kyawt kyawtFebruary 17, 20121min11310
မြန်မာနိုင်ငံတော်အလံကို လွတ်လပ်ရေးရပြီးသည့်အချိန်မှစတင်ပြီး ကျွန်မသိတတ်သည့်အရွယ်အထိ တလေးတစား တရိုတသေ ဦးညွှတ်အလေးပြုခဲ့ကြပါသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ထိုအလေ့အထများမှာ ပျောက်ကွယ်သွားခဲ့သည်။ ဒီမိုကရေစီကို လိုချင်သည်ဆိုသော်လည်း မိမိတို့နိုင်ငံ၏ အလံကိုပင် အလေးမပြုနိုင်လောက်အောင် ဖြစ်နေသည်။ ကျွန်မတို့အိမ်အနီးတွင်ရှိသော ရုပ်ရှင်ရုံတစ်ရုံသို့ ညီမများနှင့်မကြာခဏသွားရောက်ကြည့်ရှုသည့်အခါတိုင်း သတိထားမိသည်မှာ ရုပ်ရှင်စပြတော့မည်ဆို သည်နှင့် အလံကို မည်သူကမှ မတ်တပ်ရပ်အလေးပြုခြင်းမပြုကြတော့ပါ။ ရှက်ကြသည်ထင်ပါသည်။ တခါတရံ ကျွန်မနှင့်အတူညီမများသာ မတ်တပ်ရပ်နေပါသည်။ အားလုံးကမူ အစားမပျက်၊ ထိုင်လျှက်မပျက်ကြပါ။ တိုင်းတပါးယဉ်ကျေးမှုတွေကို လိုက်နာနေကြပြီး မိမိတို့ နိုင်ငံကို လေးစားရကောင်းမှန်း၊ လွတ်လပ်ရေးကိုတန်ဖိုးထားရကောင်းမှန်း မသိသည့် ခေတ်ဖြစ်နေသည်။ အဖွားတို့ခေတ်က လွတ်လပ်ရေးမရသေးသဖြင့် အခက်အခဲအမျိုးစုံကြုံတွေ့ခဲ့ရသည်ကို ပြောပြခဲ့သဖြင့် သိရှိခဲ့ရသည်။ လွတ်လပ်ရေးရပြီးသည့်နောက်မှသာ မိမိတို့အလံတော်ကို တိုင်ထိပ်သို့ တင်ခွင့်ရရှိခဲ့ သည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံအလံတော်ကိုတော့ ခေတ်တွေ စနစ်တွေမည်သို့ပင်ဖြစ်စေ တလေးတစား […]