စိတ်ပုပ်၊ စိတ်ယုတ်လေးများပြင်စေချင်သည်

Zaw Phyo WaiAugust 28, 20121min36

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်

ပေါင်းတည်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘ၊ ဆရာနှင့် ကျောင်းသားများ ဘက်စုံပညာရေးမြင့်မားမှုကို ကြိုးစားနေကြပါသည်။
သို့သော်လည်း ယနေ့မူလတန်းကျောင်းများမှ ပြောင်းရွှေ့ပညာသင်ကြားရသည့် အလယ်တန်းအဆင့် (ပဉ္စမတန်း) နှင့် ပက်သက်၍ မိဘများအနေဖြင့် တင်ပြလိုပါသည်။ ကျွန်တော်တို့သားသမီးများမှာ ကျူရှင်မထားနိုင်ကြပါ။ မိဘကပင်ကြိုးစား၍ သင်ပြပေးပါသည်။ ပေါင်းတည် အ.ထ.က (ပဉ္စမတန်း) မှ အချို့ဆရာမများ ကျူရှင်ပြကြပါသည်။ ငါ့ကျူရှင်သင်မှ ငါ့တပည့်ဟုစိတ်ဓါတ်မျိုးထားနေကြပါသည်။ ပညာရေးမှာ စည်းကမ်းပျက်ရုံမက စိတ်ဓါတ်ပါမကောင်းသော ဆရာမများဖြစ်နေကြောင်းတွေ့နေရပါသည်။ မိမိကျူရှင်မှာနေသည့်ကလေးကို မိမိနှင့်နှစ်ကြိမ်သင်ကြားရခြင်းဖြစ်သဖြင့် ပိုသင်ပေးသလိုဖြစ်ရသည့်အထဲ ကျူရှင်မသင်နိုင်သောကလေးများကို စိတ်ခွန်အားသိမ်ငယ်စေမည့်စကား၊ စိတ်ဓါတ်ကျမည့်စကားများကို အတန်းထဲတွင်သုံးနှုန်းသည့် ဆရာမမျိုးရှိနေပါသည်။ ကျူရှင်မထားနိုင်သောကျောင်းသား၊ ညံ့သောကျောင်းသားအားလုံးကို အနနေ ္တာ အနန ္တ ဂိုဏ်းဝင်ပီပီ ပညာရေးမြင့်မားလာအောင် သင်ပေးစေချင်ပါသည်။
စိတ်ဓါတ်ပုတ်နှင့် ကျူရှင်ပြစားနေသော ဆရာမများကြောင့် ကျွန်တော်တို့၏သား၊ သမီးများ ပညာရေးဘက်ပိုင်းတွင် အလွန်ထိခိုက်နစ်နာနိုင်ပါသည်။ နိုင်ငံတော်လစာခံစားပြီး ဆရာမတာဝန်မကျေပြွန်သော (ပဉ္စမတန်း) မှ ကျူရှင်ပြစားသောဆရာမများကတော့-
(၁) ဆရာမဒေါ်တင်တင်ဝင်း (သချင်္ာပြ ပေါင်းတည် အ.ထ.က)
(၂) ဆရာမဒေါ်စန်းစန်းလွင် (သချင်္ာပြ ပေါင်းတည် အ.ထ.က) တို့ဖြစ်ကြပါသည်။

ကျူရှင်မထားနိုင်သောမိဘများ
ပေါင်းတည်မြို့