မိနစ်ပိုင်းဆရာမရဲ့ ပီတိ

ဒီပုံထဲက အကျီင်္ စိမ်း ဘောင်းဘီနီကာတွန်းရုပ်နဲ့ ကလေးကို မှတ်မိကြပါသလား။ 2014 နိုဝင်ဘာလ ၁ရက်နေ့တုံးကပေါ့။ ကျမတို့ တက်ခဲ့တဲ့ အထက်တန်းကျောင်းရဲ့ ဘုံကထိန်ပွဲမှာ လှည့်လည်လာတဲ့ ပဒေသာပင်တွေ အိုးစည်ဒိုးပတ်ဝိုင်းတွေကို တနေရာက ရပ်စောင့်ပြီး ဓာတ်ပုံမှတ်တမ်းတင်နေတုံး…. `ဆရာမ´လို့ နှုတ်ဆက်သံကြားလိုက်ရပါတယ်။ ကျမ အသံကြားရာကို လိုက်ကြည့်တော့ ဒီကလေးလေးကို တွေ့လိုက်ရတာပါပဲ။ ကထိန်လှည့်တာကို တပျော်တပါး လိုက်ကြည့်ကြတဲ့ ကလေးအုပ်စုထဲမှာပါ။ မနှစ်က တရုတ်တန်းရပ်ကွက်ကလေးမှာ ခိုင်ဇာ၊မနှင်းပြုံး၊ရဲစည်တို့ ပေးလိုက်တဲ့ လက်ဆောင် စာရေးကိရိယာနဲ့ ကျောင်းတက်ရင် သုံးဖို့ အသုံးအဆောင်လေးတွေကို Essay နဲ့ စာစီစာကုံး ပြိုင်ပွဲလေး လုပ်ပြီး ဆုချတုံးက သူ့ကိုတွေ့ခဲ့တာပေါ့။သူ့နာမည်တောင် မသိခဲ့ပါဘူး။ ဒီကလေးက ထူးချွန်ဆုမရပါဘူး။ဒါပေမယ့် ကျောင်းတက်တဲ့ ကလေးအားလုံးကို အကျီင်္နဲ့ ဗလာစာအုပ်၊ဘောပင်လေးတွေ ဝေပေးဖို့ တန်းစီခိုင်းတဲ့ … Continue reading မိနစ်ပိုင်းဆရာမရဲ့ ပီတိ