ComputerMarch 14, 20121min803
ရုံးကအပြန် တာမွေမီးပွိုင့်ရောက်ရင် မီးပွိုင့်မီးနီနေလည်းစောင့်စရာမလို ကွေ့ကြောကနေကွေ့ပြီး နား၊နှာခေါင်း၊ လည်ချောင်းဆေးရုံလမ်းအတိုင်းကျောက်မြောင်း အိမ်ကိုရောက်ချင်စောဖြစ်နေတဲ့ကျွန်တော်ဟာပိတ်ဆို့နေတဲ့ကားတွေကြောင့် နေ့စဉ်အိမ်အရောက်နောက်ကျခဲ့ရပါတယ် ။ဒီတစ်ခါကတော့မီးနီကြောင့် ကားကြောကြပ်လို့ပိတ်တာမဟုတ်ပဲ စည်းကမ်းမဲ့စွာ တစ်ဖက်ယာဉ်ကြောရှေ့ပိတ်ရပ်နေတဲ့ ပါရမီ(၁၇၄)လိုင်းကားကြောင့်ဖြစ်နေတာကိုတွေ့ရပါတယ်။ စည်းကမ်းမဲ့လှတဲ့မြန်မာလူမျိုးတွေများလှချေလား။ ပါးစပ်ကနေဒီမိုကရေစီ၊ဒီမိုကရေစီအော်အော်နေပြီး မိမိလုပ်ချင် သလိုလုပ်တဲ့လွတ်လပ်ခွင့်ကြောင့် တစ်ခြားလူတွေရဲ့ လွတ်လပ်ခွင့်ဆုံးရှုံးသွားရပြီဆိုတဲ့ ဒီမိုကရေစီရဲ့အနှစ်သာရကို ဖျက်ဆီး နေသူတွေပါလား။ ဗိုလ်ချုပ်အောင်ဆန်းကိုအမှန်တကယ်စိတ်ထဲမှာ ထာဝစဉ်အမှတ်ရနေပါသလား။ ဗိုလ်ချုပ်ရဲ့သမီးဒေါ်စုကိုကော အမှန်တကယ်လေးစားနေကြတာလာ်း။ ဒါဆိုရင်ဒီမိုကရေစီလိုချင်တယ် ဆိုတဲ့သူတွေဘယ်လိုနေထိုင်ဖို့စဉ်းစားထားကြပါသလဲ။


ComputerMarch 13, 20121min1189
&Hk;utjyef wmarGrD;ydGKifYa&muf&if rD;ydGKifYrD;eDaevnf;apmifYp&mrvdk auGYaMumuaeauGYjyD; em;?ESmacgif;? vnfacsmif;aq;&Hkvrf;twdkif;ausmufajrmif;tdrfudka&mufcsifapmjzpfaewJYuRefawmf[mydwfqdkYaewJUum;awGaMumifY aeYpOftdrfta&mufaemufuscJY&ygw,f/’DwpfcguawmUrD;eDaMumifYum;aMumMuyfvdkUydwfwmr[kwfyJ pnf;urf;rJYpGm wpfzuf,mOfaMuma&SYydwf&yfaewJY yg&rD(174)vdkif;um;aMumifYjzpfaewmudkawGY&ygw,f/ pnf;urf;rJYvSwJYjrefrmvlrsdK;awGrsm;vSacsvm;/yg;pyfuae’Drdkua&pD?’Drdkua&pDatmfatmfaejyD; rdrdvkyfcsif ovdkvkyfwJYvGwfvyfcGifYaMumifY wpfjcm;vlawG&JUvGwfvyfcGifYqHk;&HI;oGm;&jyDqdkwJY ‘Drdkua&pD&JYtESpfom&udk zsufqD; aeolawGygvm;/ AdkvfcsKyfatmifqef;udktrSefwu,fpdwfxJrSmxm0pOftrSwf&aeygovm;/AdkvfcsKyf&JYorD;a’:pkudkaumtrSef wu,fav;pm;aeMuwmvm;f/’gqdk&if’Drdkua&pDvdkcsifw,fqdkwJYolawGb,fvdkaexdkifzdkYpOf;pm;xm;MuygovJ/


ComputerMarch 4, 20121min964
ကျွန်တော့်မှာသားတစ်ယောက်၊သမီးတစ်ယောက်ရှိတယ်။သမီးကသူငယ်တန်းကနေ၉တန်းအထိနယ်ကမူလတန်းကျောင်းနဲ့အထက်တန်းကျောင်းမှပညာသင်ကြားခဲ့တယ်။၉တန်းအောင်တော့ကလေးတွေရှေ့ပညာရေးမြင့် မားဖို့ရည်ရွယ်ချက်နဲ့မြို့ကိုပြောင်းလာခဲ့တယ်။မဟာရန်ကုန်မြို့ကြီးရဲ့တာမွေမြို့နယ်အ.ထ.ကတစ်ခုမှာ ပေါ့။ မြို့ကျောင်းဆိုတော့ပညာကိုအလေးထားသင်ပေးနိုင်တယ်ဆိုတဲ့ယူဆချက်၊သမီးရဲ့ကြိုးစားမှုကိုယုံကြည ်ချက် ်တွေနဲ့ပေါ့။တစ်လ၊နှစ်လကြာတော့ကျောင်းတက်နေတဲ့သမီးမျက်နှာမကောင်းတာကိုတွေ့လာရတယ်။သမီးစာမလိုက်နိုင်လို့ထင်ပါရဲ့။သမီးမသိတဲ့စာတွေကိုရှင်းပြပေးရင်းနဲ့သီတင်းကျွတ်ကျောင်းပိတ်ရက်ကိုရောက ်ခဲ့ပါတယ်။ကျောင်းပြန်ဖွင့်လို့သမီးကျောင်းပြန်တက်ပါပြီ။တစ်ပါတ်ခန့်ကြာတဲ့အခါသမီးစာသိပ်မကျက်တာ တွေ့လို့မေးကြည်တဲ့အခါ သမီးကျူရှင်တက်ပါရစေဖေဖေတဲ့။သမီးကျောင်းကဆရာ၊ဆရာမတွေသင်တာနားမလည်ဘူးလား။ နားမလည်ရင်ဘာသာရပ်ဆိုင်ရာဆရာမကိုမေးလေလို့ပြောလိုက်တယ်။အဲဒီတော့မှသမီးကဆရာမတွေ ွသင်တာကိုနားမလည်တာမဟုတ်ဘူးဖေဖေ။သင်ကိုမသင်တာ။နှစ်စတုန်းကလည်းနည်းနည်းပဲသင်တယ်။အခုကျောင်းပြန်ဖွင့်တော့လုံးဝမသင်တော့ဘူးတဲ့။သင်ရိုးကုန်သွားလို့လားဆိုတော့တစ်ဝက်တောင်မရောက် သေးဘူးတဲ့။ အဲဒီတော့မှကျွန်တော်လည်းသမီးကနေတစ်ဆင့်သူ့သူငယ်ချင်းတွေတက်တဲ့ကျူရှင်ကိုစုံစမ်းပြီးတက်ခိုင်း လိုက်ရပါတယ်။ဒါပေမယ့်ရန်ကုန်ုမြို့ရဲ့ပညာရေးစနစ်ကိုမသိနားမလည်ခဲ့တဲ့ကျွန်တော့်အပြစ်ကြောင့် သမီးဟာ(၁၀)တန်းစာမေးပွဲကိုနောက်တစ်နှစ်ထပ်ဖြေပြီးမှအောင်မြင်ခဲ့ရပါတယ်။ (ဖြစ်ရပ်မှန်ဟုတ်ကြောင်းမယုံကြည်မှာစိုးလို့ကျောင်းအမည်ကိုတိတိကျကျဖေါ်ပြပေးလိုက်ပါတယ်။ အ.ထ.က(၂)တာမွေ ဖြစ်ပါတယ်။)


ComputerMarch 3, 20121min794
ကျွန်တော်အစိုးရဝန်ထမ်းဘဝ-နယ်က အ.ထ.ကကျောင်းတစ်ခုမှာပေါ့၊ ၉တန်းကျောင်းသူဖြစ်တဲ့သမီးကိုကျူရှင်မထားပဲ၊ကျောင်းကသင်တဲ့စာကိုသာလေ့ကျင့်ခန်းမှန်မှန်လုပ်၊မှန်မှန်ကြိုးစားခိုင်းပေမယ့် လပါတ်စာမေးပွဲပြီးတိုင်း၊အင်္ဂလိပ်စာအမှတ်အမြဲနည်းနေတာတွေ့ရတယ်။ဒါနဲ့သမီးကိုမေးကြည့် မိတယ်။သမီးစာမလိုက်နိုင်ဘူးလားပေါ့။ဒါပေမယ့်သမီးကအတန်းထဲမှာစာစစ်တိုင်းသူများနည်းတူဖြေနိုင်ပြီး၊ စာမေးပွဲမှာလည်းဖြေနိုင်ကြောင်းပြောပါတယ်။ဒါပေမယ့်သူ့သူငယ်ချင်းတွေကတော့ကျူရှင်တက်ကြောင်း၊ အတန်းပိုင်ဆရာမကအင်္ဂလိပ်စာသင်တာဖြစ်ပြီးကျူရှင်လည်းပြကြောင်းပေါ့။အဲဒါနဲ့သမီးတက်ချင်ရင်တက် ဆိုုပြီးသူ့အတန်းပိုင်ဆရာမဆီကျူရှင်တက်ခိုင်းလိုက်ပါတယ်။ကျူရှင်လခက၁၅၀၀ဝိ၊တစ်ပါတ်မှာစနေ တစ်ရက်ပဲတက်ရတယ်။အဲဒီတစ်ရက်တောင်တစ်ခါတစ်လေဆရာမ မအားလို့ဆိုပြီးမတက်ရတဲ့ ရက်တွေကရှိသေး။ ဒါပေမယ့်သိသာစွာပဲ သမီးရဲ့အင်္ဂလိပ်စာအမှတ်ဟာတော်တော်တက်လာပါတယ်။ငါ့သမီးဘယ်လိုကြိုးစား လိုက်ပါလိမ့်။(သေချာတာကတော့ဆရာမတွေအနေနဲ့မိမိကျူရှင်တက်တဲ့သူတစ်မျိုး၊မတက်တဲ့သူကိုတစ်မျိုး အမှတ်ပေးစနစ်ခွဲခြားထားခြင်းပါပဲ။) သမီး၉တန်းစာမေးပွဲအောင်တော့ ပညာရေးအဆင့်မြင့်မြင့်သင်ယူနိုင်ဖို့ ရန်ကုန်မြို့ကိုမိသားစုပြောင်းလာခဲ့ ပါတယ်။တာမွေအ.ထ.ကတစ်ခုမှာ(၁၀)တန်းတက်ခိုင်းခဲ့တယ်။ကျွန်တော့်ထုံးစံအတိုင်းကျူရှင်မယူနဲ့ပေါ့။ ဒါပေမယ့်သီတင်းကျွတ်ကျောင်း(၁၀)ရက်ပိတ်ပြီး ကျောင်းပြန်တက်တော့သမီးကပြောတယ်။ သမီးစာမလိုက်နိုင်ဘူးတဲ့။ကျောင်းကစာသင်ပေးတာနားမလည်လို့လားမေးတော့ သီးတင်းမကျွတ်ခင် ်ကလည်းနည်းနည်းပဲသင်တာ။အခုပြန်တက်တော့ကျောင်းမှာစာလုံးဝမသင်တော့ကြောင်းပြောတယ်။သင်ရိုးကုန်သွားပြီလားဆိုတော့စာကတစ်ဝက်တောင်မပြီးသေးဘူးတဲ့။အဲဒါနဲ့အပြင်ကျူရှင် တစ်ခုမှာသမီးကိုတက်ခိုင်းလိုက်ရပါတယ်။(ဘယ်လိုပညာရေးစနစ်ပါလိမ့်။ကျူရှင်ပြလို့မရမှန်းသိတဲ့အတန်း ကျတော့စေတနာပါပါစာတောင်မသင်တော့တဲ့ဆရာ၊ဆရာမတွေဟာဘယ်လိုစိတ်ထားတွေပါလိမ့်)


ComputerFebruary 25, 20121min528
ဒီတစ်ခါပြောချင်တာလည်းအခွန်ငွေကိစ္စပါပဲ။ ဒါကျတော့အခွန်ရှောင်တာ။လိမ်တာ။ လှိုင်သာယာကအထည်ချုပ်စက်ရုံတစ်ခုမှာဝန်ထမ်းတွေရဲ့လစာကိုအမှန်မပြပဲအခွန်ဆောင်နေတာပါ။ အဲဒီကဝန်ထမ်းတစ်ဦးဆို သူအမှန်တကယ်ရတာကလစာ၈၀၀၀ဝိ၊ ဒါပေမယ့်အခွန်ရုံးကိုပြတော့၂၅၀၀ဝိ၊ ဝန်ထမ်းဆီကအခွန်ငွေ၂၆၀ဝိ၊ဖြတ်တယ်။လောလောဆယ်ဝန်ထမ်းအတွက်တော့အခွန်ဆောင်ရသက်သာ တာပေါ့။နိုင်ငံတော်အတွက်တော့အခွန်ငွေအများကြီးနစ်နာသွားပြီ။အဲဒီအပြင်ဝန်ထမ်းမှာကြုံလာရမယ့် နစ်နာမှုကအကြောင်းတစ်စုံတစ်ရာရှိလို့ဝန်ထမ်းကိုထုတ်ပယ်တဲ့အခါအဲဒီဝန်ထမ်းရမယ့်နစ်နာကြေးက၊ ၃ဆဆိုရင်လစာရင်း၈၀၀၀ဝိရဲ့၃ဆမဟုတ်ပဲ၊၂၅၀၀ဝိရဲ့၃ဆသာရရှိမှဖြစ်တယ်။ အစိုးရ၊အလုပ်ရှင်နဲ့ဝန်ထမ်း(၃)ဦးမှာနစ်နာမှုမရှိတာကတော့အလုပ်ရှင်(၁)ဦးတည်းပါပဲ။ ဒါကြောင့်ဒီကိစ္စကိုလည်းဝိုင်းစဉ်းစားဖြေရှင်းပေးကြပါဦးလို့၊


ComputerFebruary 24, 20121min17626
ပြောချင်နေတာကြာပါပြီ။ နိုင်ငံတော်ကဝန်ထမ်းတွေအပေါ်ကောက်ခံတဲ့အခွန်ငွေကိစ္စပါ။ဒေါ်လာစားတွေကိုလစာရဲ့နှစ်ရာခိုင်နှုန်း ပြောင်းကောက်တာသိပြီးပါပြီ။ပုံမှန်ကျပ်ငွေနဲ့ရတဲ့သူတွေကိုဘယ်လောက်ရာခိုင်နှုန်းကောက်ခံပါသလဲ။ ကြားဖူးတာတော့၁ဝရာခိုင်နှုန်းပါ။ ဒါပေမယ့်ရွှေပြည်သာကခြင်ဆေးခွေစက်ရုံတစ်ခုမှာတော့ဝင်ငွေခွန်ကို၂၅ရာခိုင်နှုန်းအထိကောက်ခံနေလို့ မခံချိ၊မခံသာဖြစ်နေကြရပါတယ်။ဥပမာ-လစာ၃၀၀၀ဝိလောက်သာရတဲ့အောက်ခြေဝန်ထမ်းလေးတွေဆို ဝင်ငွေခွန်၇၅၀ဝိလောက်အဖြတ်ခံနေကြရတော့။ သက်ဆိုင်သူတွေကူညီပေးလိုက်ကြပါဦး။