စပ်စပ်လေးတော့ ရိုက်ဖို့လိုနေပါပြီ

ကထူးဆန္းApril 16, 20123min22247
ပြည်လမ်းမ က ဆိုင်တစ်ဆိုင်ရှေ့

ပြည်လမ်းမှ ဆိုင်တစ်ဆိုင်ရွှှေ

တေးနုယဉ် လမ်းထဲက ခြံတစ်ခြံ
ကုန်သည်လမ်းပေါ်က
မဟာဗန္ဓုလလမ်း ပေါ်က Asia Express ဆောက်ထားတဲ့ အဆောက်အဦးပေါ်
ကုန်သည်လမ်းပေါ်က အဆောက်အဦးတစ်ခုပေါ်က
မဟာဗန္ဓုလလမ်း နဲ့ သိမ်ဖြူလမ်းထောင့်

အရင်တုန်းက ဘဲ သတိမမူခဲ့ မိလို့လားလို့ တွေးမိပေမဲ့ မဟုတ်လောက်ဘူးလို့လဲတွေးမိပါတယ်။ ရက်ပိုင်းသွားရင်းလာရင်း သူများတွေရဲ့ ခြံစည်းရိုးတွေ ၊ အလူမီနီယမ် တံခါးတွေမှာ သူတို့ကိုယ် သူတို့တော့ တော်လှန်ရေးသမား အဖြစ် ယူဆထားမဲ့ သူတွေရဲ့ Graffiti ၊ ကျွန်တော့် အတွက်တော့ လက်သရမ်း မှု့တွေကို ပိုလို့ ပိုလို့ တွေ့မိလာပါတယ်။

Graffiti (သို့) Street Art ရယ်လို့ အမည်မတတ်နိုင်ပါဘူး။ ဖျက်ဆီးမှု့ သက်သက်ပါဘဲ။ ဒီလို ဆွဲဖို့ရာ ငွေကုန်ကြေးကျလည်း အနည်းငယ်ရှိနိုင်လို့ တတ်နိုင်သူ ကလေးများပါဝင်နေတယ်လို့လဲထင်ပါတယ် ။ Money Laundry စသဖြင့်လည်း ရေးနိုင်ပြောနိုင်တဲ့ အတွက် ဘိုကျောင်းထားတဲ့ ကလေးတွေတောင်ဖြစ်နိုင်ပါသည်။

ဒီအကျင့်တွေ ဒါထက်မြန်မြန်ဆန်ဆန် တိုးပွားမလာခင်မှာ အမြန်ဖမ်းပြီး ခပ်စပ်စပ်လေး ရိုက်ဖို့ တော့ လိုနေပါပြီ။

ဆိုင်လာဖွင့် တဲ့ ဆိုင်ရှင် ဒေါသတွေ ပေါက်ကွဲမလား ထိုင်ငိုမလား ဆိုတာတော့.....
ကမ်းနားလမ်းနဲ့ ဘုန်းကြီးလမ်း ထောင့်နား
မန္တလေး ကမ်းနားလမ်းက မြနန္ဒာ စားသောက်ဆိုင် ကေတီဗွီ ခန်းရှေ့ မှာ

47 comments

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 16, 2012 at 9:40 am

    အားလုံး လိုလို ပျက်စီးနေကြပီ
    ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့ ပြောနေရမဲ့ အရွယ်တွေလဲ ဟုတ်ဟန်မတူ
    ဖမ်းတယ် ဆီးတယ် ရိုက်တယ်လုပ်ပြန်လဲ ပါတီရေးတွေနဲ့ နွယ်လာနေမလား
    အော် ဒုက္ခ ပါလား ။

  • ဆူး

    April 16, 2012 at 9:45 am

    ကျီးမနိုးပွဲ က တနှစ်မှာ တရက်ပဲ လုပ်တာ..
    သူတို့ ခဏခဏ လုပ်နေတာတော့ မကောင်းဘူး ထင်တယ်။
    တားမြစ်သင့်တယ် ထင်တယ်။
    မြို့တော် အလှ ပျက်တာ အမှန်ပဲ။

  • etone

    April 16, 2012 at 12:22 pm

    ကိုထူးဆန်းရေ … အဲ့ဒါမျိုးတွေကို လုပ်နေတဲ့ လူ …. အတော်များတာပဲ … ။ နေရာအများစုမှာတွေ့တွေ့နေရလို့ပါ။ သူများနံရံပေါ်မှာတွေ ဆိုင်းဘုတ်တွေပေါ်မှာတွေရေးခြစ်လိုက်ရမှ နေသာ ထိုင်သာ ရှိတယ် ထင်ပါရဲ့လေ … ။ အခုနောက်ပိုင်းထွက်လာတဲ့ သီချင်းရိုက်ကူးမှုတွေမှာ အဲ့ဒီလို ဟိုခြစ် ဒီခြစ်တွေကိုပါ … decoration အနေနဲ ့အသားပေး ရိုက်ကူးလာကြတာတွေရှိတယ် … ။

    တစ်ချို့သော ရေးသားချက်တွေက သူတို့ရဲ့ ဆန္ဒကို အများသိစေချင်တရည်ရွယ်ချက်လားမသိဘူး … ။ း
    မြို့ထဲမှာ လက်ရေးအကြီးကြီးနဲ့ … မီးပေးပါ ဆိုတဲ့ စာကတော့ နေရာ အတော်များများမှာ မြင်နေရလို့ပါ ။

    • Bartholomew Sawyer

      April 17, 2012 at 12:29 am

      That’s what i’m talking about…street art is not about destroying territories…it’s about ”WHAT’S ON YOUR MIND”…what do you wanna express and stuffs…i don’t really think it’s a vandalism.Other well-developed countries have got tons of those things and yeah you know L.A river? A crew named ”MSK” got a permit from authorities to paint that river bank…government won’t let those artists draw if their artworks were ugly you know..and in Indonesia,artists can submit sketches to their regional department and if their sketches are cool,they can paint on walls and if not,they can’t..many cities have got ‘legal walls where aritsts can paint’ NOW..don’t u guys,don’t be narrow-minded.Try to view from the other point.

  • kai

    April 16, 2012 at 2:25 pm

    အဲဒါ… အနောက်နိုင်ငံတွေမှာလည်း.. ထိမ်းမရဖြစ်နေတာပဲ…
    အယ်လ်အေမှာတော့.. ဂိုဏ်းတွေနယ်နမိတ်ခွဲတာတို့.. ဆေးအရောင်းအဝယ်လမ်းညွှန်တို့လုပ်ကြတယ.်..
    တချို့ဆိပ်ကမ်းတွေမှာတော့.. လက်ကြိုက်သလောက်ဆော့လို့ရအောင်.. အုပ်နံရံတွေလုပ်ပေးထားတယ်..

    သူများပိုင်နက်သွားလုပ်ရင်တော့.. ပိုင်ရှင်က သေနတ်နဲ့ထွက်ပစ်လို့ရတယ်လို့ထင်တယ်..
    ဒါလည်း.. လုပ်ပြီးပြေးကြတာပဲ..

  • သမိန်ဂီ့

    April 16, 2012 at 2:31 pm

    http://en.wikipedia.org/wiki/Street_marketing

    အပီအပြင် ဖြစ်လာမယ့် ရှေ့ပြေးနမိတ်တွေလား…
    အဲ့သည့်ဘက်မှာလည်း မေးရိုးကြမ်းပြင်ရိုက် ..ခြေဖျားလက်ဖျားခါ မာကတ္တာတွေရှိပါကြောင်း
    လက်တို့လိုက်ရပါသည်

  • ဆူး

    April 16, 2012 at 2:31 pm

    အဲလို လုပ်တဲ့ ကလေးတွေကို ဖမ်းပြီး ဆိုင်းဘုတ်ချိတ်ပြီး လူမြင်ကွင်းမှာ ဆေးပြန်သုတ်ခိုင်းလိုက်.. ကျတော် လက်ဆော့မိလို့ ဆေးပြန်သုတ်ရပါသည်။ ဆိုတဲ့ ဆိုင်းဘုတ်လေး ရင်ဘတ်မှာ ချိတ်ပြီးသာ ဆေးသုတ်ခိုင်းလိုက်.. တင်းကျပ်တဲ့ ဥပဒေ ကို ကြောက်လို့ ငြိမ်သွားလိမ့်မယ်။ ငွေဒဏ် နဲ့ ထောင်ဒင်္ဏ မပေးနဲ့ အလုပ်ဒဏ်နဲ့သာ ငြိမ်ကျသွားမယ်။

  • htoosan

    April 16, 2012 at 2:52 pm

    ၁၉၉၄-၅ လောက်ထင်တာဘဲ ။ စကာင်္ပူမှာ မိုက်ကယ်ဖေး (အမေရိကန်ချာတိတ်) ၁၅-၁၆နှစ်သားလေးကို vandalism နဲ့ ကြီမ်ဒါဏ်ဆော်ပေးလိုက်တယ် ။ အဲ့ဒီတုန်းက အမေရိကန် သမ္မတ က မဆော်ဖို့လို့မေတ္တာရပ်ခံတာလည်း မရ ။ စကာင်္ပူ ကဆော်တာဘဲ ။ ဒါကြောင့် စကာင်္ပူမှာ ဒါမျိုး အတော်နည်းတယ် ။သူတို့ MRT တွေ စပြေးကာစ က ထိုင်ခုံအောက်တွေမှာ ပီကေ တွေကပ်ခဲ့လို့ဆိုပြီး သန့် ရှင်းအောင် ပီကေ မစားရ စည်းကမ်းသတ်မှတ်လိုက်တော့လည်း ဘယ်သူမှ မစားရဲတော့ဘူး ။ ဆော်ခံထိမှာစိုးကြတယ်။ အမိုက်ပြစ်တာမိရင်လည်း ဆူူးပြောသလို correction စာတန်းဆွဲပြီး တံမြက်စည်းပြန်လှည်းပေးရတယ်။ T.V ကနေပြန်ရိုက်ပြပြီး လွှင့်တင်ပေးတယ်။
    Fine City ရယ်လို့တော့ နံမည်ကျော်သွားတာပေမဲ့ သန့်ရှင်းတဲ့ ရလဒ် ကောင်းကောင်းရလိုက်တယ်။

  • ဦးဦးပါလေရာ

    April 16, 2012 at 6:46 pm

    အဲဒါကလေးတွေချည်းပဲလို့တော့ မထင်ကြပါနဲ့……
    ကျုပ်မျက်စေ့နဲ့တွေ့တာတော့ လူကြီးတွေပါ ပါပါတယ်။
    အသက်သုံးဆယ်ထက်မလျော့နိုင်တဲ့သူက မှုတ်ဆေးတဗူးနဲ့ ကျကျနန ရေးတာပါ။

  • water-melon

    April 16, 2012 at 6:54 pm

    Graffiti က ရန်ကုန်မှာတော်တော် ခေတ်စားတယ်ဗျ
    ဆေးဘူးကဈေးကြီးတယ်နော်
    အခုဆွဲတာ အမဲနဲ့ဆိုတော့ မလှပေမဲ့
    ကာလာစုံလေးနဲ့ဆိုတော်တော်လှမှာ
    နောက်မှ Graffiti ဆွဲနည်းသင်ပေးအုန်းမယ်

  • AKKO

    April 16, 2012 at 7:28 pm

    ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ နံရံတွေပေါ်မှာ ကြော်ငြာကပ်တာတွေနဲ ့သိအောင်လုပ်တဲ ့သဘောတရားခြင်းတူတယ်လို ့တော့ထင်မိတယ်။ အချု ိ ့ကြော်ငြာတွေဆို လမ်းပေါ်ဟိုလိုက်ထောင်ဒီလိုက်ထောင်နဲ ့ လမ်းနာမည် လိုက်ဖတ်ရင်တောင်ကွယ်နေတာတွေ အများကြီးပါ။ သဂျီးပိုစ့်၁ခုမှာမန်းခဲ ့သလိုဆိုရင် သက်ဆိုင်ရာတွေသိပြီး ပြင်နိုင်အောင်ဆိုရင် မီးပေးပါရေးထားတာ ကြိုက်တယ်။ လက်ရေးစာလုံးပါပဲ။ ကျုပ်တို ့အတွက် မီးဆိုတာ တကယ်လိုတယ်။ ဘာကြောင့်လဲတော့မသိဘူး အခုမီးမှန်နေပြီဗျို ့။ ဖမ်းဖို ့ဆိုတာကလည်း ခိုးလုပ်တာဆိုတော့ သေချာစောင့်ဖို ့လိုတယ်။ လူကြီးတွေပါ ပါတယ်ဆိုတော့ ဘယ်နှယောက်လည်းဆိုတာရှိသေးတယ်။ ဖမ်းတာက ၁ယောက် လုပ်သူက ၅ယောက်လောက်ဆိုရင် ပြန်တောင်လုပ်သွားဦးမယ်။ private ကြော်ငြာဆိုင်းဘုတ်တွေ မီးရှို ့နေတုန်း ပိုင်ရှင်ရောက်လာပြီး တိုင်လိုက်တာ အရေးယူတာတွေ ရှိတယ်။ ဒါကဖျက်စီးတာ၊ရမ်းကားတာ။ အကျည်းတန်အောင် လျှောက် ဆေးသုတ်တာဆိုရင်တော့ မြန်မြန်သာ ဝိုင်းသမသင့်ပါတယ်။မြန်မာပြည်ဆိုတော့ ခိုးလုပ်ရတာထင်ပါတယ်။ ပေါ်တင်မှ ပြောလို ့မရတာ။ အဲလို ရေးသင့်တယ်မရေးသင့်တယ်ဆိုတာတော့ ကျုပ် ဉာဏ်မမီ၍ မပြောတတ်ပါ။ ကိုယ်တိုင်က ဘာမှမလုပ်နိုင်ဘဲ လုပ်နိုင်လျှင်လည်းမလုပ်ဘဲ ဟိုဟာလုပ်ပါဒီဟာလုပ်ပါဆိုပြီး လေထိုး နေသူများကိုတော့ ရှုတ်ချပါသည်။ လူတိုင်းတွင် လူသားတာဝန်ရှိပါသည်။ အလုပ်နဲ ့သာ လက်တွေ ့ပြကြပါ။

  • bo bo

    April 16, 2012 at 7:56 pm

    အဲဒါသက်သက်ဖျက်ဆီးရေးဆင်းတာ(ဒါပေမဲ့လဲလှတော့လှတယ်တစ်ချို့ဟာတွေ)

  • alinsett

    April 16, 2012 at 8:08 pm

    ဟုတ်တယ် ။ အင်မတန်..ကြည့်ရ ဆိုးနေတာတွေ.ပေါ့ ။

  • Bartholomew Sawyer

    April 17, 2012 at 12:03 am

    ကိုထူးဆန်းရေ…”မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။” ဆိုတဲ့ Do and Don’t rule no.1 ကိုဖတ်တတ်မယ်ထင်ပါတယ်။ အကို post ရေးချင်တဲ့ topic ကို ထဲထဲဝင်ဝင်လေ့လာပြီးမှ ရေးသင့်တယ်။Money Laundry ကို ဆွဲတာ အဲဒီ့ ဘဏ်တွေက အဲလိုလုပ်နေတာမဟုတ်လို့လား?

    အဲဒီ့ပုံတွေ တစ်ပုံချင်းကြည့်ပါ…မီးတွေ ပျက်တုန်းက အဲဒါတွေ လမ်းပေါ်က နံရံတွေမှာ ပေါ်လာတယ်…အဲလို မီးပျက်နေတဲ့အချိန် ဘယ်သူမှ မရှိပါဘူး အကိုလုပ်ပါဆိုပြီး ဆေးဘူး တစ်ဘူး လက်ထဲထည့်ပေးရင် ရေးရဲမလား? graffiti ရေးတဲ့ သူတိုင်း ရေးတာ အဓိပ္ပါယ်ရှိတယ်…အပြင်လူ တွေမှာလည်း နားလည်တဲ့သူရှိသလို နားမလည်တဲ့သူလဲရှိမယ်…နားလည်အောင်လုပ်ပါ…ဒါဟာလဲ medium တစ်ခုပါပဲ…graffiti artist တွေ နံရံတွေမှာ ပုံလိုက်ဆွဲလို့ နံရံတွေ မလှရင် မလှမယ်..ဒါပေမယ့် online မှာ post တွေဝင်ဖတ်တဲ့သူအရေအတွက်ထက် လမ်းပေါ်မှာ သွားလာလှုပ်ရှားနေကြတဲ့သူတွေက အဆ ပိုပြီးများတာကို သတိပြုပါ…ကိုယ်မလုပ်ရဲတာကို သူများက လုပ်နေတာကို မလှောင်ပါနဲ့။ (ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းမဟုတ်ပါ။point of view ပြောင်းပြီ မြင်ကြည့်ဖို့ပြောတာပါ။)

    ==

    Admin မှ ပုံများမြင်ရအောင်ပြင်ဆင်ပေးထားပါသည်။

    • htoosan

      April 17, 2012 at 9:29 am

      Bartholomew Sawyer ရေ
      ပုံတွေနဲ့ ထပ်ပြီး အားဖြည့် ပေးတဲ့ အတွက် ကျေးဇူးတင်ပါသည်။ 😀

    • Khaing Khaing

      April 18, 2012 at 2:20 pm

      ဒီပုံလေးတွေ့တော့အခိုင့်မှာ ရိုက်ထားတဲ့ပုံလေးတစ်ပုံရှိတယ် အဲဒါကတော့ ဟံသာဝတီကားဝိုင်း အဆုံး ဗဟိုလမ်းကိုကွေ့တဲ့ဒေါင့်မှာရှိတဲ့ လျှပ်စစ်ရုံးက အုတ်နံရံမှာ ရေးထားတဲ့စာလေးပါ ဒါပေမယ့် ပုံကိုမတင်ရဲလို့မတင်တော့ပါဘူး ရေးထားတဲ့စာလေးကတော့ `သင့်ကြောင့်မီးမပျက် ပါစေနှင့်တဲ့´ အဟိ ………. သူကြီးက ကောမန့်ထဲမှာပုံတင်ရင်မကြိုက်ဘူးထင်လို့ မတင်တာပါ …

  • Bartholomew Sawyer

    April 17, 2012 at 1:05 am

    and ဒါကို graffiti လို့မခေါ်ရင် ဘယ်ဟာကို ခေါ်ချင်တာလဲ The Scream ကိုလား? Mona Lisa ကိုလား? Starry Night ကိုလား? 😛

  • မိုးချမ်းမြေ့

    April 17, 2012 at 8:48 am

    “ခွက်လှေကို လက်ထိုးလှော်”
    သာပေစွ သင်္ကြန်ခါ
    ပြည်မြန်မာ ဓလေ့
    ကြည်ရွှင်စွာ မမေ့စရာက
    ယဉ်သိမ်မွေ့ မျိုးနွယ်။
    ခါတော်ရေ ပက်ဖြန်းထ
    ထက်နန်းက ဝတိန်ဘုံနှယ် ။
    ရွှင်ပျော်ဘွယ် လှူဒါန
    ပျူငှာစွ ဝတ်ကြွယ်။
    လူတကာက ဝင့်ထည်တယ်
    တင့်တယ်တဲ့ လူစား။
    ဘိုးဘွားနဲ့ ဖမိတွေကို
    နမာမိ လုပ်တဲ့လူသား။
    ယဉ်ကျေးမှု ထုံးစဉ်လာကို
    ပြုံးရွှင်စွာ တာဝန်ထမ်းပါလို့
    လာချင်စမ်း သရုပ်ပျက်တွေ
    အဟုတ်ဖျက်မလေ
    အလုပ်ပျက်လို့ အသက်သေစေ
    ခွက်လှေကို လက်ထိုးလှော်ဖို့လေး ။ ။

  • htoosan

    April 17, 2012 at 9:12 am

    In most countries, marking or painting property without the property owner’s consent is considered defacement and vandalism, which is a punishable crime.
    Graffiti may also express underlying social and political messages and a whole genre of artistic expression is based upon spray paint graffiti styles.

    (http://en.wikipedia.org/wiki/Graffiti)

    မီးပျက်နေတဲ့အချိန် ဘယ်သူမှ မရှိပါဘူး အကိုလုပ်ပါဆိုပြီး ဆေးဘူး တစ်ဘူး လက်ထဲထည့်ပေးရင် ရေးရဲမလား?

    ဖြေ။ ..ရေးရဲမလား အဆင့်အထိတောင် ရောက်မှာ မဟုတ်ပါဘူး ။ သူများ ပိုင်ဆိုင်မှု့ပေါ်မှာ ရေးသင့်လား မရေးသင့်ဘူးလား ဆိုတဲ့ ပထမအဆင့်မှာတင် မရေးသင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်သွား မှာပါ။

    ကိုယ်မလုပ်ရဲတာကို သူများက လုပ်နေတာကို မလှောင်ပါနဲ့။ (ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းမဟုတ်ပါ။point of view ပြောင်းပြီ မြင်ကြည့်ဖို့ပြောတာပါ။)

    ဖြေ။ လှောင်တာမဟုတ်ပါ ။ တည့်တည့် ကို ရှုတ်ချတာပါ ။ point of view ပြောင်းကြည့်ပါ ပြောသလို ကိုယ်တိုင်ကော အဲ့ဒီ့ နံရံ ပိုင်ရှင်ရဲ့ ဘက်က ပြောင်းကြည့် ကြည့်ပါလား ။

    Bartholomew Sawyer ရေ ။

    သတိ္တ သိပ်ရှိသူများဆိုရင် အစိုးရ ဌာနတွေ နံရံကို အဓိကထားလုပ်ပါလား ။ (သို့) ပိုင်ရှင်ရဲ့ ခွင့်ပြုချက်တောင်းခံပြီး ဆွဲပါလား ။ ပြည်လမ်းတစ်လျောက် နာနတ်တော လမ်းဆုံလောက်ကစပြီးမြေနီကုန်း လောက်အထိ ကြည့်လိုက်ပါလား ။ အကျိုးပြု က ဘယ်နှစ်ခု ။ လျှောက်မှုတ်တာက ဘယ်နှစ်ခုလဲဆိုတာ။

    အခု ကျွန်တော်ရိုက်လာတဲ့ နံရံတွေ အားလုံးဟာ ကျွန်တော်နဲ့ လုံးဝ သက်ဆိုင်မှု့ မရှိပေမဲ့ သူတို့ကိုယ်စား ခံပြင်းပါတယ်။
    အချို့ဆို ကြော်ငြာ ဆိုင်းဘုတ်ပေါ်မှာတောင် တက်မှုတ်သွားသေးတယ်ဆိုတော့ .. ဟုတ်ကဲ့ ..ဝမ်းနည်းပါတယ် . အကောင်းမြင်နိုင်စွမ်း မရှိသေးပါဘူး ။

    ပိုင်ရှင်တွေဆီက ခွင့်တောင်းပါ ။ ဆွဲပါ ။ ဒါမျိုးဆိုအားပေးပါတယ်။

  • Bartholomew Sawyer

    April 17, 2012 at 11:10 am

    အကျိုးပြုက တစ်ခု လျှောက်ရေးတာက ဆယ်ခုပဲထားပါတော့….သတိထားရမှာက ”မီးပေးပါ” ပေါ်လာပြီး သုံးရက်လောက်နေတော့ မီးမပျက်တော့ဘူး….ဒါက media တစ်ခုတည်းကြောင့်မဟုတ်ဘူး….ဒီဖက်မှာလည်း မီးရ အောင် activist တွေက campaign လုပ်တယ်…ကျွန်တော်တို့လူတွေကလဲ အဲလို ဟာတွေလုပ်နေလို့….အကိုရေးတဲ့post ဘယ်နှခုကြောင့် အပြောင်းအလဲဖြစ်ဖူးသလဲ? ပြီးတော့ TAKI 183 ကို wiki မှာရှာကြည့်ပါ။Graffiti movement ကို New York မှာသူက စ ခဲ့တယ်…Philadelphia မှာ Corn Bread က စ ခဲ့တယ်…TAKI 183 ရဲ့ နာမည်က New York Times ရဲ့ Headlines ဖြစ်ခဲ့တယ်….သူလဲ သူ့နာမည်ကို လက်ရေးတာပဲ….ဘာလို့ New York Times ရဲ့ Headlines မှာ ရှုတ်ချ တဲ့ ပုံစံမဟုတ်ပဲ movement တစ်ခု ကိုဦးဆောင်တဲ့သူတစ်ယောက်ပုံစံရေးလဲ? မြန်မာပြည်က လူတွေ narrow-minded မဖြစ်မှ တိုင်းပြည်တိုးတက်မှာပါ…နံရံပေါ်မှာ FUCK တို့ ဘာတို့ ရေးတာတော့ ကျွန်တော်လဲ လက်မခံပါဘူး..ဒါပေမယ့် အဲလိုရေးတဲ့ကောင်တွေကလဲ poppin တွေ..rapper မို့လို့ graffiti ဆွဲတယ် ဆိုတဲ့ကောင်တွေ…တကယ်ဆွဲတဲ့သူတွေက သီးသန့် community တစ်ခုနဲ့နေတာ…rapper ရော punk ရော အကုန်ပါတယ်…သူတို့က artist တွေ….ပေါက်ကရရေးပြီးလဲ သူများနံရံညစ်ပတ်အောင်မလုပ်ဘူး…သူတို့ အဓိပ္ပါယ်နဲ့ သူတို့ရေးနေတာ..အကိုနားမလည်ဘူးဆို သူတို့ကို သွားမေးရင် ဘာရေးထားလည်း ဘာရည်ရွယ်ချက်လဲ ချက်ကျလက်ကျ ရှင်းပြပါလိမ့်မယ်
    Stay High ဆိုတဲ့ writer က ပြောဖူးတယ် “THEY CLEAN IT,WE WRITE IT” တဲ့….ဖျက် ဖျက်…ရှုတ်ချ ရှုတ်ချ..ကျွန်တော်တို့က ဒီart ဒီmovement ကို carry on လုပ်သွားမှာပဲ

    btw ကျွန်တော် ဘိုကျောင်းက မဟုတ်ပါဘူး ဒဂုံတစ်မှာသူငယ်တန်းကတည်းက ဆယ်တန်းအထိတက်လာတာပါ 😛

    • soe moe

      April 17, 2012 at 3:38 pm

      http://www.youtube.com/watch?v=qfp6a0rEcqc&feature=player_embedded

      အခုvideo ကUK, Bristol မှာအကြီးဆုံးGraffiti Event တစ်ခုပါ။ UK လိုကမ္ဘ္ဘ္ဘာမှာအဆင့်အတန်းအရှိဆုံးလို့ပြောတဲ့နိုင်ငံလိုတောင် ဒီလိုမျိုးတွေအသိအမှတ်ပြုနေပြီ။ TATS CRU ကိုအဲဒီvideo မှာတွေ့ပါလိမ့်မယ်။

      http://tatscru.net/about

      ၁၉၇၅မှာတုန်းကသူတို့တွေရဲ့လက်ရာက အခုဒီpost မှာတင်ထားတဲ့ပုံတွေအတိုင်းပါပဲ။ အခုလိုဆွဲနေတဲ့သူတွေကို ဝိုင်းရှုံ့ချနေမယ့်အစား ဘယ်လောက်အထိဖြစ်သင့်တယ်ဆိုတာမျိုး အကြံဉာဏ်ပေးဖို့က လူကြီးတွေရဲ့တာဝန်လို့ယူဆတယ်။ လူကြီးတွေအနေနဲ့ လူငယ်တွေရဲ့စိတ်ထဲကို သဘောထားကြီးကြီးနဲ့ ဝင်ကြည့်ဖို့တော့လိုမယ်။ သူတို့society ကိုဘယ်လိုမြင်လဲအပေါ်နားလည်ပေးရမယ်။ အခုမကောင်းပေမယ့်နောင်ကောင်းလာဖို့ ဆွဲနေတဲ့သူတွေတာဝန်လို့မှတ်ယူလိုက်ပါ။

  • တီတီရေငုံနှုတ်ပိတ်

    April 17, 2012 at 11:19 pm

    အဲဒါတွေကို ကောင်းမကောင်း သင့်မသင့် မဝေဖန်သေးပါဘူး။
    တစ်ခုပဲ ………..
    ကျုပ်ရဲ့ပိုင်နက်/အဆောက်အဦ/ နံရံ မှာ ခွင့်မတောင်းပဲ လာဆွဲမယ်ဆိုရင်တော့ လက်မခံပါဘူး။

  • Swal Taw Ywet

    April 18, 2012 at 12:27 am

    Dear Brother, Ko Htoo San,
    My idea is-
    ဖျက်ဆီးမှု့ သက်သက်ပါဘဲ။
    တားမြစ်သင့်တယ် ။
    မြို့တော် အလှ ပျက်တာ အမှန်ပဲ။
    ဒါကဖျက်စီးတာ၊ရမ်းကားတာ။
    မရေးသင့်ဘူး။
    ပိုင်ရှင်တွေဆီက ခွင့်တောင်းပါ ။ ဆွဲပါ ။ ဒါမျိုးဆိုအားပေးပါတယ်။
    ကျုပ်ရဲ့ပိုင်နက်/အဆောက်အဦ/ နံရံ မှာ ခွင့်မတောင်းပဲ လာဆွဲမယ်ဆိုရင်တော့ လက်မခံပါဘူး။
    Dear Ko Htoo San,
    I agreed with you. You did a good job.
    Amazing one question- Why did they write only in English?
    They must respect the others especially on owners of the walls.

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • kai

    April 18, 2012 at 12:39 am

    အမှတ်မမှားရင်.. အာနိုးကြီးဂါဗနာတက်တော့..မဲဆွယ်ပွဲမှာ.. အဲဒီ အလွတ်နံရံပန်းချီတွေကို.. ဖျက်မယ်ပြောပြီး မဲဆွယ်တာ…
    ဂါဗနာဖြစ်တော့..ကတိအတိုင်း.. ဥပဒေထုတ်ပေးပါတယ်..

    “ANY PERSON WHO MALICIOUSLY DEFACES REAL OR PERSONAL PROPERTY WITH PAINT IS GUILTY OF VANDALISM WHICH IS PUNISHABLE BY A FINE, IMPRISONMENT, OR BOTH”

    The preceding as been taken from the California Penal Code Sec. 594.1 To read the actual California graffiti laws in full go to http://www.leginfo.ca.gov

    ============
    ဆွဲချင်ရင် လွတ်လွတ်လပ်လပ်ဆွဲလို့ရတဲ့နေရာတွေရှိတယ်တဲ့..
    http://matadornetwork.com/trips/10-places-where-graffiti-is-legal/

    Graffiti has long been a part of human history, but it wasn’t until the emergence of hip hop culture that graf began gaining recognition as an art form around the globe.

    ==

    Do the crime, do the cleanup
    A new state law requires graffiti vandals to remove their dirty work. Some fear for their safety.
    July 31, 2008|Patrick McGreevy | Times Staff Writer

    SACRAMENTO — At the urging of Los Angeles officials alarmed about graffiti defacing the city’s many murals, Gov. Arnold Schwarzenegger signed a measure into law Wednesday that requires those convicted of the vandalism to remove the scrawls and, in some cases, keep the tagged surfaces clean for one year.

    The law was welcomed by many officials as another tool to use against a recent explosion of graffiti, but some gang experts were worried that it might put the offenders in jeopardy if they had to cover up graffiti by other gang members.

    The measure applies to graffiti on any surface, including blank walls.

    Los Angeles, which sponsored the legislation, has recorded a significant increase in graffiti in the last three years, from 25 million square feet of graffiti-stained surfaces in 2005 to 31.7 million in the year that ended June 30, said Paul Racs, director of the city’s Office of Community Beautification.

    Last year, the city received reports of graffiti at 653,520 locations, 40,000 more than the year before, he said.

    Racs said graffiti was increasing partly because it is celebrated on the Internet.

    “There are video games where the good guy is the tagger and the bad guy is the cop,” he said. “Graffiti is also used in advertising, so young people are getting a dual message.”

    Artist Judy Baca, founder of the Social and Public Art Resource Center, has seen graffiti nearly cover her mural “Hitting the Wall” on the 110 Freeway downtown.

    Baca said the city had cut funding for the creation and maintenance of murals.

    “These kids don’t have the possibility of being a muralist themselves,” she said, so they angrily ruin murals with graffiti.

    The measure makes it mandatory, instead of discretionary, for a court to order a defendant who is convicted of graffiti vandalism to clean up or repair the property when feasible. A judge could decide not to order a tagger to risk his life by keeping graffiti off a sign that hangs over the freeway.

    The court also could order the defendant or a minor defendant’s parents or guardians to keep the damaged property free of graffiti for up to one year.

    “By having to clear up the mess, they would realize how much effort and cost is involved in tidying up after them,” said Assemblyman Mike Davis (D-Los Angeles), author of the law.

    Some gang experts said the requirement that young offenders remove others’ graffiti could put them in harm’s way.

    “The cause for a lot of violence involves graffiti and either crossing it out or removing it,” said Khalid Shah, director of Stop the Violence, a gang intervention program.

    He said Homeboy Industries closed a program that put gang members to work removing graffiti after two young people were shot to death while cleaning walls.
    http://articles.latimes.com/2008/jul/31/local/me-graffiti31

  • Bartholomew Sawyer

    April 18, 2012 at 1:26 am

    ကဲ legal walls တွေဆွဲဖို့ရှိတယ်ပဲထားဦး…မြန်မာနိုင်ငံမှာလား? ကျွန်တော်တို့က LA မှာသွားဆွဲပေးရမှာလား? Arnold က senator ဖြစ်ဖို့ မဲဆွယ်ပြီး အဲဒီ့ကတိပေးသွားပေမယ့် သူမလုပ်နိုင်ခဲ့ဘူး…LA မှာ TKO crew ဆိုတဲ့ crew ကို ဘယ်သူမှာ တားလို့မရဘူး..street art အပိုင်းမှာဆိုလဲ OBEY propaganda ကိုဘယ်သူမှ တားလဲမတားကြဘူး တားလို့လဲမရဘူး…(OBEY က ဒီမှာ လူငယ်တွေ ဝတ်နေကြတဲ့ OBEY clothing နဲ့ တူတူပါပဲ)…UK ဖက်မှာလဲ Banksy (www.banksy.co.uk) ကို လူတိုင်းချစ်တယ်…ဘယ်သူဆိုဘယ်သူမှ တားလို့မရတဲ့ movement တစ်ခု ကို အဲလို ရေးနေလို့ ဘာထူးမှာလဲ…အကိုတို့က ပြီးစလွယ်post လေးတစ်ခုနှစ်ခု နဲ့ ပုံးလေး ငါးပုံလောက်ပဲတင်နိုင်တာ….US မှာက TAG (Totally Against Graffiti) ဆိုတဲ့ အဖွဲ့ပါရှိတယ်…အကိုတို့လို ပုံလေးတစ်ပုံနှစ်ပုံမဟုတ်ဘူးနော်…writer တစ်ယောက်ချင်းဆီရဲ့ footage အကုန်လုံးကို မှတ်ထားတာ….အဲလိုလူမျိုးတွေတောင် graffiti ကိုမတားနို်င်တာ အကိုတို့က ဘာလုပ်ချင်သေးလို့လဲ?

  • ကြောင်ကြီး

    April 18, 2012 at 8:50 am

    အနော်တို့ဆီမှာလည်း လက်သောင်းဂျန်းလွန်းလို့ မြို့တော်ဝန်ဂ Graffiti ဆွဲတဲ့ကောင်တွေနဲ့ ညှိပြီး တံတားအောက်၊ သိုလှောင်ရုံဧရိယာ၊ ဂျောင်ဂျိုဂျောင်ဂျား နံရံတွေမှာ ဆွဲခွင့်ပေးထားရဒယ်။ ဒါတောင် သူတို့ဆွဲ့ဖို့ မြို့ဒေါ်ဘတ်ဂျက်က ချပေးဒဲ့ ပိုက်ဆံနည်းလို့ မကျေနပ်ကျဘူး။ ဘာပဲဖြစ်ဖြစ် လူမြင်ကွင်းမှာ ဖျက်လိုဖျက်ဆီး ကလန်ကဆန်လုပ်တာတွေတော့ အတိုင်းအတာတခုအထိ နည်းသွားတယ်။ အချို့ လက်လီဆိုင်လေးတွေဆိုရင် ဆိုင်တံခါးကို ပိုက်ဆံအကုန်ကျခံ မဆင်ရဲဘူး။ လှလှပပ ဆေးသုတ်ထားမှ Graffiti ဆေးအခြယ်ခံရကိန်း ပိုများဒယ်။ သဂျီးလို အိမ်ခြံအဝမှာ လက်နက်ကိုင် လုံခြုံရေးအစောင့် ထားနိုင်ရင်ဒေါ့ တမျိုးပေါ့လေ..။ လောကကျီးဂ မတရားဘာပူးဗြာ…။

  • ဆူး

    April 18, 2012 at 9:27 am

    လူတွေ ကို အကျိုးပြုတဲ့ စာလုံးတွေ နဲ့ လှုပ်ရှားမှုတွေကို ကြိုဆိုပါတယ်။
    သို့သော် မြန်မာပြည်က လူတိုင်း အင်္ဂလိပ်စာ သင်ရပေမဲ့ ဆွဲတဲ့ လူတွေ တတ်သလောက် တတ်ချင်မှ တတ်မယ်။
    လှုပ်ရှားမှုက ပညာတတ်တဲ့ လူတန်းစား တရပ်သာ သိစေမဲ့ အရာဆိုရင်တော့ လူတန်းစေ့ အတွက် မဟုတ်ဘူး ဆိုရင် မဟုတ်သေးဘူး။

    ဘယ်လောက် အဖိုးတန်တဲ့ စာလုံးပဲ ဖြစ်ဖြစ် နားမလည်တဲ့ဟာကြီးဆိုရင် ညစ်ပတ်တာပဲ ဖြစ်မှာပေါ့။

    ညစ်ပတ်တယ်လို့ မြင်မှတော့ တန်ဖိုးမဲ့သွားပြီ။

  • တီတီရေငုံနှုတ်ပိတ်

    April 18, 2012 at 9:42 am

    အဲဒါ ဝါသနာတမျိုးပေါ့
    (အဲ- နှစ်မျိုးစပ်…)
    ပန်းချီဆွဲချင်တဲ့ ဝါသနာရယ် ၊ သူများပိုင်နက် ကျူးကျော်ချင်တဲ့ ဝါသနာရယ် ပေါင်းထားတာ။
    အဲလို လူ့အဖိုးတန်လေးတွေ မွေးမိတဲ့ မိဘများ တော်တော်ဂုဏ်ယူရှာမှာပဲ…။

  • တီတီရေငုံနှုတ်ပိတ်

    April 18, 2012 at 9:46 am

    ကျုပ်တောင် ကြည့်ရင်းအားကျလာပြီ…
    ဒါပေမယ့် သူများပိုင်နက်ကိုတော့ လေးစားမှာပါ
    ဥပဒေကိုလဲ လေးစားမှာပါ
    ကိုယ့်ခြံစည်းရိုးမှာပဲ အုတ်နီခဲရယ် မီးသွေးခဲရယ် အရည်ဖျော်ပြီး လှလှလေး ရေးပါမယ်။

    “ ယနေ့ ပဲပြုတ်အကြွေးမရောင်းပါ”

  • soe moe

    April 18, 2012 at 1:13 pm

    နာမည်တပ်ပြီးမပြောကြေး။ ရန်ကုန်က ပန်းချီကားတစ်ချပ်ကို သိန်း၅ဝအထပ်ပေါက်တဲ့ပန်းချီဆရာတွေတောင် လမ်းပေါ်ရောက်လာတာဘယ်သူမှမမြင်ကြဘူး။ တစ်ချို့မြန်မာပြည်ကစီးပွါးရေးသမားလူလည်တွေတောင် ကြေးကြီးပေးပြီးသူတို့ဂေဟာတွေမှာဆွဲစေတာမျိုးတွေက အခုလိုလမ်းဘေးကနေမြင်လာတာ။ ကျွန်တော်မြင်တာအခုဒီလိုမျိုးပို့စ်ကြောင့်ဖြစ်လာမယ့် memberအသစ်တွေတိုးမယ်၊ visitorsတွေများမယ်။ ကောင်းစေချင်လို့ခွင့်တောင်းစေချင်တယ်ဆိုရင် အရင်နေရာပြ၊ လိပ်စာပေး၊ ဆေးဆိုက်။ ဘယ်ဟာမှအလကားမရဘူး။ တစ်ချို့messageတွေကြောင့်လူတွေကြေနပ်မှုဖြစ်လာတာတွေ၊ Graffiti ကြောင့်ပြင်ပmedia တွေဝင်လာပြီး နိုင်ငံခြားဝင်ငွေတပ်လာတာ မြို့တော်အင်္ဂါရပ်တိုးတပ်မှုကြောင့်။ ထိုနည်းတူစွာပဲ Graffiti လိုမျိုးမပြောနဲ့ဦး ဘယ်လိုလက်ဝါးကြီအုပ် Capitalist တွေပါလာမှာလဲသတိအရင်ရှိပါ။ အဲဒီအချိန်ကျရင် ကျွန်တော်မလုပ်နိုင်ပေမဲ့ လုပ်နိုင်တဲ့လမ်းဘေးကကောင်တွေကိုပဲ အားပေးနေမယ်။

    kai ရေးတဲ့ “ANY PERSON WHO MALICIOUSLY DEFACES REAL OR PERSONAL PROPERTY WITH PAINT IS GUILTY OF VANDALISM WHICH IS PUNISHABLE BY A FINE, IMPRISONMENT, OR BOTH” ဆိုတာနောက်မှ၊ Mayor Edward Koch က”Make your mark In society not on society”လို့ NewYork မှာ1983 ကတည်းကTV ကြော်ငြာတွေနဲ့တောင်းပန်ခဲ့တာ အခုထိဘာလို့မရသေးလဲ။ အခု Seventh Letter က FIGHT TO END MURAL MORATORIUM ဆိုပြီးလေပေါ်မှာရေးပြနေပြီ။ Linkကိုဒီမှာဝင်ကြည့်လို့ရပါတယ်။
    http://jerseyjoeart.com/2011/09/23/sabers-fight-to-end-mural-moratorium/

    Graffiti သမားတွေအတွက် ဥပဒေ၊ အခွင့်အရေး၊ (၃၁၊၆၁၊မှောင်ရိပ်ခိုမှု နဲ့တော့မစိကြေး) လူ့အဖွဲ့အစည်းအတွက်ရပ်တည်မှုကို မတတ်နိုင်ခဲ့သည်ရှိသော် တတ်နိုင်တဲ့သူတွေအတွက်အပြစ်မတင်မရှုံ့ချကြပါနဲ့။

  • soe moe

    April 18, 2012 at 1:19 pm

    သေချာတာတစ်ခုက ကျွန်တော်တို့သေရင်တောင်ဒီပို့စ်ကပြီးမှာမဟုတ်ဘူး 😀

  • kai

    April 18, 2012 at 2:03 pm

    ပြီးပါတယ်…
    ဥပဒေက ဥပဒေပေါ့…
    ဆိုတော့.. ပြသနာဖြစ်ရင်.. ဥပဒေရှိတော့.. တရားရေးတက်ရင်.. တရားရှုံးနိုင်ပြတ်သားတာပေါ့…

    တကယ်တော့.. ပြောစရာအများကြီးရှိတယ်..
    လောလောဆယ်ကတော့.. ဒါက တဖက်သားကိုအနှောက်အယှက်ဖြစ်စေတယ်..။ အိုင်းပေါ်လူးရှင်းဖြစ်စေတယ်..။
    နေရာလုရင်း.. လူငယ်တွေပစ်ကြခတ်ကြသေကြဖြစ်တယ်..
    ဒါတွေပြန်ဖျက်တာမှာ.. မြို့တော်က ဘက်ဂျက်သိသိသာသာကုန်တယ်..
    ဆိုတော့.. မြို့နေလူထုဆီကရထားတဲ့.. ပိုက်ဆံကို… သုံးရတယ်..။
    ဒါတွေကို.. ပဏာမထောက်ပြချင်တာပါ..။
    ဒါကတပိုင်း…

    ဒုတိယအပိုင်းက.. အနုပညာ…
    အယ်လ်အေမှာပဲ.. ဖရီးဝေးနံရံတွေမှာ.. နှစ်စဉ် နံရံဆေးပန်းချီတွေကို.. စီးတီးကအကုန်အကျခံပြီး.. ဆွဲစေတယ်..
    ပန်းချီဆရာနာမယ်ကြီးတွေဆွဲတာပဲ…
    အင်မတန်လှပါတယ်..
    ဒါက အနုပညာပဲလေ…

    မြန်မာပြည်မှာ…
    သူများဆိုင်နံရံ..စီးပွားရေးလုပ်ငန်းရှေ့.. အိမ်ရှေ့.. သူများအိမ်အုပ်နံရံ.. ကောက်ရေးတာမျိုး..ဥပဒေနဲ့တားသင့်တယ်ထင်ပါတယ်..
    (အခုထိ.. အပေါ်ကပုံတွေမှာ.. ရေးခြစ်ထားတာတွေ.. ဘာအနုပညာမှတော့ မတွေ့မိ..
    မီးပေးပါဆိုတာမျိုးရေးတာကလည်း.. လျှပ်စစ်ဌာနပြသနာကို..လူထုပိုက်ဆံဖြုန်းပြီး.. မြို့တော်စည်ပင်ဆီ ဘလိန်းလုပ်နေတာမျိုးပဲမြင်မိတယ်..)
    ဆိုတော့..
    လူငယ်တွေလုပ်စရာ..ဖန်တီးစရာနေရာမရှိဖြစ်မယ်ထင်မှာပေါ့..
    မီးရထားဂုံးတံတားအောက်.. မြို့ပါတ်လမ်းတချို့နေရာတွေ.. မျက်စိမှိတ်ပေးသင့်တာပေါ့…
    လှရင်ပြောပါတယ်..
    ကျုပ်အနေနဲ့ကတော့.. ပိုက်ပိုက်ရှိရင်.. ရန်ကုန်ကမ်းနားလမ်းမှာ.. နံရံတွေလုပ်ပေးပြီး.. အနုပညာရှင်တွေလက်စွမ်းပြခွင့်ရအောင်.. လုပ်ပေးချင်တယ်..
    .လွန်ရောကုန်လှ. ၁ဝသိန်းပဲ…

    မြို့တော်ဝန်ဆီမှာ..စာရွက်စာတန်းကိစ္စ လျှောက်ပေးကြမလား..
    ငွေစုထည့်ကြမလား.. 🙂
    ကျုပ်က.. ၁၀ဝကနေစမတည်ပေးမယ်လေ…။
    လုပ်ထုံးလုပ်နည်းတွေရှိပြီးသား..
    အောက်ကလင့်မှာကြည့်ပါ…
    ကျုပ်တောင်.. လွန်ခဲ့တဲ့..၁ဝနှစ်လောက်ကတည်းက.. အဲဒီနေရာတွေ.. ဓါတ်ပုံခဏခဏသွားရိုက်တယ်…။

    ==
    http://veniceartwalls.com/

    Welcome to the official website for the Venice Public Art Walls. The Venice Art Walls are located on the sand in Venice Beach. As of June 3, 2007 artists with a valid permit are invited to express themselves and paint on the walls. The area will be open to painting during daylight hours on weekends and City of Los Angeles holidays only. The walls will be closed for painting on weekdays. The walls are managed by ICU Art – In Creative Unity, which is a Venice based arts organization that has been curating the walls since the year 2000.

    ICU Art is a graffiti arts advocacy group, and has lead the movement to preserve the walls as a living memorial to the high quality graffiti style art which has taken place on these walls for over thirty years. ICU Art is here to serve the artists that use the area as well as the residents of Venice. As we enter this new and important era of the walls, we ask you to work with us to help make this program a success.

  • soe moe

    April 18, 2012 at 4:33 pm

    kai အိုင်းပေါ်လူးရှင်းဆိုတာဘာကိုပြောချင်တာလဲ? Urban Mural လား Graffiti လား Vandalism လား သို့မဟုတ် ကြော်ငြာဆိုင်းဘုတ်တွေလား? Consumerism တချို့သူတို့ကုန်စည်ရောင်းအားတက်အောင် အများပြည်သူရဲ့နေရာယူတာမှ အမှန်visual pollutionပဲ။ ကားပြခန်းလုပ်ဖို့ အနည်နည်အရပ်ရပ်ကဈေးသည်တွေ မြို့ပြင်ထွက်ပေးရတာတွေကို ပိုက်ဆံဆိုက်ပြီးလုပ်ပေးကြမယ်လေ။ သူတို့လို legal wall ရရေးအတွက် writers rights ကိုဘယ်သူကတာဝန်ယူမလဲ? ဒီလိုမျိုးတွေဖြစ်လာဖို့ တွန်းအားဘယ်သူတွေပေးမှာလဲ? ဒါမျိုးတွေဖြစ်လာဖို့ အဖက်ဖက်ကနေကြိုးစားနေတဲ့သူတွေ ဒီမှာအများကြီး။ Graffiti ကိုတကယ်နားလည်သဘောပေါက်တဲ့သူဒီမှာ ဘယ်နှယောက်ရှိပြီလဲ ဆိုတာတွေအပေါ်မူတည်တယ်။ ဟုတ်ပါပြီ Vandal ကိုမကြိုက်ဘူးပဲသတ်မှတ်ရင် Local Knowledge & Support အတွက်လိုနေတဲ့ Resources တွေကို ဖန်တီးဖို့အတွက်စီစဉ်ပေးကြလေ။ ဘေးကနေပြီးဒါမကောင်းဘူးလို့ပြောရရင်တော့ ကျွန်တော်လဲပြောတတ်ပါတယ်။ လှအောင်ဆွဲရင် အရင်ဆုံးအချိန်ကြာမယ်၊ အချိန်ကြာတာနဲ့အမျှ လာပြီးစိမယ်၊ လာစိရင်အရစ်တွေရှည်လာမယ်။ ဒါကြောင့်အမြန်ရေးရင်းကဒီလိုမျိုးလေးတွေဖြစ်လာမယ်။ နောက်ဆုံးဒီပို့စ်လေးကိုရောက်လာတယ်။ ခွင့်တောင်းလို့ရမယ်ဆိုရင် ဘယ်နှအိမ်ဒီလို အကောင်းမြင်ဝါဒီမျိုးတွေးပေးမလဲ? ရမယ်ဆိုရင်တပြားမှပေးစမလိုအောင် ပြုပြင်ပေးမယ့်သူတွေအများကြီးရှိတယ်။ စာလိုက်ရေးနေတဲ့သူတွေကိုအရင်မပြောခင် ကွမ်းတံတွေးထွေးနေတဲ့သူတွေအရင်ရအောင်ပြောကြည့်ပါဦး။ သူများအိမ်ရှေ့အမှိုက်မပစ်ချဖို့လုပ်ပါဦး။ kia ပေးတဲ့comments ကြောင့်ကျွန်တော်လဲလေ့လာစရာ website တစ်ခုရပါတယ်။ Piece တွေပဲလိုက်မကြည့်ပါနဲ့ ဒီပို့စ်ကလိုမျိုးTag and Throw-ups တွေလဲအများကြီးရှိတာကို လဲလေ့လာပါဦး။

  • Bartholomew Sawyer

    April 18, 2012 at 9:02 pm

    http://kamaldollah.wordpress.com/2006/05/29/hwa-chong-junior-college-graffiti-workshop-may-2006/

    ဟိုးးး ဘိုးတော်ဘုရားလက်မ စုပ်တုန်းက reference တွေသုံးပြီး နှိပ်ကွပ်ချင်တဲ့ ထူးဆန်း နဲ့ kai ရေ…အဲဒီ့မှာ Hwa Chong junior college က ကျောင်းသားတွေကို graff workshop လုပ်ပြီး graff ဆွဲနည်းသင်ပေးတာ…ကြည့်လိုက်ပါဦး…အဲဒါ vandal တစ်ခုအနေနဲ့မြင်ရင် သူတို့မလုပ်ပေးဘူးနော်…သူများနိုင်ငံတွေလို တိုးတက်ချင်ရင် သူများနိုင်ငံက လူတွေလို အမြင်ကျယ်အောင်ကျိုးစားကြပါ…wiki က ရ တဲ့ fact လေးနဲ့ မတင်းတိမ်ကြပါနဲ့…ရွှေကျားတို့ popular တို့ TAB တို့ MBC တို့မှာ ART နဲ့ ပက်သက်တဲ့ စာအုပ်တွေရှိပါတယ်…ဝယ်ဖတ်ပါ

    • Burma

      April 18, 2012 at 9:35 pm

      ဥပဒေဘောင်းအတွင်း နေထိုင်ခြင်း
      ဘေးကင်းရန်ကွာ လွန်ချမ်းသာ တဲ့…

      Graffiti ကိုထောက်ခံနေတဲ့ သူလေး။ မင်းကိုငါသိပါတယ်။ မင်းလဲ ငါ့ကိုသိတယ်။ မင်း အန်တီစုကို လေးစားတယ်ဆိုပြီး ပါးစပ်ကပဲ လေးစားမနေနဲ့။ ဥပဒေအထက်မှာ ဘယ်သုမှမရှိစေရ ဆိုတဲ့ အန်တီစုစကားကိုမင်းကြားဖူးမှာပါ။ မင်းသာ တကယ်လေးစားရင် သူပြောသလို ကျင့်ကြံနိုင်ရမယ်။ လက်အရမ်းယားနေရင် Canvas ဖြစ်ဖြစ် သစ်သားဘုတ်ထောင်ဆွဲ။ တကယ်လို့ အဲ့ဒါမှမကျေနပ်ရင် Graffiti ရှိုးပွဲတွေအများကြီးလုပ်နေတာပဲ။ မင်း လုပ်လိုက်လေ။ ပြပွဲတစ်ပွဲလောက်ဝင်ဆွဲပေါ့ကွ။ ငါလဲ Graffiti ကိုကြိုက်တဲ့ကောင်တစ်ယောက်ပဲ။ မင်းလောက်မဆွဲနိုင်ပေမဲ့ ငါတတ်နိုင်သလောက် ဆွဲခဲ့တာပဲ။ Graffiti ကိုစော်ကားနေတာတော့မဟုတ်ဖူး။ ဒါပေမဲ့ သူများနံရံ ၊ သူများအိမ်ခြံ ၊ဘတ်စ်ကားမှတ်တိုင်တွေမှာ ဂုံးကျော်တံတားနံရံတွေမှာ ဆေးဖြန်းတယ်ဆိုတာ ဘယ်လိုပဲ ကြည်ကြည့် အနုပညာမှာပါလို့ လက်ခံသည့်တိုင်အောင် ဥပဒေအရ ဒါဟာ ပြည်သူပိုင်ကို ဖျက်စီးတာပဲ။ အဲ့အတွက် ကို့အတွေးနဲ့ကိုပဲ။ ဆွဲချင်တဲ့သူဆွဲကြ။ ပတ်တယောင်လှည့်တာနဲ့တိုးရင် အဖမ်းခံပြီး 61 နဲ့ညိပြီးဒိုးပေးတော့။

      မင်းသိပ်ချစ်တဲ့
      သားပု 🙂

    • htoosan

      April 19, 2012 at 6:51 am

      Bartholomew Sawyer ရေ ၊ ညီတို့ ခံစားချက်တစ်ခုလည်း သိချင်ပါတယ်။

      (၁) Graffiti ကို အနုပညာ တစ်ရပ် အနေနဲ့ တကယ်ချစ်တာလား ..( မေးမဲ့သာ မေးတာ ချစ်လို့ဆိုတာ သိသာပါတယ် ။)
      (၂) နံရံတွေပေါ်မှာ ခိုးဆွဲရတဲ့ စိတ်လှုပ်ရှားမှု့ ကို နှစ်ခြိုက်တာလား ..
      (၃) သူများ နံရံ ပေါ် ဆွဲလိုက်လို့ နံရံ ဆိုင်ပိုင်ရှင် စိတ်မသက်မသာဖြစ် ဒေါသထွက် တာ ကို မြင်ယောင်နှစ်ခြိုက်တာလား ဆိုတာ သိချင်သား….

      (၂) နဲ့ (၃) နဲ့ ဘာမှ မဆိုင် Graffitti ကို တကယ်ချစ်တာဆိုရင် Graffitti ကို လူတွေ ချစ်လာအောင် ကြိုးစားပေးပါ ။ မုန်းသွားအောင် မလုပ်ပါနဲ့။

      ညီပြောတဲ့ ကျောင်းမှာ သင်ပေးတယ် ဆိုတာ ကြည့်လိုက်ရင် ဘုတ်တွေပေါ်မှာ ရေး တာ ဘဲ တွေ့ ရပြီး သူများ နံရံတွေ ပေါ်လျှောက်မဆွဲဖို့ သေချာပေါက် မှာမှာပါ ။ အထူးသဖြင့် စကာင်္ပူလေ ။

      သူကြီး ကော ကိုယ် ကော ပြောပြီးပါပြီ .. အားပေးပါတယ် ။ သို့သော် ခွင့်ပြုချက်မရတဲံ သူများနံရံ ၊ဆိုင်တွေ မဖြစ်ပါစေနဲ့ဆိုတာ။ကျန်တာ ကတော့ ညီတို့ အပိုင်းပါ ။ အောက်မှာ သားပုပြောသလို ပါဘဲ ။

      ကို့အတွေးနဲ့ကိုပဲ။ ဆွဲချင်တဲ့သူဆွဲကြ။ ပတ်တယောင်လှည့်တာနဲ့တိုးရင် အဖမ်းခံပြီး 61 နဲ့ညိပြီးဒိုးပေးတော့။


      ဘာဘဲပြောပြော Bartholomew Sawyer တို့လက်သရမ်း ရုံတင်မက ထဲထဲဝင်ဝင် သိအောင် ဖတ်ရှု လေ့လာ ကြိုးစားတဲ့ အတွက်တော့ ဝမ်းသာပါတယ်။ 😀

  • Bartholomew Sawyer

    April 18, 2012 at 9:08 pm

    ပြီးတော့ အဲဒီ့ LBC က mural ကြီးကလဲ tag မရှိရင် ဖြစ်မလာဘူးနော်…အဲဒီ့ tag ကို develop လုပ်ပြီးမှ piece ဆိုတာ ဖြစ်လာတာ..ခင်ဗျားတို့က piece ကို ကျ လှတယ်…tag ကျ လျှောက်ခြစ်တာ ဘာညာပြောတာ လုံးဝ ပညာမရှိမှန်းသိသာတယ်…appearance ကို ကြည့်ပြီး judge မလုပ်ကြပါနဲ့

  • Artistic Spirit

    April 19, 2012 at 11:25 am

    Da gal pal…..Mural gyi…cha pya yin yaw….lat khan ja mar lar???

  • Bartholomew Sawyer

    April 19, 2012 at 12:08 pm

    ကျွန်တော်တို့ graff ကို မချစ်ရင် ဒီpost မှာ လူအမြင်ကပ်ခံပြီးဝင်မရေးပါဘူး….ဒီမှာက တစ်ဆိုဒ်လုံးက စာအုပ်ကြီးသမား…အတိုက်အခံဆိုလို့ကျွန်တော်ရယ် soe moe ရယ် Artistic Spirit ရယ်ပဲ ရှိတာလေ…ကျွန်တော်တို့က အတတ်နိုင်ဆုံး(အချိန်ရရင်ရသလို) ကိုယ့် throw up ကို လူအမြင်ကောင်းအောင်လုပ်ပါတယ်း….ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့လုပ်တဲ့ writer တစ်ယောက်မှ မပါဘူး…ဟို ဆေးကို drip တွေဖြစ်ပြီး လုံးဝ ပုံပျက်ကြီးနဲ့ ဆိုရင်တော့တစ်မျိုးပေါ့ဗျာ….အဲဒါမျိုးကျွန်တော်တို့လဲမကြိုက်ပါဘူး…ပြီးတော့ ဆယ့်ခြောက်လမ်းကမ်းနားမှာ ဘယ်ကကောင်တွေလဲမသိဘူး ရိုင်းတဲ့စာသားတွေ gmail တွေ လျှောက်ရေးထားတာ…အဲဒါ ကျွန်တော်တို့ community ထဲက မဟုတ်ပါဘူး….အဲဒါတွေတော့ ကျွန်တော်လဲတကယ်မြင်ပြင်းကပ်ပါတယ်….အကို ပြည်လမ်း တော်ဝင်စင်တာနားက နံရံတွေမှာ အရင်တုန်းက ရောင်စုံ ဆွဲထားတာ မြင်ဖူးမှာပါ….အဲဒါမျိုးကျ ဘယ်လိုပြောမလဲ? paint တစ်ရောင်ထဲနဲ့မဟုတ်ဘူးနော်…ရောင်စုံ အမြင်တင့်တယ် အောင် အလှဆင်ထားတာတွေ…အဲဒီ့နံရံက ဘယ်သူ့နံရံမှလဲမဟုတ်ဘူး ရထားလမ်းကို ကာထားတဲ့ဟာ…ဒီအတိုင်း ဘယ်သူမှ ဆေးမသုတ်ဘူး စုတ်ပြတ်နေတာ…ဆွဲမယ့်သူတွေက ခဲရောင် တောင် ပြန်ထပ်သုတ်ပြီးဆွဲရတယ်…အရင်က နံရံစုတ်နေတာသတိမပြုမိပဲ..writers တွေပုံဆွဲတော့မှ ဘာဖြစ်တယ်ညာဖြစ်တယ် ထ လုပ်ကြတယ်…အဲလိုနေရာမျိုးတွေမှာ နံရံအလွတ်တွေဖြစ်နေတာထက်စာရင် အဲလို လှလှ ပပ ရှိနေတာက ပိုကောင်းမှာပါ…ပြီးတော့ graff ကို လူချစ်လာအောင်လုပ်ဖို့ဆိုတာ mural လုပ်ရမှာကိုပြောတာလား? ဘယ်မှာလဲ legal walls? အရင်က Eagle Garden skatepark မှာတရားဝင်စွဲလို့ရတယ် အခုစီးပွားရေးသမားတွေ လောဘကြီးပြီး skatepark ကိုဖျက်လိုက်လို့ ygn ရဲ့ တစ်ခုတည်းသော legal place လေးလဲ မရှိတော့ဘူး…exhibition တွေလဲ လုပ်ပါတယ်…urban art နဲ့ပက်သက်တာကို..ဒါပေမယ့် တစ်နှစ်မှ တစ်ပွဲပဲလေ…ဒီကြားထဲမှာ အဲဒါက တိမ်မြုပ်သွားရမှာလား? အဲလိုအဖြစ်မခံနိုင်လို့..writers အားလုံး က bombing လိုက်လုပ်နေတာ…သားပု ပြောတာကို ကိုးကား ဖို့ သားပု ဘာကောင်လဲ အရင်သိအောင်လုပ်ပါ…ကျွန်တော်က 5နှစ် 6နှစ်လောက်ပေါင်းလာတာ…ဒီကောင်ဘာလဲကျွန်တော်အသိဆုံး 🙂

    Graffiti အကြောင်း ပိုသိချင်ရင် ကျွန်တော်နဲ့ chatroom မှာပဲဖြစ်ဖြစ်လာစကားပြောပါ..ကျွန်တော်သိသလောက်အကုန်ပြန်ပြောပြပါမယ်

    • Burma

      April 19, 2012 at 3:51 pm

      ငါ့လူ ၊ သားပုဆိုတာဘာကောင်လဲ သိချင်ရင် ငါရေးထားတဲ့ Post တွေနဲ့ ငါရေးထားတဲ့ Comment တွေပြန်ဖက် မင်းနဲ့ငါနဲ့ သိတာ ငါ ခုနှစ်တန်း မင်းရှစ်တန်းက မှသိတာ။ ခုမှ လေးနှစ်ပဲရှိဦးမယ် ပြီးတော့ တစ်ခွန်းပြောမယ်။

      GRAFFITI ဆိုတာကို မင်းလောက် ငါ ကျယ်ကျယ်ပြန့်ပြန့်မသိပေမဲ့ ငါလဲ ငါ့ယုံကြည်ချက် ၊ ငါ GRAFFITI ကိုကြိုက်လို့ ငါဆွဲခဲ့တာပဲ။ ငါလဲ မင်းနဲ့တူတူ ရဲဖမ်းလို့ပြေးတာခံခဲ့ဖူးတာပဲ။ ပြောရရင် ပထမဆုံးစစပြေးရကတည်းက ကြောက်လန့်ပြီးတာလဲပါတယ်။ GRAFFITI ကို လူတိုင်းလက်ခံလာအောင် ကြိုးစားရမှာမှန်ပေမဲ့ ဥပဒေပြင်ပက လူတိုင်း လက်မခံနိုင်တဲ့ နံရံတွေမှာ လိုက်ဆွဲနေရင် ဘယ်သူမှ လက်ခံလာမှာမဟုတ်ဖူး။ ဥပဒေဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့လုပ်ထားတဲ့အရာမဟုတ်တဲ့အပြင် ဘယ်မှာလဲ မင်းအတွက် စုတ်ပြတ်နေတဲ့ ရထားလမ်းကာတဲ့နံရံတွေမှာ ဆွဲခွင့်? ဘယ်သုနံရံမှမဟုတ်ဖူးဆိုတာဘာလဲ? ဒါဟာ စည်ပင်သာယာက ပိုင်တယ်ကွာ။ စည်ပင်သာယာပိုင်တာကို Graffiti တင်ယုံမက ရှုမျှော်ခင်းပုံကြီးဆွဲလဲ ဒါဟာ ဖျက်ဆီးတာပဲ။

      တစ်နှစ်မှ တစ်ပွဲလုပ်တဲ့ကြားမှာ တိမ်မြုပ်သွားရမှာလား။
      မေးခွန်းကေ ကာင်းပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ သစ်သားဘုတ်တွေ ၊ တရားဝင်ဆွဲခွင့်ရမဲ့ နံရံတွေ (မင်းလဲ ဆွဲဖူးပါတယ်။) ကိုလိုက်ရှာပြီး ကျင့်လေ။ သူတစ်ပါးနံရံ ၊ သူတစ်ပါး စိတ်ခံစားချက်ကို ထိခိုက်ပြီးမှ လေ့ကျင့်ယူပြီး ရတဲ့ Skill က တန်ရဲ့လား?? နံရံပေါ်မှာ ဆေးမှုတ်မှ Graffiti Writer လား ??
      မင်းအိမ်မှာ မင်းအိမ်နံရံမှာ ဆွဲပါ့လား။ ဒါမှမဟုတ် ဒီ အနုပညာကို လက်ခံပြီး ဆွဲခွင့်ပေးတဲ့ လူရဲ့ အိမ်မှာ ဆွဲလေ။

      GRAFFITI ကို ငါလဲကြိုက်တယ်။ လက်ခံပေမဲ့ ။ လမ်းပေါ်က နံရံတွေ မှာ ဆေးရောင်စုံနဲ့ ပဲလုပ်လုပ်။ ဘာ Project ပဲလုပ်လုပ်။ ဒါဟာ ပြည်သူပိုင်ဖျက်ဆီးတယ်လို့ပဲ လက်ခံတယ်။

      အဲ့ဒါပဲ။
      မင်းသိတာ ငါ့အကြောင်းကို GRAFFITI နဲ့ပက်သက်တာလောက်ပဲသိနိုင်တယ်။
      ငါ့ကို မင်းသိတာ sketch တောင်မနိုင်တဲ့ကောင်လို့ ပဲ သိနိုင်တယ်။
      မင်းမသိသေးတာ ငါ့အကြောင်းတွေရှိသေးတယ်ကွ။
      နားလည်အောင်ပြောပြတာ။

  • Bartholomew Sawyer

    April 19, 2012 at 12:10 pm

    ကျွန်တော်တို့ graff ကို မချစ်ရင် ဒီpost မှာ လူအမြင်ကပ်ခံပြီးဝင်မရေးပါဘူး….ဒီမှာက တစ်ဆိုဒ်လုံးက စာအုပ်ကြီးသမား…အတိုက်အခံဆိုလို့ကျွန်တော်ရယ် soe moe ရယ် Artistic Spirit ရယ်ပဲ ရှိတာလေ…ကျွန်တော်တို့က အတတ်နိုင်ဆုံး(အချိန်ရရင်ရသလို) ကိုယ့် throw up ကို လူအမြင်ကောင်းအောင်လုပ်ပါတယ်း….ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့လုပ်တဲ့ writer တစ်ယောက်မှ မပါဘူး…ဟို ဆေးကို drip တွေဖြစ်ပြီး လုံးဝ ပုံပျက်ကြီးနဲ့ ဆိုရင်တော့တစ်မျိုးပေါ့ဗျာ….အဲဒါမျိုးကျွန်တော်တို့လဲမကြိုက်ပါဘူး…ပြီးတော့ ဆယ့်ခြောက်လမ်းကမ်းနားမှာ ဘယ်ကကောင်တွေလဲမသိဘူး ရိုင်းတဲ့စာသားတွေ gmail တွေ လျှောက်ရေးထားတာ…အဲဒါ ကျွန်တော်တို့ community ထဲက မဟုတ်ပါဘူး….အဲဒါတွေတော့ ကျွန်တော်လဲတကယ်မြင်ပြင်းကပ်ပါတယ်….အကို ပြည်လမ်း တော်ဝင်စင်တာနားက နံရံတွေမှာ အရင်တုန်းက ရောင်စုံ ဆွဲထားတာ မြင်ဖူးမှာပါ….အဲဒါမျိုးကျ ဘယ်လိုပြောမလဲ? paint တစ်ရောင်ထဲနဲ့မဟုတ်ဘူးနော်…ရောင်စုံ အမြင်တင့်တယ် အောင် အလှဆင်ထားတာတွေ…အဲဒီ့နံရံက ဘယ်သူ့နံရံမှလဲမဟုတ်ဘူး ရထားလမ်းကို ကာထားတဲ့ဟာ…ဒီအတိုင်း ဘယ်သူမှ ဆေးမသုတ်ဘူး စုတ်ပြတ်နေတာ…ဆွဲမယ့်သူတွေက ခဲရောင် တောင် ပြန်ထပ်သုတ်ပြီးဆွဲရတယ်…အရင်က နံရံစုတ်နေတာသတိမပြုမိပဲ..writers တွေပုံဆွဲတော့မှ ဘာဖြစ်တယ်ညာဖြစ်တယ် ထ လုပ်ကြတယ်…အဲလိုနေရာမျိုးတွေမှာ နံရံအလွတ်တွေဖြစ်နေတာထက်စာရင် အဲလို လှလှ ပပ ရှိနေတာက ပိုကောင်းမှာပါ…ပြီးတော့ graff ကို လူချစ်လာအောင်လုပ်ဖို့ဆိုတာ mural လုပ်ရမှာကိုပြောတာလား? ဘယ်မှာလဲ legal walls? အရင်က Eagle Garden skatepark မှာတရားဝင်စွဲလို့ရတယ် အခုစီးပွားရေးသမားတွေ လောဘကြီးပြီး skatepark ကိုဖျက်လိုက်လို့ ygn ရဲ့ တစ်ခုတည်းသော legal place လေးလဲ မရှိတော့ဘူး…exhibition တွေလဲ လုပ်ပါတယ်…urban art နဲ့ပက်သက်တာကို..ဒါပေမယ့် တစ်နှစ်မှ တစ်ပွဲပဲလေ…ဒီကြားထဲမှာ အဲဒါက တိမ်မြုပ်သွားရမှာလား? အဲလိုအဖြစ်မခံနိုင်လို့..writers အားလုံး က bombing လိုက်လုပ်နေတာ…သားပု ပြောတာကို ကိုးကား ဖို့ သားပု ဘာကောင်လဲ အရင်သိအောင်လုပ်ပါ…ကျွန်တော်က 5နှစ် 6နှစ်လောက်ပေါင်းလာတာ…ဒီကောင်ဘာလဲကျွန်တော်အသိဆုံး 🙂

    Graffiti အကြောင်း ပိုသိချင်ရင် wiki တစ်ခုတည်းမကြည့်ပါနဲ့ ဟိုဖက်အမြင် နဲ့ ဒီဖက်အမြင် နှစ်ဖက်လုံးမျှ အောင် အားလုံးလေ့လာပါ…ကျွန်တော့်ကို လာမေးရင်လဲ ကျွန်တော်သိသမျှကို ပြောပြဖို့ အသင့်ပါပဲ။

  • htoosan

    April 19, 2012 at 1:42 pm

    သုံးပုံ ထပ်တင်လိုက်ပါတယ ်။

    တစ်ပုံ ကတော့ မြို့မကျောင်းလမ်းက Beauty Saloon။ အဲ့ဒါဆွဲပြီးနောက်နေ့ ဆိုင်လာဖွင့် တဲ့ ဆိုင်ရှင် ထိုင်လဲငိုမလား ဒေါသတွေ ထွက်ပြီး ရေးသွားသူတွေကို ကြိမ်ဆဲမလားတော့ ကိုယ်မသိပါဘူး။ နှစ်ခုလုံးလဲ ဖြစ်ရင်ဖြစ်မယ်။

    နောက်တစ်ပုံကတော့ ညီပြောတဲ့ ၁၆လမ်းနားကဆိုတာလား ..

    အောက်ဆုံးပုံကတော့ မန္တလေး က ကေတီဗွီ တစ်ခု မှာ ရေးဆွဲထားတာပါ။

  • phout thal

    April 19, 2012 at 3:14 pm

    ဟိုအကောင်တွေဟောင်တိုင်းထကြည့်နေရင် အိပ်ရေးပျက်တယ်ဆိုလား…သိပ်လေးစားရတဲ့အကိုတစ်ယောက်ကပြောဖူးတယ်… ကိုယ်မလုပ်နိုင်တာကို သူများလုပ်နေရင်မနာလိုတာ… နဲနဲလေးလွဲသွားရင်နားမလည်ပေးပဲလက်ညှိုးထိုးရီတာ ဒါတွေက ဒီမှာဖြစ်နေတဲ့ စိတ်ဓါတ်ကင်ဆာတွေပေ့ါ… လူတွေအများစုဖြစ်နေကြတယ်… တချို ့လူတွေကလဲ respect လိုချင်တာနဲ ့ နိုင်ငံတကာနဲ ့ချီပြော နိုင်ငံခြားနဲ ့နှိုင်းပြီးပြောနေကြတယ်… နိုင်ငံချင်းမတူဘူး… ဥပဒေချင်းမတူဘူး… သုံးရတဲ့ material ခြင်းမတူဘူး… ပေါက်ဖွားလာတဲ့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ခြင်းမတူဘူး… မြင်တဲ့လူလဲမတူဘူး အဲတော့ graffiti writer တွေကလဲ ခပ်စပ်စပ်လေးရိုက်ချင်တဲ့ ကင်ဆာ သမားများကိုနားလည်ပါ… ကင်ဆာသမားများကလဲ ဒီ့ထက်ဒီ့ထက်မက ပို ့စ်တွေထက်တင်နိုင်အောင် ဓါတ်ပုံလေးတွေလိုက်ရိုက်ပါ… ခပ်စပ်စပ်လေးထက် နာအောင်ရိုက်ခံဖူးတဲ့လူတွေကြည်းပါပဲသိစေချင်ပါတယ်… ဒီလိုမရပ်ပဲ ဆက်တိုက်ထက်လုပ်နေတယ်ဆိုတာကတော့ ခံယူချက်လေးတွေကြောင့်ပါ… အဲဒီ့ခံယူချက်ဆိုတာ ပိုက်ဆံကုန်တယ် ဆီကုန်တယ် ရင်မောတယ်… ရဲလိုက်ရင်ပြေးတယ်… လေ့လာရတယ်…ရှာဖွေရတယ်… သင်ယူရတယ်… ခပ်စပ်စပ်လေးရိုက်ခံရတယ် :))

    ~ ဒီတော့ Graffiti writer တို ့သူတို ့ဟောင်တိုင်းထမကြည့်နဲ ့ မိုးမလင်းသေးဘူး… မိုးလင်းရင်အဟောင်ရပ်သွားမယ်… မိုးလင်းရင်အမှီ လုပ်စရာပြီးအောင်လုပ်ဖို ့လိုတယ်… ~
    ဝါးလုံးခေါင်းထဲလသာပါ…. ဝါးလုံးအပြင်မှာလဲလသာပါ… :))

  • မောင်ရေချမ်း

    April 19, 2012 at 9:46 pm

    ဟ… ကိုထူးဆန်းကြီးတို့များ ချီးကျူးဖွယ် ကောင်းသဗျ။ မောင်ရေချမ်းဝင်ရေးပြန်ပီ..။ ဘယ် က ကြေညာ ခိုင်းမှန်းတော့မသိပဲ ဘာမသိ ညာမသိနဲ့ graffiti ကိုစွတ်ဟောက်တော့တာပဲ… တစ်ခုတော့ရှိတယ်ဗျ… ယုံမယုံတော့ မသိဘူး… (မကျေနပ်ပတော့ လဲ မတတ်နိုင်ပါ့ သူကြီးရေ.. ).. အဲ့ graffiti က ကိုထူးဆန်းရေးတဲ့ post ထက် အများကြီး အဓိပ္ပာယ် ရှိတယ်။ ဒီထက်ကောင်းတဲ့ post တင်လိုက်ပါလား… point များအောင်လေ… ဒီလို သူများကို တိုက်ခိုက်တာမဟုတ်ပဲနဲ့ပေါ့….

    မှ
    ရွံာသို့တဖန်..

  • snow white

    July 5, 2012 at 4:50 pm

    တကယ့်ကိုဖျက်စီးတဲ့သူ တွေ ဟုတ်တယ် ဒါတောင်မစုံသေးဘူး အများကြီးကျန်သေးတယ် ဖျက်စီးတာ သန့်ရှင်းသပ်ရပ်မှုကို မလိုအပ်တဲ့အဖျက်သမားလေးတွေဘဲနေမယ် သူတို့ ကတခါတလေ hip hop လို့ကရေးသေးတာ ။။။။

Leave a Reply