theinlwinNovember 17, 20111min17610
တင်မလား၊ ဝင်မလား…              မောင်သာရ ပါတီဌာနချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကလွဲပြီး နိုင်ငံ အနယ်နယ်အရပ်ရပ်က ပါတီခွဲတွေနဲ့ စည်းကော်မတီတွေ စည်းရုံးလှုပ်ရှားဆောင်ရွက်ခွင့် ဖျက်သိမ်းတားမြစ်ပိတ်ပင်ထားတာကို ခုလို အခွင့်အခါကြုံကြိုက်တုန်း ပြန်လည်အသက်ဝင်လာအောင်… လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကတိပြုရင်းနဲ့… ပါတီကို တရားဝင်ရပ်တည်ခွင့်ရအောင်… ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ’… မှတ်ပုံတင်မလား…ဆိုတဲ့ တင်မလား ဝင်မလား မေးခွန်းနှစ်ခုက သည်ကနေ ့အမျိုးသားဒီမိက်ရေစီအဖွဲ့ချုပ်အတွင်းမှာရော ထောက်ခံနေကြတဲ့ ပြည်သူတွေထဲမှာပါ… အကြီးအကျယ် ပြဿနာဖြစ်နေပါတယ်။ ပြည်သူတွေထဲမှာတော့… တင်သင့် ဝင်သင့်တယ်လို ့လက်ပန်းပေါင်းခတ်ပြီး ကြိုဆိုယူဆကြတဲ့လူတွေရှိသလို… ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးတုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကဆန် ့ကျင်သပိတ်မှောက်ပြီးကမာ္ဘအရပ်ရပ်ကလဲကလိမ်ကညစ်ရွေးကောက်ပွဲအဖြစ်ရှုတ်ချခဲ့ကြတဲ့ အတိုင်း…ထွေးပြီးသားတံတွေးကို ပြန်မျိုမချသင့်သလို မဝင်သင့် မတင်သင့်ဘူးလို ့ပြတ်ပြတ်သားသား လက်မခံခဲ့ကြတဲ့လူတွေလဲရှိပါတယ်။ ဘာမှ မပြောပလောက်တဲ့  အမတ်၄၈နေရာသာရှိတဲ့ကြားဖြတ်ရွေးကောက်ပွဲကလေးကို မက်လုံးပြ၊ ဥပဒေစကားလုံးတွေ’ပြင်’ပေးပြီး… ဒူးထောက်ခိုင်း […]


theinlwinNovember 16, 20111min20524
ဒေါ်အောင်ဆန်းစုကြည်…ဘယ်လဲ…ဘာလဲ…        မောင်သာရ သိတယ်နော်…၊ အခုလာတော့မယ့် နိုဝင်ဘာလ၁၈ရက်နေ ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့ ခေါ်ယူပြီး၊ ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ ့… ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေး မယှဉ်ပြိုင်ရေးကို… ဆုံးဖြတ်မယ်လို့ ကျေညာထားပါတယ်။ သည်အဆုံးအဖြတ်ဟာ နိုင်ငံနဲ ့ပြည်သူရဲ့ ကံကြမ္မာနဲ့ အဓိက ပတ်သက်နေတဲ့အတွက်… ပြည်သူတရပ်လုံးက အထူးစိတ်ဝင်တစား ပြောဆိုငြင်းခုန် ဆွေးနွေးဝေဖန်နေကြတာကို တွေ့မြင်ကြားသိနေရပါတယ်။ သည်ကနေ ့၃ရက်အလို နိုဝင်ဘာလ ၁၅ရက်နေ ့အထိ သိရတဲ့သတင်းတွေထဲမှာကတော့… ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်အုံးလှနဲ့ အဖွဲ့ချုပ်ရဲ့အရွေးချယ်ခံလွှတ်တာ်ကိုယ်စားလှယ်၂ဦးအပါအဝင် အဖွဲ့ချုပ်ဝင်ပေါင်း ၃၂ယောက်က ပါတီ မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမဝင်ဖို့…လက်မှတ်ရေးထိုးကန့်ကွက် ထားပါတယ်။ အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလဲ… မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကျေညာလိုက်ပါပြီ။ နောက်ထပ် ဘယ်ပါတီအဖွဲ့အစည်းတွေနဲ့ ဘယ်တသီးပုဂ္ဂလ အဖွဲ့ဝင်တွေက ဘယ်လိုကျေညာကြအုံးမယ်တော့ […]


theinlwinNovember 12, 20111min22614
ဘယ်သူ ့ဘက်ကခြေသာသလဲ… မောင်သာရ အမှန်တော့ တော်ဝင်နှင်းဆီခြံမှာကျင်းပခဲ့တဲ့…လွတ်မြောက်နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကန်တော့ပွဲက ကျင်းပသင့်ကျင်းပထိုက်တဲ့ ပွဲဖြစ်ပါတယ်။ မိခင်ပါတီရင်းဖြစ်တဲ့ ဒီမိုကရစီအဖွဲ့ချုပ်က နရသိမ်ပြန် သားသမီးတွေ ထွေးပိုက်ကြိုဆိုရမယ့်ပွဲလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအဖွဲ့ချုပ်မှာ ကိုယ်ပိုင်ရုံးချုပ် ကိုယ်ပိုင်နေရာဌာန ရှိနေပါရက်ကယ်နဲ့ တခြားနေရာမှာ သွားရောက်အကန်တော့ခံတယ် ဆိုတာကတော့ မသင့်လျော်ရုံမက အမြင်လဲ စောင်းစေခဲ့ပါ တယ်။ ပြီး အကန်တော့ခံလူကြီးအရေအတွက်ကလဲ ဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင် အားလုံးမဟုတ်ပဲ…ထောင်ပြန်အုပ်စုဂိုဏ်းဂဏ သဘောနဲ ့… ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ ့ ဦးဝင်းတင် ၃ဦးတည်းကိုသာ အထူးကွက် ကန်တော့ခြင်းကလဲ… လှေကြီးပေါ် လှေငယ်တင်သလို ဖြစ်စေခဲ့ပါတယ်။ သည်ဖြစ်ရပ်က… ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်ထဲမှာ နှစ်ပေါင်းအတန်ကြာ လျှို့ဝှက်စွာ အမြစ်တွယ်နေခဲ့တဲ့ ဂိုဏ်းဂဏရောဂါဆိုးကြီး…ပထမဆုံးအကြိမ် လူသိရှင်ကြား ပွင့်ထွက်ပေါက်ကွဲလာခြင်းဖြစ်ပါတတယ်။ စောစောပိုင်းကတော့ သည်ခေါင်းဆောင်၃ဦး နှစ်ရှည်လများ […]