Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – နိုဝင်ဘာ ၂၀၂၄

kaiNovember 29, 20242min3940

Agenda47: Preventing World War III

ရွေးကောက်ပွဲမဲဆွယ်ကာလတွင် သမ္မတထရမ့်၏သတင်းစကားကြီးတခုမှာ တတိယကမ္ဘာစစ်ကြီးကိုတားဆီးရန်ဖြစ်သည်။ ဤသည်ကိုသူ၏ဝက်ဆိုက်တွင်၂၀၂၃ (မတ်လ) ကထဲက Agenda47 ဖြင့် ရှင်းရှင်းလင်းလင်းတင်ပြထား၏။ ကန်ပိန်းများတွင်လည်း ထပ်ခါပြောသလို နှုကလီးယားလက်နက်များဖြင့် ကမ္ဘာစစ်ဖြစ်လျှင်မည်သူမှမနိုင်သည်ကိုလည်း (ယခင်သမ္မတဖြစ်ဖူးသူဖြစ်၍) ကောင်းစွာ သိထားသူဟု ဆိုရမည်။
မဲဆွယ်ကာလက ကိုယ်ထိလက်ရောက် လုပ်ကြံခံရသော်လည်း လွတ်မြောက်ခဲ့ပေရာ တနည်းအားဖြင့် ကမ္ဘာစစ်ကြီးကိုတားဆီးရန် ဘုရားသခင်မှခွင့်ပေးရွေးချယ်ထားသူဟုပင်ဆိုကြသည်။ သူသည် ပဋိပက္ခသမားတို့ကို စားပွဲဝိုင်းပေါ် တင်ပေးမည့်သူဖြစ်နိုင်သည်။
သို့သော်.. ကမ္ဘာ့ အခြေအနေ/အချက်အလက်တို့မှာ ကမ္ဘာစစ်ကြီးဆီဦးတည်နေပြီး အကြီးမားဆုံးငွေကြေးအဖွဲ့အစည်းကြီးတခုဖြစ်သည် JP Morgan၏ စီအီးအိုနှင့်ယူကရိန်းကာကွယ်ရေးဦးစီးချုပ်(ဟောင်း)တို့၏ နှုတ်ထွက်စကားများအရမူ ကမ္ဘာစစ်ကြီးကား စပြီးဟုပင်ဆိုသည်။ အာရှအရှေ့ပိုင်းမှ မြောက်ကိုရီးယားစစ်တပ်သည် နိုင်ငံများကျော်ဖြတ် ယူကရိန်း/ရုရှားစစ်ထဲ ဗြောင်ကျကျဝင်ပါသည် မဟုတ်ပါလား။နိုင်ငံများလည်း အလျှင်အမြန် အုပ်စုဖွဲ့လျှက်ရှိကြသလို ဆိုင်ရာနိုင်ငံရွေးကောက်ပွဲများတွင်လည်း ဒီမိုကရေစီ /အော်တိုကရေစီ ဘက်များဖွဲ့၍ အစိုးရတက်လုပ်ရန်အားထုတ်လျှက် ရှိကြကုန်၏။ ညာစွန်းခေါ်သော Far-Rightတို့လည်း ခေါင်းထောင်နေရာယူလျှက်ရှိကြကုန်၏။
ယခုမူ အမေရိကန်လူထုက ထရမ့်အား ပုံ၍အပ်ခဲ့ပြီ။ ဇန်နဝါရီ ၂၀ ၂၀၂၅ တွင်ကျမ်းကျိန်၍သမ္မတဖြစ်လာမည့် ၄၇မြောက်သမ္မတထရမ့်တွင် “စစ်နှင့်ငြိမ်းချမ်းရေးအာဏာပါဝါ”မည်မျှ ရှိသနည်း။


“စွမ်းအားတဆင့်မြှင့် ယူကရိန်း/ရုရှားစစ်”

စစ်ကြီးစခဲ့သည့် ဖေဖော်ဝါရီ ၂၄ ၂၀၂၂ မှ ရက်ပေါင်းတထောင်ပြည့်တွင် အမေရိကားကခွင့်ပြုလိုက်သော ATACMS ဒုံးများဖြင့် ယူကရိန်းက ရုရှားပိုင်နက်မြေအတွင်းလှမ်းပစ်၍ စတင်တိုက်ခိုက်ခဲ့ကာ စစ်ရှိန်တဆင့်မြှင့်သည်။ယူကရိန်းမြေပေါ်တွင် ရုရှားတပ်များရှေ့တိုးလာခြင်းကို တားဆီးရန် မြေမြှုပ်မိုင်းများလည်း ပေးမည်ဟုသမ္မတဘိုင်ဒင်မှ ဆိုသည်။
ရုရှားမှ ရုရှားပိုင်Astrakhan ဒေသမှ အထူးစမ်းသပ်ဆဲဟုဆိုသော Oreshnik အမည်ရှိ ဒုံးဖြင့် ယူကရိန်း၏ဆိုဗီယက်ခေတ်ကာလက တည်ဆောက်ထားသော Dnipro မြို့ရှိစက်ရုံတို့ကို တိတိကျကျဖျက်ဆီးပြခဲ့သည်။ မိုင် ၃၄၀၀ အတွင်းပစ်ခတ်နိုင်သည့် အသံ၏၁၁ဆ မြန်နှုန်း ရှိသဖြင့်တနာရီမိုင်၈၀၀၀ ကျော်ပျံနိုင်သော အဆိုပါဒုံးသစ်ကို ယူကရိန်းတွင်ရှိသော အမေရိကားပေးထားသည့်မည့်သည့်လေကာစနစ်မှ ဟန့်တားနိုင်ခဲ့ခြင်းမရှိပါချေ။ Oreshnik ဒုံးဖြင့် ဥရောပတခုလုံး၏ မည်သည့်နေရာမဆိုပစ်ခတ်နိုင်သည့်သ‌ဘောလည်းဖြစ်နေရာ အကယ်၍ နှုကလီးယားထိပ်ဖူးသာတပ်ခဲ့ပါလျှင်ဥရောပကို ဖျက်ဆီးနိုင်သည့်ခြိမ်းခြောက်မှုဖြစ်နေသည်။
သို့နှင့် စာမျက်နှာ ၁၀၀၀ ကျော်ရှိသော တတိယကမ္ဘာစစ် မဟာဗျူဟာပြင်ဆင်ချက် Operation Deutschland ကို ဂျာမဏီမှအကောင်အထည်ဖေါ်လာသည်။ NATO စစ်သည် ၈သိန်းနှင့် စစ်ကားစင်းရေ၂သိန်းတို့ကို ဂျာမဏီပြည်တွင်း နေရာရွေ့ပြောင်းအခြေချလိုက်ခြင်းဖြစ်သည်။ စစ်တပ်သုံး အခြေခံအဆောက်အအုံများကိုလည်း ကာကွယ်ပြင်ဆင်ခြင်းလည်းပါသည်။ လူထုထံသို့လည်း ၁၀ရက်စာစားရေရိက္ခာနှင့်စွမ်းအင်သိုလှောင်ထားခြင်း စသည်ဖြင့်ပြင်ဆင်ခိုင်းခြင်းလည်းပါသည်။


“အစ္စရေး/အီရန်”

အစ္စရေး/ဟက်ဇ်ဘိုလာ စစ်မှာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရသွားနိုင်လိုက်ပြီဖြစ်၏။ ဟာမားစ်နှင့်မှာ မပြီးသေး၊ ဂါဇာနှင့် လက်ဘနွန်တောင်ပိုင်းတို့မှာ အုပ်ပုံ /စစ်ပြေးများနှင့် အမှုန့်ချေ ခံခဲ့ရပြီ။ ဟာမားစ်နှင့် ဟက်ဇ်ဘိုလာတို့မှာ အီရန်၏ ကြားခံ/တဆင့်ပြန်တပ်များဖြစ်သဖြင့် အီရန်နှင့်အစ္စရေးမှာ ပရော့စီတိုက်နေရာမှ အခြေအနေတခုတွင် ညှိနှိုင်း၍ရသွားသည့်သဘောဟုယူဆနိုင်သည်။


“ချိုင်းနား/ထိုင်ဝမ်”

အမေရိကားကကျော်၍မရဟု တားထားသော ချိုင်းနား၏မျဉ်းနီ ၄ကြောင်းရှိသည်ဟု ယခုနိုဝင်ဘာလအတွင်း သမ္မတရှီနှင့်သမ္မတဂျိုးဘိုင်ဒန်တို့တွေ့ဆုံပွဲ၌ သတင်းစကားပေးခဲ့သည်။ အလွန်ထင်ရှားသောမျဉ်းနီမှာ ထိုင်ဝမ်လွတ်လပ်ရေးမကျေညာစေရန်ဖြစ်သည်။ ထိုင်ဝမ်သည်ချိုင်းနားပိုင်ဒေသဟူ၍ တပြည်ထောင်တည်းမူကို သဘောတူထားသော အမေရိကားသည် ထိုင်ဝမ်အရေးကို ကမ္ဘာ့စူပါပါဝါဖြစ်လာသော ချိုင်းနားအား “ထောက်”ရန်ပေါ် လစီထား “ဥ”ထားပုံပေါ် သည်။ ကမ္ဘာကြီး၏ နှစ်ထောင်ချီထုံးစံအရကောက်မူ ပထမသည်ဒုတိယနှင့် နေရာလုချိန်ရောက်ပါက စစ်ကြီးဖြစ်ရသဖြင့် အချိန်ရောက်လာလျှင် စစ်ဟူသည် ရှောင်၍မရစကောင်းပါ။


“ဤမဟာကမ္ဘာမြေကျယ်သည်သာ”


ဘက်အားလုံးသည် အသစ်တက်လာမည်ဖြစ်သော သမ္မတထရမ့်၏ ပေါ်လစီတွင်ချိန်ညှိကစားရန် ပြင်ဆင်နေကြသဖြင့် ပစ္စက္ခအခြေအနေတို့မှာရှုပ်ထွေးနေပါသည်။ အထူးသဖြင့် “မြေ”ကိုတတ်နိုင်သလောက်ယူထားမှသာ စားပွဲဝိုင်းတွင် စကားပြောလျှင် အသာစီးရသည်မဟုတ်ပါလား။ ဤသို့လျှင် အစ္စရေးလည်း ပြုနေ၏။ ချိုင်းနားလည်း သူ၏သြဇာခံနယ်မြေတို့ကို အရှိန်မြှင့်ချဲ့ထွင်နေပါသည်။ မြန်မာနိုင်ငံတွင်တော့ ဤဥပဒေသကိုလိုက်နာနေသည်မှာ ရခိုင်တို့၏ AA ရှိသည်။


“အကယ်၍”

ထရမ့်မှသည် မည်သို့ဖြစ်လာနိုင်သည်ကို သုံးသပ်ကြည့်ပါမည်။ သုံးသပ်ချက်ကို သဘောမတူငြင်းခုန်နိုင်ပါသည်။ မကြာမည့်လပိုင်း/နှစ်ပိုင်းအတွင်းရောက်လာ/ဖြစ်လာနိုင်သည်ဟူ၍ ပြင်ဆင်နိုင်ရန် ကြိုတွေးတင်ပြခြင်းပါ။ မှန်/မမှန်စောင့်ကြည့်ယုံသာ။
အကယ်၍ သမ္မတထရမ့်သည် ရုရှား/ပူတင်ဖက်မှရပ်တည်ခဲ့ပါလျှင် ယူကရိန်းသည် မွမွကြေ မြေပေးရလျှက် NATO ၏သိက္ခာနှင့်သမိုင်းလည်း ကျသွားပြောင်းရန်ရှိသည်။
ခြုံကြည့်လျှင်ယူကရိန်း NATO ထဲဝင်/မဝင်မှာ သမ္မတပူတင်အတွက် အဓိကအချက်ဖြစ်နေပုံပေါ်ပါသည်။ NATO/EU အုပ်စုဝင်နိုင်ငံမဟုတ်လျှင် အချိန်ကာလတခု၌ ရွေးကောက်ပွဲဖြင့်ပင် ရုရှား၏ရုပ်သေးအစိုးရကို တင်မြှောက်နိုင်ချေ ဖဲချပ်လည်းရှိ၍ပါ။။သမ္မတထရမ့်သည် အဆိုပါအချက်ကို အာမခံခဲ့ပါလျှင် စစ်ကြီးတခုပြီးသွားစရာရှိ၏။ စစ်ကြီးပြီးပေးလျှင် ရုရှား/ပူတင်အပေါ် ချထားသော ဆန်ရှင်အပါအဝင်ကန့်သတ်ချက်များအားလုံးကို အမေရိကားနှင့်ဥရောပနိုင်ငံများက ပယ်ဖျက်ပေးရလိမ့်မည်။
သို့ဆိုလျှင် ရုရှား၏သားတပည့်ဖြစ်သော မြန်မာစစ်ကောင်စီအပေါ် အမေရိကားမှချထားသော ဆန်ရှင်နှင့် ကန့်သတ်ချက်များမည်သို့ဖြစ်လာမည်နည်း? မြန်မာစစ်ကောင်စီမှဦးစီး၍ပြုလုပ်ပေးမည်ဖြစ်သော ၂၀၂၅ မြန်မာရွေးကောက်ပွဲကို၄င်း၊ ရွေးကောက်ပွဲအနိုင်ရပါတီကို၄င်း အမေရိကားမှ အသိအမှတ်ပြုပေးခဲ့လျှင် မည်သို့နည်း?
ဤသည်တို့မှာ အမေရိကား၏ ချိုင်းနားအားဝိုင်းရံပိတ်စို့မှုအတွက် မဟာဗျူဟာပေါ် လစီအတွင်း ဂွင်ကျအံဝင်လျှက်သားရှိနေသည်။ လွန်ခဲ့သော ၁၂နှစ် နိုဝင်ဘာက မြန်မာပြည်အရောက်သွားခဲ့သော သမ္မတအိုဘားမား၏ ဗျူဟာကျ လုပ်ဆောင်ချက်တို့ သမိုင်းတပတ်လည်နိုင်ချေ ရှိနေပါသည်။ ဗိုလ်ချုပ်ကြီးတဖြစ်လဲသမ္မတဦးသိန်းစိန်အိမ်ဖြူတော် Oval Office ထဲရောက်လာခဲ့သည်ကို သမင်လည်ပြန်ကြည့်သတိရကြပါဦးမည်။


“မြန်မာနှင့် သူ့ဝန်းကျင်အခြေအနေ”

မြန်မာစစ်တပ်သည် ဘယ်သောအခါကမှ ချိုင်းနားအပေါ် ပုံ၍ ယုံခဲ့ဟန်မရှိပေ ၊ ချိုင်းနားကလည်း မယုံကြည်သဖြင့်သာ ပရော့စီခေါ်ကကြားခံ နယ်များထား၍ ဒေသခံစစ်အင်အားပါထူထောင်ခိုင်းကာ ထောက်ထားခြင်းဖြစ်သည်။ သမိုင်းအဆက်ဆက်လည်း ဆွေမျိုးပေါက်ဖေါ်ခေါင်းစဉ်တပ်လျှက်မှ ဗကပ နှင့် တိုင်းရင်းသားနယ်များဖြင့် ပြည်တွင်းစစ်ဆက်ခဲ့သည်ဖြစ်၏။ သို့ကြောင့်မြန်မာစစ်တပ်သည် ရုရှားသို့ အလှမ်းကျယ်လှမ်း သားတပည့်ခံယူခဲ့ခြင်းဖြစ်ပါ၏။
ရုရှားသည်လည်း မည်သည့်အခါကမှ ချိုင်းနားနှင်မဟာမိတ်ကောင်းမဖြစ်ခဲ့ချေ၊ ရုရှားဇာဘုရင်အစဉ်အဆက်လက်ထက်မှသည် ဆိုဗီယက်ယူနီယံအထိချိုင်းနားဘိုးဘွားပိုင်မြေများအားသိမ်းပိုက်ခဲ့ဖူးသလို ကွန်မြူနစ် စနစ်တူသည်မူ၍ မော်စီတုံးလက်ထက်ကထဲက တန်းတူမဆက်ဆံခဲ့သည်ဖြစ်၍ ယခုကဲ့သို့ ယူကရိန်းစစ်ဖြစ်ချိန်ဝယ် အမေရိကားအားတုံ့ပြန်ရန်ယာယီကျောခြင်းကပ်ထားသည့်သဘောမျှသာ။
ယခုနှစ်အတွင်းတွင်ပင် ကြွေတလက်၊ ကြက်တခုန်၊ဗြုန်းဆို ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် အစိုးရသည် အမေရိကားမိတ်ဖက်ဖြစ်ခဲ့ပြီ။ ခရစ်ရှန်တို့၏ပြည်နယ်ဖြစ်သော အိန္ဒိယ/မီဇိုရမ်နှင့် ချင်း၊ကချင်လက်နက်ကိုင်များ၏ စုစည်းလှုပ်ရှားပုံကြည့်လျှင် အမေရိကား၏ ချိုင်းနားအားဝိုင်းရံချုပ်နေမှုမှာ အတော်အတန်ရုပ်လုံးပေါ်လာပြီဆိုရမည်။ ရခိုင်တို့သာ အိမ်ဖြူတော်ပေါက်လျှင် မြန်မာတို့ ခေတ်သစ်တခေတ်ကိုပင် ရောက်သွားနိုင်သည်။

သို့ဆိုလျှင် ကမ္ဘာစစ်ကြီးနီးသလော?
ဤသူ၏အမြင်အရ သဘာဝတရား /ဘုရားသခင်အလိုတော်အတိုင်းတည်း။
ကမ္ဘာ့ လက်နက်စူပါပါဝါကြီး ၃နိုင်ငံတွင် ရုရှားတနိုင်ငံသည် လူသန်းချီဆုံးရှုံးကာ စစ်ပန်းခဲ့ပြီ။ အမေရိကားတွင် နှုကလီးယားစစ်ကိုမလိုလားသော သမ္မတတက်လာသည်။ ချိုင်းနားသည် (မဝေးခင်ကာလ)ဆန်ပြုတ်စားရသော ဘဝမှလာခဲ့ရသည်ဖြစ်၍ ယခုနှစ်ပိုင်း ချမ်းသာခြင်း၏အရသာကို ခံစားနေဆဲ မဝသေး။ အမေရိကားနှင့် စစ်တခုစ,ရန်ဝေလာဝေး။
သို့သော်… ဖြစ်ချိန်တန်လျှင် ဖြစ်ရမည်တို့ ဖြစ်ကိုဖြစ်လာမည်မလွဲပါ။