ကွန်မန်း ဖျက်ခြင်း

ဆူးMarch 4, 20111min522

ဆူး ပိုစ်တွေမှာ
https://myanmargazette.net/42008/travel/photography-pictures-galleries-wallpapers-photo-tips
နိဂိမိ ၇ရ + ဆူး ဆိုပြီး လာရေးတယ်
အဲဒီ နစ်ပိုင်ရှင်နဲ့ ဘယ်လိုမှ မပတ်သတ်ဘဲ + ဆိုတဲ့ စာလုံး ခံရေးစရာလား။
မြန်မာ အမျိုးသမီး တယောက် အနေနဲ့ ဘယ်ပြောရင် ဘယ်ရောက်တယ်ဆိုတာ ဖတ်တဲ့ လူတိုင်း အသိသားကြီး ပိုစ်ကို ဝေဖန်ချက် ပေးတာ နဲ့ မတူဘဲ သားမယား အပြောမျိုး လာသုံးနှုန်းသလို ဖြစ်မနေဘူးလား.. အောက်ဆုံးမှာ (ဆူးကို ချစ်လို့ စတာ) ပြောချင်ရာ လွယ်လွယ်ပြောတာကို လက်ခံပြီး ရန်တွေ့ရင် လွယ်လွယ်ကူကူ ဘယ်လို ပြောမယ် ထင်သလဲ.. မင်းက စိတ်ပါလို့ လိုက်တွေးတယ် ငါက သဘောရိုးနဲ့ ပြောတာကွ ဆိုပြီး မလိမ့်တပတ်နဲ့ လာပြီး ရမ်းကားတာ ခံရအုန်းမယ်။
ခွေးဟောင်တိုင်း ထ မကြည့်နဲ့ ဆိုတဲ့ စကား နဲ့ အညီ အဖက် အလုပ်ဘဲ ဖျက်လိုက်တယ်။ ဖျက်ပိုင်ခွင့်ရှိလို့ ဖျက်တယ်။ တခြား ပိုစ်မှာ ဒီလိုမျိုး သွားရေးရင်လည်း ဖျက်ဖို့ တောင်းဆိုမှာဘဲ.. စပြီး ရွာထဲ ဝင်လာကတည်းက တရွာလုံးကို ခွေးနဲ့ နှိုင်းပြီး ဆဲဆိုပြီး ဝင်လာတာ… စာတွေ အစ အဆုံး ဖတ်တဲ့ လူတွေ တော့ သိမှာပေါ့.. တရွာလုံးက လူတွေကို အမြီးလေး တနှံနှံ သေးလေး တစပ်စပ် ဆိုပြီး ဆဲဆိုသွားလို့.. ပြသနာ တက်ပြီး ငြိမ်သွားတာ မကြာသေးဘူး ဆူး ရေးတဲ့ ပိုစ်တွေမှာ လိုက်ပြီး ပေါက်ကရရေးတယ်။ မလိုအပ်လို့ ဖျက်တဲ့ အကြောင်းအရာတွေကို ဖျက်ရကောင်းလား ဆိုပြီး အော်ဟစ် ဆူပူနေတယ်။
မနေ့က https://myanmargazette.net/42320/travel
အဲဒီ ပိုစ်မှာလည်း ဒီလိုဘဲ.. ဆူး ရေးထားတဲ့ ပိုစ်မှာ Myungdong Street အဲဒီ နာမည် ကို မြောင်ခေါင်လို့ ထွက်မယ် ထင်တယ် လို့ ရေးမိတယ်။
အသံ ဘယ်လို ထွက်ရမယ် ဆိုတဲ့ စကား အထိ လက်ခံတယ်။ အသံထွက် အမှန် ဘယ်လိုလဲ ဆိုတာ ရှင်းပြတဲ့ သဘော နဲ့ အစချီပြီး နောက်ဆက်တွဲ မဟုတ်တဲ့ စကားတွေနဲ့ အစချီလာတယ်။ အမှန်တော့ အင်္ဂလိပ် အဘိဓါန်တွေ ရေးတဲ့ ဆရာကြီးတွေတောင် အင်္ဂလိပ် အသံထွက်ကို မြန်မာလိုရေးတာ တယောက် တမျိုး မတူညီကြဘူး မတူသလို အသံထွက် ရေးတဲ့ အတိုင်း ထွက်ဖို့ ဆိုတာ မလွယ်ဘူး။ လက်တွေ့ နားနဲ့ ကြားမှ ထွက်ရတာ ပိုအဆင်ပြေတာ အားလုံး သိကြမှာပ့ါ။ သူပြောတဲ့ ရှင်းပြချက်ကလေး တခုပါတယ် ပြီးတော့ မရွှေနီ နဲ့ စကားတွေ အပြန်အလှန် ဖလှယ်ကြတာတွေ ပါတယ်။
အမှားကို အမှန် ထောက်ပြတာ မလိုချင်လို့ မနာခံချင်လို့ အရှက်မရှိဖျက်တယ်လို့ ရေးတယ်။ ရှက်လွန်းလို့ သေတော့မယ် ဆိုလည်းပါတယ်။ ဒီတော့ ရှက်လို့ သေချင်ရင် တခါတည်း သေလိုက်ပါလား
ဆူးက အပြုသဘော ဆောင်ပြီး ရေးလာတဲ့ ရွှေနီ ကွန်မန်းကို.. ကိုရီးယား သွားရတာ ကင်ချီ (ချဉ်ဖတ်) ကြီးဘဲ စားရတာ စိတ်ပျက်လှပါဘိနှယ်…
နောက်များ ကိုရီးယား ထပ်မသွားချင်တော့ပါဘူး။ လည်စရာ သိပ်မရှိဘူး ရုပ်ဝတ္တုပြုပြင်မှု တိုးတက်မှုတွေ လိုက်ကြည့်ရတာဘဲ ရှိတယ်။
ဂျပန် ဆိုရင်တော့ နောက်တခေါက် သွားချင်ပါသေးတယ်။
လို့ ပြန်ရေးထားတယ်။

အဲဒီ ကွန်မန်းနဲ့ ပတ်သတ်ပြီး ရန်ကုန်ကို ခဏ လာလည်တဲ့ လူက ရန်ကုန်မှာ လည်စရာ မရှိဘူး လို့ ပြောတဲ့ လူနဲ့ မတူမနေဘူးလားတဲ့။ ကင်ချီဆိုတာ အရံဟင်း အနေနဲ့ စားကြတာ မြန်မာ ငပိလိုပေါ့.. မသိဘဲ အရမ်း မပြောနဲ့ ငါအဲဒီ မှာ နေတာ ၁ဝနှစ်ကျော်ဘီ ဆိုဘဲ..

ဥပမာ အားဖြင့် အညာဒေသ ဖုန်ထူလို့ ခဏ တဖြုတ် သွားလည်ပြီး မနှစ်သက်တဲ့ အကြောင်း ပြောပိုင်ခွင့် ရှိသလို အညာမှာ အကြာကြီး တာဝန်ကျလို့ နေခဲ့တဲ့လူကလည်း အညာသားတွေ ရိုးသားကြောင်း ပြောပိုင်ခွင့် ရှိတယ်။ မလိုအပ်ဘဲ ငါကြိုက်တယ် နင်မကြိုက်ရကောင်းလား ဆိုပြီး သူတပါး စိတ်ကသိ ကအောက် ဖြစ်အောင် နိပ်ကွပ်နေစရာ မလိုဘူး။
ကိုယ်မကြိုက်ရင် မကြိုက်ဘူး ဖော်ထုတ် ရေးသားခွင့် ရှိပေမဲ့ ကိုယ်နှစ်သက်တာကို သူများ မနှစ်သက်က ကောင်းလား ဆိုပြီး ရေးသားခွင့် မရှိဘူး လို့ ယုံကြည်တယ်။
သူများကိုလည်း ပုတ်ခတ်စော်ကားခွင့် မရှိဘူး။
ရိုင်းရိုင်း စိုင်းစိုင်း နဲ့ ဆဲဆို တတ်တဲ့ လူမျိုး အဖက်မလုပ်ချင်လို့ ရေးလာတဲ့ ပုတ်ခတ် စော်ကားတဲ့ စကား အသုံး အနှုန်းတွေကို တခွန်းချင်း လိုက်ရှင်းနေရင် ပြီးမှာ မဟုတ်တော့တဲ့ အတွက် မလိုအပ်လို့ ဖျက်လိုက်တယ်။ ကွန်မန်း ရေးစရာ နေရာမရှိလို့လား ပြသနာ အစ ဆွဲထုတ်ချင်လို့လား ဒါမှ မဟုတ် ပင်ကိုယ်ကိုက ရိုင်းစိုင်းပြီး လူအများနဲ့ အံမဝင် ဖြစ်နေလို့လားတော့ မသိဘူး။

မျက်နှာဖုံး ဖြစ်တာ မဖြစ်တာတော့ သတ်မှတ်တဲ့ လူအပေါ်မှာဘဲ မူတည်တယ်။ အမှားကို အမှန် ထောက်ပြတဲ့ ဘယ်သူကို မဆို လက်ခံ နာယူဖို့ အဆင်သင့်ရှိပေမဲ့ စေတနာ မပါဘဲ နိပ်ကွပ်ချင်စိတ်နဲ့ ပြောလာတဲ့ ကွန်မန်းမျိုးကို လုံးဝ လက်ခံမှာ မဟုတ်ပါဘူး။ ဆိုက်က ဖျက်ပိုင်ခွင့် မပေးရင်လည်း ကိစ္စမရှိဘူး တခြားနည်းနဲ့ ဖျက်လို့ရအောင် လုပ်ရမှာဘဲ။ တင်ထားတဲ့ ပိုစ်တွေမှာ အမှိုက်ရှုပ်တာကို ရှင်းတဲ့ သဘောမျိုးဘဲ စိတ်ထဲမှာ တွေးထားတယ်။
လူကြီးတွေက ပြောတယ် ခွေးဟောင်တိုင်း ထ မကြည့်နဲ့ အိပ်ရေးပျက်တယ်တဲ့။ ခွေးဟောင်လွန်းရင် ရေနဲ့ ပက်တဲ့ အဲဒီ စကားလည်း ရှိတယ်။ နောက်များ ကွန်မန်း ဖျက်လို့ မကျေနပ်ရင် လာဝင်မရှုပ်နဲ့။

21 comments

  • bigbird

    March 4, 2011 at 2:52 pm

    စိတ်အေးအေးထားပါအန်တီဆူးရေ.. ကွန်မန် ့တွေမပေါ်အောင်လုပ်ထားတာလား? ဖက်လို ့မရဘူး။

    • ဆူး

      March 4, 2011 at 3:12 pm

      မပေါ်အောင် လုပ်ထားတာ မဟုတ်ဘူး.. ဖျက်ကို ဖျက်လိုက်တာ.. ပိုစ် နဲ့ မဆိုင်ဘဲ မလိုအပ်တဲ့ ကွန်မန်း ဖြစ်နေလို့.. ဖျက်တာကို မနေ့ညက အော်ဟစ် ဆဲဆို နေတယ်။ အဲဒီ အတွက် ဖြေရှင်းချက် ပေးတဲ့ သဘောနဲ့ အများ သိအောင် ပိုစ် တင်ပေးတာ။

  • Caesar Nay Win

    March 4, 2011 at 2:59 pm

    မိန်းကလေးတစ်ယောက်ကို အဲ့ဒီလို မထိခလုတ် ထိခလုတ် လုပ်တက်တဲ့လူမျိုး
    ယောကျားမျိုးက ဘယ်လို ယောကျားမျိုးပါလိမ့်။ ထဘီဝတ်ထားတဲ့ ကောင်လား
    so call man လား အဲ့ဒီလူတွေ ကိုတစ်ခုပြောလိုက်ချင်ပါတယ်

    ” Be a man “

  • Oo Oo

    March 4, 2011 at 3:06 pm

    အင်း..ကိုယ်တင်ထားတဲ့ပို့စ်မှာ(သူတပါးကိုထိခိုက်စရာမပါပဲ)…..ကိုယ့်ကိုအားမနာပကွန်မန်းဝင်ရေးရင်ဘယ်သူမှကြိုက်မှာမဟုတ်ပါဘူး
    ဖြစ်တတ်ပါတယ်

  • unclegyi1974

    March 4, 2011 at 3:47 pm

    ဒကာမကြီးဆူး ဒေါသရှေ့ထားမှားမှာပေါ့
    စိတ်လျော့စိတ်လျော့

  • kopauk mandalay

    March 4, 2011 at 4:00 pm

    ကွန်မင်းပေးတယ်ဆိုတာက ရေးထားတဲ့စာနဲ့ပါတ်သက်တဲ့အကြောင်းအရာကို သူ့အမြင်ကိုယ့်အမြင်ဖလှယ်ကြတာလို့ ကျနော်က ယုံကြည်ပါတယ်။
    တစ်ခါတစ်ရံတော့ လဲ အချင်းချင်း သိပ်မထိခိုက်စေလောက်တဲ့စကားလုံးမျုးိနဲ့စကြနောက်ကြတတ်ပါတယ်။
    ကျနော်ကတော့ အဲဒါမျုးိလေးကို ကောင်းတယ်လို့ယူဆပါတယ်။
    ဒါပေမယ့်တစ်ဖက်သား ဖီးလ်ကွေးသွားလောက်အောင်တော့ မစနဲ့ပေါ့နော်.

    မတော်လို့များရေးတဲ့သူကမှားသွားတယ်ဆိုရင် လဲကောင်းကောင်းမွန်မွန်ထောက်ပြဘို့လိုပါမယ်။
    ် (ဥပမာ ကျနော်လို့ သမက်နဲ့ယောက်ခမပြောင်းပြန်မှားရေးလိုက်ရင်
    ကိုပေါက်မှားနေတယ်ဗျို့လို့ရေးလိုက်ရင် ဟုတ်တယ်ဆိုဝန်ခံပြီးပြင်ပေးလိုက်တဲ့အခါ ရေးသူရော ကော်မင်းပေးသူတင်မကဘူး စာဖတ်သူတွေပါစိတ်ချမ်းသာရတာပေါ့နော်.။
    ဒါမှမဟုတ်ဘဲ မှားသွားတယ် မှားနေတယ်လို့ထင်ရတာကို ဇွတ်အပြစ်တင်သလိုရေးမိရင်တော့ အားလုံးစိတ်ညစ်ရတာပေါ့။
    ရေးသူကလဲ ဖတ်စေချင်လို ရေးရတာပါ။
    ဖတ်သူကလဲ စာဖတ်တာဝါသနာပါလို့ဝင်ဖတ်တာပါဘဲ။
    ဒီလောက်တူညီနေတဲ့ မိတ်ဆွေအချင်းချင်းကြားမှာ စိတ်သဘောထားခြင်းကွဲလွဲရင်တောင်မှ
    ငြိမ်းချမ်းစွာကွဲလွဲကြဘို့ အားလုံးကို ကျနော်က တောင်းပန်ချင်ပါတယ်။
    ရေးသူဖက်ကတော့ မှားချင်မှားနိုင်ပါတယ်။
    ကျနော်အပါအဝင်ရေးသူတော်တော်များများက ပညာရှင်လဲမဟုတ်သလို ကျွမ်းကျင်သူလဲမဟုတ်ကြပါဘူး။
    ကိုသိတာ ကြားတာ မြင်ဘူးတာ ရောက်ဘူးတာလေးကိုမျှဝေပေးတဲ့သဘောလေးဆိုတော့ အမှားပါသွားရင်
    ကောင်းကောင်းမွန်မွန်လေးနဲ့ ဒါကတော့ ဒီလိုရှိတယ် ဒါလေးကတော့မှားနေတယ်ဆိုပြီး ထောက်ပြပေးရင်
    သိပ်ကောင်းမယ်လို့ ထင်ကြောင်းပါဗျာ။

  • shwe

    March 4, 2011 at 6:06 pm

    ဆူပြောတာဟုတ်တယ် . သူက လိုအပ်တာထက်ပိုပြီး ကျမနဲ့ဆူးကိုပြောတာ. ကိုရီးယားမ ှမ ဟုတ်တာ . အသံမထွက်တတ်တာ ဘာဖြစ်လဲ . ကျမ သူရဲ့ Post မှာ ကွန်မန်ပေးဘူးတာကိုလက်မခံနိင်ဘူးတူပါရဲ့ . သူတိုက်ခိုက်ပုံက ရီစရာတော့ကောင်းသား . အသံထွက်မှားပြီး ကင်ချီမကြိုက်ဘူးပြောလိူ.တဲ
    ပြီးတော့ ကျမက Fusan မြို့လေးလို့ပြောမိလို့တဲ့ .Metropolitan မြို့ကြီးပါတဲ့
    ဒီထက်လွန်လာရင်တော့ ပြောတော့မလို့. ခုဆူးပြောလိုက်တော့အတော်ပဲပေါ့ ။ကျေးဇူးဆူးရေ

  • nigimi77

    March 4, 2011 at 6:09 pm

    အင်း….မိန်းမ မာယာ သဲကိုးဖြာဆိုပဲ။

    ကျုပ်တောင်မှ ယောကျာင်္း တန်မဲ့ ပေါက်ကွဲရင် ခင်ဗျားက မိန်းမ တန်မဲ့ ပေါက်ကွဲမှာ အမှန်ပါပဲ။

    နားလည်ပေးပါတယ်။

    ဒါပေမဲ့……

    အဲဒီ ကွန်မန်းနဲ့ ပတ်သတ်ပြီး ရန်ကုန်ကို ခဏ လာလည်တဲ့ လူက ရန်ကုန်မှာ လည်စရာ မရှိဘူး လို့ ပြောတဲ့ လူနဲ့ မတူမနေဘူးလားတဲ့။ ကင်ချီဆိုတာ အရံဟင်း အနေနဲ့ စားကြတာ မြန်မာ ငပိလိုပေါ့.. မသိဘဲ အရမ်း မပြောနဲ့ ငါအဲဒီ မှာ နေတာ ၁ဝနှစ်ကျော်ဘီ ဆိုဘဲ…..

    ဒီလိုရေးထားတယ်နော်။

    ပေါက်ကွဲတာက ပေါက်ကွဲတာ သက်သက်။

    အမှန်တရားက အမှန်တရား သက်သက်။

    ကျုပ်က ပေါက်ကွဲ ပြတာ။

    ခင်ဗျားက ဖြေရှင်းချက်ထုတ်တာ။

    ဒါဆိုရင် အများက ဘယ်သူက ဘယ်လိုဆိုတာကို ဆုံးဖြတ်နိုင်အောင်

    ကျုပ်ရေးတဲ့ Comment ပြန်တင်ကြည့်ဖို ့ ဖိတ်ခေါ်ပါတယ်။

    ခင်ဗျားရေးတဲ့ Post တွေကို ဝေဖန်တဲ့ အခါ ကျုပ်က စိတ်မဆိုးစေချင်တဲ့ သဘောနဲ ့ ချစ်လို ့စတာ ဆိုတဲ့ အသုံး
    မျိုးကို သုံးပါတယ်။ ကျွန်တော်က ခင်ဗျားကို မသိ သလို ခင်ဗျားလဲ အတူတူပဲနေမှာပါ။

    သားပြောမယားပြောဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် Cyber Sex ကို လုံးဝ စိတ်မဝင်စားပါဘူး။

    ကျွန်တော် မတွေးမိတဲ့ အတွေးအခေါ်ကို ခင်ဗျားက တွေးမိတာကို ကျွန်တော် အတော် ချီးကျူးပါတယ်။

    ” ပိုစ် နဲ့ မဆိုင်ဘဲ မလိုအပ်တဲ့ ကွန်မန်း ဖြစ်နေလို့.. ဖျက်တာကို မနေ့ညက အော်ဟစ် ဆဲဆို နေတယ်။”

    ဆဲဆိုတယ် ဆိုတာက မိမိကိုယ်တိုင်က ဆဲဆိုတယ်လို ့ယူဆရင် ဆဲဆိုတာဖြစ်နိုင်ပါတယ်။ ဆဲဆိုတာမဟုတ်ပဲလဲ

    အပြုအမူဖြင့် သဘောထားကို ဖော်ပြခြင်းဟာလဲ ရံဖန်ရန်ခါ ဆဲဆိုခြင်း အဖြစ်ကို သက်ရောက်နိုင်တာမို ့
    ဘယ်သူကတော့ ဆဲပြီး ဘယ်သူကတော့ ဆဲဆိုခံရခြင်းအပေါ် တုန် ့ပြန်တယ် ဆိုတာကို တွေးကြည့်နိုင်ပါတယ်။

    ကျွန်တော်ဟာ ဒီရွာမှာ စတင်မွေးဖွားလာ (ပြောင်းလာတာ မဟုတ်ပါ) တဲ့ အချိန်မှာ အလွန် ရိုင်းစိုင်းပါတယ်။

    မွေးခါစ ကလေးတွေ မိဘ၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း၊ သူငယ်ချင်း၊ အပေါင်း အသင်းပေါ်မူတည်ပြီး ပြောင်းလဲ

    ဖြစ်တည် လာသလိုမျိုးပေါ့။ ဒီရွာကြောင့်ပဲ ကျွန်တော် ရိုင်းခဲ့ဖူးပါတယ်။ ဒီရွာကြောင့်ပဲ ကျွန်တော် အသိဉာဏ်

    တိုးခဲ့ပါတယ်။ ဒီရွာကြောင့်ပဲ ကျွန်တော် ပြုပြင်ပြောင်းလဲ တွေးခေါ်နိုင်တဲ့ ကိုယ်ပိုင် အသိစိတ်ဓါတ် ခံယူချက်နဲ ့ ယုံကြည်မှု ဆိုတာကို ရရှိခဲ့ပါတယ်။

    စကားပါးပါးလေး ထပ်ပြောပြရရင် ဒီနေရာဟာ ငါမှန်တယ်ထင်လို ့ ငါလုပ်တာကို တခြားသူကတော့ ဘယ်လိုမြင်သလဲ မသိဘူးဆိုတာကို သိချင်လို ့ ကိုယ့်ရဲ ့ Know-how ကို ထုတ်ပြလို ့ရတဲ့ နေရာလို ့ ထင်ပါတယ်။

    တခြားရည်ရွယ်ချက်တွေလည်း အများကြီးရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကျွန်တော်တို ့ အတွက်

    အတွေးအခေါ်ပိုင်း အသိအမြင်ပိုင်းဆိုင်ရာ ပိုပြီးတိုးတက်စေမယ် လို ့ယူဆပါတယ်။

    ကလေး ဘဝမှာ သူ ့ရဲ ့ အတွေးအခေါ်ဟာ မရင့်ကျက်သေးပါဘူး။

    မရင့်ကျက်တဲ့ အလျောက် သူဟာ မှားယွင်းစွာ (ရင့်ကျက်ပြီးသူတွေ မတွေးခဲ့ဖူးတဲ့) တွေးခေါ်မှုကြောင့်

    ဒါဟာမှားတယ် ဒါကတော့မှန်တယ် ဆိုတာကို ကိုယ့်ထက် အတွေ ့အကြုံ ရင့်ကျက်တဲ့သူက ထောက်ပြရင်

    ပြုပြင်ဖို ့ ဝန်မလေးတာ၊ လက်ခံဖို ့ဝနမလေးတာဟာ ကျွန်တော် ဒီ မန်းလေး ဂေဇတ်မှာ စာဖတ်ရတဲ့ အကျိုးကျေးဇူးကြောင့်လို ့ ယူဆပါတယ်။

  • shwe

    March 4, 2011 at 6:13 pm

    ထပ်ပြီးပြောရရင်တော့ သူပိုစ့်တစ်ခုမှာဆဲနေတာတွေ့တာ ။ ဘယ်သူကု်ပြောနေမှန်းမသိဘူး ။ခု ဆူးပိုစ် ကိုဖတ်ရတော့မှ ပဲ ဘာလို့ပတ်ရမ်းနေလဲ သိတော့တယ် .

  • nigimi77

    March 4, 2011 at 7:56 pm

    ဒီနေရာမှာ တခုပြောချင်တာက ကျွန်တော်ဟာ ကျား၊ မ လိင် ခွဲခြားမှုကို အားမပေးသူ တစ်ယောက်ထဲက အပါဝင်
    ဖြစ်တဲ့အတွက် ….

    “မိန်းကလေးတစ်ယောက်ကို အဲ့ဒီလို မထိခလုတ် ထိခလုတ် လုပ်တက်တဲ့လူမျိုး
    ယောကျားမျိုးက ဘယ်လို ယောကျားမျိုးပါလိမ့်။ ထဘီဝတ်ထားတဲ့ ကောင်လား
    so call man လား အဲ့ဒီလူတွေ ကိုတစ်ခုပြောလိုက်ချင်ပါတယ်…ဆိုတဲ့ ဝေဖန်ချက်ကို

    မိန်းကလေးပဲဖြစ်ဖြစ် ယောကျင်္ားလေးပဲ ဖြစ်ဖြစ် လိင်ဆက်ဆံတဲ့ နေရာကလွဲပြီး…. အတွေး အခေါ် အသိအမြင် အငြင်း အခုန်နဲ ့ ပတ်သပ်လာရင် လိင်မခွဲခြားပဲ ဆက်ဆံသွားပါမယ်လို ့ ကတိပေးပါတယ်။

  • etone

    March 5, 2011 at 2:06 am

    ဆူးရေ … သူကတော့ ချဉ်ဖတ်ပဲ သူနဲ့ ပတ်သတ်ပြီးဆက်ရေးမနေနဲ့ အချိန်ကုန်တယ် ၊ အလကားပဲ ။ နာဇီမလက်သစ်က ဖျက်လိုက်တယ်လို့ သဂျီးကို တိုင်ထားတာ တွေ့သေးတယ် … ။ မန်းထားတာကို ဘယ်သူကမှ အလကားမဖျက်ပါဘူး …. လက်မခံနိုင်လောက်တဲ့ ရေးသားချက်ကလွဲရင်ပေါ့… ။ သူက ရေးချင်တာရေးပြီး တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်နေတာ … မီးများမီးနိုင် ၊ ရေများရေနိုင်ဆိုပြီး ပို့စ်တွေ တန်းစီထွက်လာဦးမယ် ။ 😀

  • san

    March 5, 2011 at 3:36 am

    nigimi77 နဲ ့တော့ မသိပါဘူး။ ဒါပေမယ့် သူဝေဖန်ထားတာတွေကလည်း မမှားဘူးလို ့ ထင်ပါတယ်။ မိန်းကလေးမို ့ပြောတာတော့ မဖြစ်နိုင်ပါဘူး။
    nigimi77 က ရိုင်းတယ်ဆိုရင် ဆူးရဲ ့ အခု တုံ ့ပြန်ပုံကကောင်းတယ်တော့ မထင်ပါဘူး။ ကိုယ်ရဲ ့အမြင်အတိုင်း ဝေဖန်လို ့ရတယ်မဟုတ်လား။ ပုတ်ခတ်ဝေဖန်တာမျိုး မဟုတ်ရင်ပေါ့။

    • အာဖျံ ကွီး

      March 5, 2011 at 7:09 am

      ဘုမသိဘမသိနဲ. … ပိုစ့်တစ်ခုတည်းဖတ်ပီးပေးတဲ့ ရှေ.မမှီ နောက်မမှီ comment တွေကြောင့် ကျုပ်တော့ စိတ်ပိန်တယ်ဗျာ …

    • ဆူး

      March 5, 2011 at 7:11 am

      ဆူး မတုံ့ပြန်ချင်လို့ အေးအေး နေနေတာ..
      ပိုစ်နဲ့ မဆိုင်တဲ့ ကွန်မန်းနဲ့ သူတပါးကို ပုတ်ခတ်လိုတဲ့ စကား အသုံး အနှုန်းတွေ သုံးနေလို့ ကွန်မန်းကို ဖျက်လိုက်တာပါ။
      သူအတွက် ရှင်းလင်းချက် ပေးတဲ့ သဘောနဲ့ ပိုစ်တင်ပေးထားတာ။
      မကျေနပ်လို့ လာလာ ဆဲတဲ့ ကွန်မန်းတွေ မလိုအပ်လို့ ဖျက်လိုက်တယ်။
      ဖျက်ရကောင်းလား ဆိုပြီး http://myanmargazette.net/39772/mandalay-gazette-2/editors-notes-announcements-letters-to-the-editor
      မှာ သွားအော်ပြီး နေတာ.. သူ့ရဲ့ ဘာမှ ဦးတည်ချက် မရှိ ရည်ရွယ်ချက် မရှိဘဲ အော်နေတဲ့ ကွန်မန်းကို ဦးခိုင် ဖျက်ပေးထားတယ်။
      ဆူး ပိုစ်မှာ လာရေးတဲ့ ကွန်မန်းကိုတော့ ဆူး ဖျက်ထားတယ်။
      ဒီလို တုံ့ပြန်တာ သူအော်နေလို့ သိအောင် လုပ်ပေးတာ။
      ပြောတုန်းက တော့ ပြောပြီးမှ အခုမှ မိန်းမ မယာ သဲကိုးဖျာ လာလုပ်နေတာ။
      အရိုင်းအစိုင်းနဲ့ အဖက်မတန်လို့ အရေး မလုပ်ဘဲ နေပေမဲ့ ရွာထဲက ပိုစ်တိုင်းမှာ မကျေနပ် လိုက်မဲ ပြီး အော်နေတာ ရွာက လူတွေ အားနာလို့ ပိုစ်တင်ပြီး ရှင်းလင်းချက်ပေးထားတာ။

  • နီလေး

    March 5, 2011 at 4:30 am

    မိုးမိုးကပြောတယ် ငါမှားလားမင်းမှန်လားတဲ့—လင်းလင်းကပြောတယ် ငါဘက်ကမှားတာပါတဲ့ — G-Lattကပြောတယ် နှစ်ယောက်စလုံးမှားခဲ့တယ်— အောင်လ ကတော့ မှားတာရှိရင်တောင်းပန်ပါတယ်တဲ့-

  • ogre

    March 5, 2011 at 4:57 am

    nigimi77ဘော်ဒါေ၇..ကလေးတွေကိုသိပ်မကြပ်ပါနဲကွာ…
    သိပ်လည်းဖွမနေနဲ့….ရှုပ်ပွကုန်ရင်သိမ်းရခက်တယ်…….
    ….ဘီလူး…….

  • bigcat

    March 5, 2011 at 5:17 am

    ကဲကဲ by gone be by gone ဗျာ။ အန်တီဆူးရော ကိုနိဂိမိရော နှစ်ဦးစလုံးက ရွာထဲမှာ စာရေးကောင်းသူတွေပါ။ တဦးနဲ့တဦး စရိုက်ကွာလွန်းလို့ ဖြစ်တယ်လို့ထင်ပါတယ်။ ဘယ်သူလွန်လဲဆိုရင်တော့ စတိုက်ခိုက်သူကလွန်ပါတယ်၊ ဒါပေမဲ့ ဘယ်သူကဘယ်လိုမျိုး ရေးတတ်တယ်ဆိုတာသိထားလို့ သိပ်တော့အထူးအဆန်းမဖြစ်မိပါ။ ကိုနိဂိမိမှာ ကြိုက်သလို ဝေဖန်ပိုင်ခွင့်ရှိရင် အန်တီဆူးမှာလည်း သူ့စိတ်ကြိုက် တုံ့ပြန်ပိုင်ခွင့်ရှိပါတယ်။ နှစ်ယောက်စလုံးလည်း ကိုယ်လုပ်ချင်တာလုပ်ပြီးသွားပြီမို့ move on to next chapter ကြပါဗျာ။ ကျနော်ကတော့ သဂျီးကိုဝိုင်းဆော်စေချင်တာပါပဲ။ သူအုပ်ချုပ်တာမတတ်လို့ အမှိုက်ကစ ပြသာဒ်မီးလောင်ရတာပါ။ ဦးဆောင်နွားလား ဖြောင့်ဖြောင့်စားဖို့ (သက်သတ်လွတ်) အရေးကြီးပါတယ်။

  • ဆူး

    March 5, 2011 at 7:18 am

    ဦးကြောင်ကြီးရေ.. ဆူး ရန်မလို ချင်လို့ အေးအေးဆေးဆေး နေနေတာ.. သူက ဘောင်ကျော်အောင် စော်ကားလို့ ပြသနာ ထဖြစ်တာ။
    ကွန်မန်း ဖျက်တယ် ဆိုတာ.. ကိုယ့်အိမ်ကို လာတဲ့ စာ ကိုယ်မလိုချင်ရင် ဆွဲဆုတ်ပိုင်ခွင့်ရှိတယ်။ ပိုစ်နဲ့ မဆိုင်တဲ့ ကွန်းမန်း ဖြစ်ပြီး သူများကို အသားယူ သလိုလို နစ်နာ စေချင်သလိုလို မထိ တထိ နဲ့ ထိကပါး ရိကပါး လာစော်ကားတဲ့ စကားမျိုးတွေ ပါနေလို့ ဖျက်တာ။
    ဖျက်တဲ့ ကိစ္စ အော်ဟစ် သောင်းကျန်းနေလို့.. ပိုစ်တင်ပြီး ရှင်းပေးတာ။
    သူလို အရိုင်းအစိုင်း နဲ့ အဖက်လုပ်ပြီး စကားပြောချင်စိတ်မရှိလို့ကို တမင် အရေးမလုပ်တာ။ ရွာထဲက လူတွေ ကို အားနာလို့ ပိုစ်တင်ပေးထားတာပါ။
    ဒီရွာထဲမှာ စာရေးနေတာ အချိန် အတိုင်းအတာ တခု အရ ဘယ်သူက ဘယ်လို စတတ် နောက်တတ် တယ် ဆိုတာ လူတိုင်းသိတယ်။
    ဘကြီးပု တို့ မကျေနပ်လို့ ဆဲရင်တောင် သူများ တည့်တည့် နာမည် တပ်ပြီး နိပ်ကွပ် မဆဲဘူး။ လူဆိုတာ သူ့ အတိုင်း အတာ နဲ့ သူရှိတယ်။
    စကားဆိုတာ သူများကို နာအောင် ပြောတာနဲ့ မနာစေဘဲ သိအောင် ပြောတာနဲ့ မတူဘူး။ ဦးနှောက် ရှိသူများ သိကြမှာပါ။

  • တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား

    March 5, 2011 at 7:25 am

    ကျုပ်တို ့က စာလာဖတ်တာပြီးတော့ဆွေးနွေးတာ
    ခင်ဗျားတို့လင်မယားတေရန်ဖြစ်တာလာနားထောင်တာမဟုတ်ဘူး
    ဒီမိုကရေစီကျကျပြောပိုင်ခွင့်ရှိကြပါနယ်

  • Gipsy

    March 5, 2011 at 7:39 am

    အင်း…ခက်တော့တာပါဘဲ……….ကိုစစ်သားရယ်…တိုင်းပြည်အတွက်စွန့်စားပေးပါ…M G က ခင်ဗျား လာရမဲ့
    နေရာမဟုတ်ဘူးဗျ…..
    အဲ လာချင်ရင်တစ်ခုတော့ရှိတယ်…wash လုပ်ထားခံရတဲ့ ခင်ဗျား ဦးနှောက် ကို အစားထိုးပြီးမှ လာခဲ့…….
    မဆူးနဲ့ စာအရေးသားကောင်းတဲ့ ko တပ်မ 77 ကြီးတို့စစ်ပြေငြိမ်းအောင်ဘာပြောရမလဲ စဉ်းစားနေတာ
    ခင်ဗျားကတစ်မျိုး……လာလုပ်မနေနဲ့ ..မဖတ်ချင်ရင်ကျော်ဖတ်ဗျာ…
    ဒါပေမဲ့ စီနီယာကြီးတွေကို မစော်ကားပါနဲ့……………:o

  • kai

    March 5, 2011 at 7:41 am

    ဒီအကြောင်းဆက်မပြောကြပါနဲ့တော့နော..။
    ရှေ့ပဲဆက်သွားကြရအောင်။

    ဒါနဲ့ပါတ်သက်ပြီး ထပ်တက်လာတဲ့ ပို့စ်တွေ၊ ကော်မန့်တွေ အကုန်ဖျက်ပါမယ်..။
    ဒါမှမရရင်..သူကြီး၂လုံးပြူးနဲ့တွေ့ပြီမှတ်ပေတော့..။ 🙂

    ( ဒီပို့စ်ကိုလည်း ကော်မန့်တွေ ဆက်မန်းလို့မရအောင်လုပ်လိုက်ပါမယ်..။)

Comments are closed.