ムラカミAugust 30, 20131min84922
ဂဇက် ရွာကား ခြောက်လေပြီ …. ခြောက်ကပ်နေခြင်းကိုဆိုလိုသည်ဖြစ်ပြီး ရွာသားတွေ အချော်တကောက် ဖြစ်နေခြင်းကိုလည်း ညွှန်းပါ၏။ ထုံးစံအတိုင်း သဂျင်းမီး မားခိုမ် မှ ဦးဆောင်ကာ ခြောက်နေခြင်းဖြစ်သည်။ ဖြစ်ပုံက ဂလို ..။ ရွာသူတွေ ကြပ်ပေးသဖြင့် အခြော်တကောက်မလေးများ ထွန့်ထွန့်လူး အားပေးသည့် နာမည်-၄လုံးတပ် အင်္ဂါနာမ် ဟိုအဆိုတော်ကလေး၏ သီချင်းတွေ နားထောင်တာ များခြင်းမှ စလေသည်။ ဟိုကလည်း မင်းသမီး အဟွာ ကိုင်လိုက် ကိုယ့်လက်ကိုယ် ပြန်ရှူလိုက် နှင့် မင်းသမီး၏ ချစ်ယဲဇား ပြဿနာရှာခြင်း ခံရသည်အထိ လက်ရဲဇက်ရဲသူပါပေ။ သို့သော်တဖက်သားက သူ့ကို အပုန်းမှန်းသိ၍ ခွင့်လွှတ်လိုက်၍သာ တော်တော့သည်။ သဂျီးကား သူ့ကိုယ်သူ S@i S@i Kh@m K@i ဟု နာမည်ပြောင်းကာ […]


ムラカミAugust 29, 20132min61412
ဒီရက်ပိုင်း မှတ်မှတ်ရရ သတင်း ၃ပုဒ် ဖတ်ရတယ် မြန်မာပြည်နဲ့ ပါတ်သတ်လို့ပါ တပုဒ်က မြန်မာ ဟင်းလျာတွေအကြောင်း နောက်တပုဒ်က ရန်ကုန်ဟာ ကမာ္ဘ့ ခရီးသွားတွေကြား ဘာလို့ ဟော့နေသလဲ ဆိုတာရယ်.. နောက်ဆုံးတပုဒ်ကတော့ ကမာ္ဘတန်း လေကြောင်း လိုင်းတခုက ရန်ကုန်အခြေစိုက် လိုကယ် လေကြောင်းလိုင်းငယ်တခုမှာ ၄၉% ဝင်ရင်းနှီးမြှုပ်နှံမယ် ဆိုတာရယ်ပေါ့   http://travel.cnn.com/what-to-do-in-yangon-travel-582536 http://online.wsj.com/article/SB10001424127887324906304579038490761802468.html http://travel.cnn.com/myanmar-food-669416   သေချာတာကတော့ Tourism ဘက်က ဟော့တယ် မင်းလေးက ဟော့တယ်… အဲ့ဘက်လိုင်း အခြေချ ဖို့က ခနခန စဉ်းစားမိရဲ့ဗျာ..။ တကယ်လည်း ကျနော် စိတ်ဝင်စားတဲ့အပိုင်း ရှိပါရဲ့ …။ ဂုရုတပါး မွက်ကြားခဲ့တာလည်း ရှိတယ် မဟုတ်လား ဘာတဲ့ ကောင်းကောင်း မွန်မွန် […]


ムラカミAugust 28, 20134min238333
  မနက် ၅နာရီ သူမ အိပ်ယာထတယ်..   မနက် ၆နာရီ သူမဈေးသွားတယ်.. အပါတ်တိုင်း သူမ အုံးစားရတဲ့ကိစ္စက ဒီတပါတ် ကလေးတွေကို ဘာကျွေးမလဲ ဆိုတဲ့ တော့ပစ် ဖြစ်သပေါ့လေ။ မနက် ရနာရီ ဒီအချိန်ဆို သူမ ဘုရားကျောင်းမှာ စပြီး ချက်ပြုတ်နေရောပေါ့.. တခါမှ မစားဖူးပေမယ့် သူမ ဟင်းချက်တာ အလွန်ကောင်းတယ် ကြားဖူးရဲ့… တခါက ဟင်းစပ်ပေးတာတော့ ရေထဲက ကို မတက်ဘူးဗျာ.. ငါးရယ် ဂဏန်းရယ် ပုစွန်ရယ် နဲ့ တာလပေါ ရယ် က ခနခနကြားရနေရဲ့ မနက် ၈နာရီ သူမ ဆိုင်ကယ် တစီးနဲ့ဖြစ်စေ အသိတယောက်ယောက်ရဲ့ ကားနဲ့ ဖြစ်စေ ကလေးတွေလှည့်ပတ်ကြိုတယ်လေ.. မိုးများလို့ ကလေးတွေ […]


ムラカミAugust 24, 20135min5286
နေရာယူခြင်း မြှုပ်နှံထည့်သွင်းကြော်ငြာခြင်း လို့တော့ ခေါ်မလားမသိဘူး ။ (မြန်မာလို ပြန်ထားတာ မရှိသေးဟုထင့်) Product placement, or embedded marketing, နဲ့ပါတ်သတ်လို့ European Union ရဲ့ အလိုတော်အတိုင်း ပြောရရင်တော့ “any form of audiovisual commercial communication consisting of the inclusion of or reference to a product, a service or the trade mark thereof so that it is featured within a programme”. အစီအစဉ်တခုမှာ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှု ကို […]


ムラカミAugust 23, 20131min4296
  ဖြစ်ပုံက ဂလို မြန်မာပြည်ကျူရှင်လောက ရဲ့ ခြားနားတဲ့ရှုထောင့် ပေါ့ဗျာ ..ယလဲ့ ..။ ပထမနှစ် ကျောင်းသားဘဝ ပေါ့ဗျာ .. အစောပိုင်းက ပရက်တီကယ်လစ်တာ နောက်ပိုင်းကျ ပရက်တီကယ်မှန်ပြီး လက်ချာ လစ်ဖြစ်လာတော့တယ်..။   လင်းပါဦးမယ်.. လက်ချာလစ်တယ်ဆိုတာ ကဂလိုပါ။ ခေတ်ရဲ့ သားကောင်းတို့ ထုံးစံအတိုင်း ကျနော်တို့ ကျူရှင်ယူကြရပါတယ်။ ကျူရှင်မှာ အပြင်ဆြာ သင်တာရှိသလို ဌာနမှူး အဆင့်ထိ ကျူရှင်ပေးစားတာလည်း ဆန်းတဲ့ကိစ္စရပ် တော့မဟုတ်ဘူးခည။ ဌာနမှူးကျူရှင်သင်တယ် ဘာဖြစ်တုန်းဗျာ ..သွသူ သင်တာ ကျောင်းမှာ ကောင်းကောင်းသင်ရင် ပီးတာပဲ .မှုတ်ဖူးလား။ ဒါမှလည် းနွမ်းပါးလို့ ကျူရှင်မယူနိုင်ရှာတဲ့ ကလေးတွေအပေါ် တရားမှာပေါ့။ အဲ.. ဆက်ဆွဲရရင် ကျောင်းမှာ ဆိုတာက အတွေ့ကြုံရင့် အသင်အပြကောင်း […]


ムラカミAugust 22, 20131min122943
၂၀၁၃ အရှေ့တောင်အာရှ ဘောလုံးပွဲကား စတော့ပေမည်။ ကိုရီးယားလူမျိုး နည်းပြကြီး ပတ်ရှောင်ခွာ အင်မတန် စိတ်ညစ်နေသည်…။ အဘယ်ကြောင့် ဆိုသော် ပိတ်သတ်ကြီး သိတော်မူသည့်အတိုင်း လက်ရွေးစဉ် ကိုကိုများကြောင့် ဖြစ်သည်။ ပြောရလျင် မြန်မာ့လက်ရွေးစဉ် ဘောကိုကို တို့မှာ ကမာ္ဘ့အဆင့်မီလေသည်။ ခြေစွမ်းပိုင်း မီခြင်း ဟု မဆိုလိုပါ ။ တက်တူးထိုး ကလပ်တက် ရှက်ထု ဆံပင်ဆိုး ပြီး စကီအလန်းလေးတွေ တွဲသည့်နေရာတွင်ဖြစ်၏။ ခြေစွမ်းပိုင်း မကောင်းပေ ..သို့ရာတွင် လူစွမ်းကောင်းတွေ တော့ ထွက်လေ၏။ ပရိတ်သတ်ကို လက်ခလည်ထောင် ကော့ပြ သူမှအစ အချင်းချင်း ခြေဖြင့်ခတ်သည့် ကွန်ဖူးအကျော်အမော်အလယ် နည်းပြကို ဘောပဲ ပြောတဲ့ကောင် အဆုံး လူစွမ်းကောင်း အကုန်ထွက်လေသည်။ သည်တော့ နည်းပြကြီး ညစ်မယ်ဆိုလည်း […]


ムラカミAugust 21, 20132min5409
  Marketing effectiveness ကို ဒဲ့ ဘာသာပြန်ရင်တော့ မားကတ္တင်း လုပ်တာရဲ့ ထိရောက်မှု ပေါ့ဗျာ..။ အဲ့ဒါ တခါတခါ ပြောရခက်စ် သဗျ..။ ဘာကြောင့်တုန်းဆို မားကတ္တင်း ရဲ့ tricky အဖြစ်ဆုံး နေရာတွေထဲက တခုမို့ပါ…။ ကျနော် ပြောပြမယ်ဗျာ .. မြင်ယောင်ကြည့်။ ကြိုက်တဲ့ ဖလာရီ ကားကြော်ငြာ ဖွင့်လိုက် ..။ ဆက်စီ တောက်တောက်ယိုနေတဲ့ မော်ဒယ်ဘွိုင်းရယ်… အနီရဲရဲ အရောင်အသုံးရယ်.. အရှိန်ရယ်..လျှင်မြန်တာ ခေတ်မှီတာတွေရယ် နှုတ်ခမ်းနီမလေးရယ်.. (ယလဲ့ ..ဒါ ၁၉၈ဝပြည့်လွန်နှစ်တွေက ခေတ်စားတဲ့အဖွဲ့) အဲ့ … လက်တွေ့ အပြင်မှာ သွားကြည့် .. ဖလာရီ မောင်းနေတာ ထိပ်ပြောင်တွေ အများစု..။ ပြောချင်တာက ဂလို ..နုနယ်ပျိုမြစ်မှု […]


ムラカミAugust 20, 20131min57714
  ဆန်ဖရန်စစ်စကို ဂိုလ်းဒင်းဂိတ် ကြိုးတံတားနီပေါ်တွင် ဖြစ်သည်။ အရှေ့အာရှမှ အပျော်ဆုံးယောက်ျား ၂ယောက်ဖစ်သော နှင်းခဲအရည်ပျော် ကျောက်စ် နှင့် ပက်ကညော ခေါင်းညှိမ့် ဂီ့စ် တို့ လမ်းလျှောက်လာသည်။ ရှေ့တူရူမှ စိန တကောင် လျှောက်လာ၏ ။ ကျောက်စ် က အနှီ စိန ကိုရေထဲခုန်ချနိုင်အောင် ပြောနိုင်လျင် ဒေါ်လာတရာ ပေးမည်ဟု ဂီ့စ် ကို ပြောသည်။ ဂလောက်များ ခက်လွန်လွန်းလို့…။ ဂီ့စ် စိနကောင်ကို မျက်နှာမူကာ အောက်ပါအတိုင်းပြောချလိုက်သည်။ ဂီစ့်။ ဟေ့လူ ရေအောက်မှာ ဓါတ်ငွေ့ထွက်တယ်..။ ဘာ..စ်….ဗွမ်းးးးး….။ တဖန် ဂျပန်တကောင် လျှောက်လာသည်။ ဒီတခါ လောင်းကြေးက ၂၀ဝ ဖြစ်၏။ တခြားလူမှတ်လို့ ဂီ့စ်ပဲဟာ…ဂျပန်အကြောတော့ နပ်သပေါ့… ဟိတ်လူ ဟောဒါ […]


ムラカミAugust 16, 20131min51011
တားမြစ်ထားတဲ့အဆိပ်သီးဟာ ဆုပ်လည်းစူး စားလည်းရူးမယ်ဆိုရင်တောင် ကျနော်က အရူးအမူးခူးမယ်ဆိုတော့. သူမက သူမရဲ့ အသက်ရှူသံတွေ မြန်နေမယ်ဆိုရင် တောင် အသက်အောင့်လို့ ရပ်စောင့်ပေးရင်း အသက်ရှူသံတွေတောင် ထပ်တူကျချင်သူရယ်ပါ တဲ့


ムラカミAugust 15, 20131min68315
  ဘဝမှာ အမှားနောက် တကြိမ် လုပ်မိတယ်… အနုပညာဆိုတာ ဘာသာရေးဆိုရင် ကျနော့်အတွက်တော့ အဲ့ဒီ့ ဆြာသမားက ပစ္စေဂဗုဒ္ဓာ လောက်ရှိရဲ့ဗျာ..     လူမှန်းသိတတ်ကတည်းက ခင်လာတဲ့ သူ့မိသားစုဝင် ကျနော့်သူငယ်ချင်းက ဖုန်းနံပါတ်ပေးပြီး …. သားဂျီး မင်းကိုတော့ သူအမှတ်ရမှာပါကွာ..လို့ ဦးနှောက်ထဲ ကင်ဆာပိုးရောက်နေတဲ့ ဆြာ့ကိုယ်စား အဲ့ဘဲက ပြောလာတာတောင်မှ ဟောဒိ အကုသိုလ် အတုံးအခဲက နံပါတ်နှိပ်ဖို့ တွန့်ဆုတ် ထိတ်လန့်ခဲ့မိတယ် …     သူငယ်ချင်းအချင်းချင်း ကျုပ် က မသတီချင်စရာကောင်းတာများပြောပါတယ်.. မင့်အဖေ ဒတ်ရှင်မင်းသား ဘာလုပ်နေတယ်မသိချင်ဘု မင့်ဦးလေး ဘာစာအုပ်ထွက်ဖို့ ရှိသလဲ ခနခန မေးတတ်အောင် သောက်ကြောတင်းတဲ့ကောင် မှတ်မှတ်ရရတော့ အဲ့သည့် သူငယ်ချင်းအဖေ အသုဘမှာ ဆြာသမားနဲ့ […]


ムラカミAugust 14, 20131min76717
      ထူးအိမ်သင် (၁.၇.၁၉၆၃ – ၁၄.၈.၂၀၀၄) အဘ – ဦးထွန်းမြင့် အမိ – ဒေါ်မြရင် ပုသိမ်မြို့တွင် မွေးဖွား အမည်ရင်းမှာ ကျော်မြင့်လွင် မူလတန်းပညာကို အ.မ.က(၂၀)တွင် သင်ကြားခဲ့ အထက်တန်းပညာကို အ.ထ.က(၃)တွင် သင်ကြားခဲ့ ၁၉၇၉ – ၈ဝ တွင် ဧရာဝတီတိုင်း၊ ဒေသကောလိပ်၊ ပုသိမ်သို့ တက်ရောက်ခဲ့ ၁၉၈၁ တွင် မော်လမြိုင်သို့ မိသားစုဖြင့် ပြောင်းရွှေ့ မော်လမြိုင်တက္ကသိုလ်မှ ရုက္ခဗေဒဖြင့် ကျောင်းပြီး မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး(KC francis)ထံမှ ဂီတသင်္ကေတနှင့် ဂီတပညာသင်ယူ ၁၉၈၆ တွင် ပထမဆုံး တေးစီးရီးကို စတင်သွင်းယူ ၁၄.၈.၂၀၀၄၊ နံနက်(၁၁ း ၄၀)တွင် ကွယ်လွန် […]


ムラカミAugust 13, 20131min75126
တကယ်လို့ အချစ် ဆိုတာ အဆိပ် ဆိုရင် ငါ့အတွက် ဖြေဆေး မလိုဘူး shee..   ကိုယ့်အသံကိုယ် နားဝင်ပီယံ အဖြစ်ရဆုံး အချိန်ကို ပြောပါဆိုရင်တော့ မင်းနာမည် ရေရွတ်တဲ့အချိန် ပေါ့ကွယ်..   လူတွေက ငါတို့၂ယောက်ကို သိပ် သဲကြတယ် ကဲကြတယ် ပြောပစေဦး ငါတို့ ပြုံးပြုံးလေး လက်ခံနိုင်ရဲ့ …   တကယ်တော့ နင်ဟာ အရင်ဘဝက ငါ့ ခန္ဒာကိုယ် တခြမ်း ဆိုတာ သူတို့ မသိလို့ ပါကွယ်…  


ムラカミAugust 8, 20131min99025
ရွာကား ဆူချေပီ။ ထုံးစံအတိုင်း ဒါက သဂျီး စနက်မကင်း… မြို့ကလာသည့် အလှဖန်တီးရှင် ဂျော်လကီတွေကို ရွာထဲ ဆိုင်ဖွင့်ခွင့် ပေးလိုက်ခြင်းက စလေသည်။ ဟုတ်သည် မတူတဲ့အတွေးနဲ့ လွတ်ပျံ့စွဲ ကြီးစိုးတဲ့ရွာပေပဲ..။ ဒါမျိုးလာကြောလို့ ရမလား ဆိုပီး ကိုရင်ညောင်ဝတုတ်တယောက် အလှပြင်ဆိုင် ထဖွင့်လေ၏။ ဘာတဲ့ မာမီသော်(ဆွေးတက္ကသိုလ်) ဆိုလား ..။ သူ၏ ကြီးမားတုတ်ခိုင်သော ခါးကြီးကို နွဲ့ကာ နွဲ့ကာဖြင့် ဆင်မယဉ်သာလမ်းလျောက်လေပုံအား မဖွဲ့ပြတတ်သော်လည်း မိတ်ဆွေများကို မြင်အောင် ပြချင်မိသေး၏။ ထိုအခါ ရွာသားချင်းချင်း ဒီလိုကြောလို့ ရမလား ဆိုပီး အင်္ဂလိကန် မံမီဆွေကလည်း ဟိုမြားနတ်မောင် သေနာကောင်က ဘယ်ချောင်ဘယ်နား အလေသွားပီး ငါ့အားပစ်ထားပါသနည်း ဟုကြွေးကျော်ကာ သူငယ် ထားဖို့ စိုင်းပြင်းပြန်လေသည်။ သည်တော့ သူနှင့်ပုလင်းတူဗူးဆို့ […]