Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြုံတွေ့သမျှ ၊ မခံရကြအောင်ပြောပါသည် ။

ba gyiFebruary 24, 20121min5019

အမှုပွဲစား၊အမှုဖန်တည်းနေကြသူတွေအကြောင်းရေးထားသောပို့စ်လေးဖတ်ဖြစ်ပြီးရေးရန်ထက်သန်လာသောကြောင့်ရေးဖြစ်ပါသည်။

မျက်မြင်၊ကိုယ်တွေ့ကလေးတွေပါ၊

(၁)။ ကျုပ်နဲ့လုပ်ဖေါ်ကိုင်ဘက်တစ်ဦးဖြစ်တဲ့ ၊မန်နေဂျာကလေးကအစဉ်ပြေအိမ်ဝယ်ပါရော၊အလုပ်သဘောနဲ့တစ်ဆက်တည်းလုပ်ငန်းခွဲတာဝန်ခံတစ်ဦးရဲ့ဦးလေးထံမှဝယ်တယ်ဗျာ။

ထုံစံအတိုင်းအရပ်စာချုပ်ပေါ့၊ အိမ်သစ်တက်၊ ဂျာလေးမိန်းမကလုပ်တတ်ကိုင်တတ်ဆိုတော့ အိမ်ဆိုင်ကလေးဖွင့်၊( နေပြီး နှစ် နှစ်) အတွင်းတော်တော်လေးချောင်လည်လာပေါ့၊

အိမ်အမည်ေပေါင်လျှောက်မယ်လုပ်တော့၊သူတို့ကိုရောင်းသူက မူလအမည်ပေါက်မဟုတ်လို့၊မူလပထမအမည်ပေါက်ကိုရှာတွေ့၊ကြားမှာစာချုပ် နှစ်ဆက်တောင်ပြောင်းသွားတော့

အာမလိုက်မခံနိုင်ဆိုပြီးအဲမှာ အမည်ပေါက်ကိစ္စခေတ္တရပ်ကရော။

နောက်မကြာပါဘူး၊ ကျုပ်ဂျာကလေးထံကို ရပ်ကွက်ရုံးမှဆင့်ခေါ်စာရောက်တော့၊အလန့်တစ်ကြားသူ့ခဗျာပြေးသွားရပေါ့၊လား လား–ဟိုမှာရှေ့နေဆိုသူကစောင့်နေပြီကိုး။

အကြောင်းက– မူလပိုင်ရှင်ထံမှ ဝယ်ထားသူပိုင်ရှင် မှ လျှော်ကြေးရလိုမှုနှင့် ရပ်ကွက်ရုံးမှာအရင်လာညှိနှိုင်းတာတဲ့ဗျား။

အဲ  ရှုပ်မသွားနဲ့နော်–၊ အရင်းစစ်လိုက်တော့ မူလပိုင်ရှင်ထံမှ မိန်းမဖြစ်သူနာမည်နှင့် အဲသည်အိမ်ကို ဝယ်ခဲ့ပါသတဲ့၊ အဲသည်လင်မယားကကွဲသွားတော့အမှုဖြစ်၊ခရိုင်ရုံးထိရောက်

တရားရုံးဆုံးဖြတ်ချက်ချ—- အိမ်/ခြံ ပိုင်ဆိုင်မှုကို လင်တစ်ဝက်၊မယားတစ်ဝက်ပိုင်စေ တဲ့ဗျာ။ ကဲ အမှုဖြစ်နေတဲ့ အိမ်ကြီး၊ အဲဒါကြီးကို လင်မသိခင်၊မယားကတစ်ဆင့်ရောင်းသွား၊အဲသည်လူထံမှ

တစ်ခါကျုပ်ဂျာလေးကပြန်ဝယ်မိသကိုး၊ ဒါပေမည့်သည်မှာ ခရိုင်ရုံးအမိန့်ချမှတ် တဲ့ရက်သည်၊ ကျုပ်ဂျာလေးတို့ဝယ်ယူနေထိုင်ပြီး နှစ်ပေါက်နေပြီးမှ ချမှတ်သောစီရင်ချက်ဖြစ်ပြီး၊တရားခံ ကွာရှင်းခံအမျိုး

သ္မီးလက်ရှိနေထိုင်နေကြောင်း၊ရပ်ကွက်ရာအိမ်မှုး၊ရယကတွေနဲ့၊တရားလို ရှေ့နေပေါင်းပြီး၊ခရိုင်ကိုတင်ပြလို့၊ အဲသည်အိမ်အပေါ်ထက်ဝက်စီပိုင်စေချလိုက်တာတဲ့ဗျား။

တစ်ကယ်ဆို ရောင်းလိုက်သူထိုအမျိုးသ္မီးမှဖြေရှင်ရန်သာဖြစ်သော်လည်း၊ လက်ရှိနေထိုင်ပိုင်ဆိုင်သူ မှဖြေရှင်းရမည်ဆိုတော့ အဲသည်မှာ ကျုပ်ဂျာလေးတရားခံဖြစ်ပါကရောဗျား။

နောက်ဆုံး ရှေ့နေနဲ့ညှိ၊လျှော်ကြေး(၈)သိန်းပေးပြီး၊တရားရုံးကျေအေးလိုက်ရပါသဗျား၊ နောက်ဆုံးစာရင်းချုပ်တော့။ အဲသည်လင်မယားကလည်းကွဲနေပေမည့် ကလေးတွေနှစ်အိမ်ကူးပြီးအချိတ်ဆက်

ရှိပြီးသားတဲ့၊အဲသည်မှာရှေ့နေနဲ့ခွင်ဆင်၊ရပ်ကွက်အုပ်ချုပ်ရေးကောင်တွေပါ လဘ်ယူ ၊ပူးပေါင်းအမှုဖေါ်ဂွင်ဆင်ကြတာတဲ့၊အမှုပြေအေးတော့ အဲသည်ရှေ့နေကကျုပ်ရှေ့မှာတင် ကျုပ်ဂျာလေးကိုပြောပုံကြည့်

အဲသည် တရားစွဲတဲ့ တရားလို ရဲ့ကွဲနေတဲ့မိန်းမကို အမှုရှိနေတဲ့အိမ်လိမ်လည်ရောင်းမှုစွဲနိုင်အောင်လို့ ခင်ဗျားက ခင်ဗျားကိုရောင်းခဲ့တဲ့လူကိုအရင်တရားစွဲပါ၊စာချုပ်ရှိတာပဲ၊ သူရှေ့နေလိုက်ပေးမယ်၊

ရတဲ့လျှော်ကြေးသူ့ကိုထက်ဝက်သာပေး၊တရားစရိတ်၊ရှေ့နေစရိတ်တစ်ပြားမှမပေးပါနဲ့ ကျုပ်လုပ်ပေးမယ်ဆိုစည်းရုံးပါရောဗျား။(ဒါ မြောက်ဥက္ကလာ မှာဖြစ်ခဲ့တာ)။

ကဲ အိမ်ဝယ်သူတွေသိဘို့ပါ။

အိမ်ဝယ်မယ်ဆိုရင်အကောင်းဆုံးက လက်ရှိအမည်ပေါက်မှ ပိုစိတ်ချရပါမည်။

အမွေအရှုပ်/အရှင်းကင်းအောင် စစ်ဆေးသင့်ပါသည်

အပေါင်၊အငှားအရှုပ်ရှင်းကင်းအောင်စစ်ဆေးသင့်ပါသည်။

မိသားစုဝင်များပါက အားလုံးသဘောတူကြောင်းဥပဒေအရဆေင်ရွက်သင့်ပါသည်။

အချုပ်ပြောရရင်၊တတ်ကျွမ်းသောရှေ့နေနှင်တိုင်ပင်ဝယ်ယူသင့်ပါသည်။

အရပ်စာချုပ်သည်စိတ်မချရပါ။

( ၂ ) ။ ကျုပ်တို့ တိုက်အပေါ်ဆုံးထပ် ငါးလွှာမှ အမျိုးသ္မီးအမောတကောပြေးဆင်လာ တော့၊ကျုပ်မဒန် ကဟဲ ဟဲ  တိုက်ချုပ် လိုဖြစ်နေတော့ ၊အစ်ရေလုပ်ပါအုန်း ၊ကျတို့ရှေ့ခန်းမှာ

ယောက်ကျားနှစ်ယေက်ထိုးသံကျိတ်သံတွေကြားရတယ်၊ မိန်းမအော်သံလည်းကြားရတယ် ကျမကြောက်လို့ပါဆိုတော့၊ ထုံးစံအတိုင်း လမ်းရာအိမ်မှုးထံ အကြောင်းကြားရသပေါ့

ခဏကြာတော့ ရဲရော၊ရာအိမ်မှုးပါရောက်လာ၊ခေါ်သွားကြပေရော့။ သည်အခန်းက ပိုင်ရှင်မနေပဲ။အမြဲလူငှားတွေထားတာဆိုတော့ ၊ဘာမှန်။ညာမှန်းမသိလေ ၊

နောက်တစ်နာရီလောက်ကြာတော့ရာအိမ်မှုးပြန်လာ၊အကြောင်းစုံသိရသဗျား။

အဲသည်အခန်းမှာ လာနေမည့်နှစ်ယောက်က မင်္ဂလာဆောင်ဘို့ ဖိတ်စာတောင်ဝေပြီးတဲ့၊ အဲသည်အခန်းမှာပဲ မင်္ဂလာဆွပ်းကျွေးမှာတဲ့၊ သူတို့သားလုပ်မည့်သူက အခန်းပိုင်ရှင်ရဲ့ မောင်တဲ့ဗျား။

အဲ သည်သူတို့သားယူမည့်မိန်းမက၊ လား လား ယောက်ကျားရှိဆိုပဲ၊ အဲဒါ သူရို့လင်မယားကကွာရှင်းထားတာ၊အဲသည်ကွာရှင်းလက်မှတ်ပြလို့ ၊ယူမည့်ကောင်ကလည်းယူပါသတဲ့ဗျား၊

မယူခင်နှစ်ရက်အလိုမှာ အဲ သည်မိန်းမယောက်ကျားလိုက်လာပြီး၊ ထိုကြိတ်သတ်ပုတ်ဖြစ်ကြပါကရော။နောက်ဆုံကြားရတာတော့၊ သူတို့ကွာရှင်းထားတာဟာ ရိုးရိုးအရပ်စာချုပ်ဖြစ်လို့အကျုံးမဝင်

ဘူး၊ဆိုကာ၊တစ်ဖက်မှ မယားခိုးမှု တရားစွဲသတဲ့ဗျား၊ (ဟုတ်/မဟုတ်) ဥပဒေပညာရှင်များတော့သိမှာပါ၊ကျနော်ကတော့ဥပဒေသမားမဟုတ်ပါ။

နောက်ဆုံး မင်္ဂလာဆောင်မည့်ကောင်ကအစိုးရဝန်ထမ်းဆိုတော့အမှုအခင်းမဖြစ်ရအောင်ညှီနှိုင်းပေးရတော့၊ မင်္ဂလာပွဲလည်းပျက်၊အလျှော်လည်းပေးရဆိုပါပဲ၊ မိန်းမလည်းနဂိုပထမလူနောက်ပြန်ပါသွား

သလိုအစတော့ပျောက်သွားပါတယ်။သည်လိုလင်းမယားပူးပေါင်းအမှုဆင်တာတွေသတိထားကြပါဗျား။

(၃)။ နောက်ဖြစ်ရပ်က အပေါ်နဲ့ခပ်ဆင်ဆင်

သည်မိန်းမတော်တော်ဖြောင့်၊ တော်တော်ကောက်ပါပေ့ နော်၊လမ်းလည်းသလားသလားမမေးနဲ့ သူက အိမ်ပွဲစားလည်းလုပ်တယ်၊ မနက်ခင်းဆို သုဝဏကွင်းဘက်အသားကပ်ကလေးဝတ်လို့ လမ်းလျှောက်၊အားကစားလည်းလုပ်တယ်၊အဲ သည်မှ ပဲဖြစ်ဖြစ်၊ အိမ်ရှာရင်းပဲဖြစ်ဖြစ်၊ သူက အချွဲ၊အညု၊အပတ် အကုန်ရသဗျ၊ အဲဒါ မခံနိုင်လို့ ညိမယ်မကြံနဲ့ ၊ သူသိပ်ခိုက်ရင်တော့ ရော်ပေမည့်၊                   အဲ   အဲ စီးပွါးဖြစ် ဆိုရင်- ဟော်တယ် ၊တည်းခိုခန်းတစ်ခုခုမှာ တော့ အဲသည်လူတော့ ရဲ၊ ရယက၊ သူ့အစ်မ၊ သူ့ယောက်ကျားတောင်ပါသေး ပက်ပင်းမိပြီသာပြင်၊ ပြီးအမှုမဖြစ်ချင်ရင်ရောပေရော့

လူကြည့်တောင်းသဗျား၊ တစ်ချို့ဆို ပုုံး သုံးလေး/ဆယ်ပဲ။ အဲဒါသူက ဂွင်ဆင်၊ပြီး သူ့အိမ်ကို ဘယ်နေရာ၊ဘယ်အချိန်တွေပြောပြီးသား၊ကဲ– ကဲ  ရွာသားတွေ မခံရလေအောင်သတိသာထားကြပါရော့ဗျား။ ကျုပ်ကိုယ်တွေ့တော့မဟုတ်ပါဘူး၊ခံရသူတွေများလာတော့သတင်းကြီးလာတာ။ခုဆိုအဲသည် မိန်းမ ကားတောင်စီးနေသဗျား။

 

 

 

 

 

9 comments

  • စိန်ပေါက်ပေါက်

    February 24, 2012 at 2:41 pm

    ဗုဒ္ဓေါလေး..
    ဒီအကွက်တွေ ရုပ်ရှင်ထဲပဲ ရှိသလား မှတ်တယ် အပြင်မှာလဲ တစ်ကယ်ရှိသကိုး ဘကြီးရ
    မလွယ်ပါဘူး လုပ်စားရတာ..တောက်
    သူတို ့လို လိမ်စားတာကမှဖြင့် ဂွင်ကောင်းရင် အချီကြီးပွဦးမယ် 😆 heheh

    မှတ်သားသွားပါတယ် ဘကြီးရေ
    မနူးမနပ်လေးတွေ သတိထားကြပေရော့..
    ဒီအကွက်တွေက ကြုံလာရင် အသဲယားလောက်အောင် သောက်မြင်ကတ်ဖို ့ကောင်းတယ်..
    ဘာမှလဲ ပြန်လုပ်လို ့မရနဲ ့ မကြုံဖူးပေမဲ့ တွေးကြည့်ယုံနဲ ့သိပါတယ်..ဗျာ

  • FattyCat

    February 24, 2012 at 3:09 pm

    အိမ်ကိစ္စကို ဉာဏ်မီသလောက် မန့်မယ်နော်
    အိမ်ယာဝယ်ရောင်းလုပ်ရင် တရားဝင်နိုင်ငံတော်ကို အခွန်ဆောင်ပြီးဝယ်မှ တရားဝင်ပါတယ်…
    ဥပဒေစကားနဲ့ ပြောရင် အရပ်စာချုပ်ကတရားမဝင်ပါဘူး…သက်သေဘယ်နှစ်ယောက်ပါပါ…
    ရပ်ကွက်လူကြီးမကလို့ နိုင်ငံတော်သမ္မတပါပါ…
    ရန်ကုန်မှာဆိုရင် ဂန္ဓီဟောမှာရှိတဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၊ နယ်မှာဆိုရင် မြို့နယ်မြေစာရင်းဦးစီးဌာနမှူးရုံးမှာ တရားဝင်မှတ်ပုံတင်ပြီးတော့ စာချုပ်ချုပ်ရပါတယ်…
    ဒါမှတရားဝင်တာပါ…
    အဲဒီလို စာချုပ်ချုပ်ဖို့အတွက် ရာဖြတ်ကလာပြီး အိမ်တန်ဖိုး၊ မြေတန်ဖိုးဖြတ်ပါတယ်…
    အဲဒီရာဖြတ်တန်ဖိုးရဲ့ ၁၀% စသည်ဖြင့် စာချုပ်မျိုးအစားပေါ်မူတည်ပြီး အခွန်ဆောင် စာချုပ်ချုပ်မှ တရားဝင်ပါတယ်…
    အဲဒီလိုမဟုတ်ရင်…ဘယ်သူလက်မှတ်ထိုးထားထား၊ သက်သေဘယ်နှစ်ယောက်ပဲပါပါ…တရားမဝင်ပါဘူး..
    တရားမမှုအနေနဲ့တရားဆွဲလို့ရှိရင်တောင် ရှုံးပါတယ်…
    တကယ်တော့ အခွန်ရှောင်ချင်တာရယ်၊ ရုံးစခန်းမသွားချင်တဲ့ မြန်မာလူမျိုးရဲ့အကျင့်ရယ်ကြောင့် ဖြစ်တဲ့ပြသနာတွေမနည်းပါဘူး…

    ထပ်ပြီးအသဲယားစရာပြောရရင်…
    အဲဒီအရောင်းအဝယ်စာချုပ်တိုင်းသည် မြေကြီးပေါ်၊ ဂရံအပေါ်မှာအခြေခံတဲ့အတွက် ရန်ကုန်တိုက်ခန်းများ သိန်းရာနှင့်ထောင်နှင့်ဝယ်ရောင်းလုပ်နေခြင်းသည် နိုင်ငံတော်တရားဝင်စာချုပ်ချုပ်လို့လဲမရတဲ့အခြေ အနေပါ။
    အဲဒါကြောင့် ဘိုးဘွားပိုင်များဖြစ်သောနေရာများနှင့်၊ စည်ပင်ဂရန်များဖြစ်သောနေရာများမှာ ဈေးလွန်စွာကြီးမြင့်နေကြခြင်းဖြစ်ပါသည်။
    ရောင်းခြင်း၊ ဝယ်ခြင်း လှည့်ဖျားမှုကင်းပါစေ….

    ကြောင်ဝတုတ်

    • htoosan

      February 24, 2012 at 10:16 pm

      ကိုဖက်တီးကက်ရေ.. စာချုုပ်စာတန်းရုံးက ဂနီ္ဒဟောမှာ မရှိတော့ဘူး ။ ရန်ကင်းရောက်သွားပြီ။
      ရာဖြတ် တန်ဘိုးက အခု အစိုးရက ၁၅% ဩဂုတ်လ အထိ ချထားပေးထားပါတယ် ။ ကိုယ့် အမည်ပေါက် ဖြစ်အောင် နားလည်သူ ရှေ့နေ အပ်ရင် သူတို့ တွေက အနည်းဆုံး ၃ သိန်းလောက်က စတောင်းပါသေးတယ် ။ ရန်ကုန်မှာပေါ့နော် ..

  • စပ်ဖြဲ

    February 24, 2012 at 9:51 pm

    ဟုတ်ပါတယ်…. ကိုယ်အမြဲတမ်းနေရမယ့် နေရမယ့်အိမ်ကိုပေါ့စစွာ မဝယ်သင့်ပါဘူးဗျာ…
    http://www.yangoncolor.com ဒီဟာက ကျွန်တော့်အကျိုးဆောင်ပါ… ကြော်ငြာပေမယ့်
    ကိုယ့်ရွာသား အချင်းချင်း သိသင့်တယ်ထင်လို. ပေးတဲ့ စေတနာကြော်ငြာပါဗျာ…
    အိမ်နဲ.ပတ်သတ်တဲ့ ပြသနာများလဲ yangoncolor@gmail.com သို. မေးမြန်းနိူင်ပါတယ်…

  • unclegyi1974

    February 24, 2012 at 10:43 pm

    ဒါပဲလေအရပ်စာချုပ် ဘာမှမဖြစ်ရင်ဘာမှမဖြစ်ဖူး ဖြစ်ရင်တော့သိတဲ့အတိုင်းရှင်းပေတော့
    ဒါပေမဲ့အများစုကအရပ်စာချုပ်ပြရင်အဆင်ပြေနေကြတာဆိုတော့..
    လင်ရှိမိန်းမဇာတ်တွေကလည်းရိုးနေတာတောင်လုပ်စားလို့ကောင်းကောင်းရနေတာကိုး
    ဟု်ိးအရင်နေအေးလိမ်နည်းတွေထဲကရိုးလှတဲ့နည်းဖြစ်ပေမဲ့
    တဏှာဆိုတာမရိုးနိုင်တော့ခံကြပေအုန်းတော့

  • padonmar

    February 25, 2012 at 1:23 am

    ဘကြီး၊ကြောင်ဝတုတ်၊ကို ထူးဆန်း
    ပေးတဲ့ message လေးတွေ မှတ်သားရပါတယ်။
    ကျေးဇူးပါ။

  • ba gyi

    February 25, 2012 at 10:12 am

    ကိုစိန်ပေါက်ဖော်ကြီး၊ ကို Fatty Cat,ကို htoosan, ကိုစပ်ဖြဲ၊ unclegyi 1974 နှင့် padonmar တို့ဝင်ဆွေးနွေး ကြတာကျေးဇူးပါဗျား။
    ကိုထူးဆန်းပြောတာဟုတ်ပါသည်၊အိမ်စာချုပ်စာတန်းရုံးကို၊ယ္ခု ရန်ကင်း ကလေးဆေးရုံသစ်ကြီး ဘေး၊ လယ်/ဆည် ရုံးရှိရာလမ်းအတွင်းရွှေ့ပြောင်းထားတယ်သိရပါတယ်။
    အိုးအိမ်တိုက်ခန်းတွေအတွက်တော့ နောက်ပိုင်းတိုက်တွေမှာ၊ပိုင်ဆိုင်မှုစာအုပ်(အုံနာဘုတ်)ထုတ်ပေးပြီး
    ရောင်းချ၊ပြောင်းလဲခွင့်ရှိတာမို့၊ အိုးအိမ်စာချုပ်စာတန်းရုံးမှာ တစ်ခါတည်း အရောင်းဝယ်ချုပ်၊ အမည်ပေါက်လျှောက် လို့ရပါကြောင်း၊လောလောဆယ်တိုက်ခန်းအပေါ်အခွန်မကောက်သေးပါဗျား။
    သတိမမူ ဂူမမျင်မဖြစ်ရအောင်၊ ရွာထဲမှ လူပျိုကြီးတွေ- ယ္ခုအခါ မိန်းမခိုးပြေးရင်၊ မိန်းကလေးအသက်(18)
    နှစ်မဟုတ်တော့ဘူးနော်၊ အသက်(20)ပြည့်ပြီးသူဖြစ်ရမယ်ဗျား၊ ယောက်ကျားလေးကတော့ (18)နှစ်ပြည့် လျှင်ရပါသဗျား။
    လင်၊မယားကွာရှင်းမှုတွင်၊အနိမ့်ဆုံးရပ်ကွက်ရုံးသက်သေထား၊မှတ်တမ်းတင်ကွာရှင်းရမယ်တဲ့ဗျား၊ နှစ်ဦးသဘောတူစာချုပ်လက်မှတ်ထိုးထားရုံ၊သာမန်မိတ်ဆွေသက်သေနဲ့မခိုင်လုံပါတဲ့ဗျား။ ဒါတောင် ရပ်ကွက်တံ ဆိပ် တုံးအတု၊ လက်မှတ်တု ဆိုခက်နေအုန်းမယ်၊သေချာစုံစမ်းကြမှတော်ကာကျ၊ အကောင်းဆုံးကတရား ရုံးမှာ ကွာရှင်းတာ အခိုင် မာဆုံးပါပဲ။မြန်မာပြည်လည်းအနောက်တိုင်းတွေလို၊ ယူကြ၊ကွာကြ၊ ထပ်ယူ ကြတွေ များလာပြီလေ။တော်ကြာကျုပ်ရေးပြတဲ့ သတို့သားလို ဖိတ်စာလိုက်ပြန်သိမ်း၊ရုံးရောက် ရှက်စရာ
    မကြုံရအောင်ပေါ့။

  • htoosan

    February 25, 2012 at 10:32 am

    ရှေ့နေ ခေတ်လာပါပြီ….သင့်ကလေး နောင်ရေး စိတ်အေးအောင် ဆရာဝန် မလုပ် ရှေ့နေလုပ်ခိုင်းပါ။။။။
    :mrgreen:

  • etone

    February 25, 2012 at 10:37 am

    ဘဂျီးပြောပြမှပဲ … ဒီလို အကြောင်းလေးတွေရှိတယ်ဆိုတာ သိရတော့တယ် …. ။
    ဒီလို ရှုပ်ပွေနေတဲ့ အမှုကိစ္စတွေလည်း ရှိသေးသကိုး … တကယ်ပါပဲ … မကြားတောင် မကြားဖူးခဲ့ဘူး အမည်ပေါက်မဟုတ်လို့ … လျှော်ကြေးပြန်လာတောင်းတယ်ဆိုတာ …. ။

    ကိုယ့်ရဲ့အတွေ့ကြုံလေးတွေ၊ ကြားဖူးနားဝလေးတွေပြောပြီး ဗဟုသုတဝေမျှတာ ကျေးဇူးတင်ပါတယ်နော် … ။ အဲ့ဒီလို မှမသိလျှင် … တစ်ချိန်ချိန် ကိုယ်မခံရဘူးဆိုတာရော .. ပြောလို့ ရပါ့မလားနော် … ။
    လူတွေလူတွေ … တီထွင်ကြံဆဖို့တော့ အကြံမသုံးဘူး .. မဟုတ်က ဟုတ်ကဆိုလျှင် အကြံကထွက်တယ် … ။

    ဖတ်ခဲ့ဖူးတဲ့ စာတစ်ကြောင်းကို သတိရမိတယ် … ဂုဏ်သိက္ခာရှိတဲ့ အောင်နိုင်ခြင်းမျိုးပဲ ရယူပါ တဲ့ … အရမ်းကြိုက်လို့ မှတ်ထားခဲ့မိတယ် ။

Leave a Reply