blueroseMay 30, 20121min1617
ကောင်မလေးရေ……. ငါနင့်ကိုချစ်နေတဲ့အချိန်မှာ ငါဆိုတဲ့လူတယောက် ကမာ္ဘမြေပေါ်မှာရှိနေမှန်းတောင် နင်မသိပါဘူး ငါနင့်ကိုလွမ်းနေတဲ့အချိန်တိုင်းမှာ နင်ကတယောက်သောသူကို လွမ်းဆွတ်နေခဲ့တယ်နော် ငါ့ဘက်ကတော့ကံကြမ္မာက မတရားဘူးလို့ပဲပြောရမလား ငါ့ဘက်မှာကံတရားကရှိမနေဘူးလို့ပဲပြောရမလား နင်ငါ့ရှေ့ရောက်လာတိုင်း ပြောတတ်တဲ့စကားလုံးလေးတွေ ပြုံးတတ်တဲ့နင့်အပြုံးလေးတွေ လူတိုင်းကိုကြင်နာစွာနဲ့ ဆက်ဆံတတ်တဲ့နင့်အကြည့်လေးတွေ နင့်ချစ်သူအပေါ်မှာ ကလေးတယောက်လို ဂျီကျတတ်တဲ့နင့်အကျင့်လေးတွေ အားလုံးကိုငါအမှတ်ရမိလို့ နေပါတယ်ကောင်မလေးရေ…. ငါမျှော်လင့်မိပါတယ် တနေ့နေ့တချိန်ချိန်ကျရင် နင်နဲ့အနီးဆုံးနေရာမှာ ငါရှိနေပါရစေလို့လဲ နင့်အကြောင်းလေးတွေလည်း ငါ့ဒိုင်ယာရီစာအုပ်ထဲမှာ နေရာယူတာပြည့်လို့နေခဲ့ပြီ ဘုရားရှိခို်းတိုင်းလည်း ဆုတောင်းမိပါရဲ့ ကောင်မလေးရေ…. လူတွေငါ့ကိုကဲ့ရဲ့ပေမယ့်ငါဝမ်းမနည်းပါဘူး လူတိုင်းမှာကိုယ်စီလွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိကြပါတယ်လေ ငါလည်းနင့်ကိုလွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိနေပါတယ်နော် ကောင်မလေးရေ….. ငါနင့်ကိုအရမ်းလွမ်းနေတယ် ငါနင့်ကိုအရမ်းချစ်နေတယ် ငါနင့်ကိုအရမ်းတွေ့ချင်နေတယ် ခုချိန်မှာငါနင်နဲ့အနီးဆုံးနေရာမှာ ရှိနေခွင့်ရမယ်ဆိုရင်တောင် မဖြစ်နိုင်တော့ပြီမို့ ငါ့ဘဝငါ့နှလုံးသားငါ့ခံစားချက်တွေ အားလုံးဟာငါနဲ့အတူ ရုပ်ဒြပ်မရှိတဲ့ လေထုထဲမှာ မျောလွင့်လို့နေခဲ့ပြီလေ နောက်ဘဝဆိုတာများ ရှိခဲ့မယ်ဆိုရင်တော့ ကောင်မလေးရေ ငါဆုတောင်းခဲ့ပါတယ် ထာဝရမင်းဘေးမှာ မင်းစိတ်တိုင်းကျ မင်းအလိုကျ […]


blueroseMarch 9, 20121min17013
“ပေးဆပ်ခြင်းနဲ့ချစ်နေလည်းရလဒ်ကတော့ဒီအမုန်းများ သိပ်ချစ်တယ်အရမ်းမုန်းတယ်….ဝဋ်ရှိရင်ကြေပေးတော့ကွယ် နှလုံးသားထဲကချစ်နေလဲဦးနှောက်ထဲကဒီအမုန်းများ…. သိပ်ချစ်တယ်အရမ်းမုန်းတယ်ရောထွေးကုန်ပြီတကယ်ရူးတော့မယ်…. ဝဋ်ကြွေးများရယ်ငါ့ရဲ့အသိစိတ်မှာနင်ဟာနတ်ဆိုးပါကွယ်….. နှလုံးသားထဲကနင်ဟာအရှင်သခင်ပါပဲကွယ်…..”   အဓိပတိအဝါကိုစီးပြီးမြို့ထဲကိုလာရင်းပြတင်းပေါက်ကနေမြင်မြင်သမျှအရာအားလုံးကို ငေးမောနေရင်းနားထဲကိုစီးဝင်လာတဲ့ချမ်းချမ်းရဲ့သိပ်ချစ်တယ်အရမ်းမုန်းတယ်ဆိုတဲ့သီချင်းသံလေး ဒီသီချင်းလေးနားထောင်မိတော့ငိုချင်သလိုလိုဆွေးချင်သလိုလိုနဲ့ဘာရယ်မဟုတ်မောင့်ကိုပြေးသတိရမိတယ် မောင်ဂရုစိုက်ခဲ့တာတွေကိုတွေးမိရင်အရမ်းချစ်မိတယ် မောင်ရက်စက်တာတွေကိုတွေးမိရင်မောင့်ကိုအရမ်းမုန်းမိတယ် ဒီသီချင်းလေးထဲကလိုပဲကျွန်မမှာဝဋ်ကြွေးများပါလာလေသလား မောင့်အပေါ်မှာဦးနှောက်အသိနဲ့မချစ်သင့်တော့ပေမယ့် နှလုံးသားကချစ်နေဆဲပဲဆိုတာကျွန်မတယောက်သာအသိဆုံးပါ မောင့်ကိုမေ့ဖို့ကြိုးစားနေပေမယ့်မေ့မရတဲ့အကြင်နာတွေကြောင့် ကျွန်မနာကျင်နေရပါတယ်မောင် အသက်ရှုလိုက်တိုင်းတောင်မောင့်ကိုသတိရနေဆဲပဲမို့ မောင့်ကိုမေ့ဖို့ကြိုးစားလိုက်ရင်ကျွန်မအသက်ရှုရပ်သွားမလားလို့တောင် တွေးကြောက်မိပါတယ်မောင်ရယ် မောင့်အပေါ်မှာဝဋ်ကြွေးတွေများရှိခဲ့မယ်ဆိုရင်ဒီဘဝဒီမျှနဲ့ပဲအဆုံးသတ်ပါရစေလို့ ကျွန်မဆုတောင်းမိပါတယ်မောင် ခုကျွန်မရင်ထဲမှာတော့မောင့်ကိုသိပ်ချစ်သလိုအရမ်းလည်းမုန်းမိနေပါတယ်မောင် မောင့်အပေါ်မှာရှိတဲ့ကျွန်မအမုန်းတွေကိုမောင်ကိုယ်တိုင်ဖြေဖျောက်ပေးလှည့်ပါတော့နော် မောင့်ကိုသိပ်ချစ်သလိုအရမ်းမုန်းတဲ့ ချစ်သူ  


blueroseFebruary 28, 20121min28019
မောင်ရေ……. ရက်စက်တဲ့ကံကြမ္မာရဲ့လှည့်စားချက်အောက်မှာ လွှာ့နှလုံးသားတွေကြေမွခဲ့ရပြီပေါ့………. မောင်နဲ့အတူလျှောက်ဖူးခဲ့တဲ့လမ်းလေးတွေမောင်နဲ့အတူထိုင်ဖူးခဲ့တဲ့ အင်းယားကခုံတန်းလေးတွေမြင်မိတိုင်းမှာရင်နာမိပါရဲ့မောင်ရယ် ကန်တော်ကြီးထဲရောက်ရင်မောင့်ကိုတောင်မေ့ပြီးပြေးလွှားဆော့ကစားခဲ့မိတာတွေ ခုချိန်မှာနောင်တရပါတယ်ဆိုရင်လွှာအရမ်းနောက်ကျနေမလားမောင် ကလေးတယောက်လိုအတွေးနဲ့ကလေးတယောက်လိုအပြုအမူတွေကြောင့် မောင့်ကိုစိတ်ညစ်အောင်လုပ်မိခဲ့သလားလို့ပြန်မေးမိတယ်မောင် စကားလုံးတွေနဲ့ပြောမပြတတ်လောက်အောင်မောင့်ကိုချစ်ခဲ့ပါတယ် အရာအားလုံးနဲ့ယှဉ်ပြီးတော့လည်းမောင့်ကိုရွေးရဲပါတယ် ဒါပေမယ့်မောင်နဲ့တွေ့တိုင်းချစ်လားမေးရင်ချစ်တယ်ဖြေရမှာပြောဖို့ကြောက်ခဲ့မိတယ် လွှာ့နှုတ်ခမ်းကချစ်တယ်မဖြေလည်းမောင်နားလည်မယ်လို့ထင်ခဲ့မိတာ ခုချိန်မှာတော့မဟာအမှားတခုပဲလို့သိလိုက်ရပါပြီမောင် တွေ့တဲ့အချိန်တိုင်းမောင်လို့ခေါ်ပါလို့ပြောခဲ့တာကိုငြင်းခဲ့မိတဲ့အတွက် ခုလိုဝေးကြတော့မှတဖက်သတ်မောင်လို့ခေါ်မိတာကိုခွင့်လွှတ်ပါမောင် ရင်ထဲကအကြိမ်ပေါင်းများစွာခေါ်နေမိတဲ့ မောင် ဆိုတဲ့နှလုံးသားလေးတခုက ခုချိန်မှာတော့ဝမ်းနည်းစွာနဲ့တမ်းတနေရတဲ့နှလုံးသားလေးဖြစ်ခဲ့ပြီပေါ့ မောင်ရယ်တချိန်ကချစ်ခဲ့ကြတဲ့အချစ်တွေသာခိုင်မြဲတယ်ဆိုရင်တနေ့နေ့မှာ လွှာ့ဆီကိုပြန်လာခဲ့ပါလို့တောင်းဆိုပါရစေနော်။……… မောင့်ကိုလွှာဝေးရဖို့အတွက်ယုံကြည်ချက်မရှိလို့မောင့်နဲ့နီးရဖို့အတွက် စောင့်မျှော်နေပါတယ်ဆိုရင်လွန်မလားမောင် အချစ်စစ်မှန်ရင်မဝေးဘူးဆိုတဲ့စကားလိုမောင့်အချစ်ကိုထပ်တိုးပိုင်ဆိုင်ပါရစေလို့ ဘုရားတွေ့တိုင်းဆုတောင်းမိနေပါတယ် ဘယ်အချိန်ဘယ်လိုဘယ်နေရာမှာပဲဖြစ်ဖြစ်မောင့်အတွက်နားခိုစရာအေးရိပ်လေးတခုကို လွှာ့ရင်ထဲမှာတည်ဆောက်ထားဆဲမို့မောင်အမြန်ပြန်လာခဲ့ပါနော်…… မောင်ပြန်လာမယ့်အချိန်ကိုလွှာစောင့်မျှော်နေဆဲပါ…………. မောင့်အချစ်တွေဟာလွှာ့အတွက်မဖြစ်နိုင်တော့ဘူးဆိုရင်တောင်ဖြစ်လာမယ့်နေ့ကို စောင့်နေဆဲပါလို့လွှာပြောပါရစေမောင် မောင့်ရဲ့လွှာ (ရင်ထဲကခံစားချက်အပိုင်းအစလေးများကို ဖတ်ရှုအားပေးလို့ကျေးဇူးတင်ပါတယ် လိုအပ်တာများရှိရင်သင်ပြပေးကြပါလို့ ဂေဇက်ကိုကိုမမများအားကျေးဇူးအထူးတင်လျှက်)  


blueroseFebruary 24, 20121min35546
မောင် လွှာခေါ်နေခဲ့ဖူးတဲ့နာမည်လေးပေါ့ မောင့်ကိုချစ်တယ်မောင့်ကိုလွမ်းတယ်မောင့်ကိုသတိရတယ် ဒီစကားတွေကိုမောင့်ကိုအကြိမ်ပေါင်းများစွာလွှာပြောခဲ့ဖူးပါတယ်မောင်ရယ် တနေ့နေ့မှာမောင်နဲ့လွှာခုလိုပုံစံမျိုးနဲ့ဝေးခဲ့မယ်ဆိုတာကိုသာကြိုသိခဲ့ရရင် မောင့်ကိုခုထက်လည်းပိုချစ်ခဲ့မိမယ်ထင်ပါတယ်မောင်ရယ် ခုချိန်မှာပြန်မရနိုင်တော့တဲ့မောင်နဲ့လွှာတို့ရဲ့အတိတ်ကိုပြန်တွေးမိတိုင်းမှာ လွှာ့အတွက်အဖော်ဆိုတာမျက်ရည်ဆိုတဲ့သူငယ်ချင်းပဲရှိပါတော့တယ်မောင် မောင့်ကိုလွှာအရမ်းချစ်ခဲ့ပါတယ်မောင် ဒါပေမယ့်မောင်နဲ့လွှာတို့ရဲ့ကြားမတူညီတဲ့သဘောထားတွေနဲ့မတူညီတဲ့အမြင်တွေကြားမှာ လွှာနဲ့မောင်ဝေးကွာခြင်းဆိုတာကိုပဲရွေးချယ်လိုက်ကြတာအကောင်းဆုံးပါပဲနော်မောင် မိန်းကလေးသူငယ်ချင်းပေါင်းများစွာနဲ့ပျော်နေတတ်တဲ့မောင့်ကိုလွှာစိတ်ပျက်ခဲ့မိတယ် အဲလိုစိတ်ပျက်မိတဲ့အချိန်ကစလို့မောင်နဲ့လွှာ့ကြားမှာအဖုအထစ်တွေဖြစ်လာခဲ့တယ် မောင်သာလွှာ့အတွက်စဉ်းစားခဲ့မယ်ဆိုရင်မောင်သာလွှာ့ကိုသနားခဲ့မယ်ဆိုရင် မောင့်သူငယ်ချင်းတွေနဲ့သာမောင်ဆင်ခြင်နေခဲ့မယ်ဆိုရင်လွှာတို့ခုလိုဝေးရမယ်မထင်ဘူးမောင် လွှာသိပ်ချစ်တဲ့မောင့်ကိုလမ်းခွဲချိန်မှာလွှာသေလုမတတ်ခံစားရပေမယ့် မောင့်ကိုလမ်းမခွဲပဲဆက်ချစ်နေခဲ့မယ်ဆိုရင် လွှာတသက်လုံးခံစားနေရလိမ့်မယ်မောင် တနေ့နေ့မှာမောင်လွှာ့ဆီကိုပြန်လာမလားဆိုတာမသိပေမယ့် မောင့်အတွက်လွှာ့ရင်ထဲမှာနာကျင်ရလွန်းလို့မမျှော်လင့်တော့ဘူးမောင် လွှာအမြဲပြောနိုင်တဲ့စကားကတော့ ရင်တွေကွဲထွက်လုမတတ်ချစ်ရအောင်သင်ပေးခဲ့တဲ့ချစ်သူကမောင်ပါပဲ မောင့်ကိုလွှာထာဝရဆက်ချစ်နေမှာပါအဝေးကနေပေါ့ မောင်နဲ့နီးနီးလေးမှာနေပြီးချစ်နေရရင်မောင့်ကိုလွှာမုန်းမိလာမှာစိုးလို့ အဝေးကနေပဲချစ်နေပါရစေမောင်   မောင့်ကိုချစ်တဲ့  လွှာ (ရင်ထဲကခံစားချက်အပိုင်းအစလေးတွေပါ ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် လိုအပ်တာရှိရင်သင်ပြပေးကြပါလို့ ဂေဇက်ကိုကိုမမများအားကျေးဇူးတင်လျှက်)