ အတင်းတွေအဖျင်းတွေအဆဲအဆိုတွေနဲ့ပဲ ပြည့်နေရော။ ဘာတဲ့… တစ်ယောက်နဲ့တစ်ယောက်အားမနာပါ့ဝေဖန်နေတဲ့လူကတစ်ဖက် မဝေဖန်ကျပါနဲ့ မတိုက်ခိုက်ကျပါနဲ့ပြောတဲ့သူက တစ်ဖက်နဲ့ ဘာတွေမှန်းတောင်မသိပါဘူးဗျာ။’

‘ဒါလဲ ငါတစ်ခါက ပြောဖူးသလိုပဲလေကွာ။ မင်းမှတ်မိလား။’

‘ဘာကိုပြောတာလဲ ကိုယ်တော်ရ’

‘ဒီဟာလေကွာမောင်ကာကြီးကလဲ။ ဟိုပြည့်တန်ဆာရုပ်ရှင်ရိုက်တော့ အဲ့ရုပ်ရှင်ကြည့်ပြီး သူတို့လေးတွေဘဝက သနားစရာပါ။ နှာခေါင်းရှုံ့စရာမဟုတ်ပါဘူးပြောတဲ့ကြတုံးကလေ’

‘ဪ သိပြီ။ အဲ့လိုမျိုးရုပ်ရှင်ကြည့်ပြီးမှပြည့်တန်ဆာတွေကို သနားတဲ့သူတွေက တစ်ချိန်က အဲ့ပြည့်တန်ဆာတွေကို ပတ်ပတ်ဆက်ဆက်နှိမ်ချခဲ့တဲ့သူတွေချည်ပဲဆိုတာမို့လား’

‘မှန်၏ မှန်၏။ တစ်ကယ်တော့ကွာ အစကတည်းက ပြည့်တန်ဆာကို လူလူချင်းပဲလို့သဘောထားခဲ့မယ်ဆို အခုမှတစ်ရေးနိုးပြီး စာနာနေကျပါ့မလားကွ။ သူတို့ခမျာ နဂိုကအသိတရားမရှိ ရုပ်ရှင်ကြည့်ပြီးမှ အသိတရားရသွားတာကို သဘောထားကြီးသယောင်နဲ့ လုပ်နေတာများ ကျုပ်ကတော့ခွက်ထိုးခွက်လန်ကိုရီချင်တာ။ ဒါလဲမကြာပါဘူးကွာ… ခဏပေါ့။ နောက်တော့လဲ နှာခေါင်းရှုံ့အပုတ်ချ ပြန်လုပ်ကြတာပါပဲ။’

‘ဟုတ်ပါ့ ဟုတ်ပါ့။’

‘ဒီလိုဘဲပေါ့။ မင်းပြောတဲ့ဟာ Body Shaming တို့ Cyber Bullyingတို့ လုပ်ကြ မလုပ်နဲ့ တားကြဆိုတာကလဲ သူတို့ကိုယ်တိုင်ကိုက ဝေဖန်တဲ့တိုက်ခိုက်တဲ့စကားတွေကိုပြောဘူးတဲ့သူတွေပဲ အရေးလုပ်တတ်ကြတာရယ်ပါ။ တကယ်ကို သဘောထားပြည့်ဝတဲ့ သူဆိုတာ သူကိုယ်တိုင်ကလဲမပြောဘူးသလို သူများပြောတာကိုလဲခံနိုင်ပြီးသားကွ။ ဘာကြောင့်ဆို သူတို့အတွက်က ဒီစကားတွေက အရေးမပါတဲ့အရာတွေဆိုတာ သိပြီးသားမို့လေ။ ပြီးတော့ အခုက သိကြားသာသနာခေတ်ကွ။ ဝဋ်ဆိုတာ နောက်ဘဝမစောင့်ဘူး ဒီဘဝတင် နေ့ချင်းလိုက်တတ်တာရယ်။’

‘ကြောက်ဖို့ကောင်းပါတယ် ကိုယ်တော်ရယ်’

‘ကြောက်ဖို့ကမှ တော်တော်ကိုကောင်းနေတာမောင်ကာကြီးရေ။ တော်တော်ကိုကောင်းနေတာ။’

‘ဒါနဲ့ခုမှစိတ်ကူးရလို့ ကိုယ်တော့ကိုခွင့်တောင်းဦးမယ်။ အခု ကိုယ်တော်နဲ့ ကျွန်တော်ပြောတဲ့စကားတွေကို အွန်လိုင်းမှာစာရေးပြီး တင်လို့ရလား’

‘ဟ… ရတာပေါ့ကွ။ တင်ပေါ့။ အကျိုးယုတ်စရာမှမရှိတဲ့ဟာ’

‘အကျိုးမယုတ်ဘူးတော့ကြိုမပြောနဲ့နော်ကိုယ်တော်။ တော်ကြာ ကျွန်တော်တင်တဲ့ပို့စ်ကို သူများတွေက ယူရှဲ လူသိလားတော့ မီဒီယာတွေကပါဖေါ်ပြနဲ့ တော်ကြာ တူးဝေးကိုယ်တော် စဆရကဆိုပြီး ဝိုင်းဆဲနေဦးမယ်’

‘ဟား ဟား ဟား ဟား။ ဒါတော့ဘာမှမပူနဲ့မောင်ကာကြီးရေ့။ မီဒီယာဆိုတာ သူတို့ကို မဖားရင် မပေးထားမကမ်းထားရင် ဘယ်သူကမှ အရေးတယူအဖတ်လုပ်တတ်ကြတာမဟုတ်ဘူး။ ဟိုအဆိုပြိုင်ပွဲမှာ ပထမရတဲ့မျက်နှာမွဲထက် ဒုတိယရတဲ့အသိုင်းဝိုင်းကြီးတစ်ယောက်ကို အသားပေးရေးနေဂုဏ်ဖေါ်နေတာသာ ကြည့်ပေါ့။’

‘ဟားဟား… ကိုယ်တော်ကတော့ တရားလွန်တွေပြောပြန်ပြီ။’

‘ဒါလဲမလွန်ဘူးအမောင်… မလွန်ဘူး။ မင်းလိုလူမျိုးကိုတော့ သူတို့က ချီးလှည့်ပေါက်ဖို့နေနေသာသာ လှည့်တောင်လှည့်မှာမဟုတ်တာတော့ ယပတ်လက်ကြီးကြီးနဲ့ကို ယုံထားလိုက်ဟေ့ မောင်ကာကြီးရေ့။ ဟား ဟား ဟား’

ဒီလိုနှင့် အတော်မသတ်နိုင်သည့် တူးဝေးကိုယ်တော်၏ရယ်သံများအောက်တွင်ပဲ ကျွန်တော်တို့၏ပေါက်ပန်းလေးဆယ် စကားဝိုင်းမှာလဲ အဆုံးသတ်ခဲ့ရလေတော့သည်။

COURAGE

9 comments

  • manawphyulay

    August 14, 2018 at 10:11 am

    မောင်ကာကြီး ပေါက်ပန်းငါးဆယ်က မြန်မာအိုင်ဒေါနဲ့ပဲ အဆုံးသတ်သွားပါလား… မောင်ကာကြီးရေ…

    • Courage

      August 15, 2018 at 1:09 am

      ပေါက်ပန်းလေးဆယ်တွေမှတော့ ပေါက်ပန်းလေးဆယ်နဲ့ပဲ အဆုံးသတ်ရမှာပေါ့ မနော်ဖြူရယ်.. 😀

  • Shar Thet Man

    August 21, 2018 at 3:49 pm

    အမှန်တွေပြောနေတာပဲ..သဘောကျ၏

  • လုံမလေးမွန်မွန်

    September 5, 2018 at 12:37 pm

    မိန်းမရယ် ယောက်ျားရယ် မဟုတ် .. လူကို လူလို့မြင်မိနေတာပါပဲ..

    မိန်းကလေးတွေထဲမှာလည်း ထင်ပေါ်ချင်လို့ စပွန်စာရှာတဲ့သူတွေရှိသလို .. ယောက်ျားတွေထဲမှာလည်း ရှိတာပဲ..
    မိန်းကလေးတွေကို စပွန်ဆာကြတာ ယောက်ျားတွေတင်မက မိန်းမတွေပါ ပါသလို.. ယောက်ျားတွေကို စပွန်ဆာကြတာလည်း မိန်းမတွေတင်မက ယောက်ျားအချင်းချင်းပါ ပါနေတာပဲ..

    ကောင်းတဲ့သူ နဲ့ မကောင်းတဲ့သူဆိုတာလည်း ကိုယ်လက်ခံတဲ့အပေါ်ပဲ မူတည်တာမို့ သဗ္ဗေသတ္တာ ကမ္မသကာ ပဲရယ် :mrgreen:

    • Courage

      September 5, 2018 at 3:14 pm

      လူလူချင်းလေးစားတတ်ရင် ကျား။မ။မိန်းမလျာ။ယောက်ျားလျာ ဆိုတဲ့ခွဲခြားမှုကမရှိနိုင်ဘူးလို့မြင်တာပဲ။
      စပွန်စာယဉ်ကျေးမှုကတော့ ဒီနေ့ခေတ်ရဲ့ယဉ်ကျေးမှုပါဖြစ်နေပါပီ မမွန်ရယ်…

  • kai

    September 5, 2018 at 3:02 pm

    ဆိုတော့.. ပေါက်ပန်းက.. ၄၁ခုရှိတယ်ပေါ့.. :k:

    • Courage

      September 5, 2018 at 3:16 pm

      ၄၂လုပ်လိုက်ပါလား သူကြီး။ ကာကြီးနဲ့ကိုယ်တော် အဲ့နှစ်ယောက်ပါပေါင်းထည့်လိုက်ပါလား 😀

  • ဦး လေး မန်း

    October 19, 2018 at 3:12 am

    တူးဝေးကိုယ်တော်အနက်လေးရှင်းပါအုံး၊

Leave a Reply