kyawmonkhantJune 13, 20122min1366
ဒီရက်ပိုင်း စိတ်မရွှင်စရာ  သတင်းများရဲ့ဖိအားပေးခံနေရခြင်းများ မှ တစွန်းတစ၊ တခဏ လွတ်မြောက်ရန် ဖော်ပြခြင်းဖြစ်ပါသည်။ ဗြိတိသျှ သတင်းစာများက  ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် ရှစ်နှစ်အရွယ် သမီးလေးကို အရက်ဆိုင်တွင် ထားခဲ့ပြီး မိန်းကလေးဟာ သူ့ဇနီးနှင့်အတူရှိနေခဲ့တယ်လို့ထင်လျက် အိမ်ပြန်သွားခဲ့သည်ဟု ထုတ်ဖော်ခဲ့ကြပါသည်။ သူ့ဇနီးစမန်သာသည်လည်း သူမရဲ့ ကလေးနန်စီသည် သူ့အဖေနှင့်အတူရှိနေသည်ဟု ယုံကြည်လျက်  အရက်ဆိုင်မှ သီခြားထွက်ခွါသွားခဲ့သည်။ မစ်စတာကင်မရွန်းရော မစ်စ်ကင်မရွန်းပါ သူတို့၏ အိမ်တွင်ဆုံတွေ့သည့်တိုင်အောင် သူတို့ ကလေးကျန်နေခဲ့သည်ကို သတိမပြုခဲ့ကြပါ။ သူချက်ခြင်းဖုန်းဆက်ခဲ့ပါတယ်။  နန်စီလေးဟာ ဘားဝန်ထမ်းတွေနဲ့အတူ လုံလုံခြုံခြုံရှိနေတယ်လို့ ကြားရတဲ့  အကြောင်း  မစ်စတာကင်မရွန်းကပြောပါတယ်။ ဝန်းကြီးချုပ်တို့ဟာ ကားအသီးသီးနဲ့ မိနစ်အနည်းငယ်ခြားပြီး ထွက်သွားတဲ့အချိန်မှာ သူမဟာ အိမ်သာထဲမှာ ရှိနေခဲ့ပါတယ်။ ဝန်ကြီးချုပ်နဲ့ စမန်သာတို့ဟာ နန်စီလေးသူတို့နဲ့ အတူ ရှိမနေဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ စိတ်ခြောက်ခြားခဲ့ကြပါတယ်လို့  […]


kyawmonkhantJune 1, 20121min19011
သတင်းလေးတပုဒ် ကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ဆေးထိုးဖို့ ဆရာဝန်ထံသွားရန် မလိုလားသူများနှင့် ဆေးထိုးအပ်ကြောက်သူများအတွက် ကြိုဆိုစရာ သတင်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ MITတက္ကသိုလ်က သုတေသန ပညာရှင်များက စက်ကလေးတခုကို ဖန်တည်းခဲ့တာပါ။  အသံလောက်နီးနီးမြန်တဲ့ အရေပြားကတဆင့် ထိုးသွင်းရန် မြန်နှုန်းမြင့် ဂျက်ကို အသုံးပြုထားတာဖြစ်ပါတယ်။  ဆရာဝန် သို့မဟုတ် အသုံးပြုသူဟာ ဆေးဘယ်လောက်များများ ကိုယ်ထဲသွင်းမယ် ဘယ်လောက် နက်နက်သွားမယ်ဆိုတာကို ထိန်းချုပ်ပေးနိုင်မှာဖြစ်ပါတယ်။  ဂျက်ထိုးသွင်း ကိရိယာလေးဟာ ဆေးထိုးရန်အတွက် သေးငယ်ပြီး စွမ်းအားမြင့်သော သံလိုက်နဲ့ လျှပ်စစ်ဓာတ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဆေးထိုးစက်အသစ်လေးဟာ အကျိုးကျေးဇူးအများအပြားရှိကြောင်း MIT သုတေသနပညာရှင်များက ပြောကြားလိုက်ပါတယ်။ ဆေးထိုးစက်သစ်ဟာနေ့စဉ် ကိုယ်တိုင်ဆေးထိုးရန်လိုအပ်ပြီး ဆေးထိုးအပ်မုန်းသူများအတွက် အလွန်ကို အသုံးဝင်ပါလိမ့်မယ်လို့  သိပ္ပံပညာရှင်  ကက်သရင်း ဟိုဂမ်က ပြောကြားခဲ့ပါတယ်။ လူတော်တော်များများဟာ ကြောက်တဲ့အတွက်ကြောင့် သူတို့ရဲ့ နေ့စဉ်ဆေးထိုးရမှာကို  ရှောင်ဖို့ […]


kyawmonkhantMarch 4, 20124min17725
တောင်သူလယ်သမားနေ့ပိတ်ရက်မှာ ဇွတ်ရော အတင်းရော လိုက်ခဲ့ဖို့ အခေါ်ခံရလို့ သွားဖြစ်ခဲ့တဲ့နေရာလေးပါ။ အစက အဲဒီနေရာကို သွားဖို့ အစီအစဉ် ထဲမှာ မပါဘူး။ တယောက်က အကြံပြုလိုက်တာနဲ့ ရောက်ဖြစ်သွားတာ။ နေရာကတော့ စိမ်းလဲ့တင် ဟိုတယ်ရီဆော့ပါ။ ရန်ကုန် မော်လမြိုင် လမ်းမပေါ်  ရန်ကုန်ကသွားရင်ကျိုက်ထိုမရောက်ခင် လမ်းမကြီးရဲ့ ဘယ်ဘက်ဘေးမှာပါ။ ကားနားရင်း ထမင်းစားလို့ရတယ်။ ရေကူးလို့ရတယ်။ တိရိစ္ဆာန်ရုံငယ်လေး ရှိတယ်။ ပျိုးပင်တွေရောင်းတယ်။ လူတိုင်းဝင်ကြည့်လို့ ရတဲ့နေရာလေးပါ။ အပေါ့အပါးသွားချင်ရင်လဲ သန့်ရှင်းတဲ့ အိမ်သာရှိပါတယ်။ တခေါက်တော့ ရောက်ဖူးပေမယ့် ခုလိုကြာကြာမနေခဲ့ဘူး။ ဒီတခါတော့ သုံးနာရီလောက်ကြာအောင်နေခဲ့တာဆိုတော့ လှည်ပတ်ကြည့်ရင်း ဓာတ်ပုံရိုက်ခဲ့တယ်ဆိုပါတော့ (မနေ့ညနေကထမတခါတင်တာ၊ ကွန်နက်ရှင်မကောင်းတော့၊ အားလုံးလုပ်ပြီးသား၊ အကုန်ပျက်သွားတယ်၊ ၄-နာရီလောက်အချိန်ပေးလိုက်ရတယ်၊ ဒီမနက်အစအဆုံးပြန်ရေး/ပြန်တင်ရတယ်၊ ကော်နက်ရှင်က မနက်ပိုင်းဆို သိပ်မဆိုးလို့တော်သေးတယ်၊ ဒါတောင် ၁-နာရီလောက်တော့ကြာတာဘဲ) (၁) အဖီးတစ်ရာ […]


kyawmonkhantFebruary 3, 20123min15210
(၁) မန်းတောင်ခြေက ခြင်္သေ့ကြီးနှစ်ကောင် (၂) ဗျာဒိတ်ပေး ရုပ်ပွါးတော်ကြီး (၃) တောင်ပေါ်မှ ဘီလူးများ (၄) နောက်လိုက်ဘီလူးများ (၅) ဒဏ္ဍာရီဆန်ဆန် မန်းတောင် သမိုင်းအရ မြတ်စွာဘုရား မန်းတောင်သို့ကြွရောက်စဉ် ဘီလူးမကမိမိရှိတာ (သားမြတ်)  ဖြတ်လှူတာလို့ ဆိုပါသည်။ (ဟုတ်မဟုတ်သေချာတော့မသိပါ) (၆) တောင်ထိပ်ရှိ ဘုရားကျောင်းတော် (၇) မန္တလေးတောင်က မြွေကြီးနှစ်ကောင် (၈) မြွေကြီးနှစ်ကောင် ပါးပျဉ်းထောင် (၉) တောင်ပေါ်မှမြင်ရတဲ့ ရှုခင်း (၁၀) sunset ကြည့်မယ် (၁၁) (၁၂) (၁၃) (၁၄) ၃-၂-၂၀၁၂ နေ့ကို နှုတ်ဆက်သွားတဲ့ နေမင်း မန္တလေးရောက်တုန်း အင်တာနက်ကလည်း အဆင်ပြေတုန်းပို့စ် (၂) တင်လိုက်ပါသည်။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။    


kyawmonkhantFebruary 3, 20125min1056
ရွှေကျောင်းကြီးလို့လဲ ခေါ် မင်းတုန်းမင်း နန်းတော်ဆောင်ကြီးကို ဘုန်းတော်ကြီးကျောင်းအဖြစ် လှူဒါန်းခဲ့လို့ ရွှေနန်းတော်ကျောင်းလို့လဲ ခေါ်တဲ့ ကျောင်းတော်ကြီးကို ဒီကနေ့ (၃-၂-၂၀၁၂) ညနေမှာ ရောက်ဖြစ်ခဲ့ပါတယ်။ မူလကတော့ ကျောင်းတော်ကြီးတကျောင်းလုံးကို ရွှေချထားတာပါ။ ဒါကြောင့် ရွှေကျောင်းကြီးလို့ ခေါ်တာဖြစ်ပါတယ်။ အပြင်ဘက်ကတော့ယခုမြင်ရတဲ့အတိုင်းရွှေရောင်မရှိတော့ပါဘူး။ သေချာဂရုစိုက်ကြည့်ရင်တော့ အမိုးအခြေနားမှာတော့ ရွှေစလေးတွေကျန်ပါသေးတယ်။ အတွင်းပိုင်းမှာတော့ ရွှေချထားတဲ့ အတိုင်းကျန်ပါသေးတယ်။  ကျောင်းတော်ကြီးရဲ့ အနုစိတ်လှတဲ့ သစ်သားပန်းပုလက်ရာတွေကို မရောက်ဖူးသူများ ခံစားနိုင်ရန် ဓာတ်ပုံရိုက်ပြီး မျှဝေလိုက်ပါတယ်။ တခုပြောဖို့ကျန်သေးတယ်။ ဒီနေ့ မနက်က မန်းဂဇက် အလှူအတွက် ကိုပေါက်ထံ အလှူငွေတတ်နိုင်သလောက် (အများကြီးမဟုတ်ပါ) ထည့်ဝင်ဖြစ်ပါတယ်။ လှူဖြစ်အောင်ကူညီတဲ့ အတွက် ကိုပေါက်ကြီးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ သာဓုခေါ်ကြပါရန်။ (၁) (၂) ကျောင်းတော်ကြီး အနောက်ဘက်ကအောက်ချေနဂါးရုပ်များ (၃)အမိုးပေါ်က အနုစိပ် လက်ရာတွေ (၄) […]


kyawmonkhantJanuary 30, 20123min612
ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေ ပေတရာကျော်ခန့်ရှည်သည့် တောင်ဆင်းတောင်တက် စက်လှေကားများ (ocean park) ဂျယ်လီငါးလေးတွေ (ocean park) မြို့တွင်းတနေရာ ညအလှ (စင်ထရယ်ဟောင်ကောင်) ပွင့်တူရွက်တူ ပန်းအလှ စူပါ မားကက်ထဲက ခရစ်စမတ်အလှဆင်မီးထွန်းထားတာလေး (၁) သီးနှံအထူးအဆန်းလေး (ဘရပ်ဆဲစပရောက်လို့ရေးထားတာဘဲ) ဂေါ်ဖီထုတ်လေးတွေလိုဘဲ အချက်အပြုတ်ဝါသနာပါသောရွာသူားများအတွက် (၂)   စူပါမားကက်ထဲမှာရောင်းတဲ့အသီးတွေ (အထူးအဆန်းတော့မဟုတ် လှလို့ရိုက်လာတာ) (၁) (၂)(၃) (ကီဝီ သီးတွေနဲ့ ပန်းသီးတွေ) (၄) စာရေးဖို့ အချိန်မရလို့ ပုံတွေဘဲ တင်လိုက်ပါတယ်။  လတ်ဆတ်တဲ့သစ်သီးများကို ကြည့်ပြီး လန်းဆန်းတဲ့ စိတ်များဖြစ်ပေါ်ပါစေ။


kyawmonkhantJanuary 24, 20124min1437
Ocean park မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံများ ငါးပြခန်း အဝင်ဝ၊ အဲဒီမှာစာတွေရေးလို့ရတယ် ဘာတွေရေးထားမှန်းတော့မသိ။ လိုက်ပို့တဲ့သူက သန် ့စင်ခန်းသွားနေလု့ိ မမေးလိုက်မိ။ မြန်မာပြည်မှာ လို ဟိုနေရာရေး သည်နေရာရေး မရေးအောင် နေရာသတ်သတ်မှတ်မှတ်လုပ်ထားပုံရသည်။ ဆုတောင်စာများရေးသည်ဟု ထင်သည်။ အနီးကပ်ဓာတ်ပုံရိုက်ဖို့တော့ မေ့သွားသည်။ အလှငါးလေးများ (၁)  (၂)   (၃) (၄) (၅) (၆) (၇) (၈) (၉)   ဂဏန်း ဝါးရွက်စားနေတဲ့ပင်ဒါလေး လင်းပိုင်ပြပွဲ (၁) (၂) (၃) ရွာသူားများ တရုပ်နှစ်ကူးမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။


kyawmonkhantJanuary 19, 20124min896
11-12-2011နေ့တွင်  ၆-နာရီ ၃ဝ အိပ်ရာမှထဖြစ်သည်။ သွားတိုက်၊ မျက်နှာသစ်၊ မျက်နှာမှ အမွေးအမျှင်များ ရိတ်လိုက်သည်။ ပြီးတော့ ရေနွေးနွေးနှင့် ရေးချိုးလိုက်သည်။ နံနက်စာအနေနဲ့ ကိတ်မုန့် ၂-ချပ်၊ အစေ့မပါတဲ့ စပစ်သီးချိုချိုဝါးလိုက်သည်။ ကော်ဖီတစ်ခွက်ဖျော်ကာသောက်လိုက်သည်။ နံနက်စာ စားခြင်းကိစ္စ ပြီးလေတော့၏။ မနက်စာစားပြီး သတင်းစာယူကာ ဟိုလှန်သည်လှန်ကြည့်ဖြစ်လိုက်သည်။ စိတ်ဝင်စားဖွယ် သတင်းလဲ သိပ်မတွေ့ရ။ အင်္ဂလိပ်လို သိပ်မကျွမ်းကျင်တာပါတာပေါ့။ အောက်လဲ မဆင်းချင်သေး။ တီဗီဖွင့်ကာ အချိန်ဖြုန်းလိုက်သည်။ ၉ နာရီခွဲတော့ မိတ်ဆွေလာရောက်ခေါ်သည်။ ဟိုတယ်မှ လမ်းလျှောက်ကာ Harbor view သို့ ထွက်ခဲ့သည်။ ထိုနေရာတွင် လမ်းလျှောက်ရင်း ဓာတ်ပုံအချို့ရိုက်ဖြစ်သည်။ ၁၁ နာရီကျော်လောက်တွင်  စားသောက်ဆိုင်သွားကာ စားဖြစ်သည်။ စားသောက်ဆိုင်မှ ဟိုတယ်ခဏပြန်ကာ လိုအပ်တာပြန်ယူရင်း ဝိတ်လျှော့လိုက်သည်။ ဟိုတယ်မှ  ပြန်ထွက်ကာ […]


kyawmonkhantJanuary 17, 20123min955
သွားမည့်နေရာက the peak tram  လို့ခေါ်တဲ့ တောင်ထိပ်ပေါ်သို့ ဓာတ်ရထားဖြင့်တက်ကာ ဟောင်ကောင် ရှုခင်းကို အပေါ်စီးမှ ကြည့်ရသည့်နေရာဖြစ်သည်။ ဓာတ်ရထားစီးရန်နေရာရောက်တော့လည်း လူများတန်းစီရသည်။ ဟောင်ကောင်သားတွေတော့ ဟုတ်ပုံမရ၊ တရုပ်ပြည်မှ လူများ တအားလာကြသည်ဟု ဆိုသည်။ အနောက်နိုင်ငံသားများလည်းပါသည်။ လက်မှတ်ဝယ်ရန် စောင့်ရသည်မှာလည်း မိနစ် ၂ဝ ခန့်စောင့်ရသည်။ လက်မှတ်ဝယ်ပြီး ဓာတ်ရထားတခါစောင့်ရသည် နာရီဝက်လောက် ထပ်စောင့်ရသည်။ ရထားက တလမ်းသာရှိသည်။ ရထားစီးမည့်သူများက လက်ယာဘက်ခြမ်းက စောင့်ရသည်။ ရထားလာတော့ ဆင်းတဲ့သူတွေက လက်ဝဲဘက်က ဆင်းသွားသည်။ ဆင်းသူကုန်မှ အတက်ဘက်က တံခါးကိုဖွင့်ပေးသည်။ ဓာတ်ရထားက စုစုပေါင်းမှ နှစ်တွဲသာပါသည်။ ဒီနှစ်တွဲရဲ့ အလေးချိန်နဲ့ လူတစ်ရာလောက်ရဲ့ အလေးချိန်ကို သံလမ်းပေါ်တင်ကာ ကြိုးဖြင့် ဆွဲယူခြင်းဖြစ်သည်။ (တောင်ပေါ်တက်သည့်ဓာတ်ရထား) (တောင်ပေါ်တက်လာနေသည့်ဓာတ်ရထား) ဓာတ်ရထားအတွင်းပိုင်းမြင်ကွင်း တောင်က […]


kyawmonkhantJanuary 15, 20124min14713
နေရာက ကျောက်ပန်းတောင်း၊  ချောက်၊  ရေနံချောင်းကားလမ်းဘေး လမ်းဆုံ ဂွေးချိုရွာထိပ်ရှိ တောင်ဝကန်၊ (၁) (၂) (၃) (၄) (၅) (၆) (၇) (၈) (၉)   (၁၀)                           (၁၁)  (၁၂) ပုံတွေများလို့ ဟုန်သွားပြီလားမသိ။ ဟုန်သွားရင်လဲ စေတနာများသွားလို့ပါ။ ကျေးဇူးတင်ပါတယ်။


kyawmonkhantJanuary 14, 20123min1164
၁၀-၁၂-၁၁ နေ့ မနက် ၆း၃ဝ လောက်မှာ နိုးနေသည်။ ဟိုတယ်မှာ ဘရိတ်ဖတ်စ် စားဖို့မပါ။    စားမယ်ဆိုရင် ၁၄၈ ဟောင်ကောင်ဒေါ်လာပေးရမည်ဖြစ်သည်။                                                                                                                            ကိုယ်က မနက်စာလဲ များများစားနိုင်မည်မဟုတ် ဒါကြောင့် ဟိုတယ်မှာ မစားဘဲ အခန်းထဲမှာပင်စားရန် ခေါက်ဆွဲခြောက်စသည့်၊ ကိတ်မုန့်ပေါင်မုန့်များ         ဝယ်ထားပေးရန် နဂိုထည်းက ပြောထားသည့်အတွက် အခန်းထဲမှာ အဆင်သင့်ရှိသည်။ ရေနွေးကြိုရုံသာလိုသည်။ ရေနွေးအိုးခလုပ် နှိပ်လိုက်သည်။ လူကတော့ သွားတိုက် မျက်နှာသစ်ကာ ရေနွေးဖြင့် ကန်ထဲ စိမ်လိုက်သည်။ ၁၅ မိနစ်လောက်တော့ စိမ်လိုက်သည်။ အညောင်းအညာပြေသွားသည်ဟု ထင်ရသည်။ ရေချိုးပြီးတော့ မနက်စာအတွက်ခေါက်ဆွဲဗူးထဲ ရေနွေးထည့်လိုက်သည်။ ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။ ကိုယ်တိုင်ဖျော်ကော်ဖီ (သောက်ကြဦးမလား) အဆင်သင့်ဖြစ်တော့ မနက်စာ စားလိုက်သည်။ စားပြီး မှတ်တမ်းရေးကာ တီဗီသတင်းလိုင်း ဖွင့်လိုက်သည်။ အခန်းအပြင်ဘက်တွင်လည်း south china […]


kyawmonkhantJanuary 13, 20125min10113
အပြင်ဘက်တွင် ဟောင်ကောင်မှ မိတ်ဆွေစောင့်နေသည်။ ရောက်ရောက်ခြင်း အနွေးထည်ဝတ်ရန်ပေးသည်။ အနွေးထည်ပါသော်လည်း အိတ်ထဲရောက်နေသဖြင့် သူပေးတဲ့ အနွေးထည်ပဲ ဝတ်လိုက်သည်။ လေဆိပ်အပြင်ရောက်တော့ အေးလိုက်သည့် ဖြစ်ခြင်း။ ပယ်လယ်နားနီးတော့ လေကထန်သည်။ နှစ်ထပ်ဘတ်စ်ကားကြီးများစီးရန် တန်းစီရသည်။ ရှေ့အပေါက်က တက်၊ နောက်ပေါက်က ဆင်းရန်ဖြစ်သည်။ မည်သူမှ အတင်း တိုးဝှေ့တက်တာ မတွေ့ရ။ စပယ်ယာလည်းမပါ။ ဒရိုင်ဘာတယောက်တည်းသာ။ လူ တရာလောက်တော့ ဆန့်သည်၊ အပေါ်ထပ် ဘယ်နှစ်ယောက်၊ အောက်ထပ် ဘယ်နှစ်လောက်လို့တော့ ရေးထားသည်။ သေချာမမှတ်လိုက်မိ။ ဒီလိုဘတ်စ်ကားကြီးစီးရသည်   ဒီလိုဘတ်စ်တွေပေါမှပေါ (ပေါချောင်ကောင်းဆိုတာ ဒါမျိုးပြောတာလားမသိ၊ ပေါသည်၊ စီးရတာချောင်သည်၊ ကောင်းလည်းကောင်းသည်။) မိမိအိတ်ကို သူက ကူသယ်ပေးသည်။ ဘတ်စ်ကားပေါ်မတက်မီ အော်တိုပတ်စ် ကတ်ပေးထားသည်။ ထိုကဒ်ဖြင့် ရထား၊ ကား စီးလို့ရသလို ဈေးဝယ်လို့လည်းရသည်။ […]


kyawmonkhantJanuary 11, 20124min1168
(လေယာဉ်မထွက်ခွါမီ မင်္ဂလာဒုံလေဆိပ်)    ရန်ကုန်ကနေ ဗန်ကောက် လေယာဉ်မောင်းချိန် ၁ နာရီ ၅ မိနစ်ဟု လေယာဉ်မှူးကြေညာသံကြားလိုက်သည်။                                                  အမြင့်ပေ သုံးသောင်းကျော်မှပျံသန်းသည်။ လိုအပ်သည့် အမြင့်ရောက်တော့ လေယာဉ်မယ်များက အဆာပြေ ကျွေးရန် စတင်လှုပ်ရှားကြသည်။ အသုတ်တပွဲ၊ ရွှေချီတစ်တုံး၊ ရေတခွက်၊ အချိုရည်တစ်ဘူး၊ ဆားထုတ်၊ငြုပ်ကောင်းမှုန့်တထုပ်၊ သကြားတထုတ်၊ နို့မှုန့်တထုတ်၊  ကော်ဇွန်း၊ ကော်ခရင်း၊ ကော်ဓား၊ သွားကြားထိုးတံ တစ်ချောင်း၊ တစ်ရှုးလက်သုတ်ပုဝါတစ်ခု၊ ရေစိုတစ်ရှုးတစ်ထုတ်၊ ကော်ဖီ လဘက်ရည်ထည့်ရန် ခွက်တစ်ခုတို့ပါဝင်သည်။ ဓာတ်ပုံရိုက်ရန် မေ့သွားခဲ့သည်။  နို့မို့ဆို ရွာသားတွေကို လေယာဉ်ပေါ်မှ အဆာပြေ ကျွေးလို့ရသည်။ (အတွေ့အကြုံမရှိသေးသူများကိုသာရည်ရွယ်ပါသည်။) သိပ်တော့ အကောင်းကြီးတော့ မဟုတ်။    လေယာဉ်ပေါ်မှာ (သူငယ်ချင်းပြောတဲ့လေယာဉ်စပယ်ယာဆိုတာ)  အရည်အနေဖြင့်၊ အရက်၊ ဝိုင်၊ အချိုရည်၊ ကော်ဖီ၊ […]