Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ဂဇက်အယ်ဒီတာ့သင်ပုန်း – ဧပြီ ၂၀၂၅

kaiMay 4, 20254min10260

“ဆေးခါးကြီးသို့ ရက်၁၀၀”

ပြည်တွင်းနှင့် ပြည်ပမိတ်ဖက်နိုင်ငံများသို့ တပြိုင်ထဲတိုက်လိုက်သော ကုန်သွယ်စီးပွားခွန်/ဆေးခါးကြီး၏အကျိုးဆက်ကြောင့် အမေရိက၏ ဂျီဒီပီသည် ၂၀၂၅ ပထမ၃လတွင် ၀.၃% သို့ ရှုံ့ ကျသည်။ ထရမ့်သည် နယ်မြေချဲ့ထွင်ရေးဝါဒဖြင့် ပနားမားတူးမြောင်း၊ ဂရင်းလန်းဒ်ကျွန်း၊ ကနေဒါ နိုင်ငံတို့ကို အမေရိကပိုင်နက်မြေအဖြစ်သိမ်းသွင်းမည်လည်း ဆိုခဲ့သည်။ ယခုလပိုင်းအထင်ကရနိုင်ငံများ၏ ရွေးကောက်ပွဲရလဒ်များကို ကြည့်လျှင် အမေရိကပထမပေါ်လစီကိုဘက်ပြန်ကန်သည့် နိုင်ငံရေးပါတီများ အစိုးရဖွဲ့/ဖြစ်ကုန်သည်ကိုတွေ့ကြရ၏။ ဥရောပ၏ ဂျာမဏီတွင် ဖေဖော်ဝါရီ ၂၃ ရွေးကောက်ပွဲရလဒ်အရ နာဇီဂျာမဏီအခြေခံသည့် AfD ပါတီ ဒုတိယသို့တက်လှမ်းနိုင်ငြား အစိုးရဖွဲ့နိုင်ခြင်း/ပါနိုင်ခြင်းမရှိ။ အိမ်နီးချင်းကနေဒါ၏ ဧပြီ ၂၈ရက်နေ့ရွေးကောက်ပွဲရလဒ်အရ သမ္မတထရမ့်နှင့် ထိပ်တိုက်အတိုက်အခံလုပ်မည့် ဝန်ကြီးချုပ် မတ်ခ်ကားနီ ၏ LPC လစ်ဘရယ်ပါတီ အစိုးရပြတ်သားစွာအနိုင်ရသည်။

မေလ ၃ရက် ရွေးကောက်ပွဲရလဒ်အရ သြစတေးလျှတွင် မူလဝန်ကြီးချုပ်အန်သနီအဲဘနိစ့်၏ ဘယ်ယိမ်း ALP ပါတီ အစိုးရဆက်ဖြစ်သည်။

မေလ ၃ရက်နေ့ စင်္ကာပူနိုင်ငံ၏ရွေးကောက်ပွဲတွင်လည်း မူလနှစ် ၆၆နှစ်တောက်လျှောက်အစိုးရဖွဲ့နိုင်သော PAP ကသာ ပြန်အနိုင်ရပါသည်။

တကမ္ဘာလုံးသို့ တပြိုင်ထဲဖွင့်သော စီးပွားစစ်မျက်နှာစုံနှင့် ပေးကမ်းစည်းရုံးထားမှုများအား သစ်စိမ်းချိုးချလိုက်ခြင်းအတွက် ကမ္ဘာ့နိုင်ငံများသည် သဘာဝအလျှောက် ပြန်တွန်းကန်ခြင်းဖြစ်ကာ နှစ်၈၀ကျော်ကြာ ဖြည်းဖြည်းချင်းတည်ဆောက်ထားသော အမေရိကား၏သြဇာတို့ရုတ်ချည်းပြိုပျက်ကျဆင်းကုန်လေသည်။

“ဂျီဟတ်မှသည် ခရူးဆိတ်”

ထရမ့်၏ရွေးကောက်ပွဲ၏ကတိကြီးတခုသည် အမေရိကားသို့ တရားမဝင်ပြောင်းခိုဝင်ရောက်လာသော သူများအား နှင်ထုတ်ရန်ဖြစ်သည်။ ဧပြီ ၂၉တွင်ပြည့်သော ပထမရက်၁၀၀ အတွင်း လဝကနှင့်ဆိုင်သည့်အထူးအမိန့်များထုတ်ခဲ့ကာ အားလုံးခြုံကြည့်လျှင် လက်တင်နှင့်တောင်အမေရိကမှ ဂိုဏ်းသားများနှင့် အစ္စရေး-ဂါဇာစစ်တွင် ပါလက်စတိုင်းဖက်မှ ရပ်တည်ခဲ့သူများကို အဓိကရည်ရွယ်သည်မြင်ကြရသည်။ သမ္မတဘိုင်ဒန်လက်ထက်က တက္ကသိုလ်ကြီးများတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအား ဓာတ်ပုံ/ဗီဒီယို နှင့် ဆိုရှယ်မီဒီယာတို့တွင် ရေးသားထားသည်တို့အထိ အသေးစိတ် စနစ်တကျမှတ်တမ်းယူထားကာ ထိုသူတို့အား နောက်ကြောင်းလိုက်၍ ကျောင်း/အိမ်အထိဝင်ရောက်ဖမ်းဆီး နှင်ထုတ်နေသည်ကိုတွေ့ကြရသည်။ ဂျူးဆန့်ကျင်ရေးပြုသောသူများအား အဓိကရည်ရွယ်နှိမ်နင်းနေပုံ နှင်ထုတ်နေပုံပေါ် လေသည်။

တနည်းအားဖြင့် ဤလဝကပေါ်လစီသည် ဘာသာရေးကိုအခြေခံထား၏။ သမ္မတထရမ့်အသုံးစကားအရဆိုလျင် “ခရူးဆိတ်”တည်း။

ဥရောပ၏ အဓိကနိုင်ငံများဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီတ အီတလီတို့တွင် အရှေ့အလယ်ပိုင်းမှ စစ်ရှောင်များ၊ အာရတ်နိုင်ငံများမှ ပြောင်းခိုသူများ စုပြုံကျတိုးဝင်ခြင်းကြောင့် အစ္စလမ်ဘာသာဝင်များ တဟုန်ထိုး တိုးပွားလာသည့်အပြင် ဆယ်စုနှစ်ကြာချီလာသဖြင့် အာရတ်မျိုးဆက်များ ဒုတိယ၊တတိယမျိုးဆက်များပင်တိုင်ခဲ၍ အစိုးရနှင့် အုပ်ချုပ်ရေးပိုင်းများ၌လည်းဝင်ဆန့်ခဲ့ကြပြီ။ မူလခရစ်ယန်တို့၏ ရှေးရိုးစွဲ ဘာသာရေးအမြင်များနှင့် ကန့်လန့်ရိုက်လျှက်ရှိ၏။ ရုရှားသမ္မတပူတင်က “ဥရောပက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးမပါတော့ဘူး။ ရွှေ့ပြောင်းနေထိုင်မှုလို စိန်ခေါ်မှုတွေနဲ့ ပရမ်းပတာ ဖြစ်နေပြီး နိုင်ငံတကာအရေးတွေမှာ ပါဝင်နိုင်စွမ်း နဲ့ ယဉ်ကျေးမှု လက္ခဏာတွေ ဆုံးရှုံးနေပြီ။” ဟုဆိုခဲ့သည်။

ယခုနှစ်ပိုင်းတွင် အစ္စရေးကိုဆန့်ကျင်၍ ပါလက်စတိုင်းကိုအားပေးသော အမြင်ကြီးထွားလာယုံမက လူထုဆန္ဒပြမှုများအထိရောက်လာပေရာ ထိုအချက်တို့သည် အမေရိကား၏ လက်ယာစွန်းရောက်အမျိုးသားရေးဝါဒီ ထရမ့်၏ မာ့ဂါအုပ်စုသို့ တိုက်ရိုက်ပဋိပက္ခဖြစ်လာသည်။ လက်ယျာစွန်းရောက်တို့သည် ဥရောပကို ပမာပြု၍ သင်ခန်းစာယူက အမေရိကပထမပေါ် လစီဖေါ် ဆောင်၍ အမေရိကမြေ၌ခရူးဆိတ်ကို ဆင်နွဲနေခြင်းဟု ဤသည်မြင်ပါသည်။

“ငါးနံပါတ်နှင့် ဥရောပ”

နေတိုးအဖွဲ့ကြီး၏ နှစ်ပေါင်း ၈၀ နီးပါးကြာ ဥရောပလုံခြုံရေးအခြေခံအုတ်မြစ်တခုမှာ နေတိုးအဖွဲ့ စာချုပ် ပုဒ်မ ၅ ဖြစ်၏။ အဆိုပါအပိုဒ် ၅အရ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအား တိုက်ခိုက်ခြင်းအားအဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်ခိုက်ခြင်းဟူ၍ ဆုံးဖြတ်မည် ဟု ဖေါ်ပြထားခြင်းဖြစ်သည်။

ထိုပုဒ်မကြောင့် နေတိုးအဖွဲ့ဝင်ဥရောပနိုင်ငံတနိုင်ငံအား တိုက်ခိုက်လာခဲ့လျင် အတ္တလန်တစ်သမုဒ္ဒရာခြားနေသော အမေရိကားသည် စူပါပါဝါစစ်အင်အားဖြင့် စစ်ထဲဝင်ပါရမည် အဓိပ္ပါယ်ရောက်လေသည်။

ထိုပုဒ်မကြောင့်ပင် အမေရိကားမှလွဲ၍ နေတိုးနိုင်ငံများအားလုံး စစ်စရိပ်လျှော့ချကာ စီးပွားရေးတွန်းလုပ်ချမ်းသာခဲ့ကြသည်။

ဗြိတိန်ကဲ့သို့ စစ်အင်အားကြီးနိုင်ငံသည်ပင် စစ်အေးတိုက်ပွဲ၏ အမြင့်ဆုံးအချိန်မှစတွက်လျှင် စစ်ရေးအသုံးစရိတ်က ၇၀% နီးပါး လျှော့ချခဲ့လေသည်။

အမေရိကား၏ ထီးရိပ်ခိုကာ ချမ်းသာလာခဲ့သမျှ အမေရိကားသို့အား ပြန်မကြည့်၊ နှစ်ဖက်ကုန်သွယ်ခွန်များတိုးကောက်သည်၊ ဒေါ်လာငွေ၏ရပ်တည်မှုအား တန်ပြန်ရန် ယူရိုငွေကြေးထူထောင်ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် စူပါပါဝါလုရန် တက်လာသော ချိုင်းနားနှင့်ပင် ကုန်သွယ်စာချုပ်ချုပ်ဆိုကြသည်အထိ ကျေးဇူးကမ်းခဲ့ကြပါ၏။

ဒုတိယကမ္ဘာစစ်က ဥရောပအား နာဇီဂျာမဏီလက်အောက်မှ ကယ်တင်ခဲ့ရသော အမေရိကားတွင် မည်သည့် အကျိုးအမြတ်ရှိခဲ့ပါသနည်း၊ ဥရောပသား မိမိတို့မျိုးဆက်များဟူ၍ စစ်ရေးကာကွယ် စီးပွားရေးမြှင့်တင်ပေးရန် အမေရိကား၌ တာဝန်ရှိပါသလော။

အမေရိကား၏ လက်ရှိသမ္မတထရမ့်သည် စီးပွားရေးသမားပီသစွာ ဤသို့သော အကျိုးအမြတ်ဆုံးရှုံးနေမှုကို မြင်သည်၊ သို့နှင့် နေတိုးမှ နှုတ်ထွက်ရန်အထိ ခြိမ်းခြောက်ကာ ဥရောပ၏အန္တရာယ်ဟု ယူဆကြသည့် ရုရှားနှင့် ပူးပေါင်းဟန်ပြုခြင်းသာ။

တပြိုင်တည်းတွင် ဂျာမဏီ၏ နာဇီအခြေခံထားပါသည်ဆိုသည့် အမျိုးသားရေးအစွန်းရောက်ပါတီ AfDကိုမြှင့်တင်ပေးရင်း နာဇီစိတ်ဓာတ်တို့ကို လှုပ်နှိုးခဲ့ပြန်သည်။

သို့နှင့် ယခုကဲ့သို့ ဥရောပတပ်ပေါင်းစုထောင်ရမည့်အိုင်ဒီယာနှင့် ReArm Europe ဟူ၍ စစ်စရိတ်ဒေါ်လာ ၈၄၄ ဘီလီယံအထိလျာထားရန်နှင့် နေတိုးသို့လည်း ကာကွယ်ရေးအသုံးစရိတ်ကို ဆိုင်ရာနိုင်ငံဂျီဒီပီ၏ ၅% အထိမြှင့်တင်ရန်အသံထွက်လာခြင်းသာ။ အကယ်၍ တတိယကမ္ဘာစစ်ကြီးနောင်၅နှစ်တွင် ဖြစ်ငြားအံ့ ဥရောပသည် စစ်ရေးအသင့်ဖြစ်နေပြီတည်း။

“ထရီလီယံ ဘတ်ဂျက်”

အမေရိကား၏စစ်အသုံးစရိပ်ဘတ်ဂျက်သည် နှစ်စဉ်မှန်မှန်တိုးတက်လာကာ ယခု ၂၀၂၆ အတွက် မေ ၂ရက်နေ့တွင် ကွန်ဂရက်သို့ အိမ်ဖြူတော်မှတင်သွင်းလိုက်သော အစိုးရဘက်ဂျက်တွင် စစ်/ကာကွယ်ရေးအသုံးစရိပ် ၁.၀၁ ထရီလီယံတည်း။

သမ္မတဘိုင်ဒန်လက်ထက်တွင် အမေရိကား၏ ကမ္ဘာအနှံ့ ပြန့်ကြဲနေသော ဒေါ်လာငွေများကို အတိုးနှုန်းမြှင့်ပေးကာ ပြန်ဆွဲသိမ်းခဲ့ပြီး ယခုသမ္မတထရမ့်မှာမူ ကမ္ဘာကုန်သွယ်ဖက်နိုင်ငံအားလုံးသို့တန်ပြန်အထူးခွန်တိုးကောက်ရင်း ဒေါ်လာငွေများစုဆောင်းသိမ်းဆည်းနေသည်။

ငွေကြေးကုန်ကျမှုရှိသော နို်ငံတကာ အဖွဲ့အစည်းများ၊ သဘောတူညီချက်များဆီမှလည်း ထွက်ခဲ့ နှုတ်သိမ်းခဲ့သည်။ အမေရိကဌာနေအခြေခံဝါဒ၊ တခါးပိတ်ဝါဒ၊ အမျိုးသားရေး အခြေခံဝါဒများကို မီးမြှင့်ရင်း ခြွေတာစုဆောင်းသူဌေးကြီးပြန်လုပ်နေခြင်းလော။

ကိုယ်တိုင်နှင့် မိတ်ဖက်နိုင်ငံများ၏ စစ်ရေးအသုံးစရိပ်မြှင့်တင်၊ ငွေကြေးအင်အားစုစည်း၊ ကုန်ထုတ်လုပ်မှုကို ပြည်တွင်းသို့ပြန်ဆွဲသွင်း ခြင်းတို့တောက်လျောက်ပြုလုပ်နေခြင်း၏ နောက်ကွယ်ရည်ရွယ်ချက် အဘယ်နည်း?၊

“Holy Rus မှ New Holy Alliance ဆီ”

ယခင်လအယ်ဒီတာ့သင်ပုန်းတွင် မေလ ၂ရက်နေ့က ၁၇နှစ်ပြည့်သော နာဂစ်မုန်တိုင်း ကြောင့်ပြည်ပြောင်းခဲ့ပုံရေးခဲ့ပြီး ယခု မတ်လ ၂၈ မြန်မာငလျင်ကြီးသည်လည်း ပြည်ပြောင်းစနစ်ပြောင်းဖြစ်ဟန်သို့ ဦးတည်နေပါသည်။ မည်သည့်အပြောင်းမဆို ပြည်တွင်းအင်အားဖြင့်မဖြစ်နိုင် နိုင်ငံခြားအင်အးကြီးစူပါပါဝါတို့ ပါဝင်ပါတ်သက်ရ၏။

ချိုင်းနား၏ကြားဝင်စေစပ်ပေးမှုဖြင့် MNDAA ကိုးကပ်တပ်များသိမ်းပိုက်ထားသော လားရှိုးမြို့ကို ဧပြီတတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်များပြန်နေရာယူအုပ်ချုပ်ပါပြီ။ အဆိုပါလားရှိုးမြို့အား စစ်ကောင်စီတပ်မှ ပြန်ယူသွားပုံ မိုဒယ်သဏ္ဍန် သည် သိမ်းပိုက်ခံမြို့များကို စစ်ကောင်စီမှ သေနတ်တချက်မှမဖေါက်ရပဲ ပြန်လည်ရယူရန် စစ်အုပ်စုချထားသော ဗျုဟာဖြစ်နိုင်သည်။ လေကြောင်းတိုက်ခိုက်မှာကို သိသိသာသာတိုးမြှင့်ထားသည်။

စစ်အုပ်စုခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည် ချိုင်းနား/ရှီကျင့်ဖျင်၊ ရုရှား/ပူတင်၊ အိန္ဒိယ/မိုဒီ တို့နှင့် လူချင်းတွေ့ဆုံကာ စစ်ရေး/စီးပွားရေးစာချုပ်များချုပ်ဆိုထားသည်။

ရုရှား/ပူတင် ကိုယ်နှိုက်မှာလည်း အမေရိကားနှင့် ဥရောပကြား ဝင်လော/ထွက်လော ခန့်မှန်းရခက်လှသော အခြေအနေတွင်ရှိ၏။ ထိုအပေါ်မူတည်၍ ထရမ့်သည် ချိုင်းနားသို့ တိုက်ခိုက်ရာ၏ ကြားခံအဖြစ် မြန်မာစစ်တပ်အား သုံးလိုက်နိုင်ခြေလည်းရှိနေပါ၏။ သမ္မတထရမ့်သည် အမေရိကား၏ NUG သို့ပေးပို့အကူများကို USAIDဖျက်သိမ်းခြင်းအားဖြင့် ရပ်တန့်ထားပြီးဖြစ်သည့်အပြင် အမေရိကပြည်တွင်း 501(c)(3) အဖွဲ့အစည်းများ၏ နိုင်ငံခြားသို့ ငွေလွှဲပို့မှုများကိုလည်း တားမြစ်ရန်ပြင်ဆင်နေပြီဖြစ်သည်။

မည်သို့ဆိုစေ အနောက်နိုင်ငံသား ခရစ်ရှန်နိုင်ငံတို့မှာ စူပါပါဝါအဖြစ်ထိုးတက်လာသော ကွန်မြူနစ်ချိုင်းနားကို ညီညွတ်စွာဖြင့် ပူးပေါင်းရင်ဆိုင်ကြမည့်ပုံပေါ်နေသည်။

ဧပြီ ၂၆ရက်နေ့က ကျင်းပသော ပုပ်ဖရန့်စစ်၏ စျာပနအခမ်းအနားသို့ နိုင်ငံပေါင်း ၁၅၀ ကျော်မှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြ၍ သမ္မတထရမ့်လည်းပါဝင်သည်။

မေလ ၂ရက်နေ့က သမ္မတထရမ့်သည်သူ၏ ထရုဆိုရှယ်မီဒီယာတွင် ပုပ်ရဟန်းမင်းကြီးကဲ့သို့ ဝတ်စားထားသည့် AI ဖြင့်ဖန်တီးထားသည့်သူ၏ပုံကိုတင်ခဲ့သည်။

အင်တာဗျူးတွင်လည်း သူအဖြစ်ချင်ဆုံးမှာ ပုပ်ရဟန်းမင်းပါဟု နောက်ပြောင်ရင်းဆိုသည်။

အီဗန်ဂျလစ်ကယ် ခရစ်ယာန်ဖြစ်သောထရမ့်သည် ကိုယ်တိုင်ရေးသမ္မာကျမ်းThe God Bless the U.S.A. Bible ဆွဲကိုင်ထားကာ ကမ္ဘာစစ်ကြီးကိုတားဆီးမည့်သူဟူ၍လည်း မိမိကိုယ်မိမိ ကင်ပွန်းတပ်လေ့ရှိပါ၏။ ဇန်နဝါရီ ၂၀ ကျမ်ကျိန်ပွဲမိန့်ခွန်းပြောစဉ်က သူ၏ အဆုံးစွန်သော ရည်မှန်းချက်သည် “ငြိမ်းချမ်းရေး အကျိုးဆောင်” ဟုဆိုသည်။ ဤသည်တို့ကားသူ၏မူလအတွင်းစိတ်တို့ဖြစ်နိုင်သော်ငြားလုပ်ဆောင်ချက်များမှာ ပြောင်းပြန်ဖြစ်နေပြန်သည်။

ရက်၁၀၀ပြည့်နေ့က အိမ်ဖြူတော်၏ အိုဗယ်ရုံးခန်းတွင်းချိတ်ထားသော သမ္မတရိုးဇဗဲ့(FDR)၏ ပုံကိုကြည့်လျှက် ABC အင်တာဗျူးတွင် ထရမ့်က ၄ကြိမ်သက်တမ်းရခဲ့သူဟု သတိတရထုတ်ပြောခဲ့သည်။ သမ္မတရို့ဇဗဲ့လက်ထက်တွင်လည်. အမေရိကပထမပေါ်လစီခေတ်စားကာ ထိုစဉ်က ဥရောပစစ်ကြီးထဲမပါလိုသည့် တခါးပိတ်ဝါဒခေတ်ဖြစ်ပါ၏။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာ ၇ရက်နေ့ ပုလဲဆိပ်ကမ်းကို ဖက်ဆစ်ဂျပန်စစ်တပ်မှတိုက်ခိုက်လိုက်ပြီးသည့်နောက်ဝယ် ဗြုန်းဆို ကမ္ဘာစစ်ထဲဝင်ပါလာခဲ့ခြင်းသာ။ ယခုလည်း ထိုသို့သမိုင်းဘီးမလည်သွားဟု မည်သူမှမဆိုနိုင်။

“Survival of the fittest,”

မြန်မာအတွက် ရင်းစားချက်မှာ အပြောကျယ်လှသော နိုင်ငံကြီးများ၏ခတ်ကွင်း/ စစ်တလင်းဖြစ်၏။ ခေါင်းဆောင်တို့ မျှော်မြင်မှုအတွက်မှားခဲ့လျှင် ဒုကမ္ဘာစစ်ကာလကဲ့သို့ မိအေးနှစ်ခါနာ တည်း။ နှစ်ခါတည်းလော၊ မဟုတ်ပါ၊ မြန်မာ့မြေပုံသစ်လည်းရသွားမည်သေချာသည်။

အကယ်၍ ဥရောပကိုပစ်ပယ်ကာ ရုရှားနှင့်ညှိခဲ့သည်ဟန်မျိုး ချိုင်းနားနှင့် နားလည်မှုယူ/အပေးအယူ သမ္မတထရမ့်လုပ်ပြန်ပါလျှင် မည်သို့နည်း။ ဤအချက်လည်းထည့်တွက်ထားသင့်သည်။ သို့ဆိုလျင် အာရှနိုင်ငံများသည် ဥရောပနိုင်ငံများကဲ့သို့ ကိုယ့်အားကိုယ်ကိုး စစ်ရေးစွမ်းရည်မြှင့်ခြင်းမျိုး ထပ်တူစွမ်းနိုင်မည်ကားမဟုတ်။ မည်သို့ဆိုစေ လာမည့်နှစ်ပိုင်းအတွင်းတွင် မြန်မာနိုင်ငံသည် ကြီးမားသော အလှည့်အပြောင်းကြီးတခုအလည်တွင်ရှိနေပါ၏။

သမ္မတထရမ့်သည် ၁၉ ရာစုနှောင်းပိုင်း Social Darwinism ကိုအသက်ပြန်သွင်းသူဖြစ်သည်။ ဝါဒအရ နိုင်ငများသည် သတ္တဝါများဆင့်ကဲဖြစ်စဉ်ကဲ့သို့ပင် ရဲသူကျန် ရယ်ပါ။ “ရဲ”ကြပါကုန်။