“ဆုံစည်းပါရစေ” အပိုင်း(၇)
“သက်ပိုင် ”
“အင်း….ပြောသူငယ်ချင်း ”
“မင်း ဟိုနေ ့က သွန်းကို မင်းချစ်နေတယ်ဆိုတာ ပြောဖြစ်လိုက်လား……”
“အင်း ……………”
“မင်းဟာကလဲကွာ အားမရှိလိုက်တာ…………တက်တက်ကြွကြွပြောပါကွ………”
“အေးကွာ ငါပဲကံမကောင်းချင်လို ့လားမသိပါဘူးကွာ……..ငါပြောလိုက်တော့ သွန်းက ပြောင်းလဲသွားတယ်ကွာ……….”
“ဘယ်လိုပြောင်းလဲသွားတာလဲကွ ရှင်းရှင်းလင်းလင်းပြောစမ်းပါကွာ………..”
“ဒီလိုကွ……….ငါသူ ့ကို ချစ်တယ်လို ့ဖွင် ့မပြောခင်က သူ ့ကိုယ်သူ သွန်းလို ့ နာမ်စားသုံးပြီးပြောလေ ့ရှိတာကို မင်းလဲ သိတာပဲ…….”
“အေးလေ……အဲ ့ဒါဘာဖြစ်လဲ……”
“ငါ သွန်းကို ဖွင် ့ပြောလိုက်တော့ သူ ့ကိုယ်သူ ကျမလို ့သုံးတော့တာပဲ………ပြီးတော့ သူ ့အကြောင်းတွေ ဘယ်လောက်သိလဲတဲ ့ ……အချစ်ကိုလဲ မယုံဘူးတဲ ့……..”
“မင်းက ဘယ်လိုပြန်ပြောလိုက်လဲ……..”
“ဘာပြောရမလဲကွာ……..ငါက သိပ်ချစ်တော့ သူဆန္ဒပေါ့ကွာ………”
“မင်းကလဲကွာ လွယ်လွယ်နဲ ့လက်လျှော့တာကိုးကွ……..”
“မဟုတ်သေးဘူး သူငယ်ချင်းရယ်……….အင်းပေါ့ မင်းက တကယ်မချစ်ခဲ ့ဘူးတော့ ဘယ်သိပါ့မလဲ ထားလိုက်ပါတော့ကွာ……….အခုချိန်မှာ ငါသိတာ တစ်ခုပဲရှိတယ်…….ဘာလဲဆိုတော့ ငါ သူ ့ကို သိပ်ချစ်တယ်ဆိုတာပဲ…………………”
“လာ သူငယ်ချင်း မင်းကို ငါ ့ Show ပွဲကြရင်ဆိုမဲ ့ သီချင်းအသစ်စက်စက် တစ်ပုဒ်ဆိုပြမယ်……မင်းနားထောင်မယ်ဆိုရင်ပေါ့………”
“ဟာ နားထောင်မှာပေါ့ကွ……….ဘာသီချင်းလဲ…………”
“ခေါင်းစဉ်က (အမုန်းပြုစားတဲ ့အချစ်) တဲ ့ မင်းနားထောင်ကြည် ့ပေါ့ကွာ…..ငါတော့ အရမ်းကြိုက်တယ်……..”
(အမုန်းပြုစားတဲ ့အချစ်)
ရင်မှာအချစ်အတွက် အသက်ရှင်xxxxxတစ်ကယ်ဆိုအချစ်ငတ်ခဲ ့ရင်လဲxxxxxxxရှင်သန်ချင်း ကင်းမဲ ့နေမယ်xxxxကိုယ် ့အတွက် အချစ်က မရှိမဖြစ်ဘူးxxxxxxx
ရင်မှာ မင်းအေကြောင်းတွေးနေမြဲxxxxရင်မှာမင်းအကြောင်းမေးနေဆဲxxxxရင်မှာရေးဖွဲ ့ အချစ်ကဗျာတွေxxxxပုလဲလုံးလေးလိုသီကုံးရင်းxxxxx
စေရာထားလေရုပ်သေးလေးxxxxxxအချစ်အိမ်လေးယုံကြည်ကိုးစားဆောက်ခဲ ့ရင်းးးးး
ပြိုမလိုမိုးတွေရွာသွန်းမလားxxxxxxxဒီချစ်ချင်းနဲ ့အေးမြသွားစေ နှလုံးသားxxxxxx
တကယ်ဆိုအချစ်ကxxxxxဘယ်လိုကံကြမ္မာတွေကိုရင်ဆိုင်သွားခဲ ့ရင်xxxxxအတူတူကူးဖြတ်မယ်အချစ်နဲ ့xxxxx
တကယ်ဆိုအချစ်ကxxxxxမာယာတွေဆင်ယဉ်ဟန်ဆောင်ထားသလိုလားxxxxxxကွဲအက်ကြေသွားxxxxxx
ရင်မှာစီးဆင်းခဲ ့ပြီ မျက်ရည်မြစ်တစ်ဆင်းပဲxxxxxxxxxတိမ်လိုလွင် ့ပြောင်ပြယ်အချစ်ကxxxxxxxxx
ရင်ထဲမှာစို ့နင် ့လာပြီး အသက်ရှုရတာပင်းခက်ခဲလာသည်။ မျက်ဝန်းတစ်ခုလုံးလဲ ပြာဝေလာပြီး မူးဝေလို ့လာသည်။ခဏအတွင် းမှာပဲ ဘယ်လိုမှ မထိမ်းနိုင်တော့ပဲ ပြစ်လဲသွားသည်လေ။
“ဟာ သက်ပိုင်………..ဘယ်လိုဖြစ်တာလဲသူငယ်ချင်း………ဟေ့ကောင်သတိထားပါအုံးကွာ…….”
“အဒေါ်ရေ အဒေါ်……….သက်ပိုင်ဘာဖြစ်သွားတာလဲ မသိဘူး ခေါ်လို ့လဲမကြားတော့ဘူး………လာပါအုံးဗျာ………”
“သား………ဘာဖြစ်လို ့လဲဟင်……..အမေစိတ်ပူလိုက်တာသားရယ်……….”
“အဒေါ် ဆေးရုံကို အမြန်ပို ့ရင်ကောင်းမယ်ထင်တယ်……………ကျွန်တော်ကားသွားထုတ်လိုက်မယ်နော်…….ဒီကပဲစောင့်နော်…….”
ရှေ ့သို ့ဆက်ပါအုံးမည်။ ခင်မင်လေးစားလျှက်……………………………….