တီကောင်များနှင့်၊မိတ်သင်းဖွဲ့လျက်

ရွံတတ်ရင်တော့ ဆက်မဖတ်ပါနဲ့နော်။ ဟုတ်တယ်လေ၊တီကောင်ဆိုတာ စာထဲမှာတောင် တော်တော်ရွံဖို့ကောင်းပါတယ်။ ထိလိုက်မိရင်လည်း အေးစက်စက် ပျော့စိစိ ချွဲတဲတဲနဲ့။ ကျမလည်း အစက တီကောင်မြင်ရင် ကြောက်တော့ မကြောက်ပေမယ့် ရွံမိပါတယ်။အပင်တွေ စိုက်ဖို့ မြေကြီးတူးဆွရင်း အမှတ်တမဲ့များ တီကောင် မည်းမည်းဝဝကြီးတွေကို ကိုင်မိရင် အလန့်တကြား လွှင့်ပစ်မိခဲ့ပါတယ်။ အခုတော့ ကျမ တီကောင်တွေနဲ့ မိတ်ဆွေ ဖြစ်နေပါပြီ။ မိုးလေး တပြိုက်နှစ်ပြိုက်ရွာလိုက်ပြီဆိုရင် သူတို့နဲ့ ကျမ မျက်နှာချင်းဆိုင်တွေ့ရပါပြီ။ တီကောင်တွေ့တာများ ဆန်းတာလိုက်လို့။ဒါပေမယ့် သူတို့ ကျမကို လာတွေ့တဲ့နေရာက တီကောင်တွေ ကျက်စားလေ့ရှိ်တဲ့ မြေကြီးကနေ ၁၅ပေ လောက်မြင့်မယ့် အိမ်အပေါ်ထပ်က ကျမရဲ့ ရေချိုးခန်းမှာပါ။ အိမ်မှာ တခြားရေချိုးခန်းတွေ ရှိပေမယ့် ကျမရေချိုးခန်းကို ကိုယ်တော်တွေ မချောတွေက ဘာကြိုက်ကြတယ်မသိပါဘူး။ မြေဆွဲအား ဆန့်ကျင်ပြီး … Continue reading တီကောင်များနှင့်၊မိတ်သင်းဖွဲ့လျက်