မိနစ်ပိုင်းဆရာမရဲ့ ပီတိ
ဒီပုံထဲက အကျီင်္ စိမ်း ဘောင်းဘီနီကာတွန်းရုပ်နဲ့ ကလေးကို မှတ်မိကြပါသလား။
2014 နိုဝင်ဘာလ ၁ရက်နေ့တုံးကပေါ့။
ကျမတို့ တက်ခဲ့တဲ့ အထက်တန်းကျောင်းရဲ့ ဘုံကထိန်ပွဲမှာ လှည့်လည်လာတဲ့ ပဒေသာပင်တွေ အိုးစည်ဒိုးပတ်ဝိုင်းတွေကို တနေရာက ရပ်စောင့်ပြီး ဓာတ်ပုံမှတ်တမ်းတင်နေတုံး….
`ဆရာမ´လို့ နှုတ်ဆက်သံကြားလိုက်ရပါတယ်။
ကျမ အသံကြားရာကို လိုက်ကြည့်တော့ ဒီကလေးလေးကို တွေ့လိုက်ရတာပါပဲ။
ကထိန်လှည့်တာကို တပျော်တပါး လိုက်ကြည့်ကြတဲ့ ကလေးအုပ်စုထဲမှာပါ။
မနှစ်က တရုတ်တန်းရပ်ကွက်ကလေးမှာ ခိုင်ဇာ၊မနှင်းပြုံး၊ရဲစည်တို့ ပေးလိုက်တဲ့ လက်ဆောင် စာရေးကိရိယာနဲ့ ကျောင်းတက်ရင် သုံးဖို့ အသုံးအဆောင်လေးတွေကို Essay နဲ့ စာစီစာကုံး ပြိုင်ပွဲလေး လုပ်ပြီး ဆုချတုံးက သူ့ကိုတွေ့ခဲ့တာပေါ့။သူ့နာမည်တောင် မသိခဲ့ပါဘူး။
ဒီကလေးက ထူးချွန်ဆုမရပါဘူး။ဒါပေမယ့် ကျောင်းတက်တဲ့ ကလေးအားလုံးကို အကျီင်္နဲ့ ဗလာစာအုပ်၊ဘောပင်လေးတွေ ဝေပေးဖို့ တန်းစီခိုင်းတဲ့ အချိန်မှာ ကလေးတွေ စိတ်ထဲ `After you ဆိုတဲ့ မင်းပြီးမှ ငါယူပါမယ်´ (တနည်း)သူတပါးကို ငဲ့ညှာတတ်တဲ့ စိတ်ကလေး ဝင်အောင် `ဘယ်သူ အနစ်နာခံပေးမလဲဟေ´့ လို့ မေးပြီး ချန်ထားခဲ့ပါတယ်။ တန်းစီပြီးတဲ့ အချိန် အဲဒီ အနစ်နာခံပေးပါမယ်ဆိုတဲ့ ကလေးတွေကို တန်ဖိုးပိုများတဲ့ လက်ဆောင်တွေ ပေးခဲ့ပါတယ်။ဒါ့ကြောင့် ဓာတ်ပုံထဲမှာ ဒီကလေးကို မနှင်းပြုံးလက်ဆောင် ထီးလေးပိုက်ပြီး ပြုံးနေတာ တွေ့ခဲ့ဖူးမှာပါ။
ကျမလည်း သူ့ကို အစဖော် အမှတ်ရလိုက်တာနဲ့ `ဟေ့သားလေး၊မင်းပုံကို အင်တာနက်ထဲ တင်ထားတယ်သိလား´လို့ ပြောလိုက်မိပါတယ်။ ကလေးကတော့ ကြားပုံတောင်မရပါဘူး။
ကျမကို နှုတ်ဆက်ပြီးတာနဲ့ အဖော်တွေနဲ့အတူ ကထိန်လှည့်ရာနောက် တကောက်ကောက်ပါသွားပါတယ်။ကျမလည်း အတော်လေးလှမ်းသွားမှ သတိရပြီး သူ့ကို ဓာတ်ပုံ လှမ်းရိုက်လိုက်မိပါတယ်။
ဒီကလေးတွေနဲ့ ကျမ တွေ့တာ တနှစ်မှ တရက်၊တရက်မှာမှ မိနစ်ပိုင်းလေးရယ်။
တွေ့တဲ့အချိန်လည်း ကျမက စာသင်တာမဟုတ်ပါဘူး။သူတို့ သင်ပြီးသား စာတွေကို တန်ဖိုးထားတတ်ဖို့ စာမေးပေးတာရယ်။တကိုယ်ရည်သန့်ရှင်းရေး လုပ်ဖို့၊အမှိုက်တွေ မြစ်ထဲမချဖို့ ဆိုတာမျိုးတွေ တခွန်းစ နှစ်ခွန်းစ ပြောပေးတာရယ်။မနှစ်ကတော့ After you လေး လေ့ကျင့်ပေးမိတာပဲ ရှိပါတယ်။
မနှစ်က မြို့ကိုပြန်တော့ 27.3.2014 ပါ။ မတ်လကနေ ကထိန်ပွဲလုပ်တဲ့ နိုဝင်ဘာလ 1ရက်ထိဆို ရလ ကြာပါတယ်။ဒီလို မိနစ်ပိုင်းလေး တွေ့ခဲ့ရတဲ့ ကျမကို ဒီကလေးလေးက `ဆရာမ´လို့ အသိအမှတ်ပြုနှုတ်ဆက်တာဟာ ရလကြာတဲ့ထိ သူ့ရင်ထဲမှာ ကျမသင်ပေးလိုက်တဲ့ After you ရှိနေသေးလို့သာပေါ့နော်။ သူ After you လုပ်ပေးခဲ့တဲ့ အတွက် ကျမတို့ ပေးလိုက်တဲ့ လက်ဆောင် ထီးကလေးကို ထိုက်ထိုက်တန်တန် ရလိုက်တယ်ဆိုတာ ဒီကလေး တန်ဖိုးထားမယ်ဆိုရင် ကျမတို့ ကြယ်ငါးလေးတကောင် ရေထဲချလိုက်နိုင်ပြီပေါ့လို့ တွေးရင် ပီတိဖြစ်မိပါတယ်။
(မနှစ်ကတော့ အန်တီမမက နောက်တခါဆို ပုံပြောပြိုင်ပွဲ လုပ်ခိုင်းရင် ကောင်းမယ်လို့ အကြံပေးထားပါတယ်။ဘာပုံများ ပြောခိုင်းရရင် ကောင်းပါမလဲ၊အကြံပေးကြပါအုံး။)
အရင်တုံးက ပို့စ်တွေ ပြန်ကြည့်ချင်သူများအတွက် ဆက်ဆက်သင်တဲ့အတိုင်း လင့်ခ် ထည့်ကြည့်ထားပါတယ်။
အဖူးအငုံလေးတွေက ဝင့်ဝင့်ကြွားကြွား
ပဒုမ္မာရဲ့ချစ်စရာ့အရွယ် Cover Story
ပန်းကလေးများပွင့်တော့မည် 2014
19 comments
မြစပဲရိုး
March 16, 2015 at 2:42 am
တို့ အစ်မဒုံ မှာ သများ ပထမ ပါ။
ဓာဟ်ပုံထဲ က ကလေး က ကြည့်ရတာ ဉာဏ်ကောင်းမဲ့ ပုံလေး။
ပုံပြင် အကြောင်း အကျန်ပု ရရင်တော့ လေ
ကလေး တွေ အတွက် ဇာတ်ကောင် လေး တွေ ဖန်တီး ပေးထားလိုက်ပေါ့။
နမူနာ သဘောပြောရရင် ရှေးပုံပြင်မှာလိုမျိုး ယုန် တို့ ကျားတို့ ဝက်ဝံ တို့ မျောက်တို့ မှာ သူတို့ ရဲ့ ကိုယ်ပိုင် ကာရိုက်တာ လေး တွေ ပြောပြထား။
ဖြစ်နိုင်ရင် ပုံဆွဲ ပြီး ယူသွား။
အဲဒီဇာတ်ကောင် လေး တွေ နဲ့ သူတို့ ကို ကိုယ် က စပြီး ဇာတ်လမ်း တစ်ပုဒ် ပြောပြ။
ပြီးတော့ မှ သူ့ တို့ ကိုယ်ပိုင် စိတ်ကြိုက် တွေးခိုင်းပြီး ပြောပြခိုင်း ပေါ့။
အဲဒီမှာ လူသိပ်များ ရင် အဖွဲ့ဖွဲ့ပေး။ ဝိုင်းစဉ်းစားတဲ့ အကျင့်လဲ ရရော။
အဲဒီထဲကမှ တစ်ယောက် ကို ခေါင်းဆောင်လုပ် ပြောခိုင်း။ သူတို့ဟာ သူတို့ စိတ်ကြိုက် တစ်ယောက် ကို ရွေးပစေပေါ့။
ဒီကနေ သင့်တော်သူ ကို ရွေး တတ် တဲ့ အကျင့်ရရော။
ဒီလို အဖွဲ့ နဲ့ လုပ်ခိုင်းရင် ကလေး တွေ အားလုံး စိတ်ဝမ်းမကွဲ အောင် တစ်ယောက်စီ မှာ ရှိတဲ့ အရည်အချင်း နဲ့ နောက်တစ်ယောက် မှာ ရှိတာ မတူတာမို့ ဆီလျော်ရာ အလုပ် ကို ဆီလျော်တဲ့ သူ ကို ခိုင်းရမှာ ဖြစ်ကြောင်း လဲ အရင် ရှင်းပြပေးသင့်တယ်။
ပြီးတော့ အကောင်းဆုံး အသင်း ကို ပထမ ပေါ့။
ကျန်တာ တွေ ကိုတော့ ဒု တွေ၊ တ တွေ အစား အားလုံးကို နှစ်သိမ့်ဆုပေးလိုက်ပေါ့။
ပိုကောင်းတာ စဉ်းစားလို့ ရရင် ထပ်ပြောပါရစေ။ ဟိ။ :))
ဘယ်တော့ သွားမှာလဲ အစ်မ ရေ။
padonmar
March 16, 2015 at 7:56 pm
မလတ်ရေ၊
အကြံပေးတာ ကျေးဇူးပါ။
အမတို့ မတ်လ 27 နဲ့ ဧပြီ 5 ရက် ကြား သွား လေ့ရှိပါတယ်။
ကိုရင်စည်သူ
March 16, 2015 at 7:04 am
ပီတိကိုစား အားရှိပါတယ် တီချယ်ဒုံ..
ဦးကြောင်ကြီး
March 16, 2015 at 9:14 am
အာတီဒုံဂျီးက ခလေးတွေကို မုန့်ပေးပီး ဒီမိုမလိုခြင်အောင် စည်းရုံးနေတာရား..
Kaung Kin Pyar
March 16, 2015 at 10:22 am
ပီတိ တစ်ခုရဲ့ တန်ဘိုးက ဘာနဲ့မှ လဲလို့ မရဘူး…ထင့်….။
ဦးကြောင်ကြီး
March 16, 2015 at 10:31 am
ဗြဟ္မာ့ပြည် တင်းဝင်း ဝက်စာကျင်း တရှပ်ရှပ် မကြားဖူးဘူးလား ပီတိကို အဟုတ်ထင်နေဒဲ့ ဒိဋ္ဌိကင်းကောင်ပြာဂျီးရဲ့..
Alinsett@Maung Thura
March 16, 2015 at 11:38 am
အဟီး
ပိုစ့်ထဲ လင်အရှင်လတ်လတ်ထည့်နည်းဆိုပြီး နာမည်ကြီးသွားတဲ့နည်းနဲ့
link အရှင်လတ်လတ် ထည့်ထားသကိုးးး
:k:
အဲ့ကလေးလေး မျက်နှာမှာ ရိုးသားမှုနဲ့ သင်ယူလေ့လာလိုမှုတွေ တွေ့နေရတယ်နော်
ပြီးတော့ အားငယ်မှုလေးများ နည်းနည်းတွေ့နေသလားလို့
padonmar
March 16, 2015 at 8:00 pm
အဲဒီက ကလေးတွေက ဆင်းရဲတာများပါတယ်။
မိဘက ပညာသိပ်မတတ်တာတွေ များတော့ သူတို့ခမျာ အားငယ်မှုရှိနေမှာ မလွဲပါဘူးဆက်ဆက်။
တပည့်ကြီး တီဒုံ
•*¨နန်းတော်ရာသူ •*¨
March 16, 2015 at 11:42 am
သူပြုံးနေပုံလေးက စိတ်ထားလေးကိုမြင်နေရတယ် တီဒုံ
ခင်ဇော်
March 16, 2015 at 11:48 am
ပုံပြောပြိုင်ပွဲ ဆိုတာ
ပေးထားတဲ့ ပုံပြင်ကို ဘယ်လို နားထောင်ကောင်းအောင် ပြောတတ်ရမယ်လို့ ပြိုင်မှာလား??
ဒါမှ မဟုတ်၊
ဘယ်ပုံပြင်ဖြစ်ဖြစ် ကောင်းကောင်း ပြောတတ်တာကို ပြိုင်မှာလား?
ဒါမှမဟုတ်
ကွကိုယ် ပုံပြင် ဖန်တီးပြီး ပြောခိုင်းမလား အာတီဒုံ။။
ပုံပြင် စာအုပ်တွေ လိုမလားမသိဘူးး
:chit:
Mr. MarGa
March 16, 2015 at 1:42 pm
ကလေးတွေကို storyline မပေးဘဲ သူတို့ကြိုက်ရာ ပြောခိုင်းတာ ကောင်းမလား 🙄
မွသဲ ( 17082011 )
March 16, 2015 at 7:32 pm
ဖတ်ရတာစိတ်ချမ်းသာလိုက်တာ တီဒုံရယ်
padonmar
March 16, 2015 at 9:15 pm
ကရင်စည်သူ၊ကင်းကောင်ပြာ၊ကြောင်ကြီး၊သော်၊မွသဲ၊ကေဇီ၊တဂျား။
အားပေးကြတာ ကျေးကျေး။
အချိန်ကလည်း သူတို့ဖက်ကို ၂နာရီလောက်ပဲ ပေးနိုင်တာဆိုတော့ မြန်မြန်နဲ့ ထိရောက်မယ့် အစီအစဉ်စဉ်းစားနေပါတယ်။
အုပ်စု ၂စုလောက် ဖွဲ့ပြီး စကားရည်လုပွဲမျိုး ပြောခိုင်းရရင် ကောင်းမလား တွေးနေတာ။
အကြောင်းအရာပေးပြီး ပြောခိုင်းရင် သူတို့လေးတွေက ပတ်ဝန်းကျင်ကောင်းမှာ ကြီးရတာ မဟုတ်တော့ ဗဟုသုတလည်း သိပ်မရှိကြသေး၊အချက်အလက်နဲ့ ပြောတတ်တဲ့ အကျင့်လည်း မရှိသေးဆိုတော့ ပြောရဲပါ့မလားလည်း တွက်ရသေးတယ်။
ကေဇီပေးထားတဲ့ လက်ဆောင်တွေကို ဆုချမယ်။
Kaung Kin Pyar
March 17, 2015 at 10:57 am
ပစ္စည်းပဲ ဖြစ်ဖြစ်၊ လုပ်အားပဲဖြစ်ဖြစ် လိုရင်ပြောပါ အာတီဒုံ
ဦးကြောင်ကြီး
March 17, 2015 at 11:28 am
လူလိုသကွဲ့.. အချိန်ကဒေါ့ ငြ ငြ
Ma Ei
March 17, 2015 at 3:34 pm
သူများလဲ after you ဆိုပြီး ဦးစားပေးတတ်သူပါ…
ဆိုတော့ ကံတရားက ဆုကြီးကြီးပေးမှာပေါ့နော်…
padonmar
March 17, 2015 at 10:08 pm
မအိရေ
ကံ-ကံ၏ အကျိုးပေး ယုံတယ်မလား။
ဘယ်တော့ အကျိုးပေးမလဲ မျှော်နေစရာ မလိုပါဘူး။
လာကိုလာမှာပါ။
manawphyulay
March 19, 2015 at 12:39 pm
အင်း အန်တီဒုံအတွက် ဒါဟာ အမှတ်ရစရာပါပဲ။ ကလေးတွေရဲ့စိတ်ထဲမှာ စာသင်တာမဟုတ်ပေမယ့် သူတို့အတွက် အကျိုးဖြစ်မယ့်အရာလေး ပြပေးသူကိုလည်း ဆရာမလို့ စိတ်ထဲ စွဲမှတ်ထင်ယူကြပါတယ်။ ဒါကြောင့် ကလေးအရွယ်မှာ ပုံသွန်းတာ အကောင်းဆုံးပဲ လို့ ပြောကြတာ ဖြစ်မယ်ထင်ပါတယ်နော်။
ကြည်နူးမိပါတယ် အန်တီဒုံ
padonmar
March 19, 2015 at 9:36 pm
မနောရေ၊
ကိုယ့်မြို့မှာ အန်တီ့ကို ဆရာဝန်မို့လို့ ဆရာမဆိုပြီး လူကြီးပိုင်းတွေကခေါ်တတ်ပါတယ်။
အလုပ်ထဲမှာလည်း အလုပ်ရှင်မို့လို့ အလုပ်သမားတွေက ဆရာမခေါ်ကြတယ်။
ဒါပေမယ့် ဒီကလေးခေါ်သွားတဲ့ ဆရာမကိုတော့ နားဝင်အချိုုဆုံးပါပဲ။
သူကလေး နှုတ်ဆက်သွားတာကိုပဲ ပီတိဖြစ်မိတာ။
တကယ့်ဆရာမ တွေဆို ကိုယ့်တပည့်တွေ နှုတ်ဆက်ကန်တော့ကြရင် ဘယ်လောက်များ ဝမ်းသာပီတိဖြစ်ကြမလဲလို့ တွေးမိလို့ပါ။
မကြာခင် ဒီကလေးတွေနဲ့ ပြန်တွေ့ရမှာ အန်တီလည်း တွေးပြီး ပျော်ပါတယ်။