Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်သတင်း ဒိုင်ယာရီ September 2024


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Sep 26 ။ MNDAA နဲ့ TNLA တို့ NUG နဲ့ပေါင်းပြီး US ထောက်ပံ့မှုယူနေတယ်လို့

စစ်ကောင်စီစွပ်စွဲတဲ့အပြင် US က မြန်မာပြည်တွင်း မငြိမ်သက်အောင်လုပ်နေပြီး
ဒါဟာ US အကျိုးစီးပွား ကြောင့်မဟုတ်ဘဲ ပြိုင်ဘက်ဖြစ်တဲ့ ချိုင်းနားကို ထိုးနှက်ဖို့ဖြစ်တယ်လို့လည်း သတင်းထုတ်ပါတယ်။

စစ်ကောင်စီက စာသင်ကျောင်းတွေကို တိုက်ခိုက်နေတဲ့အပေါ် US နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)က ရှုတ်ချလိုက်ပြီး မြန်မာပြည်သူ၊ ကျောင်းသူ/ကျောင်းသား၊ ကျောင်းဆရာ/ဆရာမတွေရဲ့ လုံခြုံရေးအတွက် စာသင်ကျောင်းတွေကို တိုက်ခိုက်မှု ချက်ချင်းရပ်တန့်ဖို့
တောင်းဆိုထားပါတယ်။


ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ် ရပ်ကွက် ၈ ကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်အေအေက အတည်ပြုပါတယ်။

Sep 25 ။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ ရောမမြို့မှာ ခိုလှုံနိုင်ကြောင်း ထုတ်ပြောခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျေးဇူးတင်မယ်လို့ ယုံကြည်ကြောင်း သားဖြစ်သူ ကင်မ် အဲရစ်က ပြောပါတယ်။


စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းတွေအတွက် ဒေါ်လာ သန်း ၃၀ ထုတ်ရောင်းမယ်လို့ ကြေညာပြီးနောက် US ဒေါ်လာ ၂၂ သန်းကျော် ထုတ်ရောင်းခဲ့ပြီး ပြည်တွင်း US ဒေါ်လာ လဲလှယ်နှုန်း ပြန်ကျခဲ့ရာ ယခင်လက 1 USD ကို မြန်မာကျပ် ၇,၀၀၀ ထိရောက်ခဲ့ရာကနေ ယခု ၁ ဒေါ်လာ ၅,၀၀၀ကျပ် ဝန်းကျင်ဖြစ်နေပါတယ်။

Sep 24 ။ စစ်ကောင်စီအခြေစိုက် နေပြည်တော် အပါအဝင် မြန်မာပြည်တွင်းက တိုင်းနဲ့ပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ မိုးသည်းထန် ရုတ်တရက်ရေကြီးမှုတွေကြောင့် ယနေ့ထိဆိုရင် သေဆုံးသူ ၄၁၉ ဦးအထိရှိလာကြောင်း ဒုတိယ စစ်ခေါင်းဆောင်က ပြောပါတယ်။ မြေပြင်အခြေအနေမှာတော့ ဒီထက်ပိုများနိုင်ကြောင်း
ကူညီရေးအသင်းများနဲ့ ဒေသခံတွေက ပြောပါတယ်။


မကြုံစဖူး ရေကြီးနစ်မြှုပ်မှုနဲ့ကြုံတွေ့နေရတဲ့ အင်းလေးဒေသမှာ သီတင်း ၂ ပတ်ကျော်လာတဲ့အထိ ရွာပေါင်း ၂၀၀ ဝန်းကျင် ရေဘေးသင့်နေပြီး အကူအညီမရသေးတဲ့ ရွာတွေလည်းရှိနေသေးပါတယ်။

Sep 23 ။ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ရာမှာ အွန်လိုင်းလောင်းကစားလုပ်နေတဲ့ ချိုင်းနားနိုင်ငံသားနဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော်ကို စစ်တပ်၊ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ရန်ကုန်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ်များမှာ ရေနစ်မြုပ်တာတွေ ဖြစ်နေပြီး နေအိမ်တွေထဲထိ ရေဝင်ရောက်နေခဲ့ပါတယ်။ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် သစ်ပင်တွေ ပြိုလဲ၊ ဓာတ်ကြိုးတွေ ပြတ်ကျနဲ့ လမ်းပေါ်ကိုရေတင်တဲ့အတွက် ယာဉ်ကြောပိတ်တာတွေလည်း ဖြစ်ခဲ့တာပါ။

Sep 22 ။ ပြည်ပရောက် အလုပ်သမားများက မိသားစုဆီ လွှဲပို့ငွေ ၃ လစာကို ထပ်မံတင်ပြရမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း အေဂျင်စီလုပ်ငန်းအသိုက်အဝန်းထံက သိရပါတယ်။


ရန်ကုန်ရွှေအသင်းရဲ့ သတ်မှတ်ဈေးက ကျပ် သိန်း ၅,၂၁၅,၀၀၀ ဝန်းကျင်မှာပဲ ရှိခဲ့ပြီး ပြင်ပရွှေ‌ဈေးကွက်ကတော့ ကြိုက်ရောင်း‌ကြိုက်ဝယ်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြရာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၆၈ သိန်းဝန်းကျင် ရှိခဲ့ပါတယ်။

Sep 21 ။ ၂၀၂၄ ခု၊ ပထမ ၆ လအတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူတွေထဲ မြန်မာပြည်သားတွေက ဒုတိယ အများဆုံးဖြစ်ပြီး ဝယ်ယူကြသူများဟာ စစ်တပ်နဲ့ ပတ်သက်တဲ့ အသိုက်အဝန်း၊ ငွေကြေးချမ်းသာတဲ့ ခရိုနီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ များပြားကြောင်း သိရပါတယ်။


စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ(Citizen’s Budget) အစီရင်ခံစာအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အစိုးရဘတ်ဂျက် လိုငွေမှာ ကျပ်(၇ ဒသမ ၉)ထရီလျံ ရှိနေပြီး ပြည်တွင်းပြည်ပကြွေးမြီ စုစုပေါင်း ကျပ်ငွေ(၇၀ ဒသမ ၄) ထရီလျံ ရှိနေကြောင်း သိရပါတယ်။

Sep 20 ။ မြန်မာပြည်ဒေသအနှံ့ ဖြစ်ပေါ်ခဲ့တဲ့ ရေဘေးကြောင့် သေဆုံးသွားသူတွေအတွက် တယောက် ကျပ် ၈ သိန်း ထောက်ပံ့ပေးမယ်လို့ စစ်ခေါင်းဆောင်က ပြောပေမဲ့ ကာယံရှင် ပြည်သူတွေလက်ထဲ ရောက်ဖို့မလွယ်ကြောင်း ရေဘေးသင့်ပြည်သူတွေနဲ့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောနေခဲ့ပါတယ်။


စက်တင်ဘာ ၁ ရက်ကစပြီး လျှပ်စစ်မီတာခတွေကို အိမ်သုံးအတွက် ၂ ဆနဲ့ လုပ်ငန်းသုံးအတွက် ၃ ဆကျော် တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် ရန်ကုန်မြို့က လျှပ်စစ်အသုံးပြု လုပ်ကိုင်ရတဲ့ တပိုင်တနိုင်လုပ်ငန်းများစွာ ရပ်နားသွားရပါတယ်။

Sep 19 ။ ရန်ကုန်မြို့က မြို့နယ်တွေကို စစ်ဘေးရှောင်လာကြတဲ့ အိမ်ထောင်စုတွေမှာ ထောက်ခံစာ မပါတဲ့အတွက် ရပ်ကွက်ရုံးတွေက ဧည့်စာရင်းမပေးကြသလို ဧည့်စာရင်းစစ်ချိန်မှာ ဒဏ်ရိုက်တာတွေရှိနေကြောင်း စစ်ရှောင်မိသားစုတွေက ပြောပါတယ်။


အမျိုးသားညီညွတ်‌ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းပြီး စစ်ရေးချဲ့ထွင်မှုတွေ လုံးဝ လုပ်ဆောင်မှာ မဟုတ်ဘူးကြောင်း MNDAA ကိုးကန့်တပ်က ပြောတဲ့အပြင် ချိုင်းနားရဲ့ ကြားဝင်စေ့စပ်ပေးမှုကနေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလမ်းစဥ်နဲ့ အ‌ဖြေရှာသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Sep 18 ။ အောက်တိုဘာ ၁ ရက်နေ့မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှာကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းမှာရှိနေတဲ့ ပြည်သူတွေ နေရပ်အမြန်ဆုံးပြန်နိုင်ရေး ဆောင်ရွက်ဖို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောပေမဲ့ လက်ရှိမှာ ရေမကျသေးတဲ့နေရာတွေ ရှိနေသေးသလို ရွာလုံးကျွတ် နေအိမ်များစွာပျက်စီးနေမှုတွေကြောင့် ပြည်သူတွေ နေရပ်အမြန် ပြန်နိုင်ဖို့ မလွယ်ကူနိုင် ဖြစ်နေပါတယ်။


ပဲခူးတိုင်း၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းက ရေဘေးဒဏ် ခံခဲ့ရတဲ့ ရွာတွေကို အကူအညီတွေပေးဖို့ သွားရောက်ရာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နယ်မြေ ကန့်သတ်တားမြစ်မှုတွေကြောင့် အခက်အခဲတွေ ရှိနေကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

Sep 17 ။ မြန်မာပြည် အကျဉ်းထောင်များအတွင်း ဖမ်းဆီးခံရသူတွေကို အာဏာပိုင်တွေက လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျုးလွန်နေပြီး စစ်အာဏာသိမ်းပြီးနောက် လူပေါင်း ၁၈၅၃ ယောက်ထက်မနည်း အချုပ်ထောင်တွေထဲ သေဆုံးခဲ့တာကို စိတ်ချရတဲ့ သတင်းတွေ ရရှိခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ရေဘေးဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ ဒေသတွေမှာ အပါအဝင် ဖြစ်ခဲ့တဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်မှာ စေတနာ့ရှင်တွေ လှူဒါန်းတဲ့ အစားအသောက်တွေ စားမိရာကနေ ကလေးငယ်တွေ အပါအဝင် ရေဘေးဒုက္ခသည် ၁၅၀ လောက် အစာအဆိပ်သင့် ဆေးရုံရောက်ခဲ့ပါတယ်။

Sep 16 ။ ကွမ်းရွက် ထွက်ရှိတဲ့ ဧရာဝတီတိုင်းမှာ တပိဿာ ကျပ် ၃၀၀၀၀ အောက်မကျလို့ ကွမ်းစားသုံးသူတွေ အခက်တွေ့နေသလို စိုက်ပျိုးသူတွေအတွက်လည်း အကျိုးမဖြစ်ကြောင်း ဒေသခံပွဲရုံလုပ်ငန်းရှင်တွေထံက သိရပါတယ်။


“မီဒီယာတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ မှေးမှိန်အောင် ဆောင်ရွက်နေကြောင်းနဲ့ အဝေးရောက်မြန်မာတွေက မြန်မာပြည်အကျိုးကို ဘာမှလုပ်ဆောင်ပေးမှာ မဟုတ်ကြောင်း” စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်သတင်းစာကနေ ဝေဖန်ပြောကြားပါတယ်။

Sep 15 ။ ပြည်တွင်းခရီးသွားလည်ပတ်မှု အများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ် ကလောမြို့နဲ့ အင်းလေးကန်ဒေသတို့မှာ မကြုံစဖူး ဆိုးရွားစွာ ရေကြီးတဲ့ဒဏ် ခံနေရပြီး ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။


တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတချို့နဲ့ ကရင်နီဒေသမှာ အဝေးထိန်း ဒရုန်းတွေသုံးပြီး ရေဘေးသင့်ပြည်သူတွေအတွက် ဆေးဝါး၊ အရေးပေါ် အစားအစာတွေ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။

Sep 14 ။ နေပြည်တော်ကောင်စီနယ်မြေထဲမှာ ရေကြီးမှုဟာ ‘‘ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုရဲ့ လက်တွေ့ ဖြစ်စဥ်ဖြစ်ရပ်တွေ’’လို့ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။


အာရက္ခတပ်တော်(AA)ရဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ရှောင်အရပ်သားတွေ ကျန်ရစ်ခဲ့တဲ့ ရွှေ၊ငွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ယူထားတဲ့ အကျင့်ပျက် တပ်ဖွဲ့ဝင်နဲ့ ဝန်ထမ်းတွေကို အပြစ်ပေး အရေးယူမယ်လို့ အေအေက သတင်းထုတ်ပြန်ပါတယ်။

Sep 13 ။ ဆိုင်ကလုန်းမုန်တိုင်း ယာဂိ အကြွင်းအကျန် လေပွေလှိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မြန်မာပြည်တဝန်း ရေကြီးရေလျှံ၊ လူသေအပျောက်တွေရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေ များခဲ့ရာ မြန်မာပြည်အထက်ပိုင်း ရှမ်းပြည်တခုလုံး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးတွေမှာရှိတဲ့ မြို့တွေမှာ သေဆုံးသူ လူ ၄၀၀ ကျော်ခဲ့ပြီး ပျောက်ဆုံးသူတွေ ရှိပါတယ်။


နိုင်ငံအနှံ့အပြားရေကြီးနေချိန် ဧရာဝတီတိုင်းက စစ်ကောင်စီ ဩဇာခံအဖွဲ့အစည်းတွေက ၂၀၀၈ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေအကြောင်း
ခေါင်းစဉ်တပ်ပြီး လိုက်လံမဲဆွယ် ဟောပြောစည်းရုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Sep 12 ။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ စံချိန်တင် မိုးရွာသွန်းတဲ့အတွက် ရှေးဟောင်းစေတီ ဘုရားအမှတ် ၁၀၄၂ ဆင်ကဘုရား၊ ငှက်ပစ်တောင်ပေါ်က ဘုရားအမှတ် ၁၆၇ စေတီကြီးဘုရားတို့ ၂ ဆူ ပြိုကျ ပျက်စီးခဲ့ပါတယ်။


၂,၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာပေါ်မှာ တရားမဝင်မူးယစ်ဆေးဝါး သယ်ယူပို့ဆောင် ထုတ်လုပ်မှု အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံများစာရင်းကို US သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ရာမှာ မြန်မာပြည်လည်း ပါဝင်နေပါတယ်။

Sep 11 ။ နာမည်ကြီး အဆိုတော် အေးချမ်းမေရဲ့ အသက် ၅၀ ပြည့် တော်လှန်မွေးနေ့ဖျော်ဖြေပွဲကို US ၊ မေရီလန်းပြည်နယ်မှာ လာမယ့် နိုဝင်ဘာ ၂ ရက်နေ့ ကျင်းပသွားပြီး “တော်လှန်မွေးနေ့”ဆိုတဲ့အတိုင်း ရရှိလာတဲ့ အကျိုးအမြတ် ၁၀၀ % ကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းသွားမယ်လို့ အေးချမ်းမေက ပြောပါတယ်။


မြန်မာပြည်အနှံ့အပြားမှာ မိုးသည်းထန်ရေကြီးရေလျှံလို့ သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်တာ၊ လမ်းတွေရေကျော်ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်တာတွေကြောင့် ကုန်းစိမ်းနဲ့စားသောက်ကုန်၊ ဆေးဝါးများ အဝင်နည်းပြီး ဈေးနှုန်းအဆမတန် မြင့်တက်နေပါတယ်။

Sep 10 ။ ဧရာဝတီတိုင်းထဲကို စားအုန်းဆီ အဝင်နည်းလာတာကြောင့် လက်ကျန်ဆီတွေသာ ချွေတာရောင်းချပေးနေရပြီး ဆီ ၁ ပိဿာ ကျပ် ၂၂,၀၀၀ ထိ စံချိန်တင် ဈေးတက်နေပါတယ်။ နှစ်အလိုက် စားအုန်းဆီဈေးနှုန်းက ၂၀၂၀ မှာ ၁ ပိဿာ ကျပ် ၂.၃၀၀၊ ၂၀၂၁ မှာ ကျပ် ၅,၈၀၀၊ ၂၀၂၂ မှာ ကျပ် ၇,၅၀၀၊
၂၀၂၃ မှာ ကျပ် ၁၂,၀၀၀ မှ ၁၂,၅၀၀၊ လက်ရှိ ၂၀၂၄ မှာတော့ ၁ ပိသာ ၂၂၀၀၀ ထိ အမြင့်ဆုံး ဈေးရောက်နေတာပါ။


ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို မနေ့ညမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲ‌တိုက်ခိုက်တာကြောင့် မောင်တောမြို့ လေးမိုင် (နခခ-၂) စခန်းမှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့ အရပ်သား အကျဉ်းသား ၅၀ ကျော် သေဆုံးပြီး အများပြား ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က
သတင်းထုတ်ပြန်ပါတယ်။

Sep 09 ။ ရန်ကုန်လို မြို့ကြီးတွေမှာ ခရမ်းချဥ်သီး တပိဿာ ကျပ် ၂၅၀၀ အထိ ရှိပေမဲ့ ရှမ်းပြည်ဘက်က တောင်သူတွေကတော့ ခရမ်းချဉ်သီး တပိဿာ ၃၀၀ ကျပ်သာ ရလို့ တောင်သူတွေ အရှုံးပေါ်နေကြရပါတယ်။


မြန်မာပြည်ကို စက်တင်ဘာလ ၅ ရက်ကနေ ၉ ရက်နေ့အထိ ၅ ရက်ကြာ လာရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဋ္ဌ မစ် မီရာဂျနာစပိုဂျရစ်ဟာ ခရီးစဥ်အတွင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ နိုင်ငံတကာနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့ပါတယ်။

Sep 08 ။ စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ ဒီပဲယင်းနယ်ထဲမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းသုံးတိုက် ခိုက်တာတွေ သြဂုတ်လကစပြီး ခပ်စိတ်စိတ် လုပ်လာကြောင်း ဘီဘီစီသတင်းက ဆိုပါတယ်။


ကိုးကန့်တပ်(MNDAA)က သိမ်းပိုက်ထားပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

Sep 07 ။ ၃နှစ်တာအတွင်း ခုခံတော်လှန်စစ်ကနေ မဟာဗျူဟာမြောက် စစ်ရေးထိုးစစ်အသွင် ကူးပြောင်းနိုင်ခဲ့ကြောင်းနဲ့ ခုခံတော်လှန်စစ်အတွင်း မြန်မာစစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်း၊ ပြိုကျနေတာ အထင်အရှားဖြစ်တာကြောင့် အရပ်သားပစ်မှတ်တွေကို ဦးတည်၊ လေကြောင်းအင်အားသာ အဓိကထား ကြိုးစားနေရကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ က ခုခံတွန်းလှန်စစ်(၃)နှစ်ပြည့် မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။


မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားများစွာ သေဆုံးခဲ့ပြီးနောက် နိုင်ငံတကာ စစ်ခုံရုံးကနေ အမြန်အရေးယူဆောင်ရွက်ပေးဖို့၊ မြန်မာ စစ်ကောင်စီကို လက်နက်ခဲယမ်း တင်ပို့ရောင်းချမှု ပိတ်ဆို့အရေးယူပေးဖို့၊ လေယာဉ်ဆီ တင်ပို့နေတာတွေပါ ရပ်တန့်ပေးဖို့ ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံနိုင်ငံတွေကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က တောင်းဆိုခဲ့ပါတယ်။

Sep 06 ။ မြန်မာပြည်မှာ စက်သုံးဆီကို စက်တင်ဘာ လကုန်လောက်ကစပြီး စမတ်ကတ်စနစ်နဲ့ ရောင်းချဖို့ ပြင်ဆင်နေပြီလို့ စက်သုံးဆီ တင်သွင်းရောင်းချရေး အသင်းဥက္ကဋ္ဌ၊ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးကော်မတီက ပြောပါတယ်။


ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီရဲ့ စစ်သားလေ့ကျင့်ရေးကျောင်းမှာ စစ်မှုထမ်းအပတ်စဉ် ၅ အဖြစ် တက်ရောက်မယ့်သူတွေမှာ ညပိုင်း ပေါ်တာဆွဲခံရသူတွေနဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေ ပါဝင်နေကြောင်း အဓမ္မ စုဆောင်းခံလိုက်ရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။

Sep 05 ။ ရခိုင်ပြည်၊ သံတွဲမြို့အခြေစိုက် တပ်မတော်ရေ ပင်မရေငုပ်နဲ့ ဆယ်ယူရေး တပ်စခန်း ကို ၁လ နီးပါး ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ယနေ့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။


မြန်မာပြည်တွင်းကနေ ပြည်ပထွက်ခွာမယ့် သူတွေထဲက စစ်မှုထမ်းဥပဒေအရ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အကျုံးဝင်သူတွေ စစ်မှုထမ်းပြီးမှ ပြည်ပကို ထွက်ခွာခွင့်ရမယ်ဆိုတဲ့ သတင်းအပေါ် စစ်ကောင်စီပြောခွင့်ရဘက်က အတည်ပြု ပြောကြားပါတယ်။

Sep 04 ။ ၂၀၂၃ ၊ အောက်တိုဘာမှာ စဖွင့်ခဲ့တဲ့ စတော့အိတ်ချိန်းစာရင်းဝင် MAEX ကုမ္ပဏီရဲ့ ရန်ကုန်၊ တညင်းကုန်းက အဆင့်မြင့် လက်ကားဈေးကြီး၊ ရုံ(၁)ဟာ လာရောက်ဝယ်သူ နည်းပါးတဲ့အတွက် ဆိုင်ခန်းရှင်တွေ အရှုံးပေါ်ပြီး ဆိုင်ပိတ်သိမ်းလိုက်တာတွေ ရှိနေပါတယ်။


၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ဩဂုတ်လအထိ စစ်ကောင်စီတပ်က မြန်မာသတင်းသမား ၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး သတင်းထောက်နဲ့ သတင်းအလုပ်ဆက်စပ်လုပ်ကိုင်သူ ၆၂ ယောက်ကို ဖမ်းဆီးထောင်ချထားဆဲဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF )ရဲ့ အချက်အလက်တွေအရ
သိရပါတယ်။

Sep 03 ။ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူလူထုနေအိမ်ပေါင်း ၁ သိန်း ကျော် ပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းကတော့ မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် စုစုပေါင်းရဲ့ ၇၂ % အများ ဆုံးဖြစ်ကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


ရန်ကုန်ကနေ တာချီလိတ်ကိုသွားမယ့် မြန်မာပြည်တွင်း လေယာဉ်လက်မှတ်ခဟာ ယခင် ကျပ် ၃ သိန်းခွဲသာ ရှိခဲ့ရာက အသွားအပြန် ကျပ် ၁၀ သိန်း ကျော်လာပြီလို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

Sep 02 ။ မြန်မာပြည် စစ်အာဏာသိမ်း ၃နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဝေဖန်ရေးသားလို့ ဖမ်းဆီးခံရသူ ၁,၇၀၀ နီးပါးရှိ Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။


TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် CDMA ဖုန်းလိုင်းပဲ အသုံးပြုလို့ရပြီး ဆင်းမ်ကတ် တကတ် နံပါတ်အပေါ်မူတည်ပြီး ကျပ် ၇ သိန်းအထိ ပေးဝယ်နေကြရပါတယ်။

Sep 01 ။ ၂၀၂၄ ၊ မေလမှ သြဂုတ်ထိ ၄ လအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ယာဥ်တိုက်မှုကြောင့်သေဆုံးသူ ၁၃၈ ဦးရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အချက်အလက်အရ သိရပါတယ်။ ဒီကာလအတွင်း ယာဉ်တိုက်မှု ၂၅၉ ခု ဖြစ်ခဲ့ပြီး ဒဏ်ရာရသူလည်း ၃၀၁ ဦးရှိခဲ့တာပါ။


ဒီနေ့ကစပြီး ဘဏ်အတိုးနှုန်းတွေကို စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်က ပြင်ဆင်ကြောင်း ကြေညာလိုက်ပြီး ငွေစုဘဏ်အပ်ငွေအတွက် အတိုးနှုန်း ၉ %၊ ငွေစုလက်မှတ်အပ်ငွေအတွက် ၁၀ % နဲ့ စာရင်းသေ တနှစ်အပ်ငွေအတိုးနှုန်း ၁၁ % အထိ တိုးမြှင့်ပေးထားပါတယ်။

Aug 31 ။ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေ ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရနိုင်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေကြောင်း၊ စစ်ကောင်စီ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း NLD က ကြေညာပါတယ်။


မြန်မာတပြည်လုံး လျှပ်စစ်မီးမှန်အောင် မပေးနိုင်ချိန်မှာ စက်တင်ဘာ ၁ ရက်ကစပြီး မီတာခတွေ ၂ ဆတိုးမြှင့် ကောက်ဖို့ စစ်ကောင်စီ လျှပ်စစ်၊စွမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက် ပြည်သူတွေ ဘက်စုံ ပိုမိုကျပ်တည်းလာနိုင်ကြောင်း လေ့လာသူတွေက ထောက်ပြခဲ့ပါတယ်။

Aug 30 ။ ရန်ကုန်တိုင်းတွင်း ညမထွက်ရအမိန့် ပြောင်းလဲပြီးနောက် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို စတဲ့မြို့နယ်တွေမှာ လူငယ်တွေကို စစ်ကောင်စီက ပေါ်တာဆွဲတာတွေ ပိုဖြစ်လာတာကြောင့််လူငယ်တွေဟာ ညမိုးချုပ်ချိန် အပြင်မထွက်ရဲကြတော့ဘဲ မြို့ထဲ အလုပ် လုပ်ကိုင်သူတွေလည်း ညမိုးမချုပ်ခင် နေထိုင်ရာ အရပ်တွေဆီ ရရာနည်းနဲ့ ပြန်နေကြရကြောင်း သိရပါတယ်။


ဧရာဝတီတိုင်းက စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ မတ်ပဲတွေ ပြည်ပဈေးကွက်ကို အကန့်အသတ်နဲ့ပဲ တင်ပို့နေရတာကြောင့် စိုက်ပျိုးသူတွေ၊ ကုန်သည်တွေနဲ့လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်ပေါ်နေပါတယ်။ ဧရာဝတီတိုင်းကထွက်တဲ့ စိုက်ပျိုးရေးထွက်ကုန် မတ်ပဲတွေကို ယခင်က ထိုင်း၊ စင်္ကာပူ၊ ချိုင်းနားနဲ့ အိန္ဒိယနိုင်ငံတွေဆီ အကန့်အသတ်မရှိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် တင်ပို့နေကျနိုင်ငံတွေဆီ အပြည့်အဝပြန်လည် မတင်ပို့နိုင်တဲ့အပြင် ချိုင်းနား တခုတည်းကို အကန့်အသတ်နဲ့ တင်ပို့နေရတာကြောင့် ဈေးကောင်းမရဖြစ်ပြီး အရှုံးပေါ်နေတာပါ။

Aug 29 ။ သံတွဲမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်တဲ့ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီလို့ဘီဘီစီ သတင်းရင်းမြစ်က ပြောပါတယ်။ ဒါဟာ စစ်‌ကောင်စီရဲ့ ရေတပ်စခန်းတခု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လက်ထဲ ပထမဆုံး ကျရောက်ခဲ့တာပါ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြတဲ့ မြန်မာပြည်ထဲမှာ ချိုင်းနားနဲ့နီးကပ်တဲ့ ဆက်ဆံမှုနဲ့ တရားမဝင်မူးယစ်ဆေး ရောင်းဝယ်မှု လုပ်နေကြောင်း နာမည်ကြီးတဲ့ ဝတပ်ဖွဲ့(UWSA)ဟာ နွေဦးတော်လှန်ရေးထဲ မပါဝင်ဘဲ အင်အားပိုကြီးမားလာနေတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောပါတယ်။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အား၊ သြဇာအကြီးဆုံးဖြစ်တဲ့ UWSA တပ်ဖွဲ့ဟာ ချိုင်းနား – လာအို၊ ထိုင်းနိုင်ငံတွေနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ရှမ်းပြည် အလယ်ပိုင်းဒေသတလွှား တပ်သားတွေ ပြောင်းရွှေ့ချထားတဲ့အပြင် ချိုင်းနား၊ ထိုင်းနိုင်ငံတွေနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ရှမ်းပြည်အရှေ့ပိုင်း တောင်တန်းတွေကြားက UWSA တပ်စခန်းချ နေရာဟာ ဘယ်လ်ဂျီယံနိုင်ငံထက် ကျယ်ဝန်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခု ဖြစ်နေပါတယ်။

Aug 28 ။ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစု(မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်)က အမြတ်ငွေ ထုတ်ပေးမှု ယာယီရပ်နားထားပြီး စစ်အာဏာသိမ်းပြီးနောက် အမြတ်ငွေ ပုံမှန်မရတော့ဘဲ ၂၀၂၂ ခုနှစ် အထိသာ ရခဲ့ကြောင်း တပ်မိသားစုဝင်တွေက ပြောပါတယ်။ ၁၉၉ဝ မှာ စတင်တည်ထောင်ခဲ့တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဟာ စစ်တပ်က ၆ဝ % နဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ၄ဝ % ပါဝင်ပါတယ်။

တပ်သားကနေ အရာခံဗိုလ်အထိ ၁၅ သိန်း၊ ဒုဗိုလ်ကနေ ဗိုလ်ကြီးထိ သိန်း ၃၀၊ ဗိုလ်မှူးမှ ဗိုလ်မှူးချုပ်ထိ
သိန်း ၅၀၊ ဗိုလ်ချုပ်အဆင့်နဲ့အထက် သိန်း ၁၀၀ ထိ သတ်မှတ်ပြီး ငွေပမာဏပြည့်မီအောင် မဖြစ်မနေ ထည့်ဝင်ရတာပါ။ မြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းပုံမှာ ဗိုလ်ချုပ်ကြီး ၉ ဦးအထိ ရှိလာပြီး မကြုံစဖူး အခြေအနေဖြစ်ကာ ရာထူးစဉ်အရ အဆင့်အမြင့်ဆုံး ၁၁ ဦး ရှိလာပြီး ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီးနဲ့ ဗိုလ်ချုပ်ကြီး ၉ ဦး ဖြစ်ပါတယ်။

Aug 27 ။ ရခိုင်ပြည်နယ်အခြေစိုက် အာရက္ခတပ်တော်(အေအေ)ရဲ့ ရိုဟင်ဂျာအရပ်သားတွေအပေါ် ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့ Fortify Rights အဖွဲ့က နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ အခုလအစောပိုင်းတုန်းက အေအေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲကြောင့် မောင်တောမြို့ဘက်က ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာအရပ်သားတွေကို အေအေက အင်အားသုံး တိုက်ခိုက်ခဲ့တာကြောင့်
ရိုဟင်ဂျာ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း Fortify Rights က ပြောတာပါ။


တိုက်ပွဲများ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာ ယခုနှစ် ၂၀၂၄ ဇန်နဝါရီကနေ ဇူလိုင်လထိ ၇ လတာအတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် အရပ်သား ၅၀၀ နီးပါး သေဆုံးခဲ့ပြီး ၄၆၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၁ လအတွင်းမှာပဲ စစ်ကိုင်းတိုင်းထဲ မြို့နယ် ၁၃ ခု မှာ အရပ်သားသေဆုံးမှု ဖြစ်စေတဲ့ အကြမ်းဖက်ဖြစ်စဉ် ၂၇ ခု ဖြစ်ပွားခဲ့ပြီး ၄၃ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရသူ ၃၆ ဦး ထိ ရှိခဲ့တာပါ။ ဒါ့အပြင် အရပ်သား
သေဆုံးသူ စုစုပေါင်းရဲ့ ၉၅ % ဟာ အရပ်သားတွေ ပစ်မှတ်ထား သတ်ဖြတ်မှု၊ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။ သေဆုံးသူတွေထဲ အမျိုးသား ၆၀ % နီးပါး ပါဝင်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်သေဆုံးမှု ၃၀ % ကျော် ပါဝင်ကြောင်း သိရပါတယ်။

Aug 26 ။ မြန်မာပြည်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ဘတ်ငွေ ၉ သန်း ကို ထိုင်းအစိုးရက ပေးလှူခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့က မွန်ပြည်နယ် သတင်းသမားနှစ်ဦးဖြစ်တဲ့ ကိုထက်မြက်နဲ့ ကိုဝင်းထွဋ်ဦးတို့ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စီးနင်းပစ်ခတ်ခဲ့ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ဒီ ဖြစ်ရပ်အပေါ် စစ်ကောင်စီကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ယခုနှစ်ဆန်းပိုင်းမှာလည်း Dawei Watch သတင်းဌာနရဲ့ တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် သတင်းထောက် ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ ၂ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်တွေ ဒဏ်ချမှတ်ခဲ့ပါတယ်။

Aug 25 ။ ၂၀၂၅ နိုဝင်ဘာမှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေပြီး တပ်ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေသာ ဝင်ပြိုင်ကြမှာမို့ ရွေးကောက်ပွဲအလွန် ပေါ်လာမယ့် အစိုးရဟာ မြန်မာနိုင်ငံနဲ့ပြည်သူကို ကိုယ်စားပြုအစိုးရလို့ မပြောနိုင်ကြောင်း နိုင်ငံရေးအသိုက်အဝန်းက သုံးသပ်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနဲ့ မဲအများဆုံး အနိုင်ရခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ စစ်အာဏာသိမ်းမှု လက်မခံတဲ့ နိုင်ငံရေးပါတီတွေကို စကစ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းထားပါတယ်။


ဧရာဝတီတိုင်းက ရွှေဆိုင်တွေမှာ လက်တလော ရွှေပေါင်နှံသူနဲ့ ရောင်းသူတွေသာ များခဲ့ပြီး ရွှေထည်ပစ္စည်း ရောင်းအား ၉၀% ထိ ကျခဲ့ပါတယ်။ ပေါင်သူ၊ ရောင်းသူတွေ များခဲ့တာဟာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှု၊ စီးပွားရေးကျပ်တည်းမှုနဲ့ မြန်မာငွေကျပ်တန်ဖိုး ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပြီး ရွှေပေါင်နှံသူ ဒေသခံတွေဟာ ပြန်မရွေးနိုင်တဲ့ အခြေအနေများနေပါတယ်။