Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

MARKETING နဲ့ မလွတ်တဲ့လောကကြီး

black chawSeptember 22, 20111min6265

Marketing အလိုရှိသည် ဆိုတဲ့ကြော်ငြာတွေကို မြင်ဘူးကြမှာပါ။ Marketing လို့ပြောလိုက်ရင် ဈေးကွက်ရှာဖွေတဲ့လူတွေလို့ အလွယ်တကူနားလည် လိုက်ကြတာပါပဲ။ အခုကျွန်တော်နားလည်ထားတဲ့ Marketing ဆိုတဲ့ ကိစ္စကို တင်ပြချင်တာပါ။

ကျွန်တော်ဒီလိုထင်ပါတယ်။ လိုချင်တာတစ်ခုကို၊ ဖြစ်ချင်တာတစ်ခုကို၊ ရအောင်လုပ်တာ၊ ဖြစ်အောင်လုပ်တာ ကို Marketing လို့ ထင်ပါတယ်။ ဆိုပါစို့ ကျွန်တော်ဒီပို့စ်ကိုရေးနေတယ်။ ဒီပို့စ်ကိုဖတ်မယ့် ရွာသူရွာသားတွေ ကျွန်တော့် အယူအဆကို လက်ခံလာအောင်၊ လက်မခံတောင်မှ သောက်တလွဲတွေပါကွာလို့ အပြောမခံရအောင် အားထုတ်ရပါတယ်။ အဲဒါဟာ Marketing ပါပဲ။ ဒီပို့စ်ကိုဖတ်ပြီး လျှောက်ရေးထားတာပါကွာ၊ တလွဲတွေပါကွာ လို့ စာဖတ်သူကထင်သွားရင် ကျွန်တော့် Marketing ညံ့လို့ပါပဲ။

လူတွေဟာ မနက်မိုးလင်းကတည်းက Marketing စလုပ်ရပါတယ်။ မိသားစု ၆ ယောက်ရှိတဲ့ အိမ်တစ်ခုမှာ အိမ်သာတစ်လုံးပဲရှိတယ်ဆိုပါစို့။ (ဆရာကြီးလေသံပေါက်နေရင်ခွင့်လွှတ်ပါ)။

ခင်ဗျားတို့ အိမ်မှာ အိမ်သာလုတက် ဖူးပါသလား။ အိမ်သာထဲမှာ တစ်ယောက်ရှိနေတယ်။ အပြင်မှာ အိမ်သာတက်ဖို့ စောင့်နေတာက သုံးယောက်ဖြစ်နေတယ်။ အရင်ဆုံးအိမ်သာတက်ဖို့ တစ်ယောက်တစ်မျိုးငြင်းခုန်နေကြမယ်။ တစ်ယောက်က ငါ ညက ဝမ်းနှုတ်ဆေး စားထားလို့၊ တစ်ယောက်က ငါက မြန်တယ် ခဏလေး ငါအရင်ဝင်လိုက်မယ်၊ နောက်တစ်ယောက်က ငါလည်းညက ချဉ်ပေါင်ဟင်းတွေစားတာများသွားတယ် စသည်ဖြင့် ငြင်းခုန်နေကြတယ်။ အိမ်သာ အရင်တက်ခွင့်ရချင်တယ်၊ တက်ရအောင်လည်း ပြောဆိုနေရတယ်။ ဒါကိုလည်း ကျွန်တော်က Marketing လုပ်နေကြတယ်လို့ သတ်မှတ်ချင်ပါတယ်။

ငိုရတဲ့ကလေး နို့ ပိုစို့ရတယ်တဲ့။ မိခင်ဝမ်းက ကျွတ်ကတည်းက ကလေးငယ်ဟာ ဗိုက်ဆာလို့ နို့စို့ချင်တဲ့အခါ အမေလုပ်သူကို ငို ပြီးနို့တောင်းပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ Marketing က ငို တာပါပဲ။ ငိုရင် နို့စို့ရတယ်ဆိုတာ ကလေးက သူ့ အသိဉာဏ်လေးနဲ့ သိနေပါတယ်။

လူတွေတစ်ယောက်နဲ့တစ်ယောက်စကားတွေပြောနေကြတာလည်း Marketing သဘောတွေပါပဲ။ ကိုယ်ပြောတဲ့စကားကို သူနားလည်လက်ခံလာအောင်ပြောရတယ်။ စကားပြောခြင်းမှာလည်း ရည်ရွယ်ချက်လေးတွေရှိနေတဲ့ အတွက် Marketing လုပ်နေတဲ့ သဘောလို့ပဲထင်ပါတယ်။

အတင်းပြောတာဟာလည်း Marketing ပါပဲ။ လူတစ်ယောက်ကို သောက်မြင်ကတ်သွားစေချင်တဲ့ရည်ရွယ်ချက် ကရှိနေတယ်လေ။

သူတောင်းစားတစ်ယောက်ရဲ့ Marketing ဟာ သနားအောင်ပြောဆိုတာပါပဲ။

လွှတ်တော်ကမေးတဲ့ မေးခွန်းတွေကို ဖြေနေကြတဲ့ ဝန်ကြီးတွေဟာ လည်း Marketing လုပ်နေတာပါပဲ။ သူတို့လုပ်နေတာ မှန်တယ်ဆိုတဲ့ အကြောင်း အချက်အလက်တွေနဲ့ ရှင်းပြနေတာလေ။ လွှတ်တော်နဲ့ ပြည်သူလူထုက လက်မခံရင် ဝန်ကြီးတွေရဲ့ Marketing ညံ့လို့ပါပဲ။

အဲလိုပဲ ကုန်ပစ္စည်းတစ်ခုရောင်းချင်တဲ့အခါ စားသုံးသူကို ဝယ်ချင်စိတ်ပေါက်လာအောင် ကြော်ငြာတာလည်း Marketing ပါပဲ။

အချုပ်ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ နေ့စဉ် လှုပ်ရှားသွားလာ ပြောဆိုနေကြတာတွေဟာ Marketing သဘောတွေနဲ့ မလွတ်ဘူးဆိုတာပါပဲ။

5 comments

  • blackchaw

    September 22, 2011 at 9:45 am

    သူကြီးရေ
    သေသေချာချာ စစ်ပါလျက်နဲ့ COPY/PASTE ဖြစ်သွားပါတယ်။

  • inz@ghi

    September 22, 2011 at 10:02 am

    Dr.P.Kotler ပြောဖူးတာလေးပါ …ဆြာ့ post နဲ့ လိုက်ဖက်မယ်ထင်လို့ ရှဲ လိုက်ပါတယ်ဗျ.. “Marketing started with the first human beings. Using the first Bible story as an example (but this was not the beginning of human beings), we see Eve convincing Adam to eat the forbidden apple. But Eve was not the first marketer. It was the snake that convinced her to market to Adam.”

  • inz@ghi

    September 22, 2011 at 10:13 am

    ဒါကတော့ uncyclopedia ကနေ Marketing Science ကို ပြောင်ထားတဲ့ စာလေးပါ
    Marketing is the branch of science, created by Philip Kotler to sell his books and courses, that is occupied with selling products to people who do not need these products, or who would be better off buying other products. The largest marketing companies that currently exist are the Catholic Church and Microsoft Corporation.

    အပျော် ဝင်နောက်သွားတယ်နော် …

    ခင်တဲ့
    inz@ghi

  • ဆူး

    September 22, 2011 at 9:06 pm

    ဟို သီချင်းကို… အဘိုးကြီးလဲ မားကတ်တင်း အဘွားကြီးလဲ မားကတ်တင်း…
    အိမ်မြှောင် တကောင် အော်လည်း မားကတ်တင်း
    ခွေးနှစ်ကောင် ကိုက်လဲ မားကတ်တင်း..
    အဲလို ပြောင်းလိုက်ပါလား။

  • windtalker

    September 22, 2011 at 9:50 pm

    ဒီမှာ…
    တင်းတယ်
    တင်းတယ်
    တင်းတယ်..တင်းတယ်ဟေ့
    မာကတ်တင်းက မလွတ်လို ့တင်းတင်းတင်းတင်း…တင်း
    လို ့ဆိုလဲ မဆိုးပါဘူး နော်

Leave a Reply