Lu manSeptember 4, 20131min662
ဘင်္ဂ ါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀၊ ကျည်ကပ် (၂)ခုနှင့် အတူ ဖမ်းဆီးရမိ မြိတ်ဆိပ်ကမ်းမှ ရေကြောင်းပြမီးများ ထွန်းထားခြင်း မရှိဘဲ ပင်လယ်ပြင်ဘက်သို့ စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီအချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေးတာဝန်ထမ်းဆောင်လျက် ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ “ကောင်းမြတ်ဟင်္သာ” အမည်ရှိ တရားမဝင်ကုန်လှေဖြစ်၍ ရေယာဉ်လိုင်စင်မှာ ၂၀၁၃ခုနှစ် ဧပြီလတွင် သက်တမ်းကုန်ဆုံးလျက်ရှိပြီး ရေယာဉ်စက်မကြီးနှင့် စက်လိုင်စင်ပါအချက်များမှာ ကွဲလွဲလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ လှေအား ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၃)မှ ဗိုလ်မှူး မျိုးထက်ဝင်းနှင့် တပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ကြရာ […]


Lu manSeptember 4, 20131min1568
ရန်ကုန်ရုံးချုပ်မှလူကြီးမင်းများခင်ဗျား လူကြီးမင်းများ၏ ဝန်ထမ်းတစ်ဦးဖြစ်သူ ဖုန်းတာဝန်ခံဦးဇေလတ်မှာ ဖုန်းပြောဆိုလျှင် မိုက်ရိုင်းစွာပြောဆိုဆက်ဆံနေပါသဖြင့် ၎င်းဝန်ထမ်းအား ယဉ်ကျေးပြူငှါစွာပြောဆိုဆက်ဆံတတ်စေရန်ပြုပြင်သင်ကြားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ အရေးယူခြင်းမရှိပါက တရားဝင်အဆင့်ဆင့်တိုင်ကြားသွားမည်။


Lu manMarch 20, 20131min892
ခရီးသွားပြီးပြန်ရောက်တာမှမကြာသေးပါ  ကျွန်တော်ကိစ္စလေးတစ်ခုနဲ့ လဝက ရုံးကိုရောက်သွားတယ်   တစ်ယောက်သောသူက  သူ့မှတ်ပုံတင်မလုပ်ပေးလို့ ဖုန်းဆက်လိုက်တယ်  ပြီးတော့ လဝက ရုံးကတစ်ယောက်ကိုဖုန်းကိုင်ခိုင်းလိုက်တယ်   လဝက ရုံးကတစ်ယောက်နဲ့ဖုန်းပြောနေတာက ခရိုင်အုပ်ချုပ်ရေးမှူးလို့ပြောတယ်      လဝက ကလူကိုလဲတော်တော်လေးပြောတယ်ထင်တယ်  ပြီးတော့မှပြန်ချသွားတယ် ၊ ကျွန်တော်သိသလောက်ပြောရရင်  ခရိုင်အုပ်ချုပ်ရေးမှူးက  သူ့အမျိုးလို့ပြောပါတယ် အဲဒါ မှတ်ပုံတင်  လုပ်မပေးရကောင်းလားဆိုပြီးဆူတာပါ  လဝကရုံးက ချက်ခြင်းလုပ်ပေးလိုက်ပါတယ်။ ကျွန်တော်တို့လို ဘာမှဆက်ဆရာမရှိတဲ့ပြည်သူထဲကပြည်သူတစ်ယောက်က တော့ ဆက်စောင့်ပေါ့ ၊ လဝက မှာ လူကိုစိစစ်ပြီးမှ မှတ်ပုံတင်ကိုပေးရပါတယ်  ခုလိုမျိုးလူကြီးတွေဖိအားပေးပြီး(လာဘ်ယူပြီး) ထုတ်ပေးထားတဲ့မှတ်ပုံတင်တွေ  များနေပါပြီ ၊ ပြီးတော့  သံတွဲမှာက ကမာန်/အစ္စလာမ်တွေလဲတော်တော်များသွားပါပြီ ဘယ်ကဘယ်လိုအမျိုးစပ်ပြီးတော့ရနေတဲ့ကမာန်တွေလဲမသိပါဘူး မရှိဘူးလို့မပြောလိုပါ  တကယ်လဲ ကမာန်တွေရှိပါတယ် လုပ်ကမာန်တွေများနေတာကိုဆိုလိုတာပါ။ လုပ်ကမာန်တွေဘာကြောင့်ဖြစ် (ပိုက်ဆံပေးလို့ဖြစ်/ဖိအားပေးလို့ဖြစ်)ဆိုသလိုပေါ့။ ပြီးတော့တစ်ဆက်တည်း မာဃလမ်းလမ်းခင်းတာပြီးသွားပါပြီ  ကျွန်တော်ကြည့်ရတဲ့မာဃလမ်းက ဖားပြုပ်တစ်ကောင်ရဲ့ကျောလိုဖြစ်နေပါတယ် ဘယ်လိုမှ အဆင်မပြေပါ    စောစောကလို […]


Lu manMarch 5, 20131min954
ကျွန်တော်တို့နိုင်ငံတော်သစ်တစ်ထောင်နေစဉ်ကာလအတွင်း အချို့သော ဌာနဆိုင်ရာမှ အောက်ခြေဝန်ထမ်းများတို့သည် စကားပြောဆိုယာဉ်ကျေးမှုမရှိခြင်း ယခင်ကကဲ့သို့ပင် လာဒ်ယူမှုများပြုလုပ်နေဆဲပင်ဖြစ်ပါသည်။ အလွယ်ကူဆုံးဖြစ်သည့်ဖုန်းပြောသည့်ကိစ္စများတွင်ပင်ယခင်ကကဲ့သို့မောက်မာစွာပြောဆိုနေသေး  ကြောင်းတွေ့ရှိခံစားနေရပါသေးသည်။ ယခုတိုးတက်လာသည့် ခေတ်ကြီး တွင် Fax လက်ခံသည့်ကိစ္စ များတွင်အလွန်ပင်သိသာထင်းရှားပါသည်။ အချို့သောဝန်ထမ်းများလက်ခံလျှင် ဘ(၅) လုံးဖြင့်ယခုတိုင်လက်ခံနေသေးကြောင်း တွေ့ရှိနေရပါသဖြင့် အထက်မှ တာဝန်ရှိသူလူကြီးများအနေဖြင့်  သွန်သင်ဆုံးမမှုများပြုလုပ်သင့်ပါကြောင်းအကြံပြုလိုပါသည်။ ထို့ပြင် ၎င်းတို့ကိစöများအားလည်း တရားဝင်တိုင်ကြားလာပါက ထိရောက်စွာအရေး ယူပေးစေလိုကြောင်း အသိပေးအကြံပြုအပ်ပါသည်။


Lu manFebruary 20, 20131min872
မြို့ရွာလမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သံတွဲမြို့နယ်စည်ပင်သာယာမှ AE ဖြစ်သူ ဦးသန်းလွင်မှ ဦးဆောင်လုပ်ကိုင်ခဲ့ရာ 1။ တံတားပြုပြင်ဆောင်ရွက်ခြင်း။ တံတားများပြုပြင်ဆောင်ရွက်ရာတွင် (၁) နှစ်မျှသာခံခြင်း(သုံးစွဲလို့ရခြင်း) 2။ ရပ်ကွက်များရှိရေကန်များတည်ဆောက်ခြင်း အမှတ်(၄)ရပ်ကွက်သမုတ်ချောင်းရွာအလယ်တွင်တည်ဆောက်ထားသောရေကန် ကွဲသွားခြင်း၊ယခုအချိန်ထိပြန်လည်ပြုပြင်ပေးမှုမရှိခြင်း၊၎င်းရေကန်မှာ (၁) နှစ်ခန့်သာ သုံးစွဲခဲ့ရပြီးပျက်စီးသွားခြင်း။ 3။ ရေပေးဝေရေးပိုက်များအသစ်လဲလှယ်ခြင်း။ ရေပေးဝေရေးပိုက် 6 လက်မပိုက်အသစ်လဲလှယ်ရန် ငွေကျပ်(50)သိန်း ချပေးခဲ့သော်လည်း နိုင်ငံခြားပိုက်များကိုသုံးစွဲခြင်းမရှိဘဲ ဈေးနှုန်းသက်သာသည့် မိလ္လာသုံး   ပိုက်များကိုသာသုံးစွဲထားရှိခြင်းတို့ကြောင့် ရေပိုက်များမကြာခဏကွဲခြင်း ၊ ရေပေးဝေနေစဉ်ပွင့်ထွက်သွားခြင်းများဖြစ်နေပြီး ၎င်းကိစ္စများကိုယနေ့ထိပြန်လည်မွန်းမံဆောင် ရွက်ခြင်းမရှိသဖြင့် အများပြည်သူရေအခက်အခဲကြုံတွေ့လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ AE ဦးသန်းလွင်အား ထိရောက်စွာအရေးယူပေးပါရန်နှင့်အမြန်ဆုံးပြန်လည်ဆောင်ရွက်ပေးပါရန် တာဝန်ရှိသူများအား အသိပေးတိုင်ကြားအပ်ပါသည်။   မြင်တွေ့နေရသူများ


Lu manFebruary 9, 20131min480
သံတွဲမြို့နယ်အဓိကလမ်းတစ်ခုဖြစ်သည့်မာဃလမ်းအားကတ္တရာလမ်းပြန်လည်ခင်းနေပြီဖြစ်ကြောင်းသိရှိရသည်။ ၎င်းလမ်းအား သံတွဲမြို့နယ်စည်ပင်သာယာရေးမှအင်ဂျင်နီယာ ဒေါ်စမ်းစမ်းဝင်းမှ တာဝန်ယူခင်းနေကြောင်းလည်းသိရှိရသည်။ တာဝန်ယူသည့်အင်ဂျင်နီယာမှ လမ်းအားအမြန်ဆုံးပြီးစီးရန်အတွက် အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။