သံတွဲမြို့တွင် ၉၆၉ အဖွဲ့မှဆူပူသောင်းကျန်ရန်အတွက် ၂၀-၉-၂၀၁၄ ရက်နေ့တွင် စီစဉ်

saline tinmgSeptember 18, 20141min125

ရခိုင်ပြည်နယ်သံတွဲမြို့တွင် ဆူပူသောင်းကျန်ရန်အတွက်
၂၀-၉-၂၀၁၄ ရက်နေ့တွင် ဆူပူသောင်းကျန်းဖျက်ဆီးရန်
ကြံစဉ်နေသည်ကိုသက်ဆိုင်ရာတို့မှတားဆီးခြင်းမရှိဘဲ
မြောက်ပေးထားခြင်းကိုနိုင်ငံတကာမှသိရှိစေပါရန်တင်ပြခြင်း
ရခိုင်ပြည်နယ်သံတွဲမြို့တွင် ဆူပူသောင်းကျန်ရန်အတွက် ၂၀-၉-၂၀၁၄
ရက်နေ့တွင်ပူသောင်းကျန်းဖျက်ဆီးရန်ကြံစဉ်နေကြပါသည်။ မြို့ပေါ်တွင် ပေါ်ပေါ်တင်တင်ဆောင်းဘောက်ကြီးများဖြင့်ဘင်္ဂါလီများ(အစ္စလာမ်ဘာသာဝင်များကို) မောင်းထုတ်ရန်ဆိုကာရဲအောင်လံဂိတ်မှကျော်ကျော်ဦးဆောင်ကာလမ်းတွင်တွေ့သောသူများကိုအတင်းခေါ်ကာ လက်မှတ်အတင်း ရေးထိုးနေကြပါသည်။ ရပ်ကွက်မြို့ရွာများတွင်လည်းလက်မှတ်များကိုတစ်အိမ်တက်ဆင်းအတင်းလက်မှတ် ရေးထိုးနေကြသည်ကိုသက်ဆိုင်ရာတို့မှတားဆီးခြင်းမရှိဘဲမသိကျိုးကျွန်ပြုကာမြောက်ပေးထားပါသည်။ထိုသည်မှာဖွဲစည်းပုံအခြေခံဥပဒေတွင်ပါသောပြည်ထောင်စု့မြန်မာနိုင်
ငံတော်သည် တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံစု့စည်းနေထိုင်သော နိုင်ငံကို
ခေါ်သည်ဆိုသောဖွဲ့စည်းပုံအခြေခံ ဥပဒေပါအမှန်တရားအဓိပ္ပါယ်ကိုဖေါက်ဖျက် ကာအစွန်းရောက်ဗုဒ္ဓဘာသာ ၉၆၉ အဖွဲ့မှ လက်ဝါးကြီးအုပ်ကာ အစွန်းရောက်
အကြမ်းဖက်ရန်ပြုလုပ်နေကြခြင်းဖြစ်ပါသည်။ သံတွဲ ငပလီကမ်းခြေတွင်လည်း
အနယ်နယ်အရပ်ရပ်မှ ရခိုင်ဗုဒ္ဓဘာသာအစွန်းရောက်များကို၂၄-၉-၂၀၁၄ ရက်
နေ့မှ ၃၀-၉-၂၀၁၄ ရက်နေ့အထိ ရခိုင်ညီလာခံ အကြောင်းပြကာ သံတွဲတွင်လူစု့ပြီး သံတွဲမြို့တွင်ဆူပူဖျက်ဆီးရန်လုစု့ပြီးစီစဉ်ထားသည်ကိုသက်ဆိုင်ရာတို့မှသိရှိပါသော်လည်းလွတ်ပေးထားးပြီး မသိကျိုး ကျွန်ပြုနေခြင်း၊ သံတွဲမြို့သည်ပုဒ်မ ၁၄၄ ထုတ်ထားသဖြင့် လူစု့ခြင်းဟောပြောခြင်း လှုံဆော်ခြင်းများမပြုလုပ်ရသည်ကို သိသိကြီးနှင့်လှုံဆော်နေသည်ကို သက်ဆိုင်ရာအာဏာပိုင်များမှလွတ်ထားခြင်း၊တစ်
ဘာသာနှင့်တစ်ဘာသာ စိတ်ဝန်းကွဲစေရန် လှုံဆော်နေခြင်း၊နိုင်ငံသားစီစစ်ရေးကဒ်ပြား
ကို်င်ဆောင်ထားသောအစ္စလာမ်ဘာသာဝင်များအား ခရီးသွားလာလို့ မရစေရန် ကား
ဂိတ်များတွင်လက်မှတ်မရောင်းဆိုကာ သွေးခွဲနေခြင်း ၊ဆေးဝါးကုသရန်လာသော
အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်ထားသောကျောက်နီမော်ကျေးရွာမှအစ္စလာမ်ဘာသာဝင်လူမမာများကိုသံတွဲတွင်လှေမကပ်ရဆိုကာညောင်ပင်သာဘုန်းကြီးနှင့်ထွန်းသန့် ကျော်တို့မှမောင်းထုတ်ခြင်းအစရှိသောအစရှိသော ဥပဒေမဲ့လုပ်ရပ်များကို ပေါ်ပေါ်တင်ပြုလုပ်နေကြသည်ကိုသက်ဆိုင်ရာတို့မှအလိုတူအလိုပါပြုလုပ်ပြီးမသိကျိုးကျွန်ပြုလုပ်ပြီးသံတွဲတွင်ဘာသာရေးအကြမ်းဖက်မှု/မီးရှို့မှုကြီးများပေါ်ပေါက်လာ အောင်ပြုလုပ်နေကြကြောင်းနိုင်ငံတကာနှင့် အမှန်တရားကိုမြတ်နိုးသော အဖွဲ့အစည်း များ သိရကြိုတင်သိရှှိိစေပါရန် နှင့်အမြန်ထိမ်းသိမ်းနိုင်ပါရန်သတင်းမှန်တင်ပြလိုက်ရ
ပါသည်။
ထိုသူများသည်ဗုဒ္ဓ္ဓဘာသာကိုအစွန်းရောက်ကာအမျိုးချစ်သယောင်ဖြင့်အစွန်း
ရောက်သောင်းကျန်းနေသောအဖွဲ့ အစည်းကြောင့်ဗုဒ္ဓဘာသာသည် ဘုရားဟောတ
ရားဖြစ်သော မေတ္တာကိုအခြေခံထား သောနူးညံသော မေတ္တာတရားဘာသာမှ အကြမ်းဖက်မီးရှိုရန်၊အခြားဘာသာဝင်များကိုစော်ကားရန်၊သတ်ဖြတ်ရန် ဘုန်းကြီးများကိုယ်တိုင်ဦးဆောင်သောအကြမ်းဖက်သမားဘာသာအဖြစ်ကူးပြောင်း အောင်ပြုလုပ်နေသည်ကို ဗုဒ္ဓအဆုံးအမကိုတကယ်ချစ်မြတ်နိုးသောဗုဒ္ဓဘာသာဝင်တို့မှ အမြန်ထိမ်းသိမ်းကြမှသာနိုင်ငံတကာတွင်ရခိုင်အစွန်းရောက်ဗုဒ္ဓအမည်ခံအကြမ်းဖက်သမားများဘေးရန်မှလွတ်ကင်းမည်ဖြစ်ပါကြောင်းစေတနာကောင်းဖြင့်တင်ပြလိုက်ရပါ သည် ခင်ဗျား . . . .