nyanayMarch 29, 20111min107
ချောကလက်မြို့တော်က grace khine ရဲ့ blog ကို ပြန်လည်မျှဝေပေးချင်တာပါ တန်ဖိုးရှိတဲ့ ပို့စ်လေးတစ်ခုဖြစ်တာကြောင့်မသိသေးသူတွေအတွက် လည်း ပိုပြီးတန်ဖိုးရှိစေမှာပါ တကယ်လို့များ ဒီပို့စ်လေးကိုတင်ထားပြီးသားဖြစ်နေ့ခဲ့ ရင် နားလည် ပေးပါလို့ကျွန်တော် ဒီနေရာကနေပဲ တောင်းပန်လိုက်ပါတယ် ဖတ်ကြည့်လိုက်ကြပါဦး….. အမြင့်မြတ်ဆုံး ဘဝနေနည်း လေးမျိုးရှိကြောင်း ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်၊၊ အမြတ်ဆုံး ဘဝနေနည်း လေးမျိုးဆိုတာ— (၁) မေတ္တာဖြင့် နေခြင်း (၂) ကရုဏာဖြင့် နေခြင်း (၃) မုဒိတာဖြင့် နေခြင်း (၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်သည်၊၊ “မေတ္တာ”အကြောင်း စာတမ်းတခုရေးဖို့ အကြံပြုထားပါသည်၊ စာဖတ်သူအားလုံးအတွက် ပါဠိစာပေ ဗဟုသုတနှင့် အကျိုးကျေးဇူးများသည့် အကြံပေးချက်ဖြစ်၍ အရှင် မေတ္တာနှင့် ဆက်စပ်သည့် ပါဠိစာပေ အထောက်အထား အချက်လက်များကို ရှာဖွေစုစည်းပြီး […]


nyanayMarch 18, 20111min1226
တချို့က အကြောင်းအမျိူးအမျိုးကြောင့်အိမ်နဲ့ခွဲခွာခဲ့ရတယ် မိဘ မောင်နှမတွေနဲ့ ဝေးကွာခဲ့ကြတယ် ။ ယုံကြည်ချက်တွေနဲ့ထွက်ခွာခဲ့ကြပြီးတဲ့အခါ အောင်မြင်မှုတွေ ရှုံးနိမ့် မှုတွေတလှည့်စီနဲ့ သောကတွေ ပျော်ရွင်မှုတွေ ကြားမှာ အိမ်ကိုတော့သတိရတတ်ကြတယ် မိဘကိုလွမ်းကြတယ် မိသားစုနွေးထွေးမှုကိုပြန်မက်မောတတ်ကြတယ် တချို့က မြို့နယ်တွေခြားလို့တချို့တွေကတော့ နိုင်ငံတွေခြားတဲ့ အထိ မိသားစုဆိုတဲ့နွေးထွေးတဲ့ အရာတစ်ခုအောက်ကနေ အကြောင်းပြချက်အမျိုးမျိုး အကြောင်းအရာအမျိုးနဲ့ ထွက်ခွာလာခဲ့ရပေမဲ့ ဘယ်သူမဆို အိမ် ပြီးတော့ အဖေ အမေ ညီကိုမောင်နှမတွေကို တစ်ချိန်ချိန်တာ့ တမ်းတမိကြမယ်ဆိုတာ မလွဲပါဘူး ကျွန်တော်လို ပဲ အဝေးရောက်နေသူတွေရဲ့ စိတ်ခံစားချက်တွေက ကျွန်တော်ရေးလိုက်တဲ့ ဒီကဗျာလေးနဲ့ထပ်တူကျခဲ့ရင် ခွန်အားပေးခဲ့ပါ အးပေးခဲ့ကြပါ ………………….. အဖေ………………………………………. ချို ့တဲ့စွာဖြတ်သန်းလို့ကြမ်းတမ်းတဲ့လမ်းကိုလျောက် သားဖောက်ခဲ့တဲ့လမ်းက မှန်သလား မှားသလား မသိတော့ဘူးအဖေ…….. သူစိမ်းတွေကြားမှာလှုပ်ရှား မျှော်လင့်ချက်ထားခဲ့တဲ့အောင်မြင်ခြင်း တရားကိုဦးတည်လို့ သားယုံကြည်တဲ့ အတိုင်း […]


nyanayOctober 11, 20101min490
www.people.com.mm www.popularmyanmar.com www.yangon.com.mm www.planet.com.mm www.innwa.com www.myanmar.com www.ainmat.com www.yamc.info အနုပညာရှင်ဆိုက်များ www.alexlazyclub.com www.lumin.com www.lwinmoe.com www.nawaratt.com www.nayhtetlin.com www.naytoe.com www.actornienie.com www.sharnyo.com www.shinphone.com www.soesandartun.com www.saisaionline.com www.yadanarpon.com www.yarzarnaywin.com www.nansuyatisoe.com www.htunaeindrabo.com www.supanhtwar.com www.wynesukhinethein.com www.minmawkunn.com အလှအပအတွက် www.kanebo.com www.revlon.com www.beautylink.com www.earthsbeauty.com www.stanleybeautycare.com www.spabeautyschool.com ဝတ္ထု ၊ ဂျာနယ် www.trustjournal.com www.cherrythitsar.com www.weeklyeleven.com www.mmtimes.com www.timetotimeonlinejournal.com သီချင်းအတွက် www.myanmar-music.com www.mrtv3.com www.myawaddy.tv www.luckyseven.com www.flashband.net www.shwesagar.com


nyanayAugust 16, 20101min520
အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ် ပူးမှုဖြစ်စဉ် လာမည့်ဩဂုတ်လ ၂၄ ရက်နေ့နှင့် စက်တင်ဘာလ ၂၉ ရက် နေ့ တို့၌ ဖြစ်ပေါ်ရန်ရှိကာ ပထမ အကြိမ် ဂြိုဟ်ပူးမှုဖြစ်စဉ်တွင် အင်္ဂါဂြိုဟ်မှာ သောကြာဂြိုဟ်ထက် အလင်းအားကောင်းသည့် အနေအထား သို့ရောက်ရှိနိုင်ကြောင်း နက္ခတ်သိပ္ပံ အဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ပြောပါသည်။ အဆိုပါ ဂြိုဟ်နှစ်လုံးပူးမှုသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင်အနည်းဆုံး တစ်ကြိမ်ပူးလေ့ရှိပြီး ယခုဖြစ်ပေါ်ရန်ရှိသည့် ဖြစ်စဉ်ကဲ့သို့ နှစ်လဆက်တိုက် ဂြိုဟ်ပူးမှုများမှာမူ ၁၉၀ဝ ပြည့်နှစ် မှ ၁၉၉၁ ခုနှစ်အတွင်း ခုနစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ယခုဖြစ်ပေါ်မည့် ဂြိုဟ်ပူးမှုဖြစ်စဉ် နှစ်ခုအနက် ပထမအကြိမ် ဂြိုဟ်ပူးမှုဖြစ်စဉ် ဖြစ်သည့် ကန်ရာသီခွင်ဖြစ်သော ဩဂုတ်လ ၂၄ ရက်နေ့ တွင် မြန်မာစံတော်ချိန် နံနက် […]


nyanayAugust 3, 20101min601
တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ ဖိတ်ခေါ်လျက် ရှိပါတယ်။ မြို့နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဆရာဝန်တွေ လိုနေပါတယ်တဲ့။ အရင်တုန်းက တနှစ်တနှစ် အောင်ခဲ့တဲ့ ဆရာဝန်တွေ ငါးရာ ခုနှစ်ရာလောက် ရှိပါတယ်။ ခေါ်တဲ့ဆရာဝန်က ၁၅ဝ လောက်ပဲ ရှိပါတယ်။ အခုတော့ တနှစ်တနှစ် ဘယ်လောက်အောင်သလဲတော့ မသိဘူး။ ခေါ်တဲ့သူတွေက အများကြီးပဲ။ ဖြေတဲ့သူတိုင်းကို အအောင်ပေးပါတယ်။ ဒါပေမယ့် ဖြေတဲ့သူ တဖြေးဖြေး နည်းသွားပါတယ်။ ကျမကိုယ်တိုင် အရင်တုန်းက တိုင်းပြည် တာဝန်ထမ်းဆောင်ချင်တဲ့ ကျမဟာ အခုအခြေအနေမှာ သွားပြီးတော့ ဖြေရင် အောင်မယ်ဆိုတာ ကျမ သိပါတယ်။ အခုတော့ ကျမ တိုင်းပြည်တာဝန် ထမ်းဆောင်ချင်တဲ့စိတ် မရှိတာလား၊ အသက်ကပဲ ကြီးသွားတာလား မသိပါဘူး။ စိတ်မဝင်စားတော့ဘူး။ အခုတော့ ကျမဟာ ခပ်ညံ့ညံ့ ပြင်ပဆေးကု […]


nyanayAugust 3, 20101min661
“သမီး ဒီဝတ္ထုကို ဖတ်စမ်း” လို့ ကျမကို ပြောပါတယ်။ အဲ့ဒီဝတ္ထုက ‘မာလာ’ ဝတ္ထုပါ။ ကျမက စာအုပ်ကြီးကို ကြည့်ပြီးတော့ လန့်သွားတယ်။ “အား စာအုပ်ကြီးက အထူကြီးပါလားမေမေ” လို့ ပြောတော့ “အေး ထူတော့ ထူတယ်၊ ဒါပေမယ့် သမီး စိတ်ဝင်စားမှာပါ” တဲ့။ သမီးတို့ မောင်နှမတွေဟာ စကားပြောရင် အင်မတန် ရိုင်းတယ်တဲ့။ ကိုကိုရယ်၊ ညီမလေးရယ် ဘယ်တော့မှ စကားမပြောဘူး၊ မောင်နှမအချင်းချင်း အကြီးနဲ့အငယ်ကို နင်, ငါ သုံးတယ်တဲ့။ အဲ့ဒါ မကောင်းဘူးတဲ့၊ ဒီတော့ သမီး ဒီစာအုပ်ကို ဖတ်တဲ့အခါမှာ ဖတ်ပြီးသွားရင် သမီး ယဉ်ကျေးသိမ်မွေ့လာလိမ့်မယ်။ ဒီစာအုပ်ထဲမှာ လူတွေဟာ စကားပြောရင် သိပ်ယဉ်ကျေးတာပဲတဲ့။ ဖတ်ကြည့်ပါတဲ့။ အဲ့ဒီတော့ ကျမကလဲ […]


nyanayAugust 3, 20101min610
ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေဝါသနာရှင်များ၊ ကျောင်းသူကျောင်းသား များကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဝမ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (ဩဘာသံများ) ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က ‘ကျမ တော်တော်ညံ့ခဲ့ပါတယ်’ ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့ဩချင် အံ့ဩမိမယ်။ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့ နားထောင်တာဟာ နင်တို့တွေ၊ ခင်ဗျားတို့တွေဆီက တော်တာတွေများ ကြားရမလား၊ အဲဒီမျှော်လင့်ချက်ကလေးနဲ့ လာပြီးနားထောင်တာ၊ ညံ့တာတွေတော့ ငါတို့ မကြားချင်ဘူး၊ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ကျမကလဲ ကျမ သိတ်တော်တဲ့အကြောင်းကို […]


nyanayJuly 30, 20101min580
ဝ ပြည်သွေးစည်းညီညွတ်ရေး နယ်မြေအတွင်း ရွေးကောက်ပွဲအတွက် တခြားပါတီများ လာရောက် စည်းရုံးခွင့် ပိတ်ပင်ထားတယ်လို့ ဝ ထိပ်ပိုင်းအရာရှိတဦးက RFA ကိုပြောပါတယ်။ လွန်ခဲ့တဲ့လအတွင်းက ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီအတွင်း ဦးထွန်းလူ ခေါင်းဆောင်တဲ့ ဝ ဒီမိုကရက်တစ် ပါတီနဲ့ ဦးဇီးလစ်စံ ဦးဆောင်တဲ့ ဝ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီတို့ ရွေးကောက်ပွဲ အတွက် ဝ နယ်မြေအတွင်း စည်းရုံးရေး ဆင်းဖ ို့ လာရောက်ခွင့် တောင်းခံတာကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ ဝ အရာရှိအဆိုအရ စစ်အစိုးရ ကြေငြာထားတဲ့ ရွေးကောက်ပွဲကို ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီက လက်ခံတယ်လို့ စစ်အစိုးရကို ပြောဆိုထားပေမဲ့ လတ်တလော မိမိတို့နယ်မြေအတွင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာလှုပ်ရှား ဆောင်ရွက်မှုမှ မရှိသေးဘူးလို့ […]


nyanayJuly 30, 20101min901
ဇူလိုင်လ ၂၉ရက်။ စောခါးစူးညား (ကေအိုင်စီ)၂၀၁ဝ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်၊ ကေအဲန်ယူ နယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူများကို ဦးတည်စစ်ဆင်မှုများ စတင်လုပ်ဆောင်လာနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)က ပြောသည်။ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သက ဘောက “ရွေးကောက်ပွဲကလည်း နီးလာပြီလေ။ ကေအဲန်ယူက ဒါကို လက် မခံဘူးဆိုတော့ ကေအဲန်ယူနယ်မြေမှာရှိတဲ့ ပြည်သူတွေကို သူတို့(နအဖ)က တိုက်ခိုက်လာတာဖြစ်ပါ တယ်။ နောက် သူတို့က ဒီမိုကရေစီအသွင်ပြောင်းမယ်လို့ပြောပေမဲ့ သူတို့ရဲ့ လုပ်ရိုး လုပ်စဉ်လုပ်ငန်းတွေ ဆက်လုပ်နေတာပဲ။ ဒီရွေးကောက်ပွဲပြီးလို့လည်း မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ အခု သူတို့က အပြစ်မဲ့ပြည်သူ တွေအပေါ် ဒီလို တိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာသိ အောင် လုပ်ရမယ်”ဟု […]


nyanayJuly 30, 20101min1246
FNG | အိန္ဒိယနိုင်ငံသို့ မြန်မာ စစ်ခေါင်းဆောင် အလည်အပတ် ရောက်ရှိ နေစဉ် အတွင်း နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ အကြီး တန်း အရာ ရှိ တစ်ချို့က အာဏာသိမ်းရန် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား ရာထူးမှ ဖယ်ရှား ရန် ကြိုးစားမှု များ ရှိ ခဲ့သော် လည်း အောင်မြင် မှု မရှိ ခဲ့ကြောင်း Freedom News Group မှ စုံစမ်း သိရှိ ရသည်။ အိနိ္ဒယနိုင်ငံ ကို ခြောက်နှစ် အတွင်း ဒုတိယ အကြိမ်မြောက် အလည်အပတ် ခရီးစဉ် အဖြစ် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အဖွဲ့ ရောက်ရှိ […]


nyanayJuly 28, 20103min2408
Mermaid has found after tsunami မေးလ်ထဲရောက်လာတဲ့ ရေသူမ ဆိုတာလေးကိုပြန်တင်ပေးလိုက်တာပါ တစ်ကယ့်ရေသူမ ဟုတ်မဟုတ်ဆိုတာတော့….. Hi guys, Actually, this picture was taken of the coast of Terengganu in Malaysia. It was all over the papers here in the middle of last year. Some of the villagers there stumbled upon this creature. Here’s the fact what we heard or saw in […]


nyanayJuly 25, 20101min571
မေးလ်ထဲကိုလမ်းမှားရောက်လာတဲ့စာလေးပါဖတ်ကြည့်ကြပါဦး ဒီမိုကရက်တစ်သို့ပေးစာ ကျွန်တော်က ဒီင်္မိုကရက်တစ် သတင်းတွေကို အမြဲနားထောင်လေ့ရှိသူ ဖြစ်ပါတယ် ။ ကျွန်တော်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို ့မှာနေထိုင်ပြီး မြို ့အုပ်ချုပ်သူ အာဏာပိုင်များရဲ့ ငွေများတရားနိုင်ပြုခြင်းကိစ္စ တင်ပြလိုခြင်းဖြစ်ပါတယ်။ အကြောင်းကတော့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို ့နယ် ဆိတ်ဖူးမြောင်ကျေးရွာ မီးလင်းရေးနှင့် ယာမြေဝယ်ယူခြင်းကိစ္စဖြစ်ပါတယ်။ မီးလင်းရေးနှင့်ပတ်သတ်ပြီး ၂၀၀ရ နှစ်ပိုင်းမှ စမီးလင်းခဲ့ရာ ယနေ့ထိ ရှင်းတမ်းရှင်းပြခြင်းမရှိခြင်းကြောင့် မီးကော်မတီ ဦးဝင်း ၊ ဦးမြင့်ရွှေနှင့် ခြယ်လှယ်ဦးစီးသူ ( MFF) ဦးစိုးမြင့် တို့ကိုရွာခံ တစ်ဆယ့်သုံးဦးမှ တိုင်းခြင်းကိစ္စဖြစ်ပါတယ် ။ ထိုသို့တိုင်တန်းရာ မြို့နယ်တာဝန်ရှိသူများမှ အမှန်ပေါ်အောင် တာဝန်အရဆောင်ရွက်ခြင်းမရှိပဲ ငွေမျက်နှာနောက်လိုက်ကာ (MFF) ဦးစိုးမြင့် ရိပ်သာတွင် ဦးစိုးမြင့် ၊ ဦးမြင့်ရွှေ တို့၏ ငွေရှင်းတမ်းပိုငွေ […]