မှတ်သားခြင်း သညာတဲ့

ဒွေးလေးပဒုမ္မာကို သူ့ညီမတော် မလတ်က ညဇီးကွက်လို့ နာမည်ပြောင်ပေးထားတယ်။ ဟုတ်လည်းဟုတ်တာပဲ။ဒေါ်ပဒုမ္မာက အလုပ်ကနေ ညနေ ၆နာရီခွဲလောက်မှာ အိမ်ပြန်ရောက်၊ရေမိုးချိုး၊ ထမင်းစားပြီးချိန် ည၈နာရီလောက်ကနေစပြီး ကမာ္ဘကြီးကို ဖန်သားပြင်ကနေ ချောင်းကြည့်လေ့ရှိပါတယ်။ ဒီကနေ့ညလည်း အီးမေးတွေ ဂျီမေးတွေကို အရင်စစ်၊စာပြန်စရာရှိတာတွေ စာစီပြီးပြန်၊တလက်စတည်း ဟိုဖက်မှာ tab တွေဖွင့်ထားပြီး အဂ္ဂမဟာ ဖွဘုတ်တော်ကြီးကနေ ဘယ်သူတွေ စုပြီး စားကြသောက်ကြသလဲ၊ငါ့အကြောင်းဘာတွေ ထည့်ပြီး tag ကြ mention လုပ်ကြသလဲဆိုတာ စစ်၊ မိတ်ဆွေတွေရဲ့ ဘာညာသာရကာတွေကို Like လုပ်ရ၊ Comment ပေးချင်တာလေးတွေပေးရ၊နောက် tab တခုကနေတော့ ဂဇက်ကို စိတ်ရှည်လက်ရှည် ဝင်ဖို့ကြိုးစားရ။အဲဒါတွေနဲ့ တင် နာရီလက်တံ ၂ပတ်လည်ပြီး ည ၁ဝနာရီ ထိုးပါလေရော။ ဖန်သားပြင်က Virtual world ကြီးက … Continue reading မှတ်သားခြင်း သညာတဲ့