ပုံပြောကောင်းသူလေးများ

ဒီတခေါက် ဇာတိမြေ အပြန်ခရီးမှာ နေ့လည်ပိုင်းကျတော့ အဖေ့ဆီစက်လုပ်ခဲ့ရာ တရုတ်တန်းရပ်ကွက်ကလေးကို ပဲ့ထောင်နဲ့ ကူးခဲ့ကြပါတယ်။ ရောက်တဲ့ အချိန် ကလေးတွေ နည်းနေလို့ သာကူကျိုနေတဲ့ အဖွဲ့ကို မေးကြည့်တော့ ညနေ ၃နာရီမှ လာလို့ ခေါ်ထားတယ်တဲ့။ အခုက ၂နာရီပဲ ရှိသေးတယ်။စောနေသေးတော့ အနီးအနားကို လိုက်ကြည့်ဖို့ ထွက်ခဲ့ပါတယ်။ မထွက်ခင် ရောက်နေတဲ့ ကလေးတွေကို `အခုစောသေးတယ်။ သားတို့ သမီးတို့ ဒီနား တဝိုက်မှာ အမှိုက်တွေ ပွနေတာပဲ၊ဆရာမ ဟိုဖက်သွားတုံး အမှိုက်ကောက်ထားကြနော်။ အမှိုက်ကောက်ပြီးရင် ဘယ်မှာ ပစ်မလဲ´ `မြစ်ထဲ ချပါမယ်´ `မြစ်ထဲ အမှိုက်ချရင် အဲဒီအမှိုက်ဘယ်ရောက်သွားမလဲ´ `ရေထဲ မျောသွားပါမယ်´ `မျောပြီးရင်ကော´ တချို့က နည်းနည်း တွေ သွားကြတယ်။ `ကမ်းပေါ် တနေရာရာမှာ တင်သွားပါမယ်´ … Continue reading ပုံပြောကောင်းသူလေးများ