Tun Lin NaingJanuary 4, 20141min1314
* တိမ်ညိုတွေဖုံးတဲ့ကောင်းကင်* အလင်းမဲ့ သုညကမ္ဘာထဲက မောဟလမ်းမတွေပေါ် အတ္တကိုစားသုံးရင်း ကြီးပြင်းလာခဲ့ရသူပါ….. စမ်းတဝါးဝါးပုံပြင်တွေကြား ယုံမှားသံသယတွေနဲ့ ဘဝရဲ့ဖြစ်တန်ရာစွမ်းတွေကို လက်ချိုးတွက်ချက်နေမိတယ်….. ဒွိဟတွေကြားမှာ ဖွင့်ရတော့မယ့်တံခါးချပ်တွေက ချိန်တန်နေပြီဖြစ်သော်ငြား သော့တွေ…ခတ်ထားဆဲပဲလေ….. ပါးပြင်ထက်ကမျက်ရည်က မင်းကြောင့်ရွာကျတဲ့မိုးဆိုရင် အလင်းရောင်တစ်စ အတွက် မျှော်လင့်နေမိတဲ့အခြားတဖက်မှာ….. စိန်စီထားသောလမ်းများစွာ……… ဝေဖြာနေသောအပြုံးများစွာ…….. ——————-**********—————— ————————လွပ်လပ်ရေးနေ့ အမှတ်တရ ကဗျာ—————————-


Tun Lin NaingDecember 31, 20131min1425
အမှတ်တမဲ့ဆိုပေမယ့် အမှတ်တရများစွာနဲ့ အားလုံးဖြတ်လျှောက်ခဲ့ကြရတယ် ဒီ…လမ်းကလေး…………   ပြန်လှည့်ချင်သော်ငြားလည်း သင်ကား…ခွင့်မပြု ဟေမာန်ညများနဲ့အတူ ချန်ထားခဲ့ရပြီပေါ့ ၂၀၁၃…ရယ်…………   လျှောက်ခဲ့ရာလမ်းတွေမဖြောင့်ဖြူးခဲ့ အချိုးအကွေ့များစွာကြားမှာ ခါးသက်မှုပေါင်းစုံနဲ့ တို့ဆီပြိုကျခဲ့ရတဲ့ ဝေဒနာတချို့တဝက် မင်းနဲ့အတူ ကျန်နေခဲ့သင့်တာ……….   ရောက်ခဲ့ရပြန်ပေါ့…၂၀၁၄…ဆီ ဆုပ်ထားသောလက်တွေ ဖြန့်ပါစေ…ဆုတောင်း ခွဲထားသောလက်တွေ တွဲပါစေ…ဆုတောင်း တင်းလွန်းသောအငြိုးတွေ ပြေပါစေ…ဆုတောင်း တင်နေသောကြွေးတွေ ကြေပါစေ…ဆုတောင်း တို့ …ကောင်းကောင်းမရင့်ကျက်သေးဘူးလေ……..   နောက်ကျခဲ့တဲ့ ခြေလှမ်းတွေ ညှိုးနွမ်းခဲ့တဲ့ ပန်းလေးတွေ…အတွက် ပန်းတိုင်မရောက်ခင် တက်မထောင်ချင်ပဲ ဒီလမ်းလေးရဲ့ အဆုံးထိ အားနဲ့မာန်ထည့် ခရီးဆက်ဖို့ မောင်မယ်တို့ရေ…ညီကြစေ…….   အညတရကျောင်းဆရာ  


Tun Lin NaingDecember 29, 20131min1506
ငါဟာ……..   လမ်းဆုံလမ်းခွ တစ်ခုက မီးပြတိုင်လေးတစ်ခုပဲပေါ့….. လူတွေကိုလမ်းမှန်ရောက်ဖို့ စိမ်း ဝါ နီ အချက်ပြတွေနဲ့ ရဲရဲ ရှေ့ကိုဆက်နေဆဲ…. ငါ နဲ့တွေ့ဆုံပြီးတော့မှ သူတို့ပန်းတိုင်ဆီ ဆက်လက်ထွက်ခွာခဲ့ကြ လှည့်ကြည့်ဖို့ သတိမရကြတော့…     ငါ့ကို ပြန်လှည့်ကြည့်သည်ဖြစ်စေ သတိမရတော့သည်ဖြစ်စေ… ငါ့ကို ပြန်တမ်းတသည်ဖြစ်စေ မေ့ထားလိုက်သည်ဖြစ်စေ… ငါ့ကို အလိုရှိသေးသည်ဖြစ်စေ အသုံးမလိုတော့သည်ဖြစ်စေ… ငါကတော့ ငါ့အလုပ်ကို ရူးသွပ်စွာနဲ့ ဆက်လက် ခုံမင်နှစ်သက်ဆဲ မြတ်နိုးနေဆဲ…   လေဒဏ် နေဒဏ် မိုးဒဏ်တွေကြား မတုန်မလှုပ် နောက်မဆုပ်ပဲ သူတို့လေးတွေ လမ်းမှန်ရောက်ဖို့ ငါ လမ်းပြနေဆဲပါ…   အညတရကျောင်းဆရာ    


Tun Lin NaingDecember 29, 20131min790
ငါဟာ…….. လမ်းဆုံလမ်းခွ တစ်ခုက မီးပြတိုင်လေးတစ်ခုပဲပေါ့….. လူတွေကိုလမ်းမှန်ရောက်ဖို့ စိမ်း ဝါ နီ အချက်ပြတွေနဲ့ ရဲရဲ ရှေ့ကိုဆက်နေဆဲ…. ငါ နဲ့တွေ့ဆုံပြီးတော့မှ သူတို့ပန်းတိုင်ဆီ ဆက်လက်ထွက်ခွာခဲ့ကြ လှည့်ကြည့်ဖို့ သတိမရကြတော့… ငါ့ကို ပြန်လှည့်ကြည့်သည်ဖြစ်စေ သတိမရတော့သည်ဖြစ်စေ… ငါ့ကို ပြန်တမ်းတသည်ဖြစ်စေ မေ့ထားလိုက်သည်ဖြစ်စေ… ငါ့ကို အလိုရှိသေးသည်ဖြစ်စေ အသုံးမလိုတော့သည်ဖြစ်စေ… ငါကတော့ ငါ့အလုပ်ကို ရူးသွပ်စွာနဲ့ ဆက်လက် ခုံမင်နှစ်သက်ဆဲ မြတ်နိုးနေဆဲ… လေဒဏ် နေဒဏ် မိုးဒဏ်တွေကြား မတုန်မလှုပ် နောက်မဆုပ်ပဲ သူတို့လေးတွေ လမ်းမှန်ရောက်ဖို့ ငါ လမ်းပြနေဆဲပါ…   အညတရကျောင်းဆရာ


Tun Lin NaingDecember 29, 20131min31219
နံနက်ခင်းလေးတစ်ခုမှာပေါ့ ကျွန်တော်တို့ရွာလေးရဲ့ ကမ်းခြေတလျှောက် အတွေးစတွေဆန့်ထုပ်ရင်း လမ်းတလျောက် တနေ့တာနွေးထွေးတဲ့အလင်းရောင်ကိုဖန်ဆင်းတော့မယ့် နေမင်းကြီးကိုနှုတ်ဆက်လိုက်တယ်…………….. ပင်လယ်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေနုတွေက အေးမြပေမယ့် ကျွန်တော်တို့အတွက် ကံကောင်းခြင်းတွေသယ်ဆောင်လာပြီး ပျော်ရွှင်မှုတွေကိုတော့ မင်းတို့နဲ့အတူဆောင်ကြဉ်းမသွားပါနဲ့ ကျွန်တော် ဝမ်းနည်းတတ်လို့ပါ………………… အဆံမရှိတော့တဲ့ အသွေးရောင်စုံ ခရုခွံလေးတွေကတော့ ဒီလောကနဲ့မသက်ဆိုင်တော့သည့်အလား ဖြူလွှလွှသဲသောင်ပြင်ပေါ် တိပ်ဆိပ်စွာလဲလျောင်းရင်း ငြိမ်သက်ခြင်းတေးသွားကိုဆိုနေကြလေရဲ့ သူတို့ခြေရာတွေကတော့ လှိုင်းလေးတွေအောက်ကွယ်ပျောက်ခဲ့ရပါပြီ……………… ကျင်းဝကို ကိုယ်စီထွက်လာကြတဲ့ ဂဏန်းနီလေးများကတော့ လွပ်လပ်မှုကိုကြွေးကြော်ရင်း ဘေးတိုက်ပြေးလွှားဆော့ကစား ညီညွတ်ခြင်းတေးသွားကိုဆိုနေကြလေရဲ့ မျှော်လင့်ချက်ကိုယ်စီနဲ့လေ………………. ကမ်းခြေအလှကို တန်ဆာဆင်ထား ခိုင်ခံ့ မာကျောလှပါတယ်ဆိုတဲ့ ကျောက်ဆောင်တွေက ညည်းတွားတယ် သူတို့ကို ညင်သာစွာပုတ်ခတ် လှိုင်းလေးတွေပေးတဲ့ ဒဏ်ရာကိုယ်စီနဲ့ပါ…တဲ့….. ပင်လယ်ပြင်တဖက်ကမ်းက မိုးကုတ်စက်ဝိုင်းစွန်းဆီမျှော်ကြည့်မိတယ် ကျွန်တော်တို့ပန်းတိုင်များ အဲဒီမှာရှိလေမလား တားဆီးထားရာလှိုင်းလုံးကြီးတွေကိုကျော်ပြီး သွားကြည့်ချင်ပေမယ့် စဉ်းစား ပန်းတိုင်မရောက်ခင်များ ငါနစ်မြုတ်သွားလေမလား……… ဒီစိုးရိမ်ကြောက်ရွံ့မှုတွေအားလုံး မြေနှုတ်ပေါင်းသင်ပြစ်လိုက်တယ် ရေလှိုင်းတွေတောင် ကျောက်ဆောင်တွေကိုတိုက်စားနိုင်ခဲ့သေးတာပဲ […]