မသိခြင်းအမှန်တရားနှင့် လိပ်ပြာတောင်ပံခတ်သံ

SawAungAugust 6, 20251min2780

တလောကလုံးက အပြစ်များသည် သူ့အပေါ်တွင်စုပြုံကာ ကျရောက်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး၏ မျက်ဝန်းအစုံသည် သူမမြင်နိုင်အောင် သူ့ကိုခိုးခိုးကြည့်ကြသည်။ ဒါကိုပင် သူကသတိမထားမိချေ။ သူဘာလုပ်ရမည်လဲ။ သူဘယ်လိုရင်ဆိုရမည်လဲ။ သူဘာဆို ဘာမှစဉ်းစား၍ မရပါ။ နောက်ဆုံး သူဆုံးဖြတ်ချက်ချလိုက်သည်။
ဖြစ်လာသမျှ အကြောင်းအရာများအား အရှိအတိုင်း ရင်ဆိုင်ရုံပင်ရှိတော့မည်။

တိတ်ဆိတ်နေသော အစည်းအဝေးခန်းမတွင် သူနှင့် သူ့အထက်လူကြီးနှစ်ယောက်သာရှိသည်။ အမျိုးသားဖြစ်သူသည် ဟန်းဖုန်းက အသံသွင်းသည့်အက်ပ်ကိုဖွင့်ကာ (Recorder) ဖုန်းမျက်နှာပြင်ကို စားပွဲပေါ်တွင် မှောက်ကာထားလိုက်သည်။ အမျိုးသားဖြစ်သူ၏ တဖက်ရှိအမျိုးသမီးမျက်နှာမှာ မာထန်လျှက်။ သူကတော့ ပြသနာအလုံးစုံ၏ အစိတ်အပိုင်း အနည်းအငယ်မျှကိုသာ သိသည်။ ဘာလိုများသူ့ကို သည်လိုစွပ်စွဲရသလဲ၊ ဒီလိုလုပ်ရက်ကြသလဲဟုသာ သူအကြိမ်ကြိမ် တွေးတောနေမိသည်။
သူတိုမေးသမျှ သူ့ဆီကလိုချင်တဲ့ အဖြေမရသဖြင့် သူတိုအလွန်စိတ်တိုသွားသည်။ အဲ့သည်တော့ သူ့ကို သူတိုက Force Resign နဲ့ ထုတ်ပယ်ပါမည်တဲ့။ သူဘယ်လိုမှ မတတ်နိုင်ပါ။ သူ့ဘက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ရှိမနေပါ။ ရှိမနေသည့်အပြင် အချိုတဝက်သည် သူ့ကိုဒီနေရာက ထွက်သွားစေချင်ကြသည်။ ဘာပဲဖြစ်ဖြစ် လက်ကျန်အားအင်တစ်ခုတော့ ထုတ်သုံးချင်ပါသည်။ သူသည်အပြစ်ရှိမနေပါ။ ထိုအတွက် သူထမ်းဆောင်ခဲ့တဲ့ တာဝန်သက်တမ်းပေါ်မူတည်၍ လျော်ကြေးပေးရန်သာဖြစ်သည်။ ထိုကိစ္စတွင် သူအနိုင်ရခဲ့ပါသည်။

သူ့ကိုယ်အား ဉာဏ်အားရှိသမျှရင်းထားသော အရာအားလုံးကို သူပြတ်သားစွာ ချန်ရစ်ခဲ့ရတော့မည်။ ထိုပတ်ဝန်းကျင်မှ သူ့ကိုနှုတ်ဆက်သော သူတစ်ယောက်နှစ်ယောက်သာလျှင်ရှိသည်။ အချိုတွေသည် သည်အဖြစ်အပျက်ထက်ပို၍ သူ့ကိုဟိုးအဆုံးထိရောက်အောင် ထိုးချကာတွန်းပိုကြသည်။ သူ့စားပွဲ ဘယ်ညာနှစ်ဖက်တွင်ထိုင်သော အိမ်ထောင်သည် ဝန်ထမ်း အမျိုးသားနှင့်အမျိုးသမီး ချစ်ကြိုက်ဖောက်ပြန်နေသည်ကို သူလုံးဝမသိခဲ့ပေ။ သူလုံးဝမသိခဲ့သောငြားလည်း ထိုသတင်းအား ထိုပတ်ဝန်းကျင်တစ်ခုလုံးကို လိုက်ဖြန့်ဖြူးသည်မှာ သူသာဖြစ်သည်ဆိုသည့် အဖျင်းမျိုး။ ကြားကြားချင်း မယုံနိုင်လောက်အောင် သူအနည်းငယ် ချာကနဲဖြစ်သွားသည်။
ပြီးနောက် ထိုပတ်ဝန်းကျင်မှ သူ့ကိုတွန်းထုတ်သူမှာ သူ့လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ယောက်ဖြစ်သည်ကို သူအသေအချာသိသည်။ ဘာမှ မတတ်နိုင်သောသူအဖို သူကြိုးစားအားထုတ်ခဲ့သောအရာများကို တရားသဘောဖြင့်သာကြည့်ကာ ကောင်းဖိုဖြစ်လာတာပဲဟုသာ နေလိုက်တော့သည်။

အချိန်ကာလ ရက်(၃၀)မပြည့်ခင်မှာပင် အရင်ထက်သာလွန်သော နေရာတစ်ခုသို သူရောက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူနေသားတကျနှင့် ပျော်ရွှင်ခဲ့သည်။ သူထွက်လာခဲ့ရသည် ပတ်ဝန်းကျင်မှာတော့ သူမသိတဲ့ သူအပုတ်နံ့တွေကို သူတိုကိုယ်တိုင်ပြောဆိုစားသုံးရယ်မောနေသည်ဟု ကြားသိရသော်လည်း သူဘာကိုမှ မခံစားမိတော့ချေ။ သည်လိုနှင့် ရက်ပေါင်း (၄၅)ရက်ကျောက်ကာလမှာပင် ထိုပတ်ဝန်းကျင်၏ အထက်ဌာနမှ တည်ထောင်သူ (founder) မှ သူ့ကိုတွေ့ဆုံခြင်းကြောင်း ဆက်သွယ်လာသည်။ သူများစွာ အံ့ဿြမိသည်။ သူ့ကို ရက်ရက်စက်စက်လုပ်ပစ်ခဲ့သော ပတ်ဝန်းကျင်မှာ ထိုဌာန၏ ရုံးခွဲဖြစ်သည်။

သည်လိုနှင့် ထိုဌာနချုပ်သို သူရောက်ရှိခဲ့ပါသည်။ သူ့ကိုတွေ့တွေ့ချင်းပင် ထိုတည်ထောင်သူသည် သူဘာလိုထွက်ခွာသွားရသလဲဟု သူ့ကိုမေးသည်။ သူအတော် ကြောင်တောင်တောင်ဖြစ်သွားသည်။ သူက တကယ်တော့ သူတိုတွန်းထုတ်ပစ်လိုက်ခြင်းသာဖြစ်သည်ဟု အဖြေပြန်ပေးသောအခါ တည်ထောင်သူသည် ထိုအဖြစ်အပျက်များ သူတိုမသိခဲ့ကြောင်း။ သူက သူ့ဖာသာထွက်ခွာသွားတာလိုသာ သိရကြောင်း။ သူ့ကို လုပ်ခဲ့သော ပတ်ဝန်းကျင်တစ်ခုလုံးသည် ဉပဒေရေးရာကိစ္စများကြောင့် ထိုနေရာရှိ လူတယောက်မကျန် ဘာအကျိုးခံစားခွင့်မှမရရှိဘဲ အကုန်ထုတ်ပါယ်လိုက်ပြီဖြစ်ကြောင်း ကြားသိရသောအခါ သူပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။ ကံတရားကား ဆန်းကြယ်လှပေစွ။ ယခု သူ့ကိုခေါ်ယူခြင်းမှာ သူလုပ်ကိုင်ခဲ့သော အရာများကို သူ့ကိုသာလုပ်ကိုင်ခွင့်ပြုရန်ဖြစ်ကြောင်း။ အဲ့သည်အတွက် ဆွေးနွေးရန် ခေါ်ယူခြင်းဖြစ်ကြောင်းကို သူသိရလေတော့သည်။

ထိုနေရာမှ အပြန်လမ်းတွင် သူအတော်စဉ်းစားတွေးတောမိသည်။ သူ့ကံကြမ္မာနှင့် သူတိုကံ၏ ကြမ္မာငင်ပုံများသည် အချိန်ကာလတိုတစ်ခုအတွင်း မျက်စိရှေ့တွင် ဖျတ်ကနဲ ဇတ်ကနဲ ရိုက်ခတ်တိုက်တွန်းသွားသည်မှာ တွေးကြည့်ရင်တော့ အစအနတွေ တပုံကြီး တထွေးကြီး ထွက်လာဦးမှာ အမှန်ပင်ဖြစ်သည်။

ရင်နှင့်ရင်း၍
စောအောင်
ဩဂုတ်လ(၅)ရက် ၂၀၂၅ခုနှစ်။
နံနက် (၀၂)နာရီ(၃၀)မိနစ်။