Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အိုင်တီလောကမှအဓိပ္ပါယ်များ(၃)

wunnakokoJune 8, 20104min3172

နည်းပညာတွေကို လေ့လာရေးသားပေးသူကို လေးစားပါတယ်။ကျေးဇူးလည်းတင်ပါတယ်။

အခုလို သိခွင့်ရတဲ့အတွက် စာဖတ်သူတွေလည်း အကျိုးရှိအောင် ဝေမျှခြင်းဖြစ်ပါတယ်။

Motherboard

Motherboardသည်ကွန်ပျူတာတစ်စုံလုံးတွင်ရှိသော အစိတ်အပိုင်းများ အားလုံးကို
တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ပေးပါသည်။
ပထမဆုံး IBM PC ကွန်ပျူတာများတွင် CPU ခေါ် Processor များသည်ပင် Card Slot
များအသွင်ဖြင့်သာရှိနေပါသေးသည်။ ယနေ့အချိန်တွင်တော့ Built-inလုပ်ဆောင်ချက်များ ၊Upgrade လုပ်ဆောင်ချက်များဖြင့် အလွန်အဆင်ပြေခဲ့ပြီဖြစ်ပါသည်။

ပုံစံအနေအထားများ
Motherboard တစ်ခုသည် တစ်ခုတည်း ရပ်တည်၍ အသုံးမဝင်ပေ။ သို့ပေမယ့် ကွန်ပျူတာတစ်လုံး၏ အခြားအစိတ်အပိုင်းများနှင့် ပူးပေါင်းဆောင်ရွက်မှသာလျှင် အရေးပါသော
အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။၎င်း၏ အဓိကအလုပ်မှာ CPU or Microprocessor chip နှင့် အခြားအစိတ်အပိုင်းများသို့ဆက်သွယ်လုပ်ဆောင်ပေးခြင်းဖြစ်သည်။ကွန်ပျူတာ စတင်လုပ်ဆောင်ခြင်း၊ကွန်ပျူတာ၏လုပ်ဆောင်ချက်များကိုပို၍ကောင်းမွန်လာအောင်လုပ်ဆောင်ခြင်း(Enhancement)
များကိုဆောင်ရွက်ရာတွင် မည်သည် ့အစိတ်အပိုင်းမဆို Motherboard ပေါ်ရှိ Slot
(သို့) Port များတွင်တပ်ဆင်၍ အသုံးပြုရသည်။

အဓိကစံသတ်မှတ်ထားသော Form Factor အချို့မှာ…………..

(၁) Socket for Microprocessor
ကိုက်ညီသောမည်သည့် CPU မဆို အသုံးပြုရန် Socket ပါရှိသည်။

(၂) Chipset
Motherboard၏အခြေခံကြသော တွက်ချက်မှုများကို လုပ်ဆောင်ပေးသောအပိုင်းဖြစ်သည်။ Chipsetနှစ်ခုရှိပါသည်။ Northbridge နှင့် Southbridge တို့ဖြစ်ကြသည်။အဆိုပါ
Bridges များသည် CPU နှင့်ကွန်ပျူတာ၏ အခြားအစိတ်အပိုင်းများကိုဆက်စပ်ပေးသည်။

(၃) BIOS(Basic Input/Output System)
ကွန်ပျုတာစဖွင့်စဉ်အခါတိုင်းPOST Program ကိုသုံး၍ကိုယ်တိုင်စစ်ဆေးခြင်း(Self – test) နှင့် ကွန်ပျူတာ၏ အခြေခံအကျဆုံးသောလုပ်ဆောင်ချက်များကိုထိန်းချုပ် ပေးသော Chip ဖြစ်သည်။ အချို့သော စနစ်များတွင် BIOS နှစ်မျိုး(Dual BIOS) ပါရှိပြီး ၎င်းသည် ကိစ္စရပ်တစ်ခု လုပ်ဆောင်စဉ်ကာလာတွင် ပျက်စီးခြင်း သို့Error ဖြစ်ပေါ်သောကာလများတွင် Back up လုပ်ပေးနိုင်သည်။

(၄) Real Time Clock Chip
ဘက်ထရီကို ပြန်လည်အားသွင်းနိုင်သည့် Chip ဖြစ်သည်။အခြေခံအကျဆုံးသော Setting များနှင့် System Time ကိုထိန်းသိမ်းပေးပါသည်။

(၅) Peripheral Component Interconnect (PCI slots) ဗီဒီယို(VGA) အသံ (Sound Card) ဗီဒီယိုဖမ်းပစ္စည်း(Video Capture Card)၊ Interface Card (NIC)၊ TV Tuner Card စသဖြင့်ချိတ်ဆက်ပေးသည်။

(၆) Accelerated Graphics port (AGP)
ဂရပ်ဖစ်ကဒ်ဟုခေါ်သော AGP များထိုးစိုက်ရသည့်နေရာဖြစ်သည်။

(၇) Integrated Drive Electoronics(IDE)
ံHard Drive Motherboard ကိုဆက်သွယ်ပေးထားသော port ဖြစ်သည်။

(၈) Universal Serial Bus or Firewire
IEEE 1394 စံသတ်မှတ်ချက်ဖြင့်ပြုလုပ်ထား၍ပြင်ပပစ္စည်းများဖြင့်ချိတ်ဆက်အသုံးပြုရသော Port ဖြစ်သည်။

(၉) Memory
Memory များစိုက်သွင်းအသုံးပြုရန်ပါရှိသော Slot များဖြစ်သည်။ အချို့သောMotherboard များသည်နည်းပညာဆန်းသစ်လာသည်နှင့်အညီ ထပ်မံထည့်သွင်းလာကြသောပစ္စည်းများလည်း ရှိပါသည်။

(၁၀) Redundant Array of Independent Discs(RAID)
Drive များစွာကို Drive တစ်ခုတည်းအဖြစ်သုံးနိုင်သည်။

(၁၁) PCI Express Slot
AGP ကဲ့သို့လုပ်ဆောင်ပြီး ယနေ့အသုံးများသောပစ္စည်းတစ်မျိုးဖြစ်သည်။

Sockets & CPUs: လူအများသည်ကွန်ပျူတာ၏အမြန်နှုန်းနှင့်လုပ်ဆောင်ချက်များသည် CPU ပေါ်တွင်မူတည်ဟု ယူဆထားကြပြီးဖြစ်သည။ မြန်နှုန်းမြင့်သည်Processor ကိုသုံးလျှင်မိမိတို့၏ ကွန်ပျူတာ ပိုမြန်လိမ့်မည်ဟု သိကြသည်။ PC ကွန်ပျုတာများ၏ အစောပိုင်းကာလတွင် Processor များအားလုံးသည်တူညီသော Pin Setများပါရှိသော CPU ကို Motherboard နှင့် တပ်ဆင်၍ဆက်သွယ်အသုံးပြုရသည်။၎င်းကို Pin Grid Array (PGA) ဟုခေါ်သည်။၎င်း Pin
များဖြင့် တည်ဆောက်ထားသော Socket ကို Socket 7 ဟုခေါ်ခဲ့ကြသည်။ ထို့ကြောင့်
Socket 7 ပါရှိသော Motherboard တွင်မဆို PGA Socket ဖြစ်သည့် မည်သည့် CPU
မဆိုတပ်ဆင်အသုံးပြုနိုင်သည်။

အဘယ်သို့ပင်ဖြစ်စေ CPUထုတ်လုပ်သူများအဖြစ်လူအသိများသော Intel , AMD တို့သည် Microprocessorများအားအလွန်ကောင်းသော Chip များနှင့်လုပ်ဆောင်ချက်အသစ်များကို
ထောက်ပံ့နိုင်ရန် နှင့် ကိုင်တွယ်ထိန်းသိမ်းနိုင်ရန် Pins များကိုထပ်တိုးလိုလာကြသည်။PGA Socket များကိုလေ့လာကြည့်လျှင်

(၁) Socket 478 – Intel Pentium , Celeron Processor
(၂) Socket 754 – AMD Sempron , Athlon Processor တို့တွေတွေ့နိုင်သည်။
ယနေ့ဈေးကွက်ပေါ်ရှိ အတွေ့များရသော Intel CPU အသစ်များတွင် PGA စနစ်များကို
မတွေ့ရတော့ဘဲ Land Gride Array (LGA) များဖြစ်လာခဲ့ပါသည်။Socket Tဟုလည်း ခေါ်သည်။ PGA နှင့် LGA တို့၏ခြားနားချက်မှာ CPU ပေါ်တွင် Pins များမရှိတော့ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် LGA စနစ်ဖြင့် ပြုလုပ်ထားသောCPUs များအတွက် Motherboard ကိုလည်းရွေးချယ်ရတော့မည်ဖြစ်သည်။Socket အမည်မှာ LGA 775 ဖြစ်သည်။ဥပမာ – CPU များမှာ Dual Core, Core 2 Duo ,Core2 Quad တို့ဖြစ်ကြသည်။

CPUသည် Motherboard၏ အခြားအစိတ်အပိုင်းများကို ဆက်သွယ်ရန်အတွက် Chipset တစ်ခုကိုဆက်သွယ် ဆောင်ရွက်ရသည်။

Chipsets :
ကွန်ပျူတာတစ်လုံးရှိ Motherboard တွင်ပါသော အခြေခံကျသော အဓိက Chipset နှစ်ခုမှာ  Northbridge နှင့် Southbridgeတို့ပင်ဖြစ်သည်။ ကွန်ပျူတာတစ်လုံး၏ အစိတ်အပိုင်းအားလုံး သည် CPU နှင့်အပြန်အလှန်ဆက်သွယ်ရာတွင် ၎င်း Chipsets များမှတစ်ဆင့်ဆက်သွယ် ရသည်။

Nothbridge
: Northbridge သည် Processor ကိုတိုက်ရိုက်ဆက်သွယ်ရာတွင် Front Side Bus
(FSB) မှတစ်ဆင့်ဖြတ်သန်း ဆက်သွယ်ရသည်။Northbridge သည် AGP သို့ PCI
Express မှ Memory သို့လည်းဆက်သွယ်လုပ်ဆောင်ပေးသည်။

Southbridge
: Southbridge သည် Northbridge ထက်ပို၍နှေးသည်။CPU မှ Information များသည်
Southbridge ကိုမရောက်သေးမီ Northbridge ဖြတ်သန်းသွားရ ခြင်းဖြစ်သည်။ Southbridge သည် အခြား buses များကို PCI bus ၊ USB portsနှင့် IDE or SATA တို့နှင့်လည်းဆက်သွယ်ပေးသည်။
Chipset ရွေးချယ်ခြင်းနှင့် CPU ရွေးချယ်ခြင်းတို့မှာဆက်စပ်မှုအပြည့်ရှိသည်။အကြောင်းရင်းမှာ ထုတ်လုပ်သူတို့သည် အသစ်ထွက်ပေါ်လာသော CPU များနှင့်အလုပ်လုပ်ကိုင်နိုင်ရန် Chipset များကိုလိုအပ်သလိုတိုးမြှင့်ထုတ်လုပ်သောကြောင့်ဖြစ် သည်။Chipset များသည် Motherboard ပေါ်တွင်ဆက်စပ်လျက်ရှိသောကြောင့်ဖယ်ရှားခြင်း Removed နှင့်တိုးမြှင့်ခြင်း
Upgraded တို့ပြုလုပ်၍ မရနိုင်ပေ။ CPU များသည် Motherboard များ၏ Socketများတွင် တပ်ဆင်နိုင်ရုံသာမကဘဲ Motherboard ပေါ်ရှိ Chipsets နှင့်လည်းစွမ်းရည်ပြည့် ကောင်းမွန် စွာ အလုပ်လုပ်နိုင်ဖို့လည်းလိုအပ်သည်။

Bus Speed
: Motherboard တစ်ခုပေါ်ရှိ အစိတ်အပိုင်းတစ်ခုမှ အခြားအစိတ်အပိုင်းများသို့ဆက်သွယ် ပေးနိုင်သော လျှပ်စီးကြောင်း (Circuit) တစ်ခုဖြစ်သည်။Informationများကို လျင်မြန်စွာ သွားလာနိုင်ရန်တစ်ကြိမ်လျှင် Bus တစ်ခုမှ dataများစွာကို ထိန်းချုပ်ပေးနိုင ်သည်။Bus များတွင်တပြိုင်နက်တည်း Dataမည်မျှရွေ့လျားဖြတ်သန်းနိုင်သည်ကို Megahertz(MHz) ဖြင့်ဖော်ပြသည်။North -bridge ကိုဆက်သွယ်ထားသော CPU ၏ Front Side Bus ၏ Speed များသည် Busesများ၏ Speed ကိုရည်ညွှန်းပါသည်။

Motherboard တစ်ခုပေါ်တွင်မြင်တွေ့နိုင်မည့်အခြား buses များမှာ –

Back Side Bus : CPU နှင့် L2 Cache (Secondary or External Cache) ကိုဆက်သွယ် ပေးသည်။

Memory Bus : Northbridge နှင့် Memory ကိုဆက်သွယ်ပေးသည်။

IDE or ATA Bus : Southbridge နှင့် Disk Drives များကိုဆက်သွယ်ပေးသည်။

AGP Bus : Video Card ကို Memory , CPU တို့နှင့်ဆက်သွယ်ပေးသည်။

PCI Bus : PCI Slots များနှင့် Southbridge ကိုဆက်သွယ်ပေးသည်။

Memory & Other Features
: Memory ၏အရှိန်နှုန်း(Speed) မှာကွန်ပျူတာသည်ညွှန်းကြားချက်နှင့်အချက်အလက်များကို ဘယ်လောက်မြန်မြန်လုပ်ဆောင်ပေးနိုင်သည်ကို ဖော်ပြပေးသည်။ယနေ့ဈေးကွက်တွင် တွေ့ရှိရသော Memory များမှာDual Data Rate (DDR) များဖြစ်သည်။ လုပ်ဆောင်ချက် တစ်ကြိမ်လျှင်အချက်အလက်များကို နှစ်ကြိမ် ပို့/သယ် လုပ်ပေးနိုင်သည်။Motherboard
များသည်လည်း Northbridge ကိုဆက်သွယ်ရာ တွင် Single Bus နေရာတွင် Dual Bus
များအစားထိုးသုံးလာကြသည်။ထို့ကြောင့် Processor သည် Memory မှ Information
များကိုရယူရာတွင် ကြာချိန်များ လျော့နည်း၍ မြန်ဆန်လာ ခဲ့သည်။ Motherboardပေါ်ရှိ Memory Slots များတွင် မည်သည့် Memory အမျိုးအစား၊ Memory BusSpeed၊ Memory ပမာဏထောက်ပံ့သည်ကို သိရှိဖို့လိုအပ်သည်။အသုံးပြုသူအများစုမှာ မူလပါရှိသော Video ၊ Sound တို့ကိုအသုံးပြုသည်။On – boardဟုခေါ်ကြ သည်။ Gamers Graphic Designers Videp Editors တို့ကဲ့သို့သော်လူများသည် လုပ်ဆောင်ချက်များမြန်ဆန်လိုသဖြင့် သီးခြားထပ်စိုက်အသုံးပြုရသောMotherboard များကက်ကို ရွေးကြသည်။ Seprate – board ဟုခေါ်ကြသည်။

ဖော်ပြခဲ့သော Motherboard တွင်ပါရှိသော Socket & CPU ၊ Chipsets ၊Buses ၊ Memory တို့၏ Speed များမှာကိုက်ညီသင့်လျော်ရန် လိုအပ်ပါသည်။အနည်းငယ်ရှုပ်ထွေးသော်လည်း ကွန်ပျူတာတစ်စုံဝယ်လျှင် အရောင်းဆိုင်မှာတပ်ဆင်ရောင်းချပေးလိုက်သော မိမိကွန်ပျုတာ သည် ကိုက်ညီမှုရှိ/မရှိ၊လုပ်ဆောင်ချက်ပြည့်ဝမှု ရှိ/မရှိ သိရှိနိုင်ရန် ရည်ရွယ်ပါသည်။

Storage as a Service

Storage ကိုဝန်ဆောင်မှုအနေနဲ့ ပြုလုပ်ခြင်း SaaS ဟာတစ်သီးပုဂ္ဂလ နဲ့လုပ်ငန်းတွေအတွက် နည်းပညာဆိုင်ရာကျွမ်းကျင်မှုနဲ့ storage ပြုလုပ်မှုတွေကိုဝန်ဆောင်မှုပြုလုပ်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ဒါဟာစီးပွားရေးလုပ်ငန်းတွေနဲ့လုပ်နည်းလုပ်ဟန်တစ်ရပ်လဲဖြစ်ပါတယ်။
လုပ်ငန်းအဆင့်မှာတော့ SaaSဝန်ဆောင်မှုပြုသူတွေဟာ backup ပြုလုပ်မှုတွေကို လွယ်ကူစွာ ပြုလုပ်နိုင်ဖို့SaaS ကို secondary storage application တွေအဖြစ်ဝန်ဆောင်မှုပြုလုပ်ပေး တာဖြစ်ပါတယ်။SaaS ရဲ့အဓိက အကျိုးကျေးဇူးကတော့ ဝန်ထမ်း၊ hardware ကုန်ကျ စရိတ် သက်သာ လာစေခြင်းပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် tape library  ကြီးတစ်ခုထားစရာ မလိုဘဲ ၊ SaaS ကိုသုံးတဲ့ network administrator ဟာnetwork ပေါ်က ဘယ် data ကို backup လုပ်သင့်တယ်ဆိုတာကိုဆုံးဖြတ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

အဆိုပါ administrator ဟာ service level agreement (SLA) ကို SaaS service
provider နဲ့စာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်။ဒီလိုစာချုပ်ချုပ်ဆိုခြင်းအားဖြင့် SaaS service provider ကdata transfer နဲ့ gigabyte ပမာဏအလိုက် storage space ကိုငှားရမ်းပေး ရမှာဖြစ်ပါတယ်။အဲဒီနောက် အဆိုပါကုမဏီရဲ့ data ကိုသက်ဆိုင်ရာအချိန်မှာ storage
provider ရဲ့ wider area network (WAN) သို့မဟုတ် အင်တာနက်မှာ အလိုအလျောက်
transfer ပြုလုပ်ပေးမှာဖြစ်ပါတယ်။

အကယ်၍ကုမ္ပဏီရဲ့ data တွေခိုးခံရတာတွေ၊ပျောက်ဆုံးတာဖြစ်ခဲ့ရင် network
administrator က SaaS provider ထံကနေ သက်ဆိုင်ရာ data ရဲ့ copyကိုတောင်းယူ နိုင်မှာဖြစ်ပါတယ်။

SaaSလုပ်ကိုင်တဲ့ကုမဏီတွေဟာ ၎င်းတို့ရဲ့ storage infra-structure ကိုထိန်းသိမ်း ပြုပြင် ရတာ မျိုးလုပ်ဖို့ ငွေကြေး၊နည်းပညာဆိုင်ရာဝန်ထမ်းစတာတွေမလိုအပ်တဲ့ အတွက်
သေးငယ်တဲ့/အလယ်အလတ်တန်းစားလုပ်ငန်းအဖြစ်ယေဘုယျအားဖြင့်သတ်မှတ ်ကြပါတယ်။
ဒါ့အပြင် SaaS ကြောင့်စီးပွားရေးလုပ်ငန်းတွေဟာ မှတ်တမ်းမှတ်ရာ တွေကိုရေရှည်ထိန်းသိမ်း နိုင်ခြင်းနဲ့ လုပ်ငန်းကိုအရှိန်မပျက်ဆက်လက်လုပ်ကိုင်နိုင်တာကိုလည်းစီးပွားရေးလုပ်ငန်းတွေက သဘောကျကြပါတယ်။

Screencast

Screencast ဆိုတာဟာ ဒီဂျစ်တယ်ဗီဒီယိုမှတ်သားမှုကိုခေါ်ဆိုပါတယ်။ ဒီဂျစ်တယ် ဗီဒီယိုမှတ်သားမှု(digitalvideo recording) ဆိုတာကတော့ ကွန်ပျူတာ desktop ပေါ်မှာရှိတဲ့လုပ်ဆောင်မှုတွေကို ပုံရိပ်ဖမ်းယူခြင်း(computer)ကို ခေါ်ဆိုတာဖြစ်ပါတယ်. Screencast မှာတစ်ခါတစ်ရံ voice – over narrationလည်းပါဝင်ပါတယ်။ Screencast တွေဟာ Website feature တွေ (သို့) software application တွေနဲ့ အထူးပြုသတ်မှတ် ထားတဲ့ operation system တွေကိုဘယ်လိုအသုံးပြုတယ်ဆိုတာကို သရုပ်ပြလုပ်ဆောင် ဖို့အတွက် အသုံးဝင်ပါတယ်။

Screencast ပြုလုပ်ဖို့အတွက် ဗီဒီယိုဆော့ဖ်ဝဲအချို့သော အမျိုးအစားတွေနဲ့ microphone လိုအပ်ပါတယ်။ desktop client သို့ web အခြေပြုဝန်ဆောင်မှုစသည်ဖြင့် တစ်ခုခုဖြစ်နိုင်တဲ့ ဆော့ဖ်ဝဲ ဟာ ရုပ်နဲ့အသံဖိုင်တွေကို ဖမ်းယူပြီးမှ ဝေကြည့်နိုင်တဲ့ရုပ်ရှင် အဖြစ်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Cerfificate Authority

CertificateAuthority(CA)ဆိုတာဟာလူပုဂ္ဂိုလ်အဖွဲ့အစည်းများအသုံးပြုနိုင်ရန်အတွက်သီးခြားထားရှိပေးထားသောလက်မှတ်
(digital certificates)များကိုဆိုလိုပါသည်။ လူပဂ္ဂိုလ်အဖွဲ့အစည်းနှစ်ခုကြား အပြန်အလှန် ဆက်သွယ်ရာတွင်ယုံကြည်ရသည်ဟူသောဒီဂျစ်တယ်နည်းဖြင့်အသိအမှတ်ပြုထားသောအရာဟု မှတ်သားနိုင်ပါတယ်။ အထူးသဖြင့်လုံခြုံရေးအတွက်အသုံးပြုကြပါသည်။ စီးပွားရေးအရလုပ်ကိုင်ကြသော CAများစွာရှိပါသည်။ ၎င်းတို့၏ဝန်ဆောင်မှုလုပ်ငန်းများကတော့ ငွေကြေးကောက်ခံခြင်း မရှိကြပါ။ အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းကြီး များတွင်ကိုယ်ပိုင် CAများရှိတတ ်ကြသည်။ ဒီဂျစ်တယ်အသိအမှတ်ပြုလက်မှတ်(digital certificate)များတွင်၎င်းအတွက်ပိုင် သည့် သတ်မှတ်ပိုင်းခြားထားသော public keyပါရှိပါသည်။ ၎င်းကိုသုံးစွဲသူအချင်းချင်းသာ နားလည်နိုင်သောကိုယ်ပိုင်စကားဝှက် အဖြစ်နားလည်နိုင်ပါ သည်။ ကြားထဲမှဖြတ်ရွှေ့ကြည့်ရှုသူ နားမလည်နိုင်ပဲ ယင်းစကားဝှက်ကို သိရှိသူအချင်းချင်းသာသိရှိနိုင်ကြပါတယ်။ ကိုယ်သုံးစွဲချင်သောCA ကိုသတ်မှတ်ရယူနိုင်ပါတယ်။ ထိုသို့ရယူသုံးစွဲခြင်းဖြင့် ၎င်းCA ၏ သတ်မှတ်ထားသောစံသတ်မှတ်မှု ကိုလက်ခံရယူ သုံးစွဲနိုင် မည်ဟု ဝန်ခံခြင်း ဖြစ်ပါသည်။ CAများ၏ စံသတ်မှတ်မှုများသည် တစ်ခုနှင့်တစ်ခုမတူညီကြဘဲအမျိုးမျိုးရှိနိုင်ပါသည်။

2 comments

  • htethtet

    June 8, 2010 at 8:57 am

    ဗဟုသုတတွေမျှဝေပေးတာအရမ်းကျေးဇူးတင်ပါတယ်

Leave a Reply