Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရုပ်ရှင်မရိုက်ကြေးနော် Acting

လတ်တလော သတင်းတွေမှာ အောက်လွှတ်တော်ငှက်ကထ ဦးရွှေမန်းရဲ့ လက်ရှိနိုင်ငံရေး အနေအထားအပေါ် ပွင့်လင်းတဲ့ ဝေဖန်ချက်များ၊ အဆိုပြုချက်များ မီဒီယာတွေမှာ ဖတ်ရပါတယ်။ ဒါ စစ်တပိုင်းအစိုးရအတွင်း အကွဲအပြဲလား၊ ပါတီတွင်း ဒီမိုကရေစီပုံစံ လုပ်ပြနေတာလား၊ ဘာလား ညာလား တခုခုပဲ။ အကြောင်းအရင်းခံ တခုခု သေချာပေါက်ရှိရမယ်။ အချို့ကလည်း အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး နှစ်ပိုင်း အားပြိုင်နေပြီ၊ အစိုးမရ အဖွဲ့အတွင်းမှာကို နှစ်ဖွဲ့သုံးဖွဲ့ကွဲနေတယ် စသဖြင့် ပြောကြတယ်။ မိုးပေါ်က သိကြားမင်းကို နိုင်ငံရေးနဲ့ နတ်ပြည်ရေး မရောထွေးအောင် ဖယ်ထားရင် တကယ်သိနိုင်သူများဆိုလို့ နေပြည်တော်မှာ ကတုတ်ကျင်းတူး ပုန်းနေတဲ့ စီနီယာတက်ခြုပ်ကျီးနဲ့ အမေရိကန်စီအိုင်အေ နှစ်ဦးသာ ရှိပါမယ်။
စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးပုံစံကိုပြောင်းတော့ ဦးရွှေမန်းကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ပုံဖော်ထားခဲ့တယ်။ အဲဒီအယင် ၂၀၀၄ခုနှစ်မှာ ဦးခင်ညွှန့်တို့ စစ်ထောက်လှမ်းရေးအဖွဲ့ အဖျက်သိမ်းခံရစဉ် ဗိုလ်ချုပ်ရွှေမန်း ‘တရားဥပဒေအထက် မည်သူမှမရှိစေရ’ တီဗွီမှာ ပြောခဲ့တာ မှတ်မိကြအုန်းမယ်ထင်တယ်။ တိုက်ဆိုင်မှုလို့ မထင်လိုက်ကြနဲ့နော်။ တိမ်တောင်သဖွယ် မင်းရေးကြွယ်တဲ့၊ တိုင်းရေးပြည်ရေးမှာ တိုက်ဆိုင်မှု ဆိုတာ မရှိဘူး၊ လုပ်ကြံဖန်တီးမှုသာ ရှိတယ်။ အဲဒီကထဲက အစပျိုးထားခဲ့တဲ့ ဇာတ်လမ်း အဆက်များလား။ ပညာရှိများ ပြေးကြည့်ရင် တွေးကြည့်တာထက် သေချာပါတယ်…။
မျှော်လင့်ချက်နဲ့ကြည့်ရင် စစ်တပ်ကနေ ပြုပြင်ပြောင်းလဲရေးသမားတဦး ထွက်ပေါ်လာတယ်၊ သို့သော် အန်အယ်ဒီရော စစ်တပ်ပါ ထိပ်ဆုံးခေါင်းဆောင်အပေါ် စုပုံမှီခိုထားတယ်တာကို မမေ့ဖို့မယ်။ အန်အယ်ဒီကို နည်းမျိုးစုံနဲ့ ဆယ်စုနှစ် နှစ်ခုကျော် ဖိနှိပ်ခဲ့ပေမဲ့ မပြိုလဲခဲ့ဘူး၊ ဖိအားများလေ ကျန်သူများ ပိုစည်းရုံးလေ။ စစ်တပ်လည်း ဒီသဘောပဲ၊ ပြည်တွင်း ပြည်ပ ဖိအားပေးမှု ခံရလေ၊ တသွေးတသံတမိန့် ပိုဖြစ်လေပဲ။ အဲသလို အနေအထားကနေ ရုတ်ခြည်းပြောင်းလဲတယ်ဆိုတာ သူတို့ဂိုဏ်းချုပ်ကြီး ရှိလျက်နဲ့မို့ သိပ်ထူးဆန်းတယ်။ မသင်္ကာဖွယ်ရာ အတိပဲ။ အိမ်ထောင်တခုမှာ လင်မယားနှစ်ဦး ရန်ဖြစ်ရင်တောင် ဖုံးဖိထားဖို့မလွယ်တာ အစိုးရ အဖွဲ့လို အုပ်ချုပ်ရေးအဖွဲ့အတွင်း တကယ်သဘောထားကွဲတယ်ဆိုရင် သတင်းပေါင်းစုံ ပြန့်ကျဲထွက်နေရမယ်။ အခု ထွက်နေတဲ့သတင်းတွေက အစီအစဉ် ရှိရှိထွက်နေတဲ့ သဘောပိုများတယ်။
စကားများတာ မကျေနပ်တာ အဖွဲ့အစည်းတိုင်းမှာရှိလို့ ချဲ့ကား မတွေးကြရင် ပိုကောင်းမယ်။ ဦးသိန်းစိန် သမဒလုပ်နေလို့ ကြက်ဖွတ်ပါတီ ရွေးကောက်ပွဲနိုင်ဖို့ ဦးရွှေမန်းမှာ တာဝန်ရှိတယ်။ ကြားဖြတ် ရွေးကောက်ပွဲ နီးနေပြီ၊ ဒေါ်စုကို လူထုထောက်ခံမှု တအားများနေတယ်၊ နာမည်ပျက် ကြက်ဖွတ်ပါတီ အဖတ်ဆည်နိုင်ဖို့ အန်အယ်လ်ဒီရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်နဲ့ ရောင်တော်ပြန် ရောလွှတ်တာ ဖြစ်နိုင်တယ်။ နိုင်ငံရေး အသိအမြင် မကြွယ်ဝတဲ့ တောသူတောင်သားတွေ၊ ဖိအားပေးလို့ရမဲ့ ဝန်ထမ်းတွေကို ဦးရွှေမန်းနဲ့ အချိုသတ်စည်းရုံး၊ တဖက်ကလည်း အာဏာပြ ခြိမ်းခြောက် နှစ်ဖက်ညှပ် မဲဆွယ်နိုင်တယ်။
ငါးထောင်တန် မိုဘိုင်းလ်ဖုံးလိုမျိုးကို လွှတ်တော်အတွင်းမှာ ကြက်ဖွတ်အမတ်များ ကြားဖြတ်ရွေးကောက်ပွဲ အချိန်ကိုက် ဆွေးနွေးမယ်ဆိုတာ၊ ဦးရွှေမန်းပြောတဲ့ ဝန်ထမ်းလစာတိုးရေးဆိုတာများကို ဆက်စပ်တွေးကြပါ။ ၂၀၁၂ ခုနှစ်မှာ အစပျိုး လေသံပစ်၊ ၂၀၁၃ခုနှစ်မှာ ဆွေးနွေးငြင်းခုံ၊ ရွေးကောက်ပွဲ အကြိုကာလ ၂၀၁၄ – ၂၀၁၅ ခုနှစ် လောက်ကျရင် အကောင်အထည်ဖော်လိမ့်မယ်။ စစ်တပိုင်းအစိုးရက အစိုးရ၊ လွှတ်တော်၊ စစ်ကောင်စီ သုံးခုကို အခြေခံပြီး ရွေးကောက်ပွဲကော်မရှင်၊ အခြေခံ ဥပဒေ တရားရုံး စတာတွေနဲ့ ရံထားတယ်။ အစပိုင်း ဖိနှိပ်မှုတွေကို ဒေသဆိုင်ရာ အစိုးရတွေက လုပ်နေတယ်၊ ဗဟိုအစိုးရက မသိချင်ယောင်ဆောင်မယ်။ ပြသနာ ကြီးထွားလာရင် နာမည်ကောင်းယူ ပြန်ဖွင့်ပေးမယ်။ အမှတ်ယူလွန်သွားရင် ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) အဖွဲ့မျိုးကနေ ပယ်ချမယ်၊ ဒါမှမဟုတ် တရားရုံးချုပ်ကနေ ပိတ်ပင်မယ်။ အဖွင့်အပိတ် ထောင်ချောက် အများကြီးရှိထားတယ်။ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးများကို နှောက်ယှက်ဟန့်တားတဲ့ ဖြစ်ရပ်များမှာ ဒီသဘောမျိုးတွေ မြင်နေရပြီ။ သတိရှိကြပါ၊ နိုင်ငံရေးသမားများ၊ စာနယ်ဇင်းများကနေ အပြုသဘော ကြိုဆိုတာ မမှားပေမဲ့ ဆင်ခြင်တုံမဲ့ အမျှော်လွန် ချဉ်းကပ်မှုမျိုးဆိုရင်တော့ ပြည်သူကို လှည့်ဖြားရာရောက်ပါမယ်။

23 comments

  • နှူးဘာဂိုဏ်းချုပ်

    February 23, 2012 at 12:34 pm

    အင်း ….

    တခါတခါများ တွေးမိလေရဲ့ ….
    ဦးကြောင်ကြီး ဆိုတာ သဂျီးရဲ့ ကလောင်ပွားများလား လို့….
    (အဲ့ …. သဂျီးကို ဘေ့စ့်ယူပြီး ပြောမိသလိုဖြစ်ရင် …နောက်တနည်း)
    ကြောင်သည် ခိုင် များလား လို့ …

    ဘာလို့လဲဆို ..

    ဦးကြောင်သည်
    သဂျီးကို ရိတဲ့ သမတဲ့ နေရာမှာ ၂ယောက် မရှိတာမို့ … 😀

    သဂျီးသည်
    အပ္ပလိုင်း ဆိုက်ခေါ်လော်ဂျီ မှာ တဖက်ကမ်း ခတ်သွားပြီးသကာလ …
    ရွာတွင်း အင်အားမျှခြေ အတွက်သော်လည်းကောင်း …
    ဆန့်ကျင်ဘက် အချင်းချင်းထောက်ကန်ပေးထားမှု အတွက်သော်လည်းကောင်း…
    Yin& Yang ပေါ့ဗျာ …

    ၂ဦးစလုံးသည်
    လွန်စွာ လက်ရည်ညီသော အဆင့်မြင့် သိုင်းသမားများ ဖြစ်တာက တကြောင်း…
    ကြောင်သည် ပါးနပ်သည့်ဂုဏ်မြောက်ပြီး ခိုင်သည် ဂျာပန်လို ခရု(ဝင်ကစွပ်) ဟု အဓိပ္ပါယ်ထွက်သောကြောင့်
    သံသယ ထားစရာ ရှိတာက တကြောင်း ..
    တယောက်အရှေ့ဖျား တယောက် အနောက်ဖျားဖြင့် အမေဒစ်ကင်န် ပြည် ကို အရှေ့အနောက် သဘောတရားဖြင့်
    ရှေ့နောက် နေနေကြတာ ကတကြောင်း …
    တယောက် အပြောင် ပြောသော နေရာတွင် တယောက်က ကီးမြင့်မြင့် ဟဲလေ့ရှိတာ ကတကြောင်း ..

    တိုက်ဆိုင်မှု ဆိုတာ မရှိဘူး လုပ်ကြံမှုပဲ ရှိတယ်ပြောတဲ့ ဦးကြောင် နဲ့
    လက်တွေ့မကြုံရင် မယုံဘူး ဆိုတဲ့ လက်တွေ့သမား သဂျီး ကိုတော့ဖြင့် ….

    မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာပဲ ရှိတယ်ဆိုသော အယူအဆ ဘက်ကထောက်ချင့်ပါက
    မဖြစ်လောက်ဘူး ပြောရန် မဖြစ်နိုင်သေးသမို့ ဖြစ်နိုင်ချေဆိုတဲ့ အယူအဆ ဘက်က ပြောရရင်ဖြင့်
    ဖြစ်ကောင်း ဖြစ်မှာမို့ ဖြစ်ချင်လည်း ဖြစ်နေမပေါ့လေ. …

    ခင်တဲ့….

    • နှူးဘာဂိုဏ်းချုပ်

      February 23, 2012 at 12:34 pm

      စာကျန်သွားလို့ခည …

      P.S တယောက်တည်း မဟုတ်မှန်းသိပါတယ်. … ဝင်ညှော်ကြည့်တာပါ …(ဝါ)
      မဖွပါနဲ့ကွာ လို့ လာဘ်ထိုးပြီး လာပိတ်သွားလို့ အပေါ်ကရေးတာတွေ တခုမှ မဟုတ်ပါဘူးခည…လို့…

      ဟီဟိ….

      ဒက်ဂလောက် …ဒက်ဂလောက်

    • nozomi

      February 23, 2012 at 12:51 pm

      ဂီဂီ ရေ အဲဒီ ကိစ္စ ဖြစ်နိုင် မဖြစ်နိုင် ရွာထဲမှာ စစ်တမ်းကောက်ကြည့်ပါလား
      လုပ်ဖြစ်ရင် ဖြစ်နိုင်တဲ့ အထဲ တမဲ ကြိုထည့်ပေးထားစမ်းပါ ဗျာ

  • thureinmaung

    February 23, 2012 at 12:35 pm

    သံသယနဲ့ကြည့်ယင်
    သံသယဖြစ်ချင်စရာတွေကအများကြီးပါဘဲ၊
    တစ်ဘက်ကကြည့်ပြန်ယင်လည်းအာဏာရှင်စနစ်မစင်တုံးတွေကပ်ကျန်နေသေးလို့
    အဲဒီအရှိန်နဲ့အနံ့တွေထွက်နေတာလားဆိုပြီးတခါတလေလျှော့ပေါ့စဉ်းစားမိပါတယ်။
    ကိုကြောင်ကြီးပြောတာကိုလဲထောက်ခံတယ်၊ဦးရွှေမန်းကိုလည်းယုံချင်တယ်၊
    ဒါပေမယ့်အခုချိန်ကစပြီးကိုယ့်ညဏ်နဲ့ဆင်ခြင်၊အစစအရာရာသတိကြီးကြီးထားပါတော့မယ်၊
    ဘာလို့လည်းဆိုတော့ဒေါ်စုလည်းလွှတ်တော်ထဲမရောက်သေးဘူး၊
    သူနဲ့ NLD ကိုလည်း(လွှတ်တော်၊အစိုးရမီဒီယာထဲမှာ) လိုလိုလားလားရှိပုံမတွေ့ရသေးဘူး။

  • the best

    February 23, 2012 at 12:38 pm

    ယုံချင်ယုံ မယုံချင်နေ။
    ယုံကြည်ခဲ့ပြီးလို့ တရားဥပဒေအထက်မှာ အာဏာပြ ခြိမ်းခြောက် ဖိနှိပ်မှုတွေ အများကြီးရှိတာ မြင်နေရတယ်။
    မယုံရဲတာ အမှားလား။

  • blackchaw

    February 23, 2012 at 12:53 pm

    ဘယ်သူဟာ ဟန်ဆောင်ကောင်းတာ သိပြီဟေ့
    တစ်သက်လုံး ဟန်ဆောင်စမ်း….
    သွားစမ်းပါ..
    မာယာတွေရိုးနေပြီကွာ…

  • ခုချိန်မှာတော့ ကိုကြောင်ကြီးရေ လက်ရှိကြံ့ဖွတ်တွေမှာလဲ အခက်ကြုံနေရချိန်ပါ။
    တဖက်မှာ အမေစု အောင်မြင်နေတာကို အကောက်ကြံပြီး ဖျက်ကြ၊ဟန် ့တားကြ
    အုံးမှာပါ။ဒါကို အသိဉာဏ်နည်းတဲ့ တောရွာတွေဖက်ကလူတွေ၊အကြောက်တရား
    ကြီးစိုးနေသူတွေကြောင့် ပေါ့။အားလုံးတူညီ ရဲ ရဲ ဝံ့ဝံ့ ကိုယ့်ဆန္ဒကိုထုတ်ဖော်ပေး
    ကြဖို ့အချိန်တန်ပီ။
    ဒီတစ်ခါတော့ ပွဲကောင်းမှာ တွေ ့ကြပီပေါ့ဗျာ။

  • ba gyi

    February 23, 2012 at 1:15 pm

    ကိုကြောင်ကြီးဘာလို ့ဟုတ်က ဟုတ်က တွေပြောနေထွာလည်း၊
    သရုပ်ဆောင်ရင်းသရုပ်ပါလာမှတော့ အကယ်ဒမီရလာမှာပေါ့
    မြန်မာပြည်မှာ အကယ်ဒမီရပြီး ရင် ကျသွားကြတာများတယ်နော်။
    —————-။
    ကျနော်တို့ ဘယ်တော့မှ နောက်ကြောင်းပြန်မလှည့်ဘူး
    ဒါ သူတို့ဘက် မှာအခိုင်အမာဆိုတဲ့သဘော။
    —————။
    တပ်မတော်ဦးတည်ချက်မှာ-
    ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရေး၊
    အမျိုးသားရေးဦးဆောင်မှုမှာ တပ်မတော်ပါဝင်ရေး
    ————–။
    ဖွဲစည်းပုံ ကပြည့်စုံပြီးသားပဲ ဘာပြင်စရာမှမရှိပဲ လို့ ကြံ့ဖွတ် ဗိုလ်ဌေးဦးစကား။
    ————-။
    ကျနော်လွှတ်တော်မှ ပြောတဲ့ စကားလုံးတွေတောင် သီတင်းစာထဲမှာဖြတ်တောက်ခံရတယ်လို့ ဦးရွှေမန်း
    ပြောတဲ့စကား။
    —————။
    ကျုပ်ဘောပွဲတစ်ပွဲကြည့်ဘူးတယ်၊ လစ်ဗာပူး ချန်ပီယံလိဂ် နောက်ဆုံးဝင်တဲ့နှစ်ပေါ့။
    အဲဒီမှာ မန်ယူနဲ့တွေ့တဲ့ပွဲ၊ထုံစံအတိုင်းပရိသတ်က မန်ယူ၊ ကျုပ်တစ်ယောက်ထည်းပဲထင်တယ်လီဗာပူး။
    ကျုပ်အသံမထွက်ရဲဘူးကျိတ်ပဲဆုတောင်းနေရတာ။ ခဏကြာတော့ ပရိတ်သတ်ထဲမှတစ်ယောက်အားမလိုအားမရဖြစ်ပြီး၊မန်ယူကိုထဆဲရော၊ သည်ကောင်တွေအသုံးသည်လောက်မကျဘူး၊ဘာညာပေါ့၊ အဲဒါ ကျန်မန်ယူတွေသူ့ဘက်မျက်စောင်းထိုးပြီး၊ ဝိုင်းကြည့်တော့မှ ။ ထိုသူကလက်ကာပြီး ကျနော်လည်းမန်ယူပါဗျ၊ရှုံးနေလို့ လောင်းကြေးကလေးပါတော့မှာပဲဆိုပြီး ဆဲရတာပါ။ ဆိုတော့မှ ကျန်သူတွေပြန်လှည့်ပြီးဘောပွဲဆက်ကြည့်တော့တာ။ အဲသည်ပွဲမှ လီဗာပူးအနိုင်ရသွားပါသဗျား။
    သည်တော့ ဟန်ဆောင်တယ်ဆိုလည်း ခဏပဲ ဖြစ်နိုင်မှာပါ။ ကြာရင် အချင်းချင်းထချမိမှာမို့လို့ပေါ့။
    ကောင်းသလိုမျိုးဟန်ဆောင်တာများလာရင်- တစ်ကယ်ကောင်းသွားတတ်တာလည်းသဘာဝပါ။
    ကောင်းမွန်စွာဆောင်ရွက်ခြင်းရဲ့ အများချီးကျူးသံ၊အားပေးသံဟာ သူတို့ နှလုံးသားကို ဖမ်းစားနိုင်ဘို့ပဲ လိုပါတယ်။ ကျနော်တို့နိုင်ငံမှာလိုအပ်နေတာက သူတို့ဘက်မှ တစ်ကယ်တိုင်းပြည်ချစ်ပြီးပြည်သူနဲ့တစ်
    သားတည်းကျအောင်၊ဖေါက်ထွက်တဲ့အင်အားစုလိုနေတာပါ။

  • kai

    February 23, 2012 at 1:16 pm

    ပုံမှန်အတိုင်းဆိုရင်တော့.. ကြားဖြတ်ရွေးကောက်ပွဲ.. ဘာမှ.. တွန်းတွန်းတိုက်တိုက်မဖြစ်ပါဘူး..
    NLDက.. ၅ဝ ရာခိုင်နှုန်းအထက်နိုင်ပါမယ်..။
    ပြည်ခိုင်ဖြိုးက.. နိုင်ငံရေးအပါးဝတယ်ဆိုရင်.. ၇၅ရာခိုင်နှုန်းအထက် အနိုင်ပေးလိမ့်မယ်..။

    အာဟိ…
    ( ဂီဂီတယောက်. အိုင်ပီလိပ်စာတွေစစ်ပြီး.. ခြောက်နေပါကြောင်း..။ ။ ခေါင်း..)

  • ba gyi

    February 23, 2012 at 1:35 pm

    ဟီး ဟီး သူကြီး ကကြံ့ဖွတ်ကြီးကို နိုင်ငံရေးပါးဝတယ်ဆိုပြီးလက်ခုပ်သံပေးလိုက်ပါသဗျား။
    ကဲ ကဲ သည်လောက်ကလေးနိုင်သွားလို့ မထိခိုက်နိုင်ပါဘူး အနိုင်ယူစေဗျား၊အဲ —သို့သော်–၊
    ကိုယ့်အဖွဲ့သိက္ခာလေးရှိသေးတော့ (၇၅%) နေရာလောက်ကို ၊သဘောထားကြီးပေလိုက်ပါ့မယ် ဟဲ ငှဲ ငှဲ ။
    ကျုပ်တို့ကမညစ်ပတ်ပါဘူး၊ ဒါလေ ပြည်သူဒွေသိပါတယ်နော်။
    ကဲ ကိုကြောင်ရေ အနော့်နဲ့ သူကြီးကို သရုပ်ဆောင်ကြေးပေးတော့။

  • kyeemite

    February 23, 2012 at 3:13 pm

    ကျုပ်လည်း ကိုကြောင်ကြီးနဲ့ တစ်သဘောတည်းဘဲ…ဒီအဆင်တမင်ထွင်နေတာ
    အသိသာကြီးပါဗျာ…လတ်တလော အစိုးရဘတ်ဂျက်အခြေအနေအတိအကျကို ကိုရွှေမန်း
    မသိနေမလား…ဝန်ထမ်းတွေဆီကမဲပြားအတွက် ပဲများနေတာပါ..
    ငါးထောင်တန် မိုဘိုင်းလ်ဖုံးလိုမျိုးကို လွှတ်တော်အတွင်းမှာ ကြက်ဖွတ်အမတ်များ ကြားဖြတ်ရွေးကောက်ပွဲ အချိန်ကိုက် ဆွေးနွေးမယ်ဆိုတာသာကြည့်…ဆက်သွယ်ရေးဥပဒေနဲ့မညီလို့ ခွင့်မပြုနိုင်ဘူးပြောတာကကော.. ကြက်ဖွတ်ဝန်ကြီးဘဲမဟုတ်လား…
    အသိသာကြီးပါ…တစ်သက်လုံးလိမ်လာတဲ့လူတွေ…အားရင်တောင် ကိုယ့်ပေါင်ကိုယ်လိမ်နေတဲ့လူတွေ..
    ကျော်ဟိန်းသီချင်းလေးနဲ့အဆုံးသတ်လိုက်မယ်….“မင်းရဲ့မေတ္တာတရား…အလကား..ဒို့မယုံဘူး..”

  • စိန်ပေါက်ပေါက်

    February 23, 2012 at 3:22 pm

    သရုပ်ဆောင်နေကြရင်တော့ နားပြားပြီပဲတော့ 😆
    သိပ်တော့ ရှော့ခ် မရှိပါဘူး..
    ယုံတဲ့သူကလဲ ယုံတုံတုံပေါ့.
    မယုံတဲ့လူတွေကလဲ ဟာကွက်တွေပဲ လိုက်ထောက်နေမှာပဲနော့
    ဒီတစ်ခါ ရွေးကောက်ပွဲတော
    အရင်ရွေးဂေါက်ပွဲလောက် အရူးကွက်နင်းဖို ့ သိပ်မလွယ်တော့ပါဘူး..
    တစ်ခုရှိတာက ဘသူ ့မှတော့ ရှော ့တွက်လို ့မရဘူး..အဲတာ.အဲတာ
    ယုံတဝက် မယုံတယုံ တဝက် 😀
    သဂျီးဟာ အူးကြောင်ကြီးလား..ဦးကြောင်ကြီးဟာ သဂျီးလား ဆိုတာလဲ မယုံတဝက် ယုံတဝက်

    အီးပါချင်လို ့ခဏ
    ဗျစ်..ဗျစ်..

  • alinsett

    February 23, 2012 at 6:32 pm

    ဦးကြောင်..ရေ…
    ကျွန်တော်တို ့ ရဲ ့အသံ…က ဦးကြောင်..ပါပဲ.လို ့ပြောချင်လာပြီ ခင်ဗျ ။

  • ဦးဦးပါလေရာ

    February 23, 2012 at 6:40 pm

    စစ်ဗိုလ်တော်တော်များများက
    နေရာတိုင်းကို စစ်မြေပြင်လိုပဲ မြင်နေပြီး စစ်မြေပြင်လိုပဲတုန့်ပြန်လေ့ရှိပါတယ်။
    အင်း…. စစ် ဆိုတာကတော့
    နိုင်ဘို့သာအဓိက…
    ဘာကိုချနင်းရသည်ဖြစ်စေ၊ ဘာကိုစတေးရသည်ဖြစ်စေပေါ့……………

  • ရွှေဘိုသား

    February 23, 2012 at 7:39 pm

    ဦးကြောင်ပြောပြသွားတာကျေးဇူးတင်တယ်ဗျာ ဆက်စပ်တွေးကြည့်ရင် ဖြစ်နိုင်တာတွေများတယ်
    ကျနော်ကတော့ အတွေးကမမှီဘူးဗျို့ ကျနော့်စိတ်ကတော့ မောင်သန်းရွှေနဲ့ဆက်စပ်တက်လာတဲ့ အစိုးရကိုမဖြစ်စေချင်တော့ဘူး ဒါမှ ပြည်သူတွေလည်းကောင်းစား မောင်သန်းရွှေကိုလည်း အနောက်အုပ်စုက ခုံတင်မှာ အခုမောင်သန်းရွှေတို့က ဦးသိန်းစိန်ကိုအနောက်အုပ်စု အမြင်ကြည်ပြီးသားသူမို့ ဗန်းပြပြီးကြိုးထိန်းနေသေးတယ် အနောက်အုပ်စုကလည်း မောင်သန်းရွှေတို့ကိုလုပ်ချင်ရင်တောင် ဦးသိန်းစိန်မျက်နှာကြည့်နေရတဲ့အဖြစ်မျိုးဗျ အနောက်အုပ်စုက ဦးသိန်းစိန်ကို အရင်နောင်တော်ကြီးတွေလို မဖြစ်စေချင်လို့ထင်တာပဲဗျာ

  • MaMa

    February 23, 2012 at 10:58 pm

    ရုပ်ရှင်မရိုက်ပဲ အကယ်ဒမီ ရသွားသူအဖြစ် ရွာလူကြီး ဦးကြောင်ကြီးကို မှတ်တမ်း တင်အပ်ပါသည်။
    (လေးစားပြီး ငါးကျွေးသွားပါတယ်။) 😀

  • mg mg

    February 24, 2012 at 9:12 am

    နှစ်နှစ်ဆယ်ကျော် အမှောင်ကမ္ဘာငါးပိအိုးထဲကဘဝတွေအတွက် မပြောပလောက်တဲ့အလင်းရောင်လေးပေမယ့် မြင်ခွင့်ရလိုက်တဲ့အခိုက်လေးမှာ ဘာပဲပြောပြော ယုံသော်ရှိ မယုံသော်ရှိ ကြိုးစားကြည့်ရမယ်ထင်ပါတယ်။ နဲနဲလောက် အကောင်းမြင်ကြည့်လိုက်ကြရအောင်လားဗျာ။ ဂိုဏ်းချုပ်ကြီးရေ ခင်ဗျားပြောတဲ့ ….လားလို့ ထဲကို စိန်ပေါက်ပေါက်ပါထည့်သင့်မယ်ထင်တယ်ဗျာ၊ ဇာတ်ခုံပေါ်မှာ တစ်ခါတစ်ရံ ကြမ်းပြီး တစ်ခါတရံနု၊ တစ်ခါတစ်ရံကြတော့လဲ အရူးကွက်နင်းရတာတွေရှိမဟုတ်လား။

  • memeseku

    February 24, 2012 at 4:48 pm

    မောင်ကြီး ကြောင် ကြီး… ဒို.လဲအားကိုး ဘရစေ နော်…

  • Khin Latt

    February 24, 2012 at 6:39 pm

    ကကြောင်ကြီး ရဲ့ Post ကို မနေ့ညထဲက မန့် ချင်လို့ ဖတ်ခဲ့တာ။
    ဘေးက ဖတ်တယ်။
    နောက်ကလဲဖတ်တယ်။ အရှေ့ကလဲဖတ်တယ်။
    အောက်ရော အပေါ် ကရော လှည့် ပြီးဖတ်တယ်။
    အတွေးအခေါ်တွေ က မြင့်သလားမမေးနဲ့။ အမှီဘူး။ 🙄

    ဒီတော့ ခေါင်းလှုပ်တုပ်တုပ် Avatar လေးကို ဘဲ ငေးကြည့်ပြီး ပြီးသွားရော။
    ရေးဖို့ ဘာစာလုံး မှ ထွက်မလာဘူး။
    ဒီတော့ သန်းခေါင်ချိန်မှာ ကွန်ပျူတာ မပိတ်ချင်လဲ ပိတ်ခဲ့ရ။

    ကိုယ့်မှီသလောက်လေးကို ရွှီးရရင်တော့ ……….
    တစ်နေ့တစ်နေ့ သတင်းခေါင်းကြီး တွေမှာ ဆီးရီးယားစစ်ပွဲ တွေမြင်နေရတာလဲ စိတ်မချမ်းသာဘူး။ စစ်တိုက်သူတွေရော၊ အပြစ်မဲ့သူတွေပါ သေနေကြတာ မနဲ။
    (မောင်ဂီ့ ရဲ့ သတင်းထောက်ဆိုတာ Post ထဲက အမျိုးသမီးကြီး အပါအဝင်)
    ဘယ်ဘက်က ကြည့်ကြည့် ၂ဖက်လုံး ဘယ်လိုမှကို အကျိုးမရှိတဲ့ အကြောင်းတွေကို ဘာလို့ လုပ်နေကြလဲ ဆိုတာ စဉ်းစားလဲ ဉာဏ်မမှီ။
    ပြီးခဲ့တဲ့ နှစ်ပါတ်လောက် က BBC News သတင်း ဆီးရီးယားစစ်ပွဲ တွေကြားထဲ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ဖက်ကို စည်းရုံးရေး ဆင်းတဲ့ သတင်း ပါလာချိန် …
    ရုံးက သတင်းတွေ တစ်ချိန်လုံး ဖွင့်ကြည့်နေတတ် တဲ့ အဖိုးကြီး ရဲ့
    “နင်တို့ ခေါင်းဆောင် က အတော် ပညာရှိတယ်”
    “နင်တို့ တိုင်းပြည် မှာ အဲဒီလို ဖြစ်မသွားတာကို ချီးကျူး ရမယ်”
    ဆိုတဲ့ မှတ်ချက် ကို ကြားချိန် …..
    ပြည်သူတွေ အတွက် အမှန်လမ်း တစ်ခု ကို ရွေးခဲ့တဲ့ ကျက်သရေ အပြည့်၊ ကြင်နာစိတ် အပြည့် ရှိတဲ့ သူမ ကို ကြည့်ရင်း …..
    ဗိုလ်ချုပ်အောင်ဆန်းကို သတိရတယ်၊
    အင်ဒီရာဂန္ဒီ ကို သတိရတယ်။
    နောက် သူ့သား ရာဂျစ်ဂန္ဒ္ဒီ ကို သတိရတယ်။
    အဆိုးမြင်တာ မဟုတ်ပေမဲ့ အတိတ်ကို ကြည့်ပြီး စိတ်ပူမိတယ်။

    လူဆိုတာ သေမျိုးပေမဲ့ လူသေလည်း နာမည်မသေတဲ့ သူတွေရှိပေမဲ့ ဒီလိုမျိုးတော့ လုံးဝ မဖြစ်စေချင်ဘူး။
    ကျွန်မတို့ အခုမှ အလင်းရောင်မြင်စရှိသေးတယ်။
    ကျွန်မ အဝေးကနေစိုးရိမ်တာကလွဲလို့ ဘာမှလုပ်ပေးလို့မရ။ လုပ်ပေးနိုင်စွမ်းလဲမရှိ။

    တစ်ခုဘဲရှိတယ်။
    သူတို့ ဘက်ကလဲ ဇာတ်သိမ်းမလှခဲ့တဲ့ ဦးစော၊ ဆဒမ်ဟူစိန်၊ ဘင်လာဒင် နဲ့ ဂဒါဖီ တို့ကို အမြဲသတိရ နေအောင် ဘယ်လိုလုပ်ရပါ့။
    မဟုတ်တဲ့ ရူးသွပ် တဲ့ ခွေးကျင့်ခွေးကြံ မဖြစ်အောင် တွေမကြံ ဖြစ်အောင် ကျွန်မတို့ ဘက်က ဘယ်လို လုပ်ရပါ့။

    အခုလက်ရှိ ဆီးရီးယား မှာလဲ ဒီလို ပြည်တွင်းစစ်ထဲမှာ အားလုံး နာတာပါဘဲ။
    လက်ရှိ စည်းစိမ်ရှိ သမား တွေလဲ အခြေပျက်၊ ပြည်သူတွေလဲ ဘေးတွေ့ တာပါ။

    ဒီတော့ မြန်မာပြည်ကို လဲ ဒီလို မဖြစ်ရအောင် ဝင်းဝင်း ရဲ့ ကောင်းကျိုးချမ်းသာမှု ကိုဖြစ်စေမဲ့ သဘောထားလေး ကိုသာ နီးစပ်ရာလူများ မှ သက်ဆိုင်ရာ လူများ ထံ မပြတ် သိမ်းသွင်း ကြဖို့
    ဟာ နည်းကောင်း ဖြစ်မလား ….
    သူတို့ ဆီမှာလဲ တကယ် လုပ်နိုင်တဲ့ အစွမ်းရှိ ပုဂ္ဂိုလ်များ ရှိပါတယ်။ လက်တွဲ ကြဖို့ ….
    ဘာမှ မလုပ်ဘဲ ရေသာစီး ထိုင်စား နေတဲ့ လူတွေ အတွက်တော့ မစဉ်းစားပါနဲ့ ….
    ဖယ်လိုက်ပါ။
    မဟုတ်ရင် ကောင်းဖို့လုပ်နေသူ များပါ အရိပ်မိုးနေပါမယ်။
    အမြန်သတိဝင်ကြဖို့ ဘယ်လို သွေးထိုးပေးရပါ့။ 🙄

    မြန်မာပြည်တွင်းစစ် ဖြစ်ရင် လွှတ်တော်ထဲ က အစိမ်းရောင် မောင်ကြီး များ လဲ လွှတ်တော်ခုံတွေ ပေါ်မှာ အိမ်မက် မက်နေလို့ ရမှာ မဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ်။
    အသိမှန်၊ အမြင်မှန်၊ စနစ်မှန်၊ လူမှန်၊ နေရာမှန်၊ စိတ်စေတနာမှန် များ ဖြင့် အဖက်ဖက် က ချို့တဲ့ နေတဲ့ ကျွန်မတို့ ပြည်သူတွေ အတွက် ကောင်းခြင်းမင်္ဂလာကို ဆောင်ကျဉ်း နိုင်ကြပါစေ သောဝ်။

    နောက်ဆက်တွဲ
    ဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့တွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်

    အကြမ်းမဖက်တဲ့နည်းနဲ့လုပ်တယ်ဆိုတာ အကြမ်းဖက်တဲ့နည်းထက် အချို့နေရာတွေမှာ အင်မတန်မှခက်ခဲပါတယ်။ အကြမ်းမဖက်တဲ့နည်းက စွန့်စားရတယ်၊ ခံရဲရတယ်။ ကျွန်မတို့က ခွင့်လွှတ်ခဲ့တယ်၊ ခံခဲ့ရတယ်။ ကျွန်မတို့ရဲ့ လုပ်ရပ်တွေဟာ အကုန်လုံးမှန်ခဲ့လားဆိုတော့လည်း မပြောနိုင်ပါဘူး။ ပါတီ၊ လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ မှားတာတွေလည်းရှိ။ ဒါပေမဲ့ ကျွန်မတို့ရဲ့အားနည်းချက်အမှားတွေအပေါ်မှာ သုံးသပ်ပြီးတော့ ပြုပြင်နိုင်ခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒီလိုပြုပြင်နိုင်ခဲ့လို့ ခုအချိန်မှာ အများပြည်သူကထောက်ခံတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဆက်ပြီးရပ်တည်နိုင်တာပါ။

    Yangon Press International မှ ကူးယူဖော်ပြပါသည်။

  • Khin Latt

    February 24, 2012 at 9:47 pm

    ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်၏ ကူညီမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း လူထုသို့ ဟောပြောရန် နေရာရရှိသွားပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။
    ဦးဖုန်းဇော်ဟန်၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီပိုင် ချမ်းမြသာစည်မြို့နယ်
    အောင်ပင်လယ် ရပ်ကွက် ၅၁ လမ်းနှင့် အောင်ဇေယျ လမ်းထောင့်ရှိ ပလပ်မြေအတွင်း သောကြာနေ့က ရရှိသွားခြင်း ဖြစ်သည်။

    “မနေ့က (ကြာသပတေး) မြို့တော်ဝန်ကနေ ခေါ်ပြီးတော့ ကွင်းစီစဉ်ပေးတယ်ပေါ့။ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်လိုက် တဲ့ သဘောပါ။ ကျနော်တို့လည်း ကျေးဇူးတင်ပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

    ဗိုလ်မှူးချုပ်ဟောင်း ဦးဖုန်းဇော်ဟန်သည် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း မန္တလေးတိုင်း လွှတ်တော်အတွက်

    အောင်မြေသာဇံ မြို့နယ် မဲဆန္ဒနယ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပြီး မြို့တော်ဝန်နှင့် မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာသူ ဖြစ်သည်။

    __________________

    ဒီသတင်းကို ကြည့်ပြီး တစ်ယောက် က တားတယ်။ တစ်ယောက်က ခွင့်ပြုတယ်။
    တစ်ယောက် နာမည် ရဖို့ တစ်ယောက် က လူဆိုး လုပ်ပေးတယ်။
    ဇာတ်တိုက်ထားသလိုဘဲ။
    ဒီလို မဟုတ်ဘူး ဆိုရင်တော့ စစ်တုရင် ကစားပွဲမှာ ဘယ်သူ့ကို ထိုးကျွေး မလဲမသိဘူး။
    ကိုယ့်ဘုရင်မ အတွက် သတိရှိ ကြဖို့ မမေ့ကြပါနဲ့။

    မန်းလေးသား တွေရေ ကင်မလာ သွေးထား ကြပေတော့။ 🙂

    • ကြောင်ကြီး

      February 25, 2012 at 12:36 pm

      အန်တီလတ်ရေ…..ရွှေင်္ဟသာသတင်းဌာန(http://www.phophtaw.org)မှာ ဖတ်ရတဲ့ သတင်းကလည်း ရုပ်ရှင်ရိုက်နေတာဆိုတဲ့ သံသယပိုဖြစ်စေတယ်။ ကချင်နဲ့ရှမ်းဖက်မှာ တိုက်ပွဲဆက်ဖြစ်နေတာ အောက်ခြေတပ်များ နားလည်မှုလွဲလို့ပါဆိုတယ်။ အခု ကရင်မှာ ဒီကေဘီအေက ပြန်ချမယ်လည်းဆိုရော သမဒဂျီး ဘယ်ဂျောင်ကထွက်လာတယ် မသိဘူး၊ မြန်လိုက်တာ…။ ပုံစံကြည့်ရတာ သမဒဂျီးကို ကရင်ပြည်နယ်မှာရှိတဲ့ စစ်တပ်ကပဲ စကားနားထောင်ပုံရတယ်လို့ နားလည်ရမလို ဖြစ်နေပြီ…။ ဒီအတိုင်းဆို အကယ်ဒမီရဖို့ မဖြစ်နိုင်ဘူးဗျို့…ခပ်ချာချာ ဝါဒဖြန့်ချီရေးဇာတ်ကားထက် မပိုဘူး…။
      …………………
      (၁၉) ရက်နေ့က သိမ်းပိုက် သွားသည့် DKBA လက်နက် များကို ယနေ့ နေ့လည် (၂) နာရီ ခန့်တွင် BGF တပ်များက ပြန်လည် ပေးလိုက်ပြီးဖြစ်သည်ဟု ဒီကေဘီအေ ပြောခွင့်ရသူ ဗို်လ်မှူး လောက်လုံက ပြောပါသည်။ လက်နက် ပေါင်း (၃၂) လက် သိမ်း ထားရာက (၅) လက်ကို မြို့ပြ အုပ်ချုပ်ရေး အတွက် သိမ်းယူထား လိုက်ပြီး ကျန် (၂၇) လက်နဲ့ အီကွစ်မင်း (၁၅) စုံကို ပြန်လည် ပေးလိုက်ခြင်းဖြစ်ပါသည်။
      “ ကျနော်တို့က ဒီကိစ္စကို နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ကို တင်ပြထားတယ်လေ။ သမ္မတ အမိန့်နဲ့ ပြန်ပေးလိုက်ရတယ်လို့ သိရတယ်။ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်က စကားများပြီးမှ ပြန်ရတယ်လို့ ကျနော်တို့ ဖါးအံ ကိုရောက်တဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။” လက်နက်တွေကတော့ နယ်ခြားစောင့်တပ် အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ဖား နွီးကနေပြန်ရပါတယ်ဟု ဗိုလ်မှူးလောက်လုံက ဆိုပါသည်။

      လက်နက်များပြန်လည် ပေးအပ်ခြင်းအတူ မြိုင်ကြီးငူ စခန်းကို စစ်မဲ့ဇုံ ထားရှိရေးအတွက် မည်သည့်အဖွဲ့မဆို စစ်ဝတ်စုံနှင့် သွားလာခွင့်ကို ပိတ်ပင်ထားရမည်ဟု နှစ်ဖက်စလုံးက သဘောတူခဲ့ပါသည်။ ထို့အပြင်ပြသနာတိုင်းကို စစ်ရေးနှင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ ဒိကေဘီအေဖက်က တင်ပြထားသည်ဟုဆိုပါသည်။

      ယမာန်နေ့တုန်းက အခြေအနေမှာ တင်းမာမှုတွေကို ဖြေရှင်းရန် (ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဝင်း၊ နယ်ခြားစောင့်တပ် အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ဖားနွီးနှင့် ဒီကေဘီအေ ဘက်မှ ဗိုလ်မှူးဆန်းအောင်၊ ဗိုလ်မှူးမောင်လေးတို့ မြိုင်ကြီးငူဒေသတွင် တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း ဒီကေဘီအေဘက်က ဆိုပါသည်။
      ဤပြသနာနှင့် ပါတ်သက်ပြီး၊ အကယ်၍ မပြေလည်ခဲ့ပါက BGF တပ်ဖွဲ့ကိုပြန်တိုက်မည်ဟု ပြောဆိုခဲ့ပါသည်။။ အလားတူBGF တပ်ဖွဲ့ကလည်း မြိုင်ကြီးငူကိုရောက်နေသည့် ဗိုလ်မှူးမောင်လေးတို့ အဖွဲ့ကို ဝိုင်းထားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ ဤကဲ့သို့ တင်းမာနေရာက ယခုလိုလက်နက်ပြန်ပေးလိုက်ခြင်းဖြင့် ပြေလည်စေခဲ့ပါသည်။
      ဤသို့ကြောင့် ပြေလည်သွားသော်လည်း ဤကိစ္စဖြေရှင်းရန်အတွက် ဒီကေဘီအေဖက်က နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို တိုင်ကြားထားသဖြင့် မနက်ဖြန်တွင် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံရန်ရှိသည်ဟု ဒီကေဘီအေဖက်က ဆိုပါသည်။
      ဤပြသနာသည် BGF ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လဆန်းက မြဝတီမြို့နယ် ရွှေကုက္ကိုရွာ၌ အခြေချနေသော BGF ၁၀၁၉ တပ် ရင်းမှတပ်စုမှူး ဗိုလ်တင်ညွှန့်နှင့် တပ်ဖွဲ့ဝင် ၈ ဦးတို့သည် DKBA ကလို့ထူးလား စစ်ကွပ်ကဲရေးဌာန အဖွဲ့များနှင့် ပူးပေါင်း လို၍ လာရောက် ဆက်သွယ်ကာ DKBA က လက်မခံခဲ့သော်လည်း လုံခြုံရေးအရ ပြန်မလှည့် လိုတော့သဖြင့် ဖြေရှင်းနေ ချိန်တွင် ယခုကဲ့သို့ ပြသနာများ ဖြစ်ပေါ်လာခဲ့ပါသည်။

  • kai

    February 25, 2012 at 5:40 am

    ဘယ်လိုပြောပြော.. အခုအခြေအနေဟာ.. ဝင်း-ဝင်း အခြေအနေလို့.. မြင်မိတယ်..။
    (“မမြင်လည်း အတင်းမြင်ကြ..” ပဲ..။ :mrgreen: )
    လူတယောက်ဟာ…(သာမန်အားဖြင့်) ရာစုနှစ်တခုထက် အသက်ပိုမကြီးနိုင်ဘူး..။
    ကိုယ့်သက်တန်းအတွင်း. လူ့သက်တန်းအတွင်း.. အဖြစ်နိုင်ဆုံးထဲ.. အကောင်းဆုံးလုပ်သင့်တာပေါ့..။
    အကောင်းဆုံးဟုတ်/မဟုတ်ဆိုတာက.. သမိုင်းကအဆုံးအဖြတ်ပေးလိမ့်မယ်..။
    တိုင်းပြည်သမိုင်း…
    တဦးချင်းစီရဲ့ သမိုင်းပေါ့…။

    ဒါပေမဲ့..
    မှားခဲ့တယ်ထင်တဲ့သူတွေက.. မှားခဲ့တာတွေ..တောင်းပန်ပြီး သမိုင်းမရိုင်းအောင်.. လုပ်သင့်တာတော့..အမှန်ပါပဲ..။
    ဒါဆို.. အသေဖြောင့်ကြမှာပါ…။

    တိုင်းပြည်ဟာ.. ဒါတွေကိုသင်ခန်းစာယူပြီး. နောင်မဖြစ်အောင်.. ဖြစ်လာနိုင်တဲ့အခြေအနေထပ်မဖြစ်အောင်.. ပြုပြင်.ပြင်ဆင်သင့်တာပါ….။
    ခွင့်လွှတ်ပေမဲ့ မမေ့ပျောက်သင့်ဘူးပေါ့…။
    “forgive, but never forget”

    ဒါကို.. ခွင့်မလွှတ်ပဲ/သင်ပုန်းမချေပဲ.. . လက်စားချေတာမျိုး မလုပ်သင့်ဘူး…။
    လက်စားချေတာမျိုးက.. ဘယ်တော့မှ ငြိမ်းချမ်းခြင်း မဖြစ်စေဘူး..။
    ဘယ်တော့မှလည်း.. မပြီးဘူး…။

Leave a Reply